iMyanmarHouse.com - Best Property Website for Myanmar
×



Credit:မိုမိုလေး


#Unicode Version
မန်ကျည်းရွက်ဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အကျိုးပြုတဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။ မန်ကျည်းရွက်ကို အစိမ်းလိုက်သုတ်စားတာပဲဖြစ်ဖြစ် ဟင်းချိုချက်သောက်တာမျိုးပဲဖြစ်ဖြစ် စားသုံးကြပါတယ်။

မန်ကျည်းရွက်ဟာ ခြင်ကိုက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါပိုး (plasmodium falciparum) ကို တားဆီးပေးနိုင်စွမ်းရှိတာကြောင့် ငှက်ဖျားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မန်ကျည်းရွက်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားဝါရောဂါကိုလည်း သက်သာစေပါတယ်။ အမန်ကျည်းရွက်ဟာ ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့်ဖြစ်ရတဲ့ သွေးရောဂါတွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဓမ္မတာမလာခင် မန်ကျည်းရွက် စားပေးမယ်ဆိုရင် ဗိုက်အောာင့်ခြင်းဝေဒနာကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းရွက်ဟာ ပြည်တည်နာတွေ ပျောက်ကင်းဖို့အတွက် စားသုံးသင့်တဲ့ အရွက်ဖြစ်ပါတယ်။

မန်ကျည်းရွက်ဟာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အရွက်တစ်မျိုးဖြစ်တာကြောင့် ပုံမှန်စားသုံးပေးမယ်ဆိုရင် ရောဂါတွေကင်းဝေးပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top