သံဓာတ်အားနည်းတဲ့ရောဂါဟာအမေရိကန်ပြည်ထောင်စုမှာအမျိုးသမီးအတော်များများ
ခံစားရလေ့ရှိတဲ့ ရောဂါဖြစ်ပါတယ်။သံဓာတ်ဟာ အောက်ဆီဂျင်
သယ်ဆောင်ဖို့လိုအပ်တဲ့ သွေးနီဥတွေတည်ဆောက်ရာမှာလိုအပ်တဲ့ ဟေမိုဂလိုဘင်
ဖြစ်ပေါ်ဖို့ရာ အရေးကြီးတဲ့ဓာတ် ဖြစ်ပါတယ်။ သံဓာတ်မလုံလောက်တာ ကြာတဲ့အခါ
သွေးအားနည်းရောဂါကိုခံစားရတာဖြစ်ပါတယ်။ ဒါကြောင့်သံဓာတ်
မလုံလောက်တာမို့ခံစားရတဲ့ ရောဂါလက္ခဏာတွေကို လေ့လာနိုင်ဖို့
ဖော်ပြလိုက်ပါတယ်။
မောပန်းနွမ်းနယ်ခြင်း
သံဓာတ်မပြည့်ဝတဲ့အခါ
အဓိကဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာကတော့ ပင်ပန်းနွမ်းနယ်ပြီး စိတ်ပါဝင်စားမှု
လျော့နည်းတာ ဖြစ်ပါတယ်။ ဒီလက္ခဏာဟာ
စမ်းသပ်စစ်ဆေးဖို့အခက်ခဲဆုံးဖြစ်ပြီးအမျိုးသမီးတွေမကြာခဏ
ဖြစ်လေ့ရှိတယ်လို့သိရပါတယ်။ သံဓာတ်လျော့နည်းတဲ့အခါတစ်သျှူးတွေဆီ
အောက်ဆီဂျင် ရောက်ရှိတဲ့ ပမာဏ လျော့နည်းသွားတဲ့ အတွက် ခန္ဓာကိုယ်ရဲ့
စွမ်းအင်အဆင့်တွေ ကျဆင်းပြီး မောပန်းနွမ်းနယ်တာတွေ ခံစားရတာ ဖြစ်ပါတယ်။
တကယ်လို့ ပင်ပန်းနွမ်းနယ်တာဟာ အားနည်းတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိတ်ပါ
ဝင်စားမှု နည်းတာစတာတွေနဲ့တွဲပြီး ဖြစ်ပေါ်လာရင်တော့ ပေါ့ပေါ့ဆဆမနေသင့်ပဲ
ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ဆေးဝါးမှီဝဲသင့်ပါတယ်။
ရာသီသွေးဆင်းမှုများခြင်း
မိန်းကလေးအများစုဖြစ်လေ့ရှိတဲ့
သံဓာတ်အားနည်းတဲ့အခြေအနေတွေဟာ ရာသီစက်ဝန်းလာတဲ့အခါပမာဏများလို့
ဖြစ်ပါတယ်။ရာသီလာတဲ့ အခါဆုံးရှုံးသွားတဲ့ သွေးထုထည်များတာကြောင့် ဒီနေရာမှာ
ထပ်ဖြည့်ဖို့ နောက်ထပ်ပမာဏ တစ်ဝက်လောက် လိုအပ်ပါတယ်။ ဒီလိုရာသီလာတာဟာ
ပုံမှန်ထက်များတယ်လို့ ခံစားနေရရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့
လိုအပ်ပါတယ်။
အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
ဟေမိုဂလိုဘင်က
သွေးကို အနီရောင်ဖြစ်အောင် ပြုလုပ်ပေးတာကြောင့် အသားအရေက နှင်းဆီရောင်
သန်းနေတာ ဖြစ်ပါတယ်။ ဒီတော့ ဟေမိုဂလိုဘင် ပမာဏနည်းရင် အသားရောင်က လည်း
ဖျော့သွားနိုင်ပါတယ်။ အသားမည်းတဲ့ သူဖြစ်ဖြစ်၊ ဖြူတဲ့ သူဖြစ်ဖြစ် သံဓာတ်အား
နည်းတဲ့ အခါ နှုတ်ခမ်း၊ သွားဖုံး၊ မျက်ခွံ အတွင်းသား စတာတွေဟာ
နဂိုအနီရောင်ထက် အရောင်ဖျော့တော့နေတာ သိသာပါတယ်။
အသက်ရှူရ အနည်းငယ် ခက်ခဲခြင်း
အသက်ရှူလို့ လေရှူသွင်း၊ရှူထုတ်လုပ်တဲ့အခါနဂိုကထက်အနည်းငယ်
တိုတောင်းပြီး
မြန်နေတာကိုခံစားမိပါလိမ့်မယ်။ဘာလို့လဲဆိုတော့ အောက်ဆီဂျင်ပမာဏ နည်းနေပြီး
လေရှူရတာမ၀သလိုခံစားရလို့ ဖြစ်ပါတယ်။ဒါကိုသတိထား
မိရင်တော့ နဂိုအတိုင်း
အသက်ကို ကြာကြာရှူပေးပြီး ပြုပြင်လို့ရပါတယ်။ ဒါပေမယ့် လေယာဉ်စီးတာ၊
လှေကားတက်တာ စတာတွေ လုပ်ရင်တော့ ရုတ်တရပ် အသက်ရှူရတာကျပ်ပြီး
အသက်ရှူမ၀တာတွေ ဖြစ်တတ်တာကြောင့် သတိပြုဖို့ လိုအပ်ပါတယ်။
နှလုံးခုန်မြန်ခြင်း
နှလုံးကိုအလုပ်ပေးတာများတဲ့အခါ နှလုံးခုန်နှုန်းပုံမှန်မဟုတ်တာ၊ နှလုံးကြွက်သား
ကြီးလာတာ၊
နှလုံး ရုတ်တရပ်တိုက်ခိုက်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ နှလုံးရောဂါ
ခံစားရတဲ့အခါသံဓာတ်အားနည်းတဲ့ ရောဂါကိုလည်းခံစားရတဲ့အခါသံဓာတ်အား
နည်းတဲ့ရောဂါကိုလည်းခံစားရနိုင်တယ်လို့တက္ကဆက်
နှလုံးကျန်းမာရေး ဂျာနယ်ရဲ့ ဖော်ပြချက်အရသိရပါတယ်။တကယ်လို့သင့်မှာ
နှလုံးရောဂါရှိရင်တော့
အရေးကြီးဆုံး အချက်က သံဓာတ်ပမာဏကို
စစ်ဆေးကြည့်ဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သံဓာတ်လျော့နည်းတာဟာ နှလုံး
ရောဂါကို ပိုဆိုးစေတဲ့အတွက် ဖြစ်ပါတယ်။
ခြေထောက်ဂနာမငြိမ်ခြင်း
သံဓာတ်အားနည်းတဲ့ရောဂါခံစားရတဲ့လူအယောက်တစ်ရာမှာတစ်ဆယ့်
ငါးယောက်က ခြေထောက် ဂနာ မငြိမ်ဘဲ လှုပ်နေတဲ့ လက္ခဏာပြလေ့ရှိတယ်လို့
ဂျွန်ဟော့ကင်းဆေးပညာအဖွဲ့ရဲ့အဆိုအရသိရပါတယ်။ သံဓာတ်ပမာဏ လျော့နည်းလေ
ခြေထောက်ဂနာမငြိမ်ဖြစ်တာ ပိုဆိုးလေ ဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်း
သံဓာတ်လုံလုံလောက်လောက်မရရှိတဲ့ခန္ဓာကိုယ်ဟာဦးနှောက်ကို
သွေးတွေရောက်ရှိအောင် ဦးစားပြုလုပ် ပေမယ့်ထိရောက်မှုမရှိတာကြောင့်
သွေးကြောတွေ ရောင်ရမ်းပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရ စေနိုင်တယ် လို့
အမျိုးသားခေါင်းကိုက်ရောဂါ ဖောင်ဒေးရှင်းရဲ့ အဆိုအရ သိရပါတယ်။
ရွှံ့၊ ဖုန်နှင့် ရေခဲ စသည်တို့ကို ကိုက်စားချင်စိတ် ဖြစ်ပေါ်ခြင်း
အစားအစာမဟုတ်တဲ့အရာတွေဖြစ်တဲ့အရာတွေကိုကိုက်ချင်၊စားချင်စိတ်ဖြစ်တာဟာ
သံဓာတ်ချို့တဲ့တဲ့လက္ခဏာတွေထဲကတစ်ခုဖြစ်တယ်လို့ လေ့လာချက်အရ
သိရပါတယ်။သံဓာတ်အားနည်းတဲ့သူတွေဟာ မြေဖြူ၊ရွှံ့၊ဖုန်မှုန့်နဲ့စက္ကူစာရွက်
စတာတွေကိုကိုက်စားချင်စိတ် ဖြစ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
တချို့မိန်းကလေးတွေကတော့ ရေခဲတုံးတွေကို အဆက်မပြတ် ကိုက်စားတတ်ပြီး
ဒါဟာလည်း သံဓာတ်အားနည်းတဲ့ ရောဂါလက္ခဏာ ဖြစ်ပါတယ်။
အလိုလိုနေရင်း စိတ်ရှုတ်ထွေးခြင်း
စိတ်ဖိစီးမှုတွေ
မပါရှိဘဲ အလိုလိုနေရင်း စိတ်ရှုတ်တယ်လို့ ခံစားနေရရင်တော့ ခန္ဓာကိုယ်က
သံဓာတ်မလုံလောက်တဲ့အခြေအနေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ရရှိတဲ့
ပမာဏလျော့နည်းတဲ့အခါ Sympathetic Nervous Systemကို ပြောင်းပြန်ဖြစ်စေ
တာကြောင့် စိတ်ခံစားချက်မကောင်းတာ ဖြစ်ပါတယ်။
နောက်ပြီးသံဓာတ်လျော့နည်းတာဟာနှလုံးခုန်နှုန်းကို မြန်စေပြီး
Fight-orFlightFacilitiesအခြေအနေကိုလှုံ့ဆော်
နေတာကြောင့်စိတ်ငြိမ်အောင်နေပေမယ့်လည်း စိတ်သက်သာရာမရတာဖြစ်ပါတယ်။
ဆံပင်ကျွတ်ခြင်း
သံဓာတ်အားနည်းပြီး
သွေးအားနည်းတဲ့ ရောဂါအဆင့်ကိုကူးပြောင်းသွားရင်တော့ ဆံပင်ကျွတ်တာကို
ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးရေပြားကို အားဖြည့်ပေးမယ့်
အောက်ဆီဂျင်ပမာဏ ကျဆင်းသွားလို့ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒါပေမယ့် ဆံပင်တွေ ကျွတ်လို့ စိတ်အားငယ်စရာ မလိုပါဘူး။
သာမာန်အချိန်မျိုးတောင် တစ်နေ့ကို ဆံပင်အချောင်းတစ်ရာနည်းပါး
ကျွတ်တတ်တာကြောင့် ဒီထက် အနည်းငယ် ပမာဏပိုသွားတယ်လို့ မှတ်ယူသင့်ပါတယ်။
လျှာအရောင်ပြောင်းနေခြင်း
နဂိုကတည်းက
ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ လျှာဟာ သံဓာတ်လုံလောက်စွာ မရရှိတဲ့အခါ
လျှာကြွက်သားကို ကူညီထောက်ပံ့ပေးတဲ့ Myoglobin လို့ခေါ်တဲ့ ပရိုတင်းဓာတ်လည်း
ဆုံးရှုံးသွားတာကြောင့် လည်ချောင်းနာတာ၊ ရောင်တာနဲ့ ပြောင်ချောကြီး
ဖြစ်နေတာစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သံဓာတ်လုံလောက်စွာ ရရှိစေရန် လိုအပ်သည့် ပမာဏ
သံဓာတ်လိုအပ်တဲ့
ပမာဏဟာ အမျိုးသမီးတွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အသက် ၁၉နှစ် ကနေ
၅၀ ဆိုရင် တစ်နေ့ကို ၁၈ မီလီဂရမ်လိုအပ်ပြီး
ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင်တော့တစ်နေ့ကို၂၇မီလီဂရမ်လိုအပ်ပါတယ်။
နို့တိုက်တဲ့ မိခင်တွေမှာတော့ တစ်နေ့ကို ၉ မီလီဂရမ် လိုအပ်ပါတယ်။ အသက်၅၀
ထက်ကျော်ပြီး သွေးဆုံးသွားတဲ့ အမျိုးသမီးတွေဆိုရင်တော့ တစ်နေ့ကို ၈
မီလီဂရမ် လိုအပ်ပါတယ်။ သံဓာတ်လုံလောက်စွာ ရရှိနိုင်တာကတော့ ပဲနီလေး၊
ဟင်းနုနယ်၊ အမဲသား၊ အခွံမာစေ့၊ ကြက်သားစသည်တို့ ဖြစ်ပါတယ်။
သံဓာတ်ပမာဏ များသည့်အခါ
ခန္ဓာကိုယ်မှာ
သံဓာတ်လျော့နည်းတာကို သတိပြုသင့်သလို သံဓာတ်ပမာဏတွေ
များနေတာကိုလည်းသတိပြုသင့်တယ်လို့မကြာသေးခင်က လေ့လာချက်တွေအရ သိရပါတယ်။
သံဓာတ် လိုအပ်တာထက် များနေတဲ့အခါ ကိုယ်တွင်းအဂါင်္ အစိတ်အပိုင်းတွေကို
ပျက်စီးစေတဲ့အပြင် ဆီးချုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ ရောဂါတွေကို
ခံစားရတယ်လို့ သိရပါတယ်။
(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလထုတ် အာရောဂျံ မဂ္ဂဇင်း အတွဲ(၂၆၉)မှ အိဖြူ(ဆေးတက္ကသိုလ်) ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
Credit:MOI Webportal Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သံဓာတ်အားနည်းနေသည့် လက္ခဏာများ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။