iMyanmarHouse.com - Best Property Website for Myanmar
×

သင့္မ်က္လံုးတစ္၀ိုက္က  အေရျပားဟာ ပါးလႊာၿပီး ႏူးညံ့ပါတယ္။ ဒါေၾကာင့္ မျဖစ္မေန သံုးရမယ့္အထဲမွာ Eyecream ေတြလည္း ပါ၀င္ပါတယ္။ Eyecreamေတြက မရွိမျဖစ္ပစၥည္းေတြျဖစ္ၿပီးေတာ့ ေရဓာတ္ျဖည့္တင္းဖုိ႔၊ မ်က္ကြင္းညိဳတာေတြေပ်ာက္ဖို႔နဲ႔ အေရးေၾကာင္းေတြကို ကုသဖို႔ မွန္ကန္တဲ့ နည္းစနစ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ Eyecream ေတြလိမ္းတဲ့ အခါ သင္လိမ္းတဲ့နည္းစနစ္က မွန္ကန္ရဲ႕လားဆိုတာကို သိဖို႔ A-list aesthetician Renée Rouleau ရဲ႕ နည္းစနစ္တစ္ခ်ိဳ႕ကို ယခုလို ေ၀မွ်ေပးလိုက္ပါတယ္။

၁။မ်က္လံုးတစ္၀ိုက္က မ်က္ရိုးနားကိုပဲ လိမ္းပါ။
သန္႔ရွင္းတဲ့လက္ေတြနဲ႔ ပါးရိုးရဲ႕ အေပၚထိပ္နား မ်က္လံုးေအာက္က မ်က္ရိုးကို ရွာမေတြ႔ခင္အထိ အသားအေရကို ညင္သာစြာ ဖိၾကည့္ေပးပါ။ အဲဒီဧရိယာဟာ သင္eyecream လိမ္းရမယ့္ေနရာပဲျဖစ္ပါတယ္။

၂။မ်က္ေတာင္ေတြနဲ႔ နီးနီးကပ္ကပ္ျဖစ္ေအာင္ မလိမ္းပါနဲ႔။
သင္မ်က္ေတာင္ခတ္တဲ့ အခါတိုင္းမွာ သင့္မ်က္ေတာင္ေတြက သင္သံုးတဲ့ ပစၥည္းေတြရဲ႕ ပမာဏကို ယူထားႏုိင္ပါတယ္။ အဲဒီပစၥည္းေတြက မ်က္ေတာင္က တစ္ဆင့္ သင့္မ်က္လံုးထဲကို အမွန္တကယ္ ၀င္ေရာက္ႏိုင္ၿပးီ အခန္႔မသင့္တဲ့အခါ နီရဲတာေတြနဲ႔ မလိုအပ္တဲ့ အေရျပားျပသနာေတြကို ျဖစ္ေစတတ္လို႕ပါ။

၃။ပမာဏနည္းနည္းပဲသံုးပါ။
Eyecream ေတြက ခရင္မ္အမ်ိဳးအစားျဖစ္တဲ့အတြက္ ေနရာေရြ႕သြားတတ္တယ္ဆုိတာ သတိျပဳပါ။ ဒါေၾကာင့္ သင့္အေနနဲ႔ Eyecream သံုးမယ္ဆိုရင္ မ်က္လံုးတစ္၀ိုက္ကို သန္႔ရွင္းေအာင္ထားၿပီး မ်က္ရိုးနားတစ္၀ိုက္ကုိပဲ လိမ္းပါ။

၄။အဆီမ်ားတဲ့ ပါ၀င္ပစၥညး္ေတြကို ေရွာင္ပါ။
သင့္အေနနဲ႔ eyecream ေရြးခ်ယ္မယ္ဆိုရင္ သတၱဳဆီေတြနဲ႔ petroleum ပါ၀င္တဲ့ပစၥည္းေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေလးလံတဲ့အဆီေတြက ႏူးညံ့တဲ့ မ်က္လံုးနားတစ္၀ိုက္က အေရျပားတစ္သွ်ဴးေတြကို ေအာက္ကို ေလ်ာ့က်သြားေစတဲ့အျပင္ အမည္းစက္ေတြကို ျဖစ္ေစတဲ့ Elastin Fibres ကို အားနည္းေစလို႔ပါပဲ။ ဒါ့အျပင္ သင္အိပ္ေနတဲ့အခ်ိန္မွာ မ်က္လံုးထဲကို ၀င္ေရာက္ႏိုင္ၿပီး မနက္မိုးလင္းတဲ့အခါ မ်က္လံုးမို႔တာေတြကို ျဖစ္တတ္ေစပါတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်မျက်လုံးတစ်ဝိုက်က  အရေပြားဟာ ပါးလွှာပြီး နူးညံ့ပါတယ်။ ဒါကြောင့် မဖြစ်မနေ သုံးရမယ့်အထဲမှာ Eyecream တွေလည်း ပါဝင်ပါတယ်။ Eyecreamတွေက မရှိမဖြစ်ပစ္စည်းတွေဖြစ်ပြီးတော့ ရေဓာတ်ဖြည့်တင်းဖို့၊ မျက်ကွင်းညိုတာတွေပျောက်ဖို့နဲ့ အရေးကြောင်းတွေကို ကုသဖို့ မှန်ကန်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Eyecream တွေလိမ်းတဲ့ အခါ သင်လိမ်းတဲ့နည်းစနစ်က မှန်ကန်ရဲ့လားဆိုတာကို သိဖို့ A-list aesthetician Renée Rouleau ရဲ့ နည်းစနစ်တစ်ချို့ကို ယခုလို ဝေမျှပေးလိုက်ပါတယ်။

၁။မျက်လုံးတစ်ဝိုက်က မျက်ရိုးနားကိုပဲ လိမ်းပါ။
သန့်ရှင်းတဲ့လက်တွေနဲ့ ပါးရိုးရဲ့ အပေါ်ထိပ်နား မျက်လုံးအောက်က မျက်ရိုးကို ရှာမတွေ့ခင်အထိ အသားအရေကို ညင်သာစွာ ဖိကြည့်ပေးပါ။ အဲဒီဧရိယာဟာ သင်eyecream လိမ်းရမယ့်နေရာပဲဖြစ်ပါတယ်။

၂။မျက်တောင်တွေနဲ့ နီးနီးကပ်ကပ်ဖြစ်အောင် မလိမ်းပါနဲ့။
သင်မျက်တောင်ခတ်တဲ့ အခါတိုင်းမှာ သင့်မျက်တောင်တွေက သင်သုံးတဲ့ ပစ္စည်းတွေရဲ့ ပမာဏကို ယူထားနိုင်ပါတယ်။ အဲဒီပစ္စည်းတွေက မျက်တောင်က တစ်ဆင့် သင့်မျက်လုံးထဲကို အမှန်တကယ် ဝင်ရောက်နိုင်ပြးီ အခန့်မသင့်တဲ့အခါ နီရဲတာတွေနဲ့ မလိုအပ်တဲ့ အရေပြားပြသနာတွေကို ဖြစ်စေတတ်လို့ပါ။

၃။ပမာဏနည်းနည်းပဲသုံးပါ။
Eyecream တွေက ခရင်မ်အမျိုးအစားဖြစ်တဲ့အတွက် နေရာရွေ့သွားတတ်တယ်ဆိုတာ သတိပြုပါ။ ဒါကြောင့် သင့်အနေနဲ့ Eyecream သုံးမယ်ဆိုရင် မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းအောင်ထားပြီး မျက်ရိုးနားတစ်ဝိုက်ကိုပဲ လိမ်းပါ။

၄။အဆီများတဲ့ ပါဝင်ပစ္စည်းတွေကို ရှောင်ပါ။
သင့်အနေနဲ့ eyecream ရွေးချယ်မယ်ဆိုရင် သတ္တုဆီတွေနဲ့ petroleum ပါဝင်တဲ့ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးလံတဲ့အဆီတွေက နူးညံ့တဲ့ မျက်လုံးနားတစ်ဝိုက်က အရေပြားတစ်သျှူးတွေကို အောက်ကို လျော့ကျသွားစေတဲ့အပြင် အမည်းစက်တွေကို ဖြစ်စေတဲ့ Elastin Fibres ကို အားနည်းစေလို့ပါပဲ။ ဒါ့အပြင် သင်အိပ်နေတဲ့အချိန်မှာ မျက်လုံးထဲကို ဝင်ရောက်နိုင်ပြီး မနက်မိုးလင်းတဲ့အခါ မျက်လုံးမို့တာတွေကို ဖြစ်တတ်စေပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top