iMyanmarHouse.com - Best Property Website for Myanmar
×

အရမ္းရွက္တတ္တဲ့ ခ်စ္သူအမ်ိဳးသားကို ပိုင္ဆုိင္ထားၿပီဆုိရင္ေတာ့ သင့္အေနနဲ႔ အားမလုိအားမရ ျဖစ္ေနမယ္လုိ႔ ထင္ပါတယ္။ တကယ္လည္း အရမ္းရွက္တတ္သူေတြဟာ အနမ္းေပးဖုိ႔ေတာင္ ေမ့ေနတတ္လုိ႔ သင္ အေတာ္ေလး အႀကံခက္ေနမယ္ထင္ပါတယ္။ ဒီေတာ့ ေအာက္ပါနည္းလမ္းေလးေတြ စမ္းသပ္ၾကည့္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။

(၁) ယုံၾကည္မႈရွိပါ

အနမ္းေပးေလ့ေပးထမရွိတဲ့ ခ်စ္သူကို အနမ္းေပးေအာင္ လုပ္ရတာ ကိုယ့္သိကၡာကို မထိခုိက္ေစပါဘူး။ ဒီလုိကိစၥမ်ိဳးဆုိတာ သူ႕သိကၡာကိုယ့္သိကၡာထည့္တြက္ေနရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ေကာင္ေလးကလည္း ရွက္တတ္သူ၊ ေကာင္မေလးကလည္း ေၾကာက္တတ္သူဆုိရင္ေတာ့ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ ဒီေတာ့ သင့္အေနနဲ႔ ယုံၾကည္မႈရွိဖုိ႔ လုိပါတယ္။

(၂) သီးသန္႔ျဖစ္ေနပါေစ

အနမ္းေပးဖုိ႔ အေကာင္းဆုံးအေျခအေနကေတာ့ ႏွစ္ဦးတည္း တစ္သီးတသန္႔ရွိတဲ့ ေနရာမ်ိဳးက အသင့္ေတာ္ဆုံးပါ။ ဘယ္လုိေနရာကို ေရြးခ်ယ္ရမလဲဆုိတာကိုေတာ့ ခ်စ္သူစုံတြဲရွိသူေတြက ပုိသိၾကပါလိမ့္မယ္။ တသီးတသန္႔ တိတ္ဆိတ္တဲ့ ေနရာေလးမွာ သူ႕ရင္ခုန္သံ ကိုယ္ရင္ခုန္သံကုိ ျပန္နားေထာင္ရင္း အေျခအေနေကာင္းကို ဖန္တီးလုိက္ပါ။

(၃) နီးနီးကပ္ကပ္ အေနအထားမွာ

အနမ္းတစ္ခု ဖန္တီးဖုိ႔ႀကိဳးစားရင္ ႏွစ္ဦးသား အနီးကပ္ဆုံး အေနအထားမွာ ရွိေနရမွာပါ။ ဒီလုိအခ်ိန္မ်ိဳးမွာေတာ့ ႏွစ္ေယာက္  ဖက္လွဲတကင္း ရွိေနသင့္ပါတယ္။ ညဳတုတု ခရာတာတာေလးေတြ ေျပာေနရင္း သူ႕လည္ပင္းေတြကုိ သုိင္းဖက္ထားလုိက္တာက အနမ္းတစ္ခုအတြက္ အဆင္သင့္အေနအထားပါ။

(၄) မ်က္လုံးနဲ႔အထာေပးပါ

ခ်စ္သူနဲ႔ မ်က္လုံးခ်င္း ေတ့ေတ့ဆုိင္ၾကည့္ပါ။ ေတာ္႐ုံလူဆုိ ဒီေလာက္ဆုိ သေဘာေပါက္ေလာက္ပါၿပီ။ ဒါေပမယ့္ သင္ ပုိင္ဆုိင္ထားသူက ရွက္တတ္တဲ့ ေကာင္ေလးျဖစ္လုိ႔ သူ အထာနပ္သြားတဲ့အထိ ခ်စ္ရည္ရႊန္းလဲ့တဲ့ မ်က္လုံးေလးေတြနဲ႔ ၾကည့္လုိက္ပါ။ သူ နားလည္သင့္သေလာက္ နားလည္လာပါလိမ့္မယ္။

(၅) သူ႕ႏႈတ္ခမ္းကို စုိက္ၾကည့္ပါ

အနမ္းတစ္ခု ဖန္တီးရာမွာ အသုံးျပဳတဲ့ သူ႕ႏႈတ္ခမ္းတစ္စုံကုိ စုိက္ၾကည့္ေနလုိက္ပါ။ သူလည္း ရဲစိတ္ေတြ၀င္ၿပီး အရွက္
တရားေတြကို အခ်ိန္ပုိင္းအတြင္း ေမ့သြားမယ့္အေျခအေနကုိ ေရာက္ပါၿပီ။

(၆) ဘာအဓိပၸါယ္လဲဆုိတာ ေပၚလြင္ပါေစ

ဒီအေျခအေနဟာ ဘာလဲဆုိတာ ရွင္းျပေနဖုိ႔ မလုိေတာ့ပါဘူး။ ဒါေပမယ့္ သင့္ေကာင္ေလး အေျခအေနက မထုံတက္ ေတးမုိ႔ ဒီအေျခအေနထိ တစ္ဆင့္ခ်င္း တက္ရတာ ျဖစ္ပါတယ္။ ႏႈတ္ခမ္းေလးေတြ ရြစိရြစိ ျဖစ္ေနတဲ့ အေနအထားဟာ အနမ္းတစ္ခု မျဖစ္ခင္မွာ ခ်စ္စရာ အေကာင္းဆုုံးအေနအထားပါဘဲ။ ဒါကို သင္က ေပၚလြင္ေအာင္ ျပဳမူရမွာ ျဖစ္ပါတယ္။

(၇) နမ္းပါ

ေနာက္ဆုံးအဆင့္ကေတာ့ နမ္းတဲ့အဆင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ အရမ္းႀကီး အလွ်ဥ္လုိလုိ႔ မရပါဘူး။ မဟုတ္ရင္ သူ ရွက္စိတ္ျပန္၀င္လာၿပီး အဆင္သင့္မျဖစ္တဲ့ အနမ္းတစ္ခုကို ဖန္တီးသလုိ ျဖစ္သြားပါလိ့မ္မယ္။ ေစာေစာက ေဖာ္ျပခဲ့တဲ့အ တုိင္း တစ္ဆင့္ခ်င္းတက္ၿပီးမွ သူ႔ႏႈတ္ခမ္းအနီးကို ေျဖးေျဖးခ်င္းကပ္သြားၿပီ၊ မတုိလြန္း မၾကာလြန္းတဲ့ အနမ္းတစ္ခုကို စတင္လုိက္ပါ။
Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အရမ်းရှက်တတ်တဲ့ ချစ်သူအမျိုးသားကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင့်အနေနဲ့ အားမလိုအားမရ ဖြစ်နေမယ်လို့ ထင်ပါတယ်။ တကယ်လည်း အရမ်းရှက်တတ်သူတွေဟာ အနမ်းပေးဖို့တောင် မေ့နေတတ်လို့ သင် အတော်လေး အကြံခက်နေမယ်ထင်ပါတယ်။ ဒီတော့ အောက်ပါနည်းလမ်းလေးတွေ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ယုံကြည်မှုရှိပါ

အနမ်းပေးလေ့ပေးထမရှိတဲ့ ချစ်သူကို အနမ်းပေးအောင် လုပ်ရတာ ကိုယ့်သိက္ခာကို မထိခိုက်စေပါဘူး။ ဒီလိုကိစ္စမျိုးဆိုတာ သူ့သိက္ခာကိုယ့်သိက္ခာထည့်တွက်နေရမယ့် အချိန်မဟုတ်ပါဘူး။ ကောင်လေးကလည်း ရှက်တတ်သူ၊ ကောင်မလေးကလည်း ကြောက်တတ်သူဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီတော့ သင့်အနေနဲ့ ယုံကြည်မှုရှိဖို့ လိုပါတယ်။

(၂) သီးသန့်ဖြစ်နေပါစေ

အနမ်းပေးဖို့ အကောင်းဆုံးအခြေအနေကတော့ နှစ်ဦးတည်း တစ်သီးတသန့်ရှိတဲ့ နေရာမျိုးက အသင့်တော်ဆုံးပါ။ ဘယ်လိုနေရာကို ရွေးချယ်ရမလဲဆိုတာကိုတော့ ချစ်သူစုံတွဲရှိသူတွေက ပိုသိကြပါလိမ့်မယ်။ တသီးတသန့် တိတ်ဆိတ်တဲ့ နေရာလေးမှာ သူ့ရင်ခုန်သံ ကိုယ်ရင်ခုန်သံကို ပြန်နားထောင်ရင်း အခြေအနေကောင်းကို ဖန်တီးလိုက်ပါ။

(၃) နီးနီးကပ်ကပ် အနေအထားမှာ

အနမ်းတစ်ခု ဖန်တီးဖို့ကြိုးစားရင် နှစ်ဦးသား အနီးကပ်ဆုံး အနေအထားမှာ ရှိနေရမှာပါ။ ဒီလိုအချိန်မျိုးမှာတော့ နှစ်ယောက်  ဖက်လှဲတကင်း ရှိနေသင့်ပါတယ်။ ညုတုတု ခရာတာတာလေးတွေ ပြောနေရင်း သူ့လည်ပင်းတွေကို သိုင်းဖက်ထားလိုက်တာက အနမ်းတစ်ခုအတွက် အဆင်သင့်အနေအထားပါ။

(၄) မျက်လုံးနဲ့အထာပေးပါ

ချစ်သူနဲ့ မျက်လုံးချင်း တေ့တေ့ဆိုင်ကြည့်ပါ။ တော်ရုံလူဆို ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။ ဒါပေမယ့် သင် ပိုင်ဆိုင်ထားသူက ရှက်တတ်တဲ့ ကောင်လေးဖြစ်လို့ သူ အထာနပ်သွားတဲ့အထိ ချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်ပါ။ သူ နားလည်သင့်သလောက် နားလည်လာပါလိမ့်မယ်။

(၅) သူ့နှုတ်ခမ်းကို စိုက်ကြည့်ပါ

အနမ်းတစ်ခု ဖန်တီးရာမှာ အသုံးပြုတဲ့ သူ့နှုတ်ခမ်းတစ်စုံကို စိုက်ကြည့်နေလိုက်ပါ။ သူလည်း ရဲစိတ်တွေဝင်ပြီး အရှက်
တရားတွေကို အချိန်ပိုင်းအတွင်း မေ့သွားမယ့်အခြေအနေကို ရောက်ပါပြီ။

(၆) ဘာအဓိပ္ပါယ်လဲဆိုတာ ပေါ်လွင်ပါစေ

ဒီအခြေအနေဟာ ဘာလဲဆိုတာ ရှင်းပြနေဖို့ မလိုတော့ပါဘူး။ ဒါပေမယ့် သင့်ကောင်လေး အခြေအနေက မထုံတက် တေးမို့ ဒီအခြေအနေထိ တစ်ဆင့်ချင်း တက်ရတာ ဖြစ်ပါတယ်။ နှုတ်ခမ်းလေးတွေ ရွစိရွစိ ဖြစ်နေတဲ့ အနေအထားဟာ အနမ်းတစ်ခု မဖြစ်ခင်မှာ ချစ်စရာ အကောင်းဆုုံးအနေအထားပါဘဲ။ ဒါကို သင်က ပေါ်လွင်အောင် ပြုမူရမှာ ဖြစ်ပါတယ်။

(၇) နမ်းပါ

နောက်ဆုံးအဆင့်ကတော့ နမ်းတဲ့အဆင့် ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီး အလျှဉ်လိုလို့ မရပါဘူး။ မဟုတ်ရင် သူ ရှက်စိတ်ပြန်ဝင်လာပြီး အဆင်သင့်မဖြစ်တဲ့ အနမ်းတစ်ခုကို ဖန်တီးသလို ဖြစ်သွားပါလိ့မ်မယ်။ စောစောက ဖော်ပြခဲ့တဲ့အ တိုင်း တစ်ဆင့်ချင်းတက်ပြီးမှ သူ့နှုတ်ခမ်းအနီးကို ဖြေးဖြေးချင်းကပ်သွားပြီ၊ မတိုလွန်း မကြာလွန်းတဲ့ အနမ်းတစ်ခုကို စတင်လိုက်ပါ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top