iMyanmarHouse.com - Best Property Website for Myanmar
×


ကြက်သွန်ဖြူ


အသီးအနှံများ


ဒိန်ချဉ်




Credit:မိုမိုလေး



#Unicode Version

ကျန်းမာရေး ကောင်းမွန်စေဖို့ ဆီးမှန် ဝမ်းမှန်ဖို့ လိုအပ်ပါတယ်။ ကျောက်ကပ်ကောင်းမွန်နေမယ်ဆိုရင် ဆီးကောင်းသလို ဆီးကောင်းစေဖို့လဲ ကျောက်ကပ် ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ကောင်းမွန်စေပြီး ဆီးလမ်းကြောင်းစနစ်ကို အထောက်အကူပြုကာ ဆီးကောင်းစေဖို့ စားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ ကောင်းမွန်တဲ့ အကျိုးကတော့ ဆီးအိမ်ကင်ဆာကို ဆန့်ကျင်နိုင်ပြီး ဆီးကောင်းစေပါတယ်။ ဒါ့အပြင် ဆီးသွားနိုင်ဖို့ အဓိကလုပ်ဆောင်ပေးတဲ့ ကျောက်ကပ်ကို ကောင်းမွန်စေတာကလည်း ကြက်သွန်ဖြူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆီးပုံမှန်မသွားသူတွေဟာ ကြက်သွန်ဖြူနဲ့ ကြက်သွန်ဖြူ များများပါဝင်တဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

အသီးအနှံများ

ဓါတ်တိုးဆန့်ကျင်မှု များများ ပါဝင်တဲ့ အသီးအနှံတွေဟာ ဆီးရွှင်စေတဲ့ အဓိက အစားအစာတွေ ဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်မှု ပါတဲ့ အသီးအနှံတွေဟာ ဆီးလမ်းကြောင်း ပုံမှန် လုပ်ဆောင်နိုင်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ ပန်းသီး၊ စပျစ်သီးနဲ့ မြေပဲတွေကနေ ဓါတ်တိုးဆန့်ကျင်မှုတွေ ရရှိနိုင်ပါတယ်။

ဒိန်ချဉ်

ဆီးပုံမှန်ကောင်းနေစေဖို့အတွက် ဆီးလမ်းကြောင်းမှာ ရောဂါပိုးမွှားမရှိဖို့ လိုအပ်ပါတယ်။ ဒိန်ချဉ်ဟာ ဆီးကောင်းစေရုံသာမက ဆီးလမ်းကြောင်းထဲသို့ ပိုးမွှားဝင်ရောက်မှုကို (၈၀%) အထိ တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးမမှန်သူတွေ အနေနဲ့ ဒိန်ချဉ် သောက်သုံးပေးသင့်ပါတယ်။

Credit:မိုမိုလေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top