iMyanmarHouse.com - Best Property Website for Myanmar
×

ေရခ်ိဳးျခင္းဟာ တစ္ကိုယ္ေရသန္႔ရွင္းဖုိ႔နဲ႔ အသားအေရအတြက္ ေကာင္းတယ္ဆုိေပမယ့္ နည္းလမ္းအမွားေတြနဲ႔ ေရခ်ိဳးမိတဲ့အခါမွာေတာ့ အက်ိဳးရလာဒ္မေကာင္းႏိုင္ပါဘူး။ ဒီေတာ့ ေရခ်ိဳးတဲ့အခါ ဘယ္လိုအခ်က္မ်ိဳးေတြကို သတိထားသင့္သလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

၁။ေရအၾကာႀကီး ခ်ိဳးတာမ်ိဳး

တစ္ခါတစ္ေလ ေရခ်ိဳးခန္းထဲမွာ စိတ္ႀကိဳက္ ေရအၾကာႀကီး ခ်ိဳးမိလိုက္တာမ်ိဳးေတြ ရွိပါတယ္။ ဆယ္မိနစ္ထက္ၾကာေအာင္ ေရခ်ိဳးလိုက္မယ္ဆုိရင္ သင့္အေရျပားရဲ႕ သဘာ၀ အေလွ်ာက္ျဖစ္ေပၚေနတဲ့ အဆီေတြ ခမ္းကုန္ပါလိမ့္မယ္။ ေရေႏြးနဲ႔ ခ်ိဳးတာမ်ိဳးဆုိရင္ ပိုဆိုးပါေသးတယ္။ အစက္အေျပာက္ေတြ ျဖစ္ႏိုင္တာမုိ႔ ဆယ္မိနစ္ထက္ ပိုၾကာေအာင္ ေရမခ်ိဳးဖုိ႔ ေျပာခ်င္ပါတယ္။

၂။မ်က္ႏွာသုတ္ပု၀ါနဲ႔ ၾကမ္းတမ္းစြာ ပြတ္မိတာမ်ိဳး

ေရခ်ိဳးခန္းက ကိုယ္တုိက္ဘရက္ရွ္၊ ပု၀ါ စတာေတြနဲ႔ အေရျပားကို  ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တာမ်ိဳးေတြလည္း မလုပ္သင့္ပါဘူး။ ေတာ္သင့္သေလာက္သာ သန္႕ရွင္းေရးလုပ္ပါ။ ေရခ်ိဳးျပီးသြားတဲ့အခါမွာလည္း ကိုယ္သုတ္ပု၀ါနဲ႔ ေရစင္ေအာင္ သုတ္ျပီးတာနဲ႔ moisturizer တန္းလိမ္းေပးဖုိ႔ လုိပါတယ္။

၃။အေရျပားအတြက္ အနံ႔သင္းလြန္းတဲ့ ဆပ္ျပာနဲ႔ Scrub ေတြကို ေရွာင္ပါ။

အနံ႔ေမႊးႀကိဳင္လြန္းတဲ့ ဆပ္ျပာေတြ၊ ေရခ်ိဳးဆပ္ျပာေတြမွာ ဓာတုပစၥည္းေတြ လုိတာထက္ပို ပါ၀င္ေနတတ္ပါတယ္။ ဒါဟာ sensitive ျဖစ္တတ္တဲ့ အေရျပား ပိုင္ရွင္ေတြ လံုး၀ေရွာင္သင့္တဲ့အရာပါ။ ဒီလိုပဲ ေခ်းခၽြတ္မယ္ဆုိရင္လည္း အသားကို စားသြားမယ့္၊ ဓာတုေဗဒပစၥည္းေတြ အမ်ားႀကီးသံုးထားတဲ့ အမွတ္တံဆိပ္ေတြကို ေရွာင္ဖုိ႔ အၾကံေပးခ်င္ပါတယ္။

၄။ေခါင္းေန႔တုိင္းေလွ်ာ္တာမ်ိဳး မလုပ္သင့္ပါဘူး။

ေန႔တုိင္းေခါင္းေလွ်ာ္တာမ်ိဳး၊ အထူးသျဖင့္ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္တာမ်ိဳးေတြဟာ ဆံသားေျခာက္ေသြ႕ေစျပီး၊ ဆံပင္ကာလာကိုလည္း အေရာင္ေျပာင္းသြားေစႏိုင္ပါတယ္။ ဆံပင္သားအတြက္ ေန႔တုိင္းေခါင္းေလွ်ာ္တာမ်ိဳး မလုပ္သင့္ပါဘူး။ မျဖစ္မေန ေလွ်ာ္ရမယ္ဆုိရင္ေတာင္ သင့္အေနနဲ႔ ဆံပင္ေပ်ာ့ေဆးကို မျဖစ္မေန သံုးေပးဖုိ႔ လုိပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရေချိုးခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းဖို့နဲ့ အသားအရေအတွက် ကောင်းတယ်ဆိုပေမယ့် နည်းလမ်းအမှားတွေနဲ့ ရေချိုးမိတဲ့အခါမှာတော့ အကျိုးရလာဒ်မကောင်းနိုင်ပါဘူး။ ဒီတော့ ရေချိုးတဲ့အခါ ဘယ်လိုအချက်မျိုးတွေကို သတိထားသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ရေအကြာကြီး ချိုးတာမျိုး

တစ်ခါတစ်လေ ရေချိုးခန်းထဲမှာ စိတ်ကြိုက် ရေအကြာကြီး ချိုးမိလိုက်တာမျိုးတွေ ရှိပါတယ်။ ဆယ်မိနစ်ထက်ကြာအောင် ရေချိုးလိုက်မယ်ဆိုရင် သင့်အရေပြားရဲ့ သဘာ၀ အလျှောက်ဖြစ်ပေါ်နေတဲ့ အဆီတွေ ခမ်းကုန်ပါလိမ့်မယ်။ ရေနွေးနဲ့ ချိုးတာမျိုးဆိုရင် ပိုဆိုးပါသေးတယ်။ အစက်အပြောက်တွေ ဖြစ်နိုင်တာမို့ ဆယ်မိနစ်ထက် ပိုကြာအောင် ရေမချိုးဖို့ ပြောချင်ပါတယ်။

၂။မျက်နှာသုတ်ပုဝါနဲ့ ကြမ်းတမ်းစွာ ပွတ်မိတာမျိုး

ရေချိုးခန်းက ကိုယ်တိုက်ဘရက်ရှ်၊ ပုဝါ စတာတွေနဲ့ အရေပြားကို  ကြမ်းကြမ်းတမ်းတမ်း ပွတ်တာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ တော်သင့်သလောက်သာ သန့်ရှင်းရေးလုပ်ပါ။ ရေချိုးပြီးသွားတဲ့အခါမှာလည်း ကိုယ်သုတ်ပုဝါနဲ့ ရေစင်အောင် သုတ်ပြီးတာနဲ့ moisturizer တန်းလိမ်းပေးဖို့ လိုပါတယ်။

၃။အရေပြားအတွက် အနံ့သင်းလွန်းတဲ့ ဆပ်ပြာနဲ့ Scrub တွေကို ရှောင်ပါ။

အနံ့မွှေးကြိုင်လွန်းတဲ့ ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာတွေမှာ ဓာတုပစ္စည်းတွေ လိုတာထက်ပို ပါဝင်နေတတ်ပါတယ်။ ဒါဟာ sensitive ဖြစ်တတ်တဲ့ အရေပြား ပိုင်ရှင်တွေ လုံးဝရှောင်သင့်တဲ့အရာပါ။ ဒီလိုပဲ ချေးချွတ်မယ်ဆိုရင်လည်း အသားကို စားသွားမယ့်၊ ဓာတုဗေဒပစ္စည်းတွေ အများကြီးသုံးထားတဲ့ အမှတ်တံဆိပ်တွေကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။

၄။ခေါင်းနေ့တိုင်းလျှော်တာမျိုး မလုပ်သင့်ပါဘူး။

နေ့တိုင်းခေါင်းလျှော်တာမျိုး၊ အထူးသဖြင့် ရေနွေးနဲ့ ခေါင်းလျှော်တာမျိုးတွေဟာ ဆံသားခြောက်သွေ့စေပြီး၊ ဆံပင်ကာလာကိုလည်း အရောင်ပြောင်းသွားစေနိုင်ပါတယ်။ ဆံပင်သားအတွက် နေ့တိုင်းခေါင်းလျှော်တာမျိုး မလုပ်သင့်ပါဘူး။ မဖြစ်မနေ လျှော်ရမယ်ဆိုရင်တောင် သင့်အနေနဲ့ ဆံပင်ပျော့ဆေးကို မဖြစ်မနေ သုံးပေးဖို့ လိုပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top