iMyanmarHouse.com - Best Property Website for Myanmar
×

Tinder ဖူးစာရွာအဲပ္ (dating app) က လူေတြကို တကယ္ ေပါင္းစည္းေပးခဲ့ပါတယ္။ ဒီ app ေၾကာင့့္ Sally ဆိုသူနဲ႔ သူ႔လက္တြဲေဖာ္တုိ႔ ေတြ႔ဆုံခဲ့ၾကသလုိ ဒီဖူးစာရွာအဲပ္က Brain နဲ႔ Cathleen တုိ႔ကိုလည္း ေတြ႔ဆုံေစခဲ့ျပီး အခ်ိန္ၾကာျမင့္စြာ ေပ်ာက္ဆုံးေနတဲ့ ေၾကာင္ညီေနာင္ကိုလည္း ျပန္ေပါင္းမိေစခဲ့ပါတယ္။

Brain နဲ႔ Cathleen တုိ႔ႏွစ္ေယာက္လုံးဟာ တစ္ကိုယ္တည္းသမား မိဘေတြျဖစ္ၾကပါတယ္။ ႏွစ္ေယာက္စလုံး အသက္ ၄၄ ႏွစ္ရိွျပီး ပင္လယ္ေအာ္ေဒသရိွ သီးျခားျမိဳ႕တစ္ျမိဳ႕စီမွာ ၂ လျခား ေမြးဖြားခဲ့သူေတြ ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံ Fairfax ျမိဳ႕၊ San Rafael ျမိဳ႕နဲ႔ Petaluma ျမိဳ႕တုိ႔မွာ အသီးသီးေနထုိင္ခဲ့ၾကပါတယ္။

သူတုိ႔ႏွစ္ဦး Tinder ကေန စေတြ႔ၾကျပီး လက္တြဲေဖာ္ေတြ ျဖစ္သြားၾကပါတယ္။ တစ္ေယာက္ရဲ႕ ဖရုိဖုိင္ တစ္ေယာက္သေဘာက်သြားျပီး  လနဲ႔ခ်ီ စကားေျပာဆိုခဲ့ၾကတယ္လုိ႔ Cathleen က ဆုိပါတယ္။ အီတလီစားေသာက္ဆုိင္တစ္ခုမွာ ပထမဆုံးအၾကိမ္ ခ်ိန္းေတြ႔ခဲ့ၾကျပီး အဲဒီကေန ဇာတ္လမ္းစခဲ့ျခင္း ျဖစ္ပါတယ္။ ျပီးေတာ့ Brian အိမ္ကို သြားၾကပါတယ္။

သူတုိ႔ႏွစ္ေယာက္မွာ ဘုံတူညီတဲ့အခ်က္တစ္ခုက ေၾကာင္ေလးတစ္ေကာင္စီရိွေနတာပါ။ တစ္ေန႔ သီခ်င္းနားေထာင္ဖုိ႔ အျပင္ထြက္ထုိင္ေနတုန္း Butter လုိ႔အမည္ေပးထားတဲ့ Brain ရဲ႕ ေၾကာင္ေလး ေျပးလႊားေဆာ့ကစားေနခဲ့တယ္။ အဲေတာ့ ေသခ်ာျပန္ၾကည့္ျပီး အဲဒါငါ့ေၾကာင္၊ အဲဒါငါ့ေၾကာင္လုိ႔ သူခ်က္ခ်င္းေအာ္ခဲ့ေၾကာင္း Cathleen က ေျပာဆိုခဲ့ပါတယ္။ Brain ရဲ႕ ေၾကာင္ေလး Butter ဟာ Cathleen ရဲ႕ ေၾကာင္ေလး Ozzy နဲ႔ မယုံႏုိင္စရာ ခြ်ပ္စြပ္ဆင္တူခဲ့ပါတယ္။

ေနာက္တစ္ေန႔ Brain ဟာ သူ႔ေၾကာင္နဲ႔ တေထရာတည္းတူတဲ့ ေၾကာင္ကို Cathleen အိမ္မွာ သြားၾကည့္ျပီး သူ႔မ်က္လုံးကို သူမယုံႏုိင္ျဖစ္ခဲ့ပါတယ္။ အဲဒီေၾကာင္ႏွစ္ေကာင္အေၾကာင္း ေသခ်ာျပန္စုံစမ္းၾကည့္ေတာ့မွ သူတုိ႔ႏွစ္ဦးဟာ ဒီေၾကာင္ညီေနာင္ Butter နဲ႔ Ozzy ကုိ ေမြးစားမိၾကျခင္းျဖစ္ေၾကာင္း တအံ့တၾသ သိရိွရပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Tinder ဖူးစာရှာအဲပ် (dating app) က လူတွေကို တကယ် ပေါင်းစည်းပေးခဲ့ပါတယ်။ ဒီ app ကြောင့့် Sally ဆိုသူနဲ့ သူ့လက်တွဲဖော်တို့ တွေ့ဆုံခဲ့ကြသလို ဒီဖူးစာရှာအဲပ်က Brain နဲ့ Cathleen တို့ကိုလည်း တွေ့ဆုံစေခဲ့ပြီး အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ ကြောင်ညီနောင်ကိုလည်း ပြန်ပေါင်းမိစေခဲ့ပါတယ်။

Brain နဲ့ Cathleen တို့နှစ်ယောက်လုံးဟာ တစ်ကိုယ်တည်းသမား မိဘတွေဖြစ်ကြပါတယ်။ နှစ်ယောက်စလုံး အသက် ၄၄ နှစ်ရှိပြီး ပင်လယ်အော်ဒေသရှိ သီးခြားမြို့တစ်မြို့စီမှာ ၂ လခြား မွေးဖွားခဲ့သူတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Fairfax မြို့၊ San Rafael မြို့နဲ့ Petaluma မြို့တို့မှာ အသီးသီးနေထိုင်ခဲ့ကြပါတယ်။

သူတို့နှစ်ဦး Tinder ကနေ စတွေ့ကြပြီး လက်တွဲဖော်တွေ ဖြစ်သွားကြပါတယ်။ တစ်ယောက်ရဲ့ ဖရိုဖိုင် တစ်ယောက်သဘောကျသွားပြီး  လနဲ့ချီ စကားပြောဆိုခဲ့ကြတယ်လို့ Cathleen က ဆိုပါတယ်။ အီတလီစားသောက်ဆိုင်တစ်ခုမှာ ပထမဆုံးအကြိမ် ချိန်းတွေ့ခဲ့ကြပြီး အဲဒီကနေ ဇာတ်လမ်းစခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးတော့ Brian အိမ်ကို သွားကြပါတယ်။

သူတို့နှစ်ယောက်မှာ ဘုံတူညီတဲ့အချက်တစ်ခုက ကြောင်လေးတစ်ကောင်စီရှိနေတာပါ။ တစ်နေ့ သီချင်းနားထောင်ဖို့ အပြင်ထွက်ထိုင်နေတုန်း Butter လို့အမည်ပေးထားတဲ့ Brain ရဲ့ ကြောင်လေး ပြေးလွှားဆော့ကစားနေခဲ့တယ်။ အဲတော့ သေချာပြန်ကြည့်ပြီး အဲဒါငါ့ကြောင်၊ အဲဒါငါ့ကြောင်လို့ သူချက်ချင်းအော်ခဲ့ကြောင်း Cathleen က ပြောဆိုခဲ့ပါတယ်။ Brain ရဲ့ ကြောင်လေး Butter ဟာ Cathleen ရဲ့ ကြောင်လေး Ozzy နဲ့ မယုံနိုင်စရာ ချွပ်စွပ်ဆင်တူခဲ့ပါတယ်။

နောက်တစ်နေ့ Brain ဟာ သူ့ကြောင်နဲ့ တထေရာတည်းတူတဲ့ ကြောင်ကို Cathleen အိမ်မှာ သွားကြည့်ပြီး သူ့မျက်လုံးကို သူမယုံနိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီကြောင်နှစ်ကောင်အကြောင်း သေချာပြန်စုံစမ်းကြည့်တော့မှ သူတို့နှစ်ဦးဟာ ဒီကြောင်ညီနောင် Butter နဲ့ Ozzy ကို မွေးစားမိကြခြင်းဖြစ်ကြောင်း တအံ့တသြ သိရှိရပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top