iMyanmarHouse.com - Best Property Website for Myanmar
×



Credit:မိုမိုလေး

#Unicode Version
မိတ်ကပ်၊ သနပ်ခါးထူထူတွေ လိမ်းပြီး တင်းတိပ်နဲ့ အမည်းစက်တွေကို မမြင်ရအောင် လိမ်းနေရပါသလား။ ဒါဆိုရင်တော့ ဒီလိုအမြဲတမ်း မလိမ်းရအောင် တင်းတိပ်နဲ့ အမည်းစက်တွေကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ကဲ ခုပဲ လုပ်ကြည့်ရအောင်….

သခွားသီးကို လက်ဖက်စားဇွန်း(၃) ဇွန်းစာလောက် ရအောင် ညှစ်ပါ။ ပြီးရင် ဂျုံမှုန့် လက်ဖက်စားဇွန်း(၂) ဇွန်းထည့်ပြီး ရောသမအောင် မွှေပေးပါ။ အရောကို မလိမ်းခင်မှာ မျက်နှာကို ရေနွေးနွေးနဲ့ သစ်ထားပေးဖို့ လိုပါတယ်။ ပြီးမှ အရောကို တင်းတိပ်နဲ့ အမည်းစက်ရှိတဲ့ နေရာမှာ လိမ်းပေးထားပါ။ ခြောက်သွားတဲ့အခါ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။
ရေသုတ်ပြီးပြီဆိုရင်တော့ တိုနာ(Toner) လိမ်းထားပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို တစ်ကြိမ် (၃) ရက်လောက် လုပ်ပြီးပြီဆိုရင်တော့ ကြည်လင်တောက်ပပြီး တင်းတိပ်၊ အမည်းစက် ကင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ရပါပြီနော်……

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top