iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္စိမျမင္သူေတြအေၾကာင္းကို ဖတ္မိရင္းနဲ႔ ေခါင္းထဲမွာေပၚလာတဲ႔ ေမးခြန္းေလးတစ္ခုက သူတုိ႔ေတြဟာ သာမာန္လူေတြလို အိပ္မက္ေတြ မက္တတ္ၾကသလားလို႔ေပါ႔။ အသက္ႀကီးမွ အေၾကာင္းတစ္ခုခုေၾကာင္႔ အျမင္အာရံုခ်ိဳ႕ယြင္းရသူေတြထက္ ေမြးကတည္းက အျမင္အာရံုမရရွိတဲ႔သူေတြဟာ တစ္ခါမွ ေလာကႀကီးနဲ႔ လူေတြရဲ႕လႈပ္ရွားပံုေတြကို မျမင္ခဲ႔ဖူးတာေၾကာင္႔ အကယ္၍ သူတို႔ေတြမ်ား အိပ္မက္မက္ခဲ႔မယ္ဆိုရင္ ဘယ္လိုမ်ားမက္ၾကမလဲဆိုတာ စိတ္၀င္စားစရာပါ။ ဒီေမးခြန္းအတြက္ အင္တာနက္ေပးမွာ အနည္းငယ္ တီးေခါက္ၾကည္႔ခဲ႔မိပါတယ္။

တကယ္ေတာ႔ မ်က္မျမင္ေတြဟာလည္း အိပ္မက္မက္တတ္ၾကပါတယ္။ အသက္တစ္ခုေရာက္မွ မ်က္စိကြယ္ခဲ႔ၾကသူေတြကေတာ႔ သူတို႔ျမင္ခဲ႔ေတြ႔ခဲ႔ၾကတဲ႔ အတိုင္းအတာေလာက္ကို အိပ္မက္ထဲမွာ ပံုေဖာ္ျမင္ေတြ႔ၾကရတတ္ၿပီး၊ ေမြးကတည္းက မ်က္စိကြယ္ေနၾကသူေတြကေတာ႔ အသံေတြ၊ အထိအေတြ႔ေတြကို အိပ္မက္မက္တတ္ၾကပါသတဲ႔။ ဒီေတာ႔ သူတုိ႔ဘယ္လိုအိပ္မက္မက္ၾကသလဲဆိုတာ စိတ္၀င္စားစရာပါ။ လူသားေတြ အိပ္မက္မက္ၾကတယ္ဆုိတာက သူတို႔ေတြ႔ႀကံဳခဲ႔ရတဲ႔ အျဖစ္အပ်က္ေတြ၊ အျမင္အာရံုေတြ၊ စိတ္အာရံုေတြအေပၚ အေျခခံၿပီး အိပ္မက္ေတြဟာ ျဖစ္တည္ၾကရတာပါ။

ေမြးရာပါမ်က္စိမျမင္သူေတြဟာ အေရာင္ေတြအေပၚ ခံစားသိရွိျခင္းမရွိတာမို႔ သူတို႔ရဲ႕အာရံုမွာေတြ႔ျမင္ရတာက အနက္ေရာင္ဆိုတဲ႔ အေရာင္လည္း မဟုတ္ပါဘူး။ ဒါဆိုဘယ္လိုအေရာင္လည္းဆုိတာက ရွင္းျပရခက္ပါတယ္။ သူတို႔ဟာ အာရံုငါးပါးထဲမွာ အျမင္ဆိုတဲ႔ အာရံုတစ္ခု ခ်ိဳ႕ယြင္းေနတာမို႔ ဘာဆိုဘာမွ မျမင္ရဘူးလို႔သာ ဆိုပါရေစ။ သင္ဟာစားေသာက္ဆိုင္တစ္ခုမွာ စားေသာက္ေနရင္း စားပြဲေအာက္မွာ သင္႔ဖိနပ္ကို ခြ်တ္ထားလိုက္မယ္။ ျပန္ခါနီးမွာ ေအာက္ငံု႔မၾကည္႔ပဲ ဖိနပ္ကိုေျခေထာက္နဲ႔ လိုက္စမ္းၿပီး ၀တ္လိုက္သလိုပါပဲ။

မ်က္မျမင္ေတြဟာ အျမင္အာရံုမရွိေပမယ္႔ တျခားေသာအာရံုခံစားမႈေတြမွာ ပိုမိုေကာင္းမြန္ၾကၿပီး သူတို႔ရဲ႕အိပ္မက္ေတြဟာလည္း သူတို႔ရဲ႕အျခားအာရံုခံစားမႈေတြျဖစ္တဲ႔ အထိအေတြ႔ေတြ၊ အသံေတြ၊ အေပၚအေျခခံၾကသလို၊ အိပ္မက္ေတြထဲမွာလည္း သူတို႔ဟာမ်က္မျမင္ေတြပါပဲ။ အိပ္မက္ေတြထဲမွာ အျပင္ကလို မ်က္ျမင္ဘ၀နဲ႔ လမ္းေတြေလွ်ာက္မယ္၊ အသံေတြၾကားရမယ္၊ ဒီလိုမ်ိဳးပါပဲ။ တစ္ခ်ိဳ႕ေသာအခ်ိန္ေတြမွာ Sleep Paralysis လို႔ေခၚတဲ႔ ဘီလူးစီးျခင္းလို ခံစားခ်က္ေတြေတာင္ တစ္ခါတစ္ရံ ျဖစ္တတ္ၾကေသးတယ္လို႔ ဆိုပါတယ္။

Credit:momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မျက်စိမမြင်သူတွေအကြောင်းကို ဖတ်မိရင်းနဲ့ ခေါင်းထဲမှာပေါ်လာတဲ့ မေးခွန်းလေးတစ်ခုက သူတို့တွေဟာ သာမာန်လူတွေလို အိပ်မက်တွေ မက်တတ်ကြသလားလို့ပေါ့။ အသက်ကြီးမှ အကြောင်းတစ်ခုခုကြောင့် အမြင်အာရုံချို့ယွင်းရသူတွေထက် မွေးကတည်းက အမြင်အာရုံမရရှိတဲ့သူတွေဟာ တစ်ခါမှ လောကကြီးနဲ့ လူတွေရဲ့လှုပ်ရှားပုံတွေကို မမြင်ခဲ့ဖူးတာကြောင့် အကယ်၍ သူတို့တွေများ အိပ်မက်မက်ခဲ့မယ်ဆိုရင် ဘယ်လိုများမက်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီမေးခွန်းအတွက် အင်တာနက်ပေးမှာ အနည်းငယ် တီးခေါက်ကြည့်ခဲ့မိပါတယ်။

တကယ်တော့ မျက်မမြင်တွေဟာလည်း အိပ်မက်မက်တတ်ကြပါတယ်။ အသက်တစ်ခုရောက်မှ မျက်စိကွယ်ခဲ့ကြသူတွေကတော့ သူတို့မြင်ခဲ့တွေ့ခဲ့ကြတဲ့ အတိုင်းအတာလောက်ကို အိပ်မက်ထဲမှာ ပုံဖော်မြင်တွေ့ကြရတတ်ပြီး၊ မွေးကတည်းက မျက်စိကွယ်နေကြသူတွေကတော့ အသံတွေ၊ အထိအတွေ့တွေကို အိပ်မက်မက်တတ်ကြပါသတဲ့။ ဒီတော့ သူတို့ဘယ်လိုအိပ်မက်မက်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါ။ လူသားတွေ အိပ်မက်မက်ကြတယ်ဆိုတာက သူတို့တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ အမြင်အာရုံတွေ၊ စိတ်အာရုံတွေအပေါ် အခြေခံပြီး အိပ်မက်တွေဟာ ဖြစ်တည်ကြရတာပါ။

မွေးရာပါမျက်စိမမြင်သူတွေဟာ အရောင်တွေအပေါ် ခံစားသိရှိခြင်းမရှိတာမို့ သူတို့ရဲ့အာရုံမှာတွေ့မြင်ရတာက အနက်ရောင်ဆိုတဲ့ အရောင်လည်း မဟုတ်ပါဘူး။ ဒါဆိုဘယ်လိုအရောင်လည်းဆိုတာက ရှင်းပြရခက်ပါတယ်။ သူတို့ဟာ အာရုံငါးပါးထဲမှာ အမြင်ဆိုတဲ့ အာရုံတစ်ခု ချို့ယွင်းနေတာမို့ ဘာဆိုဘာမှ မမြင်ရဘူးလို့သာ ဆိုပါရစေ။ သင်ဟာစားသောက်ဆိုင်တစ်ခုမှာ စားသောက်နေရင်း စားပွဲအောက်မှာ သင့်ဖိနပ်ကို ချွတ်ထားလိုက်မယ်။ ပြန်ခါနီးမှာ အောက်ငုံ့မကြည့်ပဲ ဖိနပ်ကိုခြေထောက်နဲ့ လိုက်စမ်းပြီး ဝတ်လိုက်သလိုပါပဲ။

မျက်မမြင်တွေဟာ အမြင်အာရုံမရှိပေမယ့် တခြားသောအာရုံခံစားမှုတွေမှာ ပိုမိုကောင်းမွန်ကြပြီး သူတို့ရဲ့အိပ်မက်တွေဟာလည်း သူတို့ရဲ့အခြားအာရုံခံစားမှုတွေဖြစ်တဲ့ အထိအတွေ့တွေ၊ အသံတွေ၊ အပေါ်အခြေခံကြသလို၊ အိပ်မက်တွေထဲမှာလည်း သူတို့ဟာမျက်မမြင်တွေပါပဲ။ အိပ်မက်တွေထဲမှာ အပြင်ကလို မျက်မြင်ဘဝနဲ့ လမ်းတွေလျှောက်မယ်၊ အသံတွေကြားရမယ်၊ ဒီလိုမျိုးပါပဲ။ တစ်ချို့သောအချိန်တွေမှာ Sleep Paralysis လို့ခေါ်တဲ့ ဘီလူးစီးခြင်းလို ခံစားချက်တွေတောင် တစ်ခါတစ်ရံ ဖြစ်တတ်ကြသေးတယ်လို့ ဆိုပါတယ်။

Credit:momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top