iMyanmarHouse.com - Best Property Website for Myanmar
×

အင်္ကျီလှလှလေးတွေ ၀တ်တိုင်း တံတောင်ဆစ်မည်းနေတာကို ဖုံးဖိပြီးအင်္ကျီလက်ရှည်တွေ ၀တ်နေရလို့ စတိုင်ကျကျလေး မဖြစ်နေဘူးဆိုရင်တော့ တံတောင်ဆစ်က အမည်းတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုနေပါပြီ…တံတောင်ဆစ်မည်းရတဲ့ အဓိက အကြောင်းအရင်းကတော့ ဆဲလ်သေတွေ ရှိနေလို့ပါ။ ဒါ့ကြောင့် ဒီဆဲလ်သေတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။
အုန်းဆီ

Atxhlq4rrbyxutvcjrxd
ပထမဆုံး ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုပါ။ ဆဲလ်သေတွေကို ဖယ်ရှားရုံသာမက တံတောင်ဆစ်အသားအရေကိုပါ ချောမွေ့စေပါတယ်။ အုန်းဆီစစ်စစ်ကို တံတောင်ဆစ် မည်းတဲ့နေရာမှာ လိမ်းပြီး လက်နဲ့အသာလေး ချေး(ဂျေး) တွန်းသလို ပြုလုပ်ပေးပါ။ ဆဲလ်သေတွေ ထွက်အောင်ပါ။ နောက်ပြီး (၅) မိနစ်စာလောက် နှိပ်နယ်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ ဒါဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပြီး ဖြစ်ပါတယ်။ ဖြူဖွေးတဲ့ တံတောင်ဆစ်လေး ပိုင်ဆိုင်ရပါပြီ။
သံပရာသီး

Poqczie818fwqrzwgngg
သံပရာသီးကတော့ ဆဲလ်သေဖယ်ဖို့အတွက် အထိရောက်ဆုံး ကုထုံးပါ။ ဆဲလ်သေတွေကြောင့် မည်းနေတဲ့ တံတောင်ဆစ်နေရာကို သံပရာသီးကို အရည်ညှစ်ပြီး သံပရာရည် လိမ်းပေးပါ။ ခြောက်သွားအောင် ထားပြီး ရေအေးအေးနဲ့ ဆေးကြောပေးပါ။ သံပရာသီးမှာ ပါဝင်တဲ့ CITRIC ACID က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် တံတောင်ဆစ်အသားအရေ ဖြူဖွေးလာမှာ အသေအချာပါပဲ။
ရှားစောင်းလက်ပပ်

Clpaubyde0ncqvubh2ec
ရှားစောင်လက်ပပ်မှာ ပါဝင်တဲ့ အဖြူရောင် အနှစ်(ဂျယ်လ်) တွေကလည်း တံတောင်ဆစ်မှာ ရှိတဲ့ အမည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အနှစ်(ဂျယ်လ်)တွေဟာ BODY SCRUB လိုပါပဲ။ ရှားစောင်းလက်ပပ် အနှစ်ကို တံတောင်ဆစ်နေရာမှာ လိမ်းထားပေးပြီး မိနစ်(၂၀) လောက်ကြာမှ ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ဒါဆိုရင် တံတောင်ဆစ် ဖြူဖွေးရုံသာမက တံတောင်ဆစ်အသားအရေကိုပါ ချောမွေ့စေပါတယ်။

Ref: Glow


Credit:ဖြိုးပြည့်သူ(မိုမိုလေး)

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top