iMyanmarHouse.com - Best Property Website for Myanmar
×

ငွက္ေပ်ာသီးစားၿပီးတိုင္း ငွက္ေပ်ာခြံကို အမိႈက္ပံုးထဲ ဝဲေနၾကပါ။ ဒါေပမယ့္ အခုေတာ့ ငွက္ေပ်ာခြံကို ဒီလို စပယ္ရွယ္ သံုးလို႔ရပါၿပီ။ ဒီနည္းလမ္းေလးေတြကို နႏၵာကိုယ္တိုင္လည္း စမ္းသပ္ၾကည့္ထားၿပီး ေယာင္းတို႔အတြက္ အက်ိဳးရွိမယ္ထင္လို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁)မ်က္ႏွာေပါင္းတင္ဖို႔ သံုးမယ္
မ်က္ႏွာအသားအေရ အရမ္းေျခာက္ေသြ႕ေနလား ဒါမွမဟုတ္ တအားအဆီျပန္ေနလား။ မ်က္ႏွာေပါင္းတင္ကပ္ခြာေတြကလည္း အရည္အေသြးေကာင္းရင္ေကာင္းသေလာက္ ေစ်းႀကီးလိုက္တာလြန္ေရာ။ မပူပါနဲ႔ .. ငွက္ေပ်ာသီးတစ္လံုးဝယ္စားၿပီးရင္ အခြံကုိ မလႊင့္ပစ္ပဲ ဇြန္းတစ္ေခ်ာင္းနဲ႔ အခြံေပၚက အမွ်င္ေလးေတြ ေျပာင္စင္သြားတဲ့ထိျခစ္ထားလိုက္ပါ။ အဲ့ဒီအဖတ္ေလးေတြကို ေျခာက္ေသြ႕တဲ့အသားအရည္အတြက္ဆို သံလြင္ဆီေလးနဲ႔ေရာ၊ အဆီျပန္တယ္ဆိုရင္ေတာ့ ဒိန္ခ်ဥ္ေလးေရာထည့္ၿပီး မ်က္ႏွာေပၚ (၁၅-၂၀)မိနစ္ ေလာက္ လိမ္းေပးထား။ ၿပီးရင္ေတာ့ ၾကက္သီးေႏြးေရေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။ အရင္ကထက္ အသားအရည္ေလးက ပိုၿပီး ဝင္းလက္ေတာက္ပလာပါလိမ့္မယ္။ ဒါ့အျပင္ ဝက္ၿခံျဖစ္ၿပီးက်န္ခဲ့တဲ့ အမည္းစက္နဲ႔ခ်ိဳင့္ခြက္ေတြကိုပါ ေလ်ာ့ပါးသက္သာေစႏိုင္တာမို႔ အပတ္တိုင္း အနည္းဆံုးတစ္ႀကိမ္ေတာ့ လုပ္ေပးသင့္ပါတယ္ေနာ္။

(၂)သြားျဖဴေအာင္ လုပ္ၾကမလား
ေကာ္ဖီေသာက္လြန္းလု႔ိပဲျဖစ္ျဖစ္၊ သြသူ ေအာ္ရီဂ်င္နယ္ သြားဝါတာပဲျဖစ္ျဖစ္ ျဖဴစင္ေတာက္ပတဲ့သြားေလးေတြကို ပိုင္ဆိုင္ဖို႔အတြက္ဆိုရင္ ငွက္ေပ်ာသီးခြံေလးကို အေနေတာ္ေလးေထာင့္တံုးေလးေတြ ပိုင္းထားၿပီး သြားေတြေပၚတိုက္ေပးရပါမယ္။ လိုက္လုပ္ၾကည့္ၿပီးရင္ သြားၿဖဲၿပီး ရယ္ႏိုင္ၾကပါေစ အားေမတို႔။

(၃)ဆံပင္ေတြ နက္ေမွာင္သန္စြမ္းလာေအာင္ လုပ္မယ္။
ဆံပင္ပါးတယ္ေပါ့၊ ဆံပင္ေတြလည္း ကြၽတ္တယ္ဟုတ္၊ ေဆးဆိုးထားလို႔ ေခါင္းက နီေၾကာင္ေၾကာင္နဲ႔ ဘာရုပ္ေပါက္ေနမွန္းမသိျဖစ္ေနၿပီဆိုပါေတာ့ .. ေခါင္းမေလ်ွာ္ခင္ ငွက္ေပ်ာသီးခြံနဲ႔သာ ႏွ႔ံေအာင္ လိုက္ပြတ္ေပး။ တစ္ပတ္ႏွစ္ခါေလာက္သာ ေသေသခ်ာခ်ာလုပ္ေပးလိုက္ .. ေလးပတ္အတြင္း ဆံပင္ကြၽတ္တာေတြ ေတာ္ေတာ္သက္သာသြားတာေတြ႕ရပါလိမ့္မယ္။ ေယာင္းတို႔ရဲ႕ ေဖေဖေမေမေတြ အသက္ႀကီးလာလို႔ ဆံပင္ေတြျဖဴစျပဳလာၿပီဆိုရင္လည္း အနက္ေရာင္ေတြ ျပန္ဆိုးေပးမေနပါနဲ႔ေတာ့။ သဘာဝနည္းျဖစ္တဲ့ ဒီနည္းေလးကိုသာ မွန္မွန္လုပ္ေပးသြား။ ဆံပင္ျဖဴထြက္ႏႈန္း ေႏွးသြားပါလိမ့္ေနာ္။ ဒါ့အျပင္ ဆံပင္ရွည္ႏႈန္းကို ျမန္ေစပါတယ္တဲ့ ေယာင္းတို႔ေရ။

၄)သဘာဝအတိုင္း အ႐ြယ္တင္ႏုပ်ိဳေစမယ္
အသက္ကေတာ့ သိပ္မႀကီးေသးေပမယ့္ ရံုးကိစၥ၊ ေက်ာင္းကိစၥေတြနဲ႔ stress ေတြမ်ားလြန္းလို႔ မွန္ၾကည့္တုိင္း ကိုယ့္ကိုကိုယ္ ငါေတာ္ေတာ္အိုစာသြားပါလားလို႔ ေတြးမိဖူးလား။ စိတ္ရႈပ္စရာ စိတ္ညစ္စရာေတြမ်ားလာတဲ့အခါ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္လာမႈနဲ႔ အေရးအေၾကာင္းျဖစ္ႏႈန္းက သိသိသာသာတိုးလာတတ္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကိုလည္း အတတ္ႏိုင္ဆံုးေလ်ွာ႔ခ် .. ငွက္ေပ်ာသီးခြံနဲ႔လည္း အေရးေၾကာင္းေလးေတြေပၚ ပြတ္ေပး၊ လူးေပးမယ္ဆိုရင္ေတာ့ မ်က္ႏွာေပၚမွာရွိတဲ့ အေရးေၾကာင္းေသးေသးေလးေတြကို ေပ်ာက္ကင္းသက္သာသြားမွာ အေသအခ်ာပါပဲေနာ္။

(၅)ဝက္ၿခံေတြနာၿပီး ေရာင္ေနလား
ဝက္ၿခံေတြျဖစ္လာရင္ လက္ေတြနဲ႔မဆိတ္ပါနဲ႔၊ မညႇစ္ပါနဲ႔ဆိုတာမ်ိဳး ေယာင္းတို႔ မၾကာခဏဖတ္ခဲ့ဖူးမွာပါ။ ခုလည္း ဒါေလးကိုပဲ ထပ္ေျပာပါရေစဦး။ လက္နဲ႔ညႇစ္လို႔ အခန္႔မသင့္ရင္ ပိုးဝင္တတ္သလို အမာ႐ြတ္ေတြ၊ ခ်ိဳင့္ခြက္ေတြလည္း က်န္ခဲ့တတ္ပါတယ္။ ဒါေၾကာင့္ လက္နဲ႔ဆိတ္ဆြေနမယ့္အစား ငွက္ေပ်ာသီးခြံက အဖတ္ေလးေတြျခစ္ထုတ္ၿပီး ဝက္ၿခံေပၚတို႔ေပးရင္ အေရာင္လည္းက်သြားသလို တစ္ပတ္ေလာက္ၾကာတာနဲ႔ သူ႔အလိုလို အဆံေလးထြက္သြားၿပီး အမာ႐ြတ္က်န္ခဲ့မွာကိုလည္း ပူစရာမလိုေတာ့ဘူးေပါ့ေနာ္။

(၆)ဒီတိုင္းစားမယ္
အခြံကအသားေတြကို ကုန္ေအာင္ျခစ္ထုတ္ၿပီး ပ်ားရည္ေလးနဲ႔ စားေပးရင္ အပူအပုပ္ကင္းေစၿပီး ဝမ္းမွန္ေစတာေၾကာင့္ အသားအရည္လွလာပါလိမ့္မယ္။ ဒ့ါအျပင္ ငွက္ေပ်ာသီးအခြံမွာတဲ့ Tryptophan ဆိုတဲ့ဓာတ္တစ္မ်ိဳးက စိတ္ဓာတ္က်ျခင္းနဲ႔ ပင္ပန္းႏြမ္းနယ္ျခင္းေတြကို ေလ်ာ့ပါးသက္သာေစပါတယ္တဲ့ေနာ္။
ဒီေလာက္ဆို ငွက္ေပ်ာခြံေလးတစ္ခုနဲ႔ ဘာေတြလုပ္လို႔ရလဲဆိုတာ သိေလာက္ၿပီထင္ပါတယ္။ တစ္ခုသတိထားရမွာေတာ့ ငွက္ေပ်ာခြံကို လတ္လတ္ဆတ္ဆတ္ပဲ သံုးရပါမယ္ေနာ္။ ေရခဲေသတၱာထဲထည့္ၿပီး သိမ္းထားတာမ်ဳိး လံုးဝ(လံုးဝ) မလုပ္ၾကပါနဲ႔ ေယာင္းတို႔။ ခုငွက္ေပ်ာသီးစား ခုငွက္ေပ်ာခြံသံုးတာက ပိုအာနိသင္ရွိေစပါတယ္လို႔။

ကဲ .. ငွက္ေပ်ာသီးေလး စားလို႔ကုန္ၿပီလား။ အခြံကို လြႊင့္ပစ္ဖို႔ ေျမႇာက္ထားတဲ့လက္ကေလးေတြ ျပန္ခ်ထားလိုက္ပါေတာ့လို႔။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ငှက်ပျောသီးစားပြီးတိုင်း ငှက်ပျောခွံကို အမှိုက်ပုံးထဲ ဝဲနေကြပါ။ ဒါပေမယ့် အခုတော့ ငှက်ပျောခွံကို ဒီလို စပယ်ရှယ် သုံးလို့ရပါပြီ။ ဒီနည်းလမ်းလေးတွေကို နန္ဒာကိုယ်တိုင်လည်း စမ်းသပ်ကြည့်ထားပြီး ယောင်းတို့အတွက် အကျိုးရှိမယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)မျက်နှာပေါင်းတင်ဖို့ သုံးမယ်
မျက်နှာအသားအရေ အရမ်းခြောက်သွေ့နေလား ဒါမှမဟုတ် တအားအဆီပြန်နေလား။ မျက်နှာပေါင်းတင်ကပ်ခွာတွေကလည်း အရည်အသွေးကောင်းရင်ကောင်းသလောက် ဈေးကြီးလိုက်တာလွန်ရော။ မပူပါနဲ့ .. ငှက်ပျောသီးတစ်လုံးဝယ်စားပြီးရင် အခွံကို မလွှင့်ပစ်ပဲ ဇွန်းတစ်ချောင်းနဲ့ အခွံပေါ်က အမျှင်လေးတွေ ပြောင်စင်သွားတဲ့ထိခြစ်ထားလိုက်ပါ။ အဲ့ဒီအဖတ်လေးတွေကို ခြောက်သွေ့တဲ့အသားအရည်အတွက်ဆို သံလွင်ဆီလေးနဲ့ရော၊ အဆီပြန်တယ်ဆိုရင်တော့ ဒိန်ချဉ်လေးရောထည့်ပြီး မျက်နှာပေါ် (၁၅-၂၀)မိနစ် လောက် လိမ်းပေးထား။ ပြီးရင်တော့ ကြက်သီးနွေးရေလေးနဲ့ ဆေးချပေးလိုက်ပါ။ အရင်ကထက် အသားအရည်လေးက ပိုပြီး ဝင်းလက်တောက်ပလာပါလိမ့်မယ်။ ဒါ့အပြင် ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ အမည်းစက်နဲ့ချိုင့်ခွက်တွေကိုပါ လျော့ပါးသက်သာစေနိုင်တာမို့ အပတ်တိုင်း အနည်းဆုံးတစ်ကြိမ်တော့ လုပ်ပေးသင့်ပါတယ်နော်။

(၂)သွားဖြူအောင် လုပ်ကြမလား
ကော်ဖီသောက်လွန်းလု့ိပဲဖြစ်ဖြစ်၊ သွသူ အော်ရီဂျင်နယ် သွားဝါတာပဲဖြစ်ဖြစ် ဖြူစင်တောက်ပတဲ့သွားလေးတွေကို ပိုင်ဆိုင်ဖို့အတွက်ဆိုရင် ငှက်ပျောသီးခွံလေးကို အနေတော်လေးထောင့်တုံးလေးတွေ ပိုင်းထားပြီး သွားတွေပေါ်တိုက်ပေးရပါမယ်။ လိုက်လုပ်ကြည့်ပြီးရင် သွားဖြဲပြီး ရယ်နိုင်ကြပါစေ အားမေတို့။

(၃)ဆံပင်တွေ နက်မှောင်သန်စွမ်းလာအောင် လုပ်မယ်။
ဆံပင်ပါးတယ်ပေါ့၊ ဆံပင်တွေလည်း ကျွတ်တယ်ဟုတ်၊ ဆေးဆိုးထားလို့ ခေါင်းက နီကြောင်ကြောင်နဲ့ ဘာရုပ်ပေါက်နေမှန်းမသိဖြစ်နေပြီဆိုပါတော့ .. ခေါင်းမလျှော်ခင် ငှက်ပျောသီးခွံနဲ့သာ နှံ့အောင် လိုက်ပွတ်ပေး။ တစ်ပတ်နှစ်ခါလောက်သာ သေသေချာချာလုပ်ပေးလိုက် .. လေးပတ်အတွင်း ဆံပင်ကျွတ်တာတွေ တော်တော်သက်သာသွားတာတွေ့ရပါလိမ့်မယ်။ ယောင်းတို့ရဲ့ ဖေဖေမေမေတွေ အသက်ကြီးလာလို့ ဆံပင်တွေဖြူစပြုလာပြီဆိုရင်လည်း အနက်ရောင်တွေ ပြန်ဆိုးပေးမနေပါနဲ့တော့။ သဘာဝနည်းဖြစ်တဲ့ ဒီနည်းလေးကိုသာ မှန်မှန်လုပ်ပေးသွား။ ဆံပင်ဖြူထွက်နှုန်း နှေးသွားပါလိမ့်နော်။ ဒါ့အပြင် ဆံပင်ရှည်နှုန်းကို မြန်စေပါတယ်တဲ့ ယောင်းတို့ရေ။



၄)သဘာဝအတိုင်း အရွယ်တင်နုပျိုစေမယ်
အသက်ကတော့ သိပ်မကြီးသေးပေမယ့် ရုံးကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ stress တွေများလွန်းလို့ မှန်ကြည့်တိုင်း ကိုယ့်ကိုကိုယ် ငါတော်တော်အိုစာသွားပါလားလို့ တွေးမိဖူးလား။ စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေများလာတဲ့အခါ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမှုနဲ့ အရေးအကြောင်းဖြစ်နှုန်းက သိသိသာသာတိုးလာတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုလည်း အတတ်နိုင်ဆုံးလျှော့ချ .. ငှက်ပျောသီးခွံနဲ့လည်း အရေးကြောင်းလေးတွေပေါ် ပွတ်ပေး၊ လူးပေးမယ်ဆိုရင်တော့ မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းသေးသေးလေးတွေကို ပျောက်ကင်းသက်သာသွားမှာ အသေအချာပါပဲနော်။

(၅)ဝက်ခြံတွေနာပြီး ရောင်နေလား
ဝက်ခြံတွေဖြစ်လာရင် လက်တွေနဲ့မဆိတ်ပါနဲ့၊ မညှစ်ပါနဲ့ဆိုတာမျိုး ယောင်းတို့ မကြာခဏဖတ်ခဲ့ဖူးမှာပါ။ ခုလည်း ဒါလေးကိုပဲ ထပ်ပြောပါရစေဦး။ လက်နဲ့ညှစ်လို့ အခန့်မသင့်ရင် ပိုးဝင်တတ်သလို အမာရွတ်တွေ၊ ချိုင့်ခွက်တွေလည်း ကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် လက်နဲ့ဆိတ်ဆွနေမယ့်အစား ငှက်ပျောသီးခွံက အဖတ်လေးတွေခြစ်ထုတ်ပြီး ဝက်ခြံပေါ်တို့ပေးရင် အရောင်လည်းကျသွားသလို တစ်ပတ်လောက်ကြာတာနဲ့ သူ့အလိုလို အဆံလေးထွက်သွားပြီး အမာရွတ်ကျန်ခဲ့မှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့နော်။

(၆)ဒီတိုင်းစားမယ်
အခွံကအသားတွေကို ကုန်အောင်ခြစ်ထုတ်ပြီး ပျားရည်လေးနဲ့ စားပေးရင် အပူအပုပ်ကင်းစေပြီး ဝမ်းမှန်စေတာကြောင့် အသားအရည်လှလာပါလိမ့်မယ်။ ဒ့ါအပြင် ငှက်ပျောသီးအခွံမှာတဲ့ Tryptophan ဆိုတဲ့ဓာတ်တစ်မျိုးက စိတ်ဓာတ်ကျခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို လျော့ပါးသက်သာစေပါတယ်တဲ့နော်။
ဒီလောက်ဆို ငှက်ပျောခွံလေးတစ်ခုနဲ့ ဘာတွေလုပ်လို့ရလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ တစ်ခုသတိထားရမှာတော့ ငှက်ပျောခွံကို လတ်လတ်ဆတ်ဆတ်ပဲ သုံးရပါမယ်နော်။ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားတာမျိုး လုံးဝ(လုံးဝ) မလုပ်ကြပါနဲ့ ယောင်းတို့။ ခုငှက်ပျောသီးစား ခုငှက်ပျောခွံသုံးတာက ပိုအာနိသင်ရှိစေပါတယ်လို့။

ကဲ .. ငှက်ပျောသီးလေး စားလို့ကုန်ပြီလား။ အခွံကို လွှင့်ပစ်ဖို့ မြှောက်ထားတဲ့လက်ကလေးတွေ ပြန်ချထားလိုက်ပါတော့လို့။
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top