iMyanmarHouse.com - Best Property Website for Myanmar
×
Credit:trend myanmar
#Unicode Version
ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရာနှုန်းပြည့် ရရှိထားတဲ့ မြန်မာပြည်သိန်းတန်ကတော့ မေလထဲမှာ စီးရီးသစ်ထွက် တော့မှာပါ။
အဲ့ဒီစီးရီးနာမည်ကိုတော့  ‘အန်ကယ်ကတော့ No ပါ မအားသေးဘူး’ လို့ ပေးထားပါတယ်။ အခွေမထွက်သေးခင် စီးရီးခေါင်းစဉ်ကြားကတည်းက ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ စီးရီးခွေလည်း ဖြစ်ပါတယ်။
‘‘အခွေမထွက်သေးပါဘူး။ ပရိသတ်စိတ်ဝင်စားမှုအရဆုံးက တော့ အားလုံးသိတဲ့အတိုင်းပါပဲ။ Title သီချင်းဖြစ်တဲ့ ‘အန်ကယ်ကတော့ No ပါ မအားသေးဘူး’က ကျွန်တော်တို့လည်း အားအရဆုံးဖြစ်သလို ပရိသတ်လည်း ကြိုတင်ပြီး နှစ်ခြိုက်တယ်ဆိုတဲ့အတွက် ဝမ်းသာပါတယ်။
ဒီအခွေကို မေလပထမပတ်လောက် ထွက်ဖို့ စီစဉ်ထားပါတယ်’’လို့  ရတနာမြိုင်တေးထုတ်လုပ်ရေးမှ ဦးချန်ဟိန်းက 7day Daily မှာ ဖြေဆိုထားပါတယ်။
အန်ကယ်ကတော့ No ပါမအားသေးဘူးဆိုတဲ့ သီချင်းကို Myanmar Idol Season 2 Final ပွဲမှာ သီဆိုခဲ့ပါသေးတယ်။
အဲ့ဒီ အချိန်ကတည်းက ပရိသတ်တွေ အားပေးမှု ရရှိထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်သလို အန်ကယ်ကတော့ No ပါဆိုတဲ့ စကားဟာလည်း Myanmar Idol Season 2 တစ်လျှောက် ဒိုင်သုံးဦးထဲက မြန်မာပြည်သိန်းတန်ရဲ့ ပြောစကားဖြစ်ပြီး အဲ့ဒီစကားကလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။
အဲ့ဒီစီးရီးမှာတော့ မြန်မာပြည်သိန်းတန်ရေးသားထားတဲ့ ကိုယ်ပိုင် သံစဉ်သီချင်း(၁၀)ပုဒ်ပါဝင်ပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top