iMyanmarHouse.com - Best Property Website for Myanmar
×


ညတစ္ညတြင္ လင္မယား နွစ္ေယာက္ အိပ္ေနသည္…

ထိုစဥ္ ဖုန္း၀င္လာသည္….ကလင္….ကလင္…

ေယာက်္ား – Hello….တီတီတီနဲ႔….ဖုန္းက်သြားသည္

မိန္းမ – ဘယ္သူလဲ..

ေယာက်္ား – မသိဘူး….ဘာမွမေျပာပဲ ခ်သြားတာ

မိန္းမ – ဘာလို႔ ဖုန္းခ်သြားတာလဲ…

ေယာက်္ား – ဖုန္းမွားလို႔ ျဖစ္မယ္…

မိန္းမ – ဘယ္သူက ညနက္ႀကီး ဖုန္းမွားေခၚမလဲ…

ေယာက်္ား – ညဘက္ ဘယ္ခ်ိန္မဆို ဖုန္းမွားေခၚတတ္ပါတယ္ကြာ….

မိန္းမ – ဘာလို႔ ဒီနံပတ္ကို ေရြးရတာလဲ…သူက
ေယာက်္ား – သူဒီနံပတ္ကို ေရြးေခၚတာလို႔ မထင္ဖူး….မွားႏွိပ္တာျဖစ္မယ္

မိန္းမ – ဒါ…သူအခ်က္ျပတာလား…

ေယာက်္ား – ဘာက…အခ်က္ျပတာလဲ

မိန္းမ – ႐ွင့္ကိုေခၚတဲ့ ႐ွင့္ သူငယ္ခ်င္း

ေယာက်္ား – သူက ငါ့ သူငယ္ခ်င္း မဟုတ္ဖူးဟ

မိန္းမ – သူက မဟုတ္ဖူးလား…႐ွင္ေျပာေတာ့ ဘာမွမေျပာပဲ ခ်သြားတာဆို

ေယာက်္ား – အင္းေလ..

မိန္းမ – ေယာက်္ားေလး ဆိုတာ ဘယ္လိုသိလဲ

ေယာက်္ား – ငါမသိဘူးေလ…

မိန္းမ – ႐ွင္ေျပာတာ ” သူကငါ့သူငယ္ခ်င္း မဟုတ္ဖူး ” လို႔ေျပာတယ္ေလ

ေယာက်္ား – ငါကရည္ၫြန္းၿပီးေတာ့ ေျပာလိုက္တာပါ….
တကယ္ဆို ဘယ္သူပဲျဖစ္ျဖစ္လို႔ ေျပာသင့္တာ

မိန္းမ – ဘာလို႔မေျပာတာလဲ ႐ွင္ကဒါဆို…

ေယာက်္ား – မသိဖူး…ငါေျပာခဲ့ရင္ေကာင္းမွာ..

မိန္းမ – ဒါ႐ွင့္ရဲ႕ အၾကံထဲက တစ္ခုလား….

ေယာက်္ား – ဘာအၾကံတံုး?

မိန္းမ – က်မကို စိတ္ရႈပ္ေထြးေအာင္ လုပ္တဲ့အၾကံေလ

ေယာက်္ား – ငါ..မင္းကို ဘယ္လိုရႈပ္ေထြးေစတာလဲဟ..

မိန္းမ – ႐ွင္းပါတယ္ ႐ွင္က သူ (ေယာက်္ားေလး) လို႔ေျပာတယ္
တကယ္ေတာ့ မိန္းကေလးႀကီး ဒါမဲ့ ႐ွင္က ဘယ္သူပဲဖစ္ဖစ္ဆိုၿပီး
က်မေခါင္းရႈတ္ေအာင္လုပ္တာ

ေယာက်္ား – ငါေတာင္ေခါင္းပိုရႈပ္လာၿပီ ဘယ္ကမိန္းကေလးတံုး

မိန္းမ – ႐ွင့္သူငယ္ခ်င္းေလ

ေယာက်္ား – ဘယ္ မိန္းကေလး မွ မဟုတ္ဖူး ဖုန္းမွားေခၚတာ ဒါပဲ

မိန္းမ – အဲ့…ေကာင္မက လွလား

ေယာက်္ား – ဘယ္သူတံုး

မိန္းမ – ႐ွင့္ ရည္းစား ေလ

ေယာက်္ား – ဘယ္မိန္းမမွ မဟုတ္ဖူး ဖုန္းမွားေခၚတာ ဒါပဲကြာလို႔ ေျပာၿပီး
ျပဴတင္းေပါက္တံခါးထပ္ိတ္လိုက္သည္

မိန္းမ – အဲ့ တံခါးပိတ္တာကလဲ အခ်က္ျပတာပဲလား

ေယာက်္ား – ဘာကလဲ

မိန္းမ – တံခါးပိတ္တာ ေျပာတာေလ

ေယာက်္ား – ငါေအးလို္႔ ပိတ္လိုက္တာပါကြာ

မိန္းမ – ဖုန္းအခ်က္ျပတာ မရခင္က ဘာလို႔မေအးတာလဲ…
ဘာလို႔ မပိတ္တာလဲ

ေယာက်္ား – ဒီအခ်က္ျပတာ မရခင္က ငါမွမေအးတာ

မိန္းမ – အဲ့ဒါ အခ်က္ျပတာပဲ

ေယာက်္ား – ပိတ္ေနတဲ့ မီးဖြင့္ၿပီး ဘယ္မိန္းမမွမဟုတ္ဖူး…
ဖုန္းမွား၀င္တာ…ငါေအးလာၿပီ ဒါပဲ

မိန္းမ – သူျမင္တာ ေသခ်ာလား

ေယာက်္ား – ဘာကိုလဲ

မိန္းမ – ႐ွင္ မီးပိတ္လိုက္ဖြင့္လိုက္ လုပ္တာေလ

ေယာက်္ား – ဘယ္သူလဲဟ

မိန္းမ – ႐ွင့္ေကာင္မေလးေလ

ေယာက်္ား – မ္ိန္းမ…အိပ္ပါေတာ့ကြာ မနက္ ၂နာရီခြဲေနၿပီ

မိန္းမ – ၂နာရီခဲြမွန္း ဘယ္လိုသိတာလဲ

ေယာက်္ား – နာရီေျပာတာေလ

မိန္းမ – ဒါမွမဟုတ္ ႐ွင့္ ေကာင္မေလး ေလ ၂နာရီခြဲေခၚမယ္ေျပာလို႔လား

ေယာက်္ား – ဘယ္သူလဲ

မိန္းမ – အျပင္မွာေစာင့္ေနတဲ့ ႐ွင့္ ေကာင္မေလး ေလ
႐ွင္အခ်က္ျပ တံခါးပိတ္ မီးဖြင့္တာကို ျမင္တဲ့ အျပင္ကေကာင္မေလးေလ
ထိုစဥ္မီးျပန္ဖြင့္ၿပီး

ေယာက်္ား – ေတြ႔လား ဘယ္ဖုန္းမွမဟုတ္ဖူး အျပင္မွာလဲ ဘယ္သူမွမ႐ွိဖူး
မင္းကဘာလို႔ ငါတစ္ျခား မိန္းကေလးေတြနဲ႔ ပတ္သက္တယ္လို္႔ ထင္ေနတာလ

မိန္းမ – အင္းပါ က်မ မနာလိုေနတာ ျဖစ္မွာပါ အိပ္ေတာ့ေနာ္
အရမ္းခ်စ္တယ္ ေဆာရီးေနာ

ေယာက်္ား – ကိုယ္လဲခ်စ္ပါတယ္ကြာ

ဘာရယ္မဟုတ္ဖူး သေဘာက်လို္႔ပါ
မိန္းမ ဆိုတာ ခ်စ္ရင္ သ၀န္တိုစရာမ႐ွိ ႐ွာၾကံသ၀န္တိုတာမ်ိဳးေလ

Credit:Yin Yin Soe — with Naing Moe Aung
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ညတစ်ညတွင် လင်မယား နှစ်ယောက် အိပ်နေသည်…

ထိုစဉ် ဖုန်းဝင်လာသည်….ကလင်….ကလင်…

ယောကျ်ား – Hello….တီတီတီနဲ့….ဖုန်းကျသွားသည်

မိန်းမ – ဘယ်သူလဲ..

ယောကျ်ား – မသိဘူး….ဘာမှမပြောပဲ ချသွားတာ

မိန်းမ – ဘာလို့ ဖုန်းချသွားတာလဲ…

ယောကျ်ား – ဖုန်းမှားလို့ ဖြစ်မယ်…

မိန်းမ – ဘယ်သူက ညနက်ကြီး ဖုန်းမှားခေါ်မလဲ…

ယောကျ်ား – ညဘက် ဘယ်ချိန်မဆို ဖုန်းမှားခေါ်တတ်ပါတယ်ကွာ….

မိန်းမ – ဘာလို့ ဒီနံပတ်ကို ရွေးရတာလဲ…သူက
ယောကျ်ား – သူဒီနံပတ်ကို ရွေးခေါ်တာလို့ မထင်ဖူး….မှားနှိပ်တာဖြစ်မယ်

မိန်းမ – ဒါ…သူအချက်ပြတာလား…

ယောကျ်ား – ဘာက…အချက်ပြတာလဲ

မိန်းမ – ရှင့်ကိုခေါ်တဲ့ ရှင့် သူငယ်ချင်း

ယောကျ်ား – သူက ငါ့ သူငယ်ချင်း မဟုတ်ဖူးဟ

မိန်းမ – သူက မဟုတ်ဖူးလား…ရှင်ပြောတော့ ဘာမှမပြောပဲ ချသွားတာဆို

ယောကျ်ား – အင်းလေ..

မိန်းမ – ယောကျ်ားလေး ဆိုတာ ဘယ်လိုသိလဲ

ယောကျ်ား – ငါမသိဘူးလေ…

မိန်းမ – ရှင်ပြောတာ ” သူကငါ့သူငယ်ချင်း မဟုတ်ဖူး ” လို့ပြောတယ်လေ

ယောကျ်ား – ငါကရည်ညွန်းပြီးတော့ ပြောလိုက်တာပါ….
တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်လို့ ပြောသင့်တာ

မိန်းမ – ဘာလို့မပြောတာလဲ ရှင်ကဒါဆို…

ယောကျ်ား – မသိဖူး…ငါပြောခဲ့ရင်ကောင်းမှာ..

မိန်းမ – ဒါရှင့်ရဲ့ အကြံထဲက တစ်ခုလား….

ယောကျ်ား – ဘာအကြံတုံး?

မိန်းမ – ကျမကို စိတ်ရှုပ်ထွေးအောင် လုပ်တဲ့အကြံလေ

ယောကျ်ား – ငါ..မင်းကို ဘယ်လိုရှုပ်ထွေးစေတာလဲဟ..

မိန်းမ – ရှင်းပါတယ် ရှင်က သူ (ယောကျ်ားလေး) လို့ပြောတယ်
တကယ်တော့ မိန်းကလေးကြီး ဒါမဲ့ ရှင်က ဘယ်သူပဲဖစ်ဖစ်ဆိုပြီး
ကျမခေါင်းရှုတ်အောင်လုပ်တာ

ယောကျ်ား – ငါတောင်ခေါင်းပိုရှုပ်လာပြီ ဘယ်ကမိန်းကလေးတုံး

မိန်းမ – ရှင့်သူငယ်ချင်းလေ

ယောကျ်ား – ဘယ် မိန်းကလေး မှ မဟုတ်ဖူး ဖုန်းမှားခေါ်တာ ဒါပဲ

မိန်းမ – အဲ့…ကောင်မက လှလား

ယောကျ်ား – ဘယ်သူတုံး

မိန်းမ – ရှင့် ရည်းစား လေ

ယောကျ်ား – ဘယ်မိန်းမမှ မဟုတ်ဖူး ဖုန်းမှားခေါ်တာ ဒါပဲကွာလို့ ပြောပြီး
ပြူတင်းပေါက်တံခါးထပိတ်လိုက်သည်

မိန်းမ – အဲ့ တံခါးပိတ်တာကလဲ အချက်ပြတာပဲလား

ယောကျ်ား – ဘာကလဲ

မိန်းမ – တံခါးပိတ်တာ ပြောတာလေ

ယောကျ်ား – ငါအေးလို့် ပိတ်လိုက်တာပါကွာ

မိန်းမ – ဖုန်းအချက်ပြတာ မရခင်က ဘာလို့မအေးတာလဲ…
ဘာလို့ မပိတ်တာလဲ

ယောကျ်ား – ဒီအချက်ပြတာ မရခင်က ငါမှမအေးတာ

မိန်းမ – အဲ့ဒါ အချက်ပြတာပဲ

ယောကျ်ား – ပိတ်နေတဲ့ မီးဖွင့်ပြီး ဘယ်မိန်းမမှမဟုတ်ဖူး…
ဖုန်းမှားဝင်တာ…ငါအေးလာပြီ ဒါပဲ

မိန်းမ – သူမြင်တာ သေချာလား

ယောကျ်ား – ဘာကိုလဲ

မိန်းမ – ရှင် မီးပိတ်လိုက်ဖွင့်လိုက် လုပ်တာလေ

ယောကျ်ား – ဘယ်သူလဲဟ

မိန်းမ – ရှင့်ကောင်မလေးလေ

ယောကျ်ား – မိန်းမ…အိပ်ပါတော့ကွာ မနက် ၂နာရီခွဲနေပြီ

မိန်းမ – ၂နာရီခွဲမှန်း ဘယ်လိုသိတာလဲ

ယောကျ်ား – နာရီပြောတာလေ

မိန်းမ – ဒါမှမဟုတ် ရှင့် ကောင်မလေး လေ ၂နာရီခွဲခေါ်မယ်ပြောလို့လား

ယောကျ်ား – ဘယ်သူလဲ

မိန်းမ – အပြင်မှာစောင့်နေတဲ့ ရှင့် ကောင်မလေး လေ
ရှင်အချက်ပြ တံခါးပိတ် မီးဖွင့်တာကို မြင်တဲ့ အပြင်ကကောင်မလေးလေ
ထိုစဉ်မီးပြန်ဖွင့်ပြီး

ယောကျ်ား – တွေ့လား ဘယ်ဖုန်းမှမဟုတ်ဖူး အပြင်မှာလဲ ဘယ်သူမှမရှိဖူး
မင်းကဘာလို့ ငါတစ်ခြား မိန်းကလေးတွေနဲ့ ပတ်သက်တယ်လို့် ထင်နေတာလ

မိန်းမ – အင်းပါ ကျမ မနာလိုနေတာ ဖြစ်မှာပါ အိပ်တော့နော်
အရမ်းချစ်တယ် ဆောရီးနော

ယောကျ်ား – ကိုယ်လဲချစ်ပါတယ်ကွာ

ဘာရယ်မဟုတ်ဖူး သဘောကျလို့်ပါ
မိန်းမ ဆိုတာ ချစ်ရင် သဝန်တိုစရာမရှိ ရှာကြံသဝန်တိုတာမျိုးလေ
Credit:Yin Yin Soe — with Naing Moe Aung
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top