iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ဘယ္ဘက္ကို ေစာင္းအိပ္ျခင္း
အေရျပားအထူးကု ပညာရွင္တစ္ဦးျဖစ္တဲ႔ Lauren Ploch က အစာအိမ္ရွိတဲ႔ ဘယ္ဘက္ျခမ္းကို ေစာင္းအိပ္ျခင္းက အေရျပားတြန္႔ျခင္းကို ျဖစ္ေပၚေစတယ္လို႔ ေျပာခဲ႔ပါတယ္။ အေကာင္းဆံုးကေတာ့ ေက်ာျပင္နဲ႔ ကပ္အိပ္ျခင္းလို႔လည္း ေျပာခဲ႔ပါေသးတယ္။

(၂) မိတ္ကပ္ေတြ ဖယ္ရွားဖို႔ ႏူးညံ့တဲ႔ မ်က္ႏွာသစ္ေဆးသံုးျခင္း
ခုေနာက္ပိုင္း မိတ္ကပ္ေတြဟာ တစ္ေနကုန္ခံေအာင္ ျပဳလုပ္ထားတာမို႔ သာမန္မ်က္ႏွာသစ္ေဆး သံုးရံုနဲ႔ မလံုေလာက္ပါဘူး။ အဲ႔လိုနဲ႔ မိတ္ကပ္ေတြကို ေသခ်ာမသန္႔စင္ပဲ အိပ္လိုက္မယ္ဆိုရင္ သင့္မ်က္ႏွာမွာ ရွိတဲ႔ ေခၽြးေပါက္ေတြကို ပိတ္လိုက္သကဲ့သို႔ ျဖစ္ေစၿပီး အသားအေရကို ရင့္ေရာ္ေစပါတယ္။ ဒါေၾကာင့္ မိတ္ကပ္ဖ်က္ေဆးလိုမ်ိဳးကို ေသခ်ာဂရုစိုက္သံုးေပးသင့္ပါတယ္။

(၃) ညဘက္ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း Retinol ပါတဲ႔ ညလိမ္းခရင္ကို လိမ္းျခင္း
Retinol ဟာဆိုရင္ အသားအေရရဲ႕ အနက္ရိႈင္းဆံုးေနရာအထိ ထိုးေဖာက္ ဝင္ေရာက္ႏိုင္တာေၾကာင့္ ဓာတ္မတည့္မႈကို ျဖစ္ေစႏိုင္ပါတယ္။ အကယ္၍ သင့္အသားအေရ က Retinol နဲ႔ဓာတ္မတည့္ဘူးဆိုရင္ ေရွာင္ၾကဥ္သင့္ပါတယ္။ ေနာက္ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း အသားအေရ မေျခာက္ေသးပဲ မလိမ္းသင့္ပါဘူး။

(၄) ညအိပ္ခါနီးမွာ လက္ကို ခရင္မလိမ္းပဲ အိပ္စက္ျခင္း
မ်က္ႏွာနဲ႔ လည္ပင္းတို႔လိုပဲ လက္ကလည္း အသက္အရြယ္ကိုျပတဲ႔ သေဘာသဘာဝ ရွိပါတယ္။ ေရဓာတ္ၾကြယ္ဝတဲ႔ လက္လိမ္းခရင္ကို အသံုးျပဳျခင္းက အသားေရေျခာက္ေသြ႔ျခင္းနဲ႔ တြန္႔ျခင္းကို အေကာင္းဆံုး တိုက္ထုတ္ေပးႏိုင္တဲ႔ နည္းတစ္ခုပါပဲ။ ေန႔အခါလိမ္းျခင္းကေတာ့ မၾကာခဏ လက္ေဆးတတ္တဲ႔ သူေတြနဲ႔ ့လက္ေဆးဂ်ယ္သံုးတတ္တဲ႔ သူေတြအတြက္ဆို အဆင္မေျပတာမို႔ ညာအိပ္ခါနီး လိမ္းျခင္းက အေကာင္းဆံုး ျဖစ္ပါတယ္။

Credit:မိုမိုေလး

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

(၁) ဘယ်ဘက်ကို စောင်းအိပ်ခြင်း
အရေပြားအထူးကု ပညာရှင်တစ်ဦးဖြစ်တဲ့ Lauren Ploch က အစာအိမ်ရှိတဲ့ ဘယ်ဘက်ခြမ်းကို စောင်းအိပ်ခြင်းက အရေပြားတွန့်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ပြောခဲ့ပါတယ်။ အကောင်းဆုံးကတော့ ကျောပြင်နဲ့ ကပ်အိပ်ခြင်းလို့လည်း ပြောခဲ့ပါသေးတယ်။

(၂) မိတ်ကပ်တွေ ဖယ်ရှားဖို့ နူးညံ့တဲ့ မျက်နှာသစ်ဆေးသုံးခြင်း
ခုနောက်ပိုင်း မိတ်ကပ်တွေဟာ တစ်နေကုန်ခံအောင် ပြုလုပ်ထားတာမို့ သာမန်မျက်နှာသစ်ဆေး သုံးရုံနဲ့ မလုံလောက်ပါဘူး။ အဲ့လိုနဲ့ မိတ်ကပ်တွေကို သေချာမသန့်စင်ပဲ အိပ်လိုက်မယ်ဆိုရင် သင့်မျက်နှာမှာ ရှိတဲ့ ချွေးပေါက်တွေကို ပိတ်လိုက်သကဲ့သို့ ဖြစ်စေပြီး အသားအရေကို ရင့်ရော်စေပါတယ်။ ဒါကြောင့် မိတ်ကပ်ဖျက်ဆေးလိုမျိုးကို သေချာဂရုစိုက်သုံးပေးသင့်ပါတယ်။

(၃) ညဘက် မျက်နှာသစ်ပြီးပြီးချင်း Retinol ပါတဲ့ ညလိမ်းခရင်ကို လိမ်းခြင်း
Retinol ဟာဆိုရင် အသားအရေရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက် ဝင်ရောက်နိုင်တာကြောင့် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင့်အသားအရေ က Retinol နဲ့ဓာတ်မတည့်ဘူးဆိုရင် ရှောင်ကြဉ်သင့်ပါတယ်။ နောက် မျက်နှာသစ်ပြီးပြီးချင်း အသားအရေ မခြောက်သေးပဲ မလိမ်းသင့်ပါဘူး။

(၄) ညအိပ်ခါနီးမှာ လက်ကို ခရင်မလိမ်းပဲ အိပ်စက်ခြင်း
မျက်နှာနဲ့ လည်ပင်းတို့လိုပဲ လက်ကလည်း အသက်အရွယ်ကိုပြတဲ့ သဘောသဘာဝ ရှိပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့ လက်လိမ်းခရင်ကို အသုံးပြုခြင်းက အသားရေခြောက်သွေ့ခြင်းနဲ့ တွန့်ခြင်းကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်တဲ့ နည်းတစ်ခုပါပဲ။ နေ့အခါလိမ်းခြင်းကတော့ မကြာခဏ လက်ဆေးတတ်တဲ့ သူတွေနဲ့လက်ဆေးဂျယ်သုံးတတ်တဲ့ သူတွေအတွက်ဆို အဆင်မပြေတာမို့ ညာအိပ်ခါနီး လိမ်းခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top