iMyanmarHouse.com - Best Property Website for Myanmar
×


Credit:apannpyay



#Unicode Version

သမီးရေ ……… သားက အရမ်းကို အေးအေးဆေးဆေးနေတတ်တော့ သူ့ဘဝရဲ့ လက်တွဲဖေါ်အဖြစ် ပိုင်ဆိုင်ခွင့်ရတဲ့ သမီးလေးက တအားကံကောင်းတဲ့မိန်းကလေးတို့ အရီးထင်တယ် ……… သမီးရေ ……… အရီးကတော့ ယောက္ခမနှစ်ပါးကိုလည်း အမေအဖေလို ဆက်ဆံပြုစုကျွေးမွေးခဲ့တယ် … အရီးလက်ထဲမှာပဲ ယောက္ခမဆုံးပါးသွားခဲ့တယ် … အခုထိလည်း နေ့တိုင်းကန်တော့ပြီးမှ အိပ်ရာဝင်တယ် ……… သမီးရေ ……… အရီးရဲ့သားကို ဘယ်လိုဘယ်ဝါ မိန်းကလေးမျိုးကိုမှ ရွေးချယ်ရမယ်လို့ တင်းကျပ်ထားတာလည်း မရှိပါဘူး … အရီးသားက အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူမို့ အိမ်ထောင်တစ်ခု တည်ဆောက်ရင်လည်း ကိုယ့်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် လူမှုဘဝလေး ရှင်သန်ချင်ပါတယ် ……… သမီးရေ ……… သားတစ်ယောက်ရဲ့ မိခင်တစ်ဦးအနေနဲ့ တစ်ချိန်ချိန်မှာ ဖြစ်ခွင့်မြင်ခွင့်ရမယ့် အရီးရဲ့ ချွေးမလောင်းလေးကို မိခင်တစ်ဦးအနေနဲ့လည်း ရိုးသားဖြူစင်စွာနဲ့ ဆန္ဒပြုပါတယ် သမီးရယ် ……… ဒေါ်သန်းမြိုင်

Credit:apannpyay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top