iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ပန္ႏုိင္ငံမွာ အသက္ ၆၀ ျပည့္ရင္ အျငိမ္းစားယူရမယ္ဆိုတဲ့ ျပဌာန္းခ်က္က Masako Wakamiya အတြက္ အဆင္မေျပပါဘူး။ သက္ၾကီးရြယ္အုိတခ်ဳိ႕ အျငိမ္းစားဘဝကို shuffleboard ကစား၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းဖုိ႔ ေရြးခ်ယ္ေနၾကခ်ိန္မွာ Masako ကေတာ့ အဲဒီလုိဘဝေနထုိင္မႈပုံစံကို မေပ်ာ္ပိုက္ခဲ့ပါဘူး။ ဒါဟာ ၄၃ႏွစ္တုိင္တုိင္ ဘဏ္လုပ္ငန္းလုပ္ကုိင္ျပီးေနာက္ ကြန္ပ်ဴတာသုံးနည္း ေလ့လာသင္ယူဖုိ႔ ဆႏၵျပင္းျပျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေနာက္ဆုံး သူမရဲ႕ ကြန္ပ်ဴတာနဲ႔ နည္းပညာအေပၚ စိတ္ဝင္စားမႈက Masako ကို ကုိယ္ပုိင္ app တစ္ခု တီထြင္ဖန္တီးတဲ့အထိ ျဖစ္ေစခဲ့ပါတယ္။
 
ဒါေပမယ့္ မ်က္ႏွာရြဲ႕မဲ့မသြားၾကပါနဲ႔။ သူမ Bubble Trouble၊ Temple Run တုို႔လုိ app မ်ဳိး တီထြင္ခဲ့တာေတာ့မဟုတ္ပါဘူး။ Masako ဟာ သက္ၾကီးရြယ္အုိေတြအတြက္ အထူးရည္ရြယ္ထားတဲ့ app တစ္ခု တီထြင္ခဲ့တာပါ။  Masako ဟာ Hinadan လုိ႔ေခၚတဲ့ iOS app ကို ဖန္တီးခဲ့ပါတယ္။
 
အသုံးျပဳသူေတြအေနနဲ႔ အရုပ္ ၁၂ခုကို ျပင္ဆင္မြမ္းမံေပးႏုိင္တဲ့ app ျဖစ္ပါတယ္။ ျပီးေတာ့ အထူးသျဖင့္ ဂ်ပန္ Hinamatsuri ပြဲေတြအတြက္ ေနရာမွန္ထားစီရတဲ့ app မ်ဳိးျဖစ္ပါတယ္။ ဂ်ပန္လုိမွာ "အရုပ္မ်ားေန႔" သုိ႔မဟုတ္ "မိန္းကေလးမ်ားေန႔" လုိ႔ အဓိပၸါယ္ရျပီး မတ္လအေစာပိုင္မွာ က်င္းပေလ့ရိွတဲ့ Hinamatsuri ပြဲေတာ္အတြင္း ရိုးရာဝတ္စုံေတြနဲ႔ တန္ဆာဆင္ထားတဲ့အရုပ္ေတြကို အဆင့္(၄)ခုခြဲထားပါတယ္။ App ကေန အရုပ္ေတြေနရာမွန္ထားဖုိ႔ ညြန္ျပေပးျပီး အဲဒီလုိ လုိက္ထားရင္းျဖင့္ ေပ်ာ္ရႊင္မႈရရိွတဲ့ ဂိမ္းမ်ဳိးပါ။ အဆင့္ (၄)ခုလုံးေအာင္ျမင္စြာျပီးဆုံးသြားတဲ့အခ်ိန္မွာ မက္ေဆ့ခ်္တစ္ခု ေပၚလာျပီး ေအာက္ပါအတုိင္း ခ်ီးက်ဴးစကားဆုိပါလိမ့္မယ္။ 
 
"အသက္ၾကီးသူေတြ စမတ္ဖုန္းစိတ္ဝင္စားေအာင္ ေပ်ာ္စရာေကာင္းတဲ့ app တစ္ခု က်မ ဖန္တီးခ်င္ခဲ့တယ္။ ဒီေဆာ့ဖ္ဝဲလ္ေရးဖုိ႔ ႏွစ္ဝက္ခန္႔ ၾကာခဲ့တယ္" လုိ႔ သူမက CNN ကို ေျပာျပခဲ့ပါတယ္။ ၂၀၁၄ TEDx ညီလာခံတစ္ခုမွာ သက္ၾကီးရြယ္အုိေတြ ကစားတဲ့ ဒီ app အေၾကာင္း သူမစကားတက္ေျပာခဲ့ပါတယ္။ ကေလးတစ္ေယာက္မွမရိွတဲ့ Masako ဟာ ကြန္ပ်ဴတာအသုံးျပဳနည္း ေလ့လာသင္ယူဖုိ႔ ကလပ္တစ္ခု စတက္ခဲ့ပါတယ္။ အဲဒါက ၾကီးမားတဲ့တစ္စုံတစ္ခု ဖန္တီးဖို႔ အစပ်ဳိးေပးခဲ့ပါတယ္။ 
 
သူမရဲ႕ ကြန္ပ်ဴတာစိတ္ဝင္စားမႈက လြန္ခဲ့တဲ့ႏွစ္မ်ားစြာက စခဲ့သည့္တုိင္ Masako က တီထြင္ဖန္တီးႏုိင္မႈမွာ အသက္အကန္႔အသတ္မရိွေၾကာင္း သက္ေသျပခဲ့ပါတယ္။ သူမကုိယ္သူမ “technology evangelist” လုိ႔ ေခၚဆုိျပီး သူမအလုပ္ေၾကာင္း မၾကာခဏဘေလာ့ခ္မွာ ေရးသားခဲ့ပါတယ္။ "ဖေရာဖက္ရွင္နယ္တစ္ေယာက္ျဖစ္စရာမလုိဘူး။ သင့္မွာ ဖန္တီးႏုိင္စြမ္းရိွရင္၊ သင့္မွာ ေစတနာရိွရင္ သင္ တစ္ခုခု ဖန္တီးႏိုင္တယ္" လုိ႔ CNN ကို သူမေျပာဆိုခဲ့ပါတယ္။ 
Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ဂျပန်နိုင်ငံမှာ အသက် ၆၀ ပြည့်ရင် အငြိမ်းစားယူရမယ်ဆိုတဲ့ ပြဌာန်းချက်က Masako Wakamiya အတွက် အဆင်မပြေပါဘူး။ သက်ကြီးရွယ်အိုတချို့ အငြိမ်းစားဘဝကို shuffleboard ကစား၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ ရွေးချယ်နေကြချိန်မှာ Masako ကတော့ အဲဒီလိုဘဝနေထိုင်မှုပုံစံကို မပျော်ပိုက်ခဲ့ပါဘူး။ ဒါဟာ ၄၃နှစ်တိုင်တိုင် ဘဏ်လုပ်ငန်းလုပ်ကိုင်ပြီးနောက် ကွန်ပျူတာသုံးနည်း လေ့လာသင်ယူဖို့ ဆန္ဒပြင်းပြခြင်းကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး သူမရဲ့ ကွန်ပျူတာနဲ့ နည်းပညာအပေါ် စိတ်ဝင်စားမှုက Masako ကို ကိုယ်ပိုင် app တစ်ခု တီထွင်ဖန်တီးတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် မျက်နှာရွဲ့မဲ့မသွားကြပါနဲ့။ သူမ Bubble Trouble၊ Temple Run တို့လို app မျိုး တီထွင်ခဲ့တာတော့မဟုတ်ပါဘူး။ Masako ဟာ သက်ကြီးရွယ်အိုတွေအတွက် အထူးရည်ရွယ်ထားတဲ့ app တစ်ခု တီထွင်ခဲ့တာပါ။  Masako ဟာ Hinadan လို့ခေါ်တဲ့ iOS app ကို ဖန်တီးခဲ့ပါတယ်။

အသုံးပြုသူတွေအနေနဲ့ အရုပ် ၁၂ခုကို ပြင်ဆင်မွမ်းမံပေးနိုင်တဲ့ app ဖြစ်ပါတယ်။ ပြီးတော့ အထူးသဖြင့် ဂျပန် Hinamatsuri ပွဲတွေအတွက် နေရာမှန်ထားစီရတဲ့ app မျိုးဖြစ်ပါတယ်။ ဂျပန်လိုမှာ "အရုပ်များနေ့" သို့မဟုတ် "မိန်းကလေးများနေ့" လို့ အဓိပ္ပါယ်ရပြီး မတ်လအစောပိုင်မှာ ကျင်းပလေ့ရှိတဲ့ Hinamatsuri ပွဲတော်အတွင်း ရိုးရာဝတ်စုံတွေနဲ့ တန်ဆာဆင်ထားတဲ့အရုပ်တွေကို အဆင့်(၄)ခုခွဲထားပါတယ်။ App ကနေ အရုပ်တွေနေရာမှန်ထားဖို့ ညွန်ပြပေးပြီး အဲဒီလို လိုက်ထားရင်းဖြင့် ပျော်ရွှင်မှုရရှိတဲ့ ဂိမ်းမျိုးပါ။ အဆင့် (၄)ခုလုံးအောင်မြင်စွာပြီးဆုံးသွားတဲ့အချိန်မှာ မက်ဆေ့ချ်တစ်ခု ပေါ်လာပြီး အောက်ပါအတိုင်း ချီးကျူးစကားဆိုပါလိမ့်မယ်။

"အသက်ကြီးသူတွေ စမတ်ဖုန်းစိတ်ဝင်စားအောင် ပျော်စရာကောင်းတဲ့ app တစ်ခု ကျမ ဖန်တီးချင်ခဲ့တယ်။ ဒီဆော့ဖ်ဝဲလ်ရေးဖို့ နှစ်ဝက်ခန့် ကြာခဲ့တယ်" လို့ သူမက CNN ကို ပြောပြခဲ့ပါတယ်။ ၂၀၁၄ TEDx ညီလာခံတစ်ခုမှာ သက်ကြီးရွယ်အိုတွေ ကစားတဲ့ ဒီ app အကြောင်း သူမစကားတက်ပြောခဲ့ပါတယ်။ ကလေးတစ်ယောက်မှမရှိတဲ့ Masako ဟာ ကွန်ပျူတာအသုံးပြုနည်း လေ့လာသင်ယူဖို့ ကလပ်တစ်ခု စတက်ခဲ့ပါတယ်။ အဲဒါက ကြီးမားတဲ့တစ်စုံတစ်ခု ဖန်တီးဖို့ အစပျိုးပေးခဲ့ပါတယ်။

သူမရဲ့ ကွန်ပျူတာစိတ်ဝင်စားမှုက လွန်ခဲ့တဲ့နှစ်များစွာက စခဲ့သည့်တိုင် Masako က တီထွင်ဖန်တီးနိုင်မှုမှာ အသက်အကန့်အသတ်မရှိကြောင်း သက်သေပြခဲ့ပါတယ်။ သူမကိုယ်သူမ “technology evangelist” လို့ ခေါ်ဆိုပြီး သူမအလုပ်ကြောင်း မကြာခဏဘလော့ခ်မှာ ရေးသားခဲ့ပါတယ်။ "ဖရောဖက်ရှင်နယ်တစ်ယောက်ဖြစ်စရာမလိုဘူး။ သင့်မှာ ဖန်တီးနိုင်စွမ်းရှိရင်၊ သင့်မှာ စေတနာရှိရင် သင် တစ်ခုခု ဖန်တီးနိုင်တယ်" လို့ CNN ကို သူမပြောဆိုခဲ့ပါတယ်။
Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top