iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာနဲ႕ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ ရႈတင္ေတြထဲမွာ၊ ဇာတ္ကားရိုက္ကူးမႈေတြထဲမွာ၊ ကာရိုက္တာေတြထဲမွာ ေပ်ာ္၀င္ စီးေမ်ာရင္း ဖန္တီးလို႕ေကာင္းေနတဲ့ အႏုပညာရွင္ကေတာ့ အကယ္ဒမီမ်ားရွင္ရန္ေအာင္ပါ။ ရန္ေအာင္ဟာ မိန္းမလ်ာ ဇာတ္ရုပ္ေတာ္ေတာ္မ်ားမ်ားကုိ အံ၀င္ခြင္က်ျဖစ္ေအာင္ သရုပ္ေဆာင္ရင္း အခုလက္ရွိမွာလဲ ၀က္၀က္ကြဲေအာင္ပြင့္ဆိုတဲ့ ရုပ္ရွင္ကားၾကီးမွာ ရွယ္လီရွယ္လီ ဒက္ေပၚဆိုတဲ့ ဒီဇုိင္နာ ကာရိုက္တာကို အလန္းဆံုးနဲ႕အမိုက္ဆံုးျဖစ္ေအာင္သရုပ္ေဆာင္ေနပါတယ္။ မိန္းမလ်ာကာရိုက္တာမ်ားကိုေလ်ာ့ရုိက္ျဖစ္တဲ့ရန္ေအာင္ကတစ္ႏွစ္ကုိ တစ္ကားေလာက္သာရုိက္ကူးျဖစ္ေနသလုိ မၾကာခင္မွာ က်င္းပေတာ့မဲ့ အကယ္ဒမီနဲ႕ပတ္သက္ၿပီးေတာ့လဲ သူ႕ရဲ႕ စိတ္ခံစားခ်က္မ်ားကို အခုလိုဖြင့္ဟလာတဲ့အခါ

-အခုရိုက္ေနတဲ့ ကားၾကီးအေၾကာင္းကုိ အရင္ေျပာျပေပးပါဦး။

အခုရိုက္ေနတဲ့ကားက ၀က္၀က္ကြဲေအာင္ပြင့္တဲ့။ ဒီကားထဲက အစ္ကိုက ဖက္ရွင္ဒီဇိုင္နာေပါ့။ ဟာသကားေလးပါပဲ။ ပါတာက သရုပ္ေဆာင္ေတြကေတာ့မ်ားတယ္။

-ဒါဆို မယ္ကင္းကာရုိက္တာထဲကေတာ့ ကြဲထြက္သြားၿပီေပါ့။

မယ္ကင္းကုိ ရုပ္ဆိုးတယ္လို႕ေျပာၾကတယ္။ ဒါေပမဲ့အစ္ကိုရုပ္ဆိုးတာကိုၾကိဳက္တယ္။ အစ္ကိုတို႕မင္းသားအခန္းေတြ ရိုက္ၾကတဲ့အခါ ေခ်ာေခ်ာလွလွေတြ ၀တ္ၾကရတယ္။ ကိုယ္က ရုပ္ဆိုးၾကီးကိုမွအစ္ကုိကလုပ္ခ်င္တာ။ အဲ့ဒါမွဇာတ္ေကာင္တစ္ေကာင္ကြဲထြက္တာ။ စရိုက္ကာစမွာ သြားမပါေတာ့ တစ္မ်ိဳးၾကီးေတာင္ျဖစ္ေနေသးတယ္။ ဒါေပမဲ့ မိတ္ကပ္နဲ႕မ်က္ႏွာကိုအားလံုးေျပာင္းထားတာဆိုေတာ့ အ၀တ္အစား မိတ္ကပ္အားလံုးကုိ ဦးမာကစီစဥ္ေပးပါတယ္။ မိတ္ကပ္ကိုလဲသူကုိယ္တုိင္လုိက္ျပင္ေပးတယ္။ ဒီကားထဲက အစ္ကို႕ဇာတ္ေကာင္နာမည္က ရွယ္လီရွယ္လီဒက္ေပၚတဲ့။ ငယ္ငယ္တုန္းက ဒက္ေတြေပါက္ခဲ့လို႕ေပါ့။

-မိန္းမလ်ာကာရုိက္တာပုိင္းကို ေလွ်ာ့ထားတယ္လို႕သိရတယ္။ ဒီကားကေရာ ဒီႏွစ္အတြက္လို႕ေျပာလို႕ရလား။

ေျပာလို႕ရတယ္။ ဘာလို႕လဲဆိုေတာ့ အစ္ကိုစၿပီး မိန္းမလ်ာဇာတ္ရုပ္ကုိပီပီျပင္ျပင္စရုိက္တဲ့အခါမွာ ကုိမိုးဦးနဲ႕စရိုက္ျဖစ္တယ္။ သြားေခါမဇာတ္ရုပ္ကို ဦးမိုးဦးပဲေရြးခ်ယ္ၿပီး ဇာတ္ေကာင္တစ္ခုအျဖစ္ ဆြဲထုတ္ထားတယ္။ အဲ့ဒီဇာတ္ေကာင္နဲ႕ပဲအစ္ကုိတို႕ရုိက္ခဲ့တာဆိုရင္ သံုးေလးကားေလာက္ရွိၿပီ။ ဗီဒီယိုနဲ႕ဆို ငါးကား၊ ေျခာက္ကားေလာက္ရွိၿပီေပါ့။ ေနာက္ပိုင္းက်ေတာ့ တျခားမိန္းမလိုဇာတ္ကေလးေတြလဲရွိလာတဲ့အခါက်ေတာ့ တအားမ်ားလာတယ္။ ဒါကေတာ့ ေဖ်ာ္ေျဖေရးဆိုေတာ့ ေဖ်ာ္ေျဖေရးအေလ်ာက္ ဖန္တီးရတာေပါ့ေလ။ ၿပီးေတာ့ မိန္းမလ်ာဇာတ္ရုပ္ေတြဆိုရင္ ကိုမိုးဦးနဲ႔ပဲရိုက္မယ္လို႕ဆံုးျဖတ္ထားတာေပါ့ေလ။ သူနဲ႕ကကီးကိုက္တယ္။ ဇာတ္ေကာင္အေနအထားေတြလဲ နားလည္တယ္။ ဟာသေျမာက္ေအာင္လဲ သူကရိုက္တတ္တယ္လို႕အစ္ကိုသတ္မွတ္တယ္။ အဲ့ဒါေၾကာင့္မို႕ပါ။ အခုဒီကားကလဲ ကုိမိုးဦးနဲ႕မို႕လို႕ရုိက္တာပါ။

-အကယ္ဒမီေပးပြဲနဲ႕ပတ္သက္ၿပီးေတာ့ေရာ ဘယ္လုိရင္ခုန္ေနလဲ။

အကယ္ဒမီေပးပြဲကအစ္ကိုကေတာ့ ရင္မခုန္ပါဘူး။ ဒီရတဲ့သူေတြအားလံုးကိုအားေပးမယ္။ သူတို႕အတြက္ကိုပဲ ရင္ခုန္ေပးမယ္။ ရသင့္ရထုိက္တဲ့သူေတြအကုန္ရပါေစလို႕အစ္ကိုကဆုေတာင္းေပးပါတယ္။

-ဒီႏွစ္ထဲမွာ ပဲခူးဆားႏွင့္သူဧ။္ ဗားရပ္စ္မ်ားလဲပါေနေတာ့ ဘယ္လိုစိတ္လႈပ္ရွားမႈရွိလဲ။

အဲ့ဒီကားကပါတယ္လို႕ေတာ့ၾကားတယ္။ သို႕ေသာ္လဲရမယ္လို႕ေတာ့ မထင္ပါဘူး။ ကိုယ္ထင္တာကိုေျပာတာပါ။

-ဟာသကားအေနနဲ႕အေရွ႕မွာဥကားတုန္းကလဲေပးခဲ့တယ္ဆိုေတာ့ေလ အစ္ကိုပါ၀င္တဲ့ကားနဲ႕ပတ္သက္ၿပီးေတာ့ေရာ စိတ္လႈပ္ရွားမႈမရွိဘူးလား။

အဲ့ဒီလိုေလး သတ္သတ္မွတ္မွတ္နဲ႕ထူးခၽြန္ဆုေပးမယ္ဆိုရင္ေတာ့ ရႏုိင္ေလာက္မယ္လို႕အစ္ကိုကေမွ်ာ္လင့္ပါတယ္။ ဘာလို႕လဲဆိုေတာ့ သရုပ္ေဆာင္ေတြအကုန္လံုးက ဇာတ္ေကာင္တစ္ခုအေပၚမွာပဲ စိတ္ႏွစ္ၿပီးသရုပ္ေဆာင္ရတာကိုး။ အျပင္မွာ၀တ္ေနက်မဟုတ္တဲ့ ဟာေတြကို အထဲထဲမွာ၀တ္ၿပီး သရုပ္ေဆာင္ရတယ္။ အျမဲတမ္းကိုင္ေနက်မဟုတ္တဲ့ပစၥည္းေတြကိုလဲ ကာရိုက္တာထဲ၀င္ေအာင္ကိုင္ရတဲ့အတြက္ ယပ္ေတာင္ကုိင္တာ၊ ပိုက္ဆံအိတ္ကိုင္တာေတြကအစက်င့္ရေသးတယ္။ မက်င့္ပဲနဲ႕ခ်က္ခ်င္းေကာက္ရုိက္လို႕မရဘူး။ ဒီဟာေတြအကုန္လံုးကသက္သက္ကို ဖန္တီးယူရတာျဖစ္တဲ့အတြက္ဒါကို အႏုပညာအေနနဲ႕ဖန္တီးရတာဆိုေတာ့ ေျပာင္ေျမာက္ရင္လဲေျပာင္ေျမာက္တယ္ဆိုတာကုိလက္ခံလို႕ရပါတယ္။

-ဟာသနဲ႕ဒရာမာယွဥ္လာခဲ့တယ္ဆိုရင္ေတာင္ ဒရာမာကုိပုိၿပီးဦးစားေပးတာမ်ားတယ္ေပါ့။ အဲ့ဒါကိုပရိသတ္ေတြကမၾကိဳက္ၾကဘူး။ ဟာသကိုလဲ တကယ့္ဇာတ္ေကာင္တစ္ခုအေနနဲ႕ထည့္သြင္းစဥ္းစားတာမ်ိဳးကုိ လိုခ်င္ၾကတဲ့အေပၚ ကုိရန္ေလးအျမင္ကေရာ ဘယ္လိုရွိလဲ။

ကိုယ္တို႕အေနနဲ႕ကေတာ့ ေပးေစခ်င္တာေပါ့။ ဟာသလုပ္တာကလဲ အင္မတန္ခက္ပါတယ္။ လူတစ္ေယာက္ကို ရယ္ေအာင္လုပ္ရတာ ဟာသလုပ္ရတာ ပိုေတာင္ခက္ပါတယ္။ ဒရာမာကမွ မ်က္ရည္တုထည့္ၿပီးငိုလို႕ရေသးတယ္။ ဇာတ္ကားထဲမွာပါတဲ့ဒိုင္ယာေလာ့ခ္ေလးထည့္ၿပီး ပရိသတ္ရင္ထဲေရာက္ေအာင္ လုပ္လို႕ရေသးတယ္။ ဟာသက်ေတာ့ ဘလိုင္းၾကီးကို ရယ္ေအာင္လုပ္ရတဲ့ ပေလာ့ အခံေတြ၊ အပက္ေတြ၊ အဆုိ႕ေတြ၊ အပိတ္ေတြရွိတယ္။ အဲ့ဒါေတြအကုန္လံုးကအံကိုက္ညီေနမွ ပရိသတ္က ရယ္ခ်င္စိတ္ျဖစ္သြားတာ အဲ့ဒီလိုရယ္ေအာင္လို႕ကိုလုပ္ရတာကလဲ ပညာရပ္တစ္ခုပဲ။ တကယ္တမ္းရယ္ေအာင္လုပ္ဖို႕ဆိုတာခက္တယ္။ အဲ့ဒီလိုပညာရပ္တစ္ခုေလးကို သတ္မွတ္ၿပီး ငေပါကားလို႕မသတ္မွတ္ၾကပဲ ရယ္စရာလုပ္ျပတာကလဲ အႏုပညာတစ္ခုပါပဲဆိုတာကို တန္ဖိုးထားေစခ်င္ပါတယ္။ တန္ဖိုးထားတဲ့အေပၚမွာလဲ သတ္မွတ္တဲ့ဆုေလးေပးရင္ေတာ့ ၀မ္းေျမာက္ဖြယ္ေကာင္းတာေပါ့။ ဘာလို႕လဲဆိုေတာ့ ႏုိင္ငံတကာမွာလဲ အဲ့ဒီလိုဟာသကားေတြၾကီးပဲ။ အေကာင္းဆံုးဇာတ္ကားကိုထူးခၽြန္ဆုေပးသလိုအညံ႕ဆံုးဇာတ္ကားကိုလဲထူးခၽြန္ဆုေပးတယ္။ ညံ့လြန္းလို႕ကိုေပးတာ ဘာလို႕လဲဆိုေတာ့ အဲ့ဒါမွလဲ သူတို႕ကဒါညံ့လြန္းလို႕ရတာပဲဆိုတာကုိ သိၿပီးျပင္ဆင္မယ္။ ရွက္တတ္သြားမယ္ေပါ့။ ေအာ္စကာထဲမွာလဲ အဲ့ဒီလိုရွိတယ္လို႕ကိုယ္ၾကားဖူးပါတယ္။

Credit:trend myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version



အနုပညာနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ရှုတင်တွေထဲမှာ၊ ဇာတ်ကားရိုက်ကူးမှုတွေထဲမှာ၊ ကာရိုက်တာတွေထဲမှာ ပျော်ဝင် စီးမျောရင်း ဖန်တီးလို့ကောင်းနေတဲ့ အနုပညာရှင်ကတော့ အကယ်ဒမီများရှင်ရန်အောင်ပါ။ ရန်အောင်ဟာ မိန်းမလျာ ဇာတ်ရုပ်တော်တော်များများကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ရင်း အခုလက်ရှိမှာလဲ ဝက်ဝက်ကွဲအောင်ပွင့်ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ရှယ်လီရှယ်လီ ဒက်ပေါ်ဆိုတဲ့ ဒီဇိုင်နာ ကာရိုက်တာကို အလန်းဆုံးနဲ့အမိုက်ဆုံးဖြစ်အောင်သရုပ်ဆောင်နေပါတယ်။ မိန်းမလျာကာရိုက်တာများကိုလျော့ရိုက်ဖြစ်တဲ့ရန်အောင်ကတစ်နှစ်ကို တစ်ကားလောက်သာရိုက်ကူးဖြစ်နေသလို မကြာခင်မှာ ကျင်းပတော့မဲ့ အကယ်ဒမီနဲ့ပတ်သက်ပြီးတော့လဲ သူ့ရဲ့ စိတ်ခံစားချက်များကို အခုလိုဖွင့်ဟလာတဲ့အခါ

-အခုရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားက ဝက်ဝက်ကွဲအောင်ပွင့်တဲ့။ ဒီကားထဲက အစ်ကိုက ဖက်ရှင်ဒီဇိုင်နာပေါ့။ ဟာသကားလေးပါပဲ။ ပါတာက သရုပ်ဆောင်တွေကတော့များတယ်။

-ဒါဆို မယ်ကင်းကာရိုက်တာထဲကတော့ ကွဲထွက်သွားပြီပေါ့။

မယ်ကင်းကို ရုပ်ဆိုးတယ်လို့ပြောကြတယ်။ ဒါပေမဲ့အစ်ကိုရုပ်ဆိုးတာကိုကြိုက်တယ်။ အစ်ကိုတို့မင်းသားအခန်းတွေ ရိုက်ကြတဲ့အခါ ချောချောလှလှတွေ ဝတ်ကြရတယ်။ ကိုယ်က ရုပ်ဆိုးကြီးကိုမှအစ်ကိုကလုပ်ချင်တာ။ အဲ့ဒါမှဇာတ်ကောင်တစ်ကောင်ကွဲထွက်တာ။ စရိုက်ကာစမှာ သွားမပါတော့ တစ်မျိုးကြီးတောင်ဖြစ်နေသေးတယ်။ ဒါပေမဲ့ မိတ်ကပ်နဲ့မျက်နှာကိုအားလုံးပြောင်းထားတာဆိုတော့ အဝတ်အစား မိတ်ကပ်အားလုံးကို ဦးမာကစီစဉ်ပေးပါတယ်။ မိတ်ကပ်ကိုလဲသူကိုယ်တိုင်လိုက်ပြင်ပေးတယ်။ ဒီကားထဲက အစ်ကို့ဇာတ်ကောင်နာမည်က ရှယ်လီရှယ်လီဒက်ပေါ်တဲ့။ ငယ်ငယ်တုန်းက ဒက်တွေပေါက်ခဲ့လို့ပေါ့။

-မိန်းမလျာကာရိုက်တာပိုင်းကို လျှော့ထားတယ်လို့သိရတယ်။ ဒီကားကရော ဒီနှစ်အတွက်လို့ပြောလို့ရလား။

ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အစ်ကိုစပြီး မိန်းမလျာဇာတ်ရုပ်ကိုပီပီပြင်ပြင်စရိုက်တဲ့အခါမှာ ကိုမိုးဦးနဲ့စရိုက်ဖြစ်တယ်။ သွားခေါမဇာတ်ရုပ်ကို ဦးမိုးဦးပဲရွေးချယ်ပြီး ဇာတ်ကောင်တစ်ခုအဖြစ် ဆွဲထုတ်ထားတယ်။ အဲ့ဒီဇာတ်ကောင်နဲ့ပဲအစ်ကိုတို့ရိုက်ခဲ့တာဆိုရင် သုံးလေးကားလောက်ရှိပြီ။ ဗီဒီယိုနဲ့ဆို ငါးကား၊ ခြောက်ကားလောက်ရှိပြီပေါ့။ နောက်ပိုင်းကျတော့ တခြားမိန်းမလိုဇာတ်ကလေးတွေလဲရှိလာတဲ့အခါကျတော့ တအားများလာတယ်။ ဒါကတော့ ဖျော်ဖြေရေးဆိုတော့ ဖျော်ဖြေရေးအလျောက် ဖန်တီးရတာပေါ့လေ။ ပြီးတော့ မိန်းမလျာဇာတ်ရုပ်တွေဆိုရင် ကိုမိုးဦးနဲ့ပဲရိုက်မယ်လို့ဆုံးဖြတ်ထားတာပေါ့လေ။ သူနဲ့ကကီးကိုက်တယ်။ ဇာတ်ကောင်အနေအထားတွေလဲ နားလည်တယ်။ ဟာသမြောက်အောင်လဲ သူကရိုက်တတ်တယ်လို့အစ်ကိုသတ်မှတ်တယ်။ အဲ့ဒါကြောင့်မို့ပါ။ အခုဒီကားကလဲ ကိုမိုးဦးနဲ့မို့လို့ရိုက်တာပါ။

-အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုရင်ခုန်နေလဲ။

အကယ်ဒမီပေးပွဲကအစ်ကိုကတော့ ရင်မခုန်ပါဘူး။ ဒီရတဲ့သူတွေအားလုံးကိုအားပေးမယ်။ သူတို့အတွက်ကိုပဲ ရင်ခုန်ပေးမယ်။ ရသင့်ရထိုက်တဲ့သူတွေအကုန်ရပါစေလို့အစ်ကိုကဆုတောင်းပေးပါတယ်။

-ဒီနှစ်ထဲမှာ ပဲခူးဆားနှင့်သူဧ။် ဗားရပ်စ်များလဲပါနေတော့ ဘယ်လိုစိတ်လှုပ်ရှားမှုရှိလဲ။

အဲ့ဒီကားကပါတယ်လို့တော့ကြားတယ်။ သို့သော်လဲရမယ်လို့တော့ မထင်ပါဘူး။ ကိုယ်ထင်တာကိုပြောတာပါ။

-ဟာသကားအနေနဲ့အရှေ့မှာဥကားတုန်းကလဲပေးခဲ့တယ်ဆိုတော့လေ အစ်ကိုပါဝင်တဲ့ကားနဲ့ပတ်သက်ပြီးတော့ရော စိတ်လှုပ်ရှားမှုမရှိဘူးလား။

အဲ့ဒီလိုလေး သတ်သတ်မှတ်မှတ်နဲ့ထူးချွန်ဆုပေးမယ်ဆိုရင်တော့ ရနိုင်လောက်မယ်လို့အစ်ကိုကမျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်တွေအကုန်လုံးက ဇာတ်ကောင်တစ်ခုအပေါ်မှာပဲ စိတ်နှစ်ပြီးသရုပ်ဆောင်ရတာကိုး။ အပြင်မှာဝတ်နေကျမဟုတ်တဲ့ ဟာတွေကို အထဲထဲမှာဝတ်ပြီး သရုပ်ဆောင်ရတယ်။ အမြဲတမ်းကိုင်နေကျမဟုတ်တဲ့ပစ္စည်းတွေကိုလဲ ကာရိုက်တာထဲဝင်အောင်ကိုင်ရတဲ့အတွက် ယပ်တောင်ကိုင်တာ၊ ပိုက်ဆံအိတ်ကိုင်တာတွေကအစကျင့်ရသေးတယ်။ မကျင့်ပဲနဲ့ချက်ချင်းကောက်ရိုက်လို့မရဘူး။ ဒီဟာတွေအကုန်လုံးကသက်သက်ကို ဖန်တီးယူရတာဖြစ်တဲ့အတွက်ဒါကို အနုပညာအနေနဲ့ဖန်တီးရတာဆိုတော့ ပြောင်မြောက်ရင်လဲပြောင်မြောက်တယ်ဆိုတာကိုလက်ခံလို့ရပါတယ်။

-ဟာသနဲ့ဒရာမာယှဉ်လာခဲ့တယ်ဆိုရင်တောင် ဒရာမာကိုပိုပြီးဦးစားပေးတာများတယ်ပေါ့။ အဲ့ဒါကိုပရိသတ်တွေကမကြိုက်ကြဘူး။ ဟာသကိုလဲ တကယ့်ဇာတ်ကောင်တစ်ခုအနေနဲ့ထည့်သွင်းစဉ်းစားတာမျိုးကို လိုချင်ကြတဲ့အပေါ် ကိုရန်လေးအမြင်ကရော ဘယ်လိုရှိလဲ။

ကိုယ်တို့အနေနဲ့ကတော့ ပေးစေချင်တာပေါ့။ ဟာသလုပ်တာကလဲ အင်မတန်ခက်ပါတယ်။ လူတစ်ယောက်ကို ရယ်အောင်လုပ်ရတာ ဟာသလုပ်ရတာ ပိုတောင်ခက်ပါတယ်။ ဒရာမာကမှ မျက်ရည်တုထည့်ပြီးငိုလို့ရသေးတယ်။ ဇာတ်ကားထဲမှာပါတဲ့ဒိုင်ယာလော့ခ်လေးထည့်ပြီး ပရိသတ်ရင်ထဲရောက်အောင် လုပ်လို့ရသေးတယ်။ ဟာသကျတော့ ဘလိုင်းကြီးကို ရယ်အောင်လုပ်ရတဲ့ ပလော့ အခံတွေ၊ အပက်တွေ၊ အဆို့တွေ၊ အပိတ်တွေရှိတယ်။ အဲ့ဒါတွေအကုန်လုံးကအံကိုက်ညီနေမှ ပရိသတ်က ရယ်ချင်စိတ်ဖြစ်သွားတာ အဲ့ဒီလိုရယ်အောင်လို့ကိုလုပ်ရတာကလဲ ပညာရပ်တစ်ခုပဲ။ တကယ်တမ်းရယ်အောင်လုပ်ဖို့ဆိုတာခက်တယ်။ အဲ့ဒီလိုပညာရပ်တစ်ခုလေးကို သတ်မှတ်ပြီး ငပေါကားလို့မသတ်မှတ်ကြပဲ ရယ်စရာလုပ်ပြတာကလဲ အနုပညာတစ်ခုပါပဲဆိုတာကို တန်ဖိုးထားစေချင်ပါတယ်။ တန်ဖိုးထားတဲ့အပေါ်မှာလဲ သတ်မှတ်တဲ့ဆုလေးပေးရင်တော့ ဝမ်းမြောက်ဖွယ်ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံတကာမှာလဲ အဲ့ဒီလိုဟာသကားတွေကြီးပဲ။ အကောင်းဆုံးဇာတ်ကားကိုထူးချွန်ဆုပေးသလိုအညံ့ဆုံးဇာတ်ကားကိုလဲထူးချွန်ဆုပေးတယ်။ ညံ့လွန်းလို့ကိုပေးတာ ဘာလို့လဲဆိုတော့ အဲ့ဒါမှလဲ သူတို့ကဒါညံ့လွန်းလို့ရတာပဲဆိုတာကို သိပြီးပြင်ဆင်မယ်။ ရှက်တတ်သွားမယ်ပေါ့။ အော်စကာထဲမှာလဲ အဲ့ဒီလိုရှိတယ်လို့ကိုယ်ကြားဖူးပါတယ်။

Credit:trend myanmar ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top