iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ အဆီျပန္လို႔ စိတ္ညစ္ေနလား။ အသားအေရ ၾကည္လင္ေစၿပီး အသားအေရာင္ ညီညာေစမယ့္ သဘာ၀နည္းလမ္းေတြကို မွ်ေ၀ေပးပါမယ္။ အဆီျပန္တဲ့အသားအေရပိုင္ရွင္တိုင္း အဆီျပန္တာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ခက္ခဲၾကပါတယ္။ ဒီနည္းလမ္းေလးေတြကို လိုက္နာၾကည့္ရေအာင္။

ေရေအးေအးနဲ႔ မ်က္ႏွာသစ္မယ္။

မ်က္ႏွာသစ္မယ္ဆိုရင္ ေရေအးေအးနဲ႔ မ်က္ႏွာသစ္သင့္ပါတယ္။ ဆပ္ျပာမပါဘဲ ေရေအးေအးေလးနဲ႔ တစ္ေန႔ကို ၈ ေခါက္ေလာ္ကမ်က္ႏွာသစ္ပါ။ ၿပီးရင္ cleaner နဲ႔ toner သံုးေပးပါ။

ဆားကိုသံုးမယ္။

မ်က္ႏွာသစ္တဲ့အခါတိုင္း ဆားနည္းနည္းေလာက္ထည့္ၿပီး မ်က္ႏွာသစ္ေပးပါ။ ဆားဟာ ျပန္ေနတဲ့အဆီေတြကို ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကို သန္႔ရွင္းေစမွာျဖစ္ပါတယ္။

သဘက္ၾကမ္းၾကမ္းနဲ႔ မသုတ္ပါနဲ႔။

မ်က္ႏွာကို တဘက္ၾကမ္းၾကမ္းနဲ႔ မသုတ္ပါနဲ႔။ ႏူးညံ့ၿပီး သန္႔ရွင္းတဲ့ တဘက္ကိုသာသံုးေပးပါ။ ခပ္ၾကမ္းၾကမ္းသုတ္တာမ်ိဳးမလုပ္ဘဲ ပုပ္ၿပီး မ်က္ႏွာကေရေတြကို သုတ္ေပးပါ။

ေကာင္းမြန္တဲ့ toner ေတြသံုးေပးပါ။

မ်က္ႏွာသစ္သန္႔ရွင္းေရးလုပ္ၿပီးသြားရင္ တိုနာသံုးဖို႔လိုပါတယ္။ ဒါမွ အဆီျပန္တဲ့အသားအေရအတြက္ အဆင္ေျပမွာပါ။ အရင္ဆံုး ႏို႔ (ႏြားႏို႔ (သို႔) ႏို႕တမ်ိဳးမ်ိဳး) ထဲမွာ ၀ါဂြမ္းစကို စိမ္ၿပီး မ်က္ႏွာကို သန္႔ရွင္းေရးလုပ္ေပးပါ။ ၿပီးရင္ တိုနာသံုးပါ။ ဒါမွ ေခၽြးေပါက္ေတြက်ဥ္းေစမွာျဖစ္ပါတယ္။ တိုနာဟာ ၀က္ၿခံထြက္တာကို ကာကြယ္ေပးဖို႔ အေကာင္းဆံုးပါပဲ။ ဒါ့အျပင္ အသားအေရကို စိုေျပသန္႔ရွင္းေစပါတယ္။

သခြားသီးသံုးမယ္။

သခြားသီး တစ္ျခမ္း ႀကိတ္လိုက္ပါ။ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ၿပီး ေမႊေပးပါ။ အဲဒီေနာက္ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ၿပီး Moisturizer လိမ္းေပးပါ။ တစ္ပတ္ကို ၃ ႀကိမ္ေလာက္ ၂ ပတ္တိတိလုပ္ေပးပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသားအရေ အဆီပြန်လို့ စိတ်ညစ်နေလား။ အသားအရေ ကြည်လင်စေပြီး အသားအရောင် ညီညာစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးပါမယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တိုင်း အဆီပြန်တာကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲကြပါတယ်။ ဒီနည်းလမ်းလေးတွေကို လိုက်နာကြည့်ရအောင်။

ရေအေးအေးနဲ့ မျက်နှာသစ်မယ်။

မျက်နှာသစ်မယ်ဆိုရင် ရေအေးအေးနဲ့ မျက်နှာသစ်သင့်ပါတယ်။ ဆပ်ပြာမပါဘဲ ရေအေးအေးလေးနဲ့ တစ်နေ့ကို ၈ ခေါက်လော်ကမျက်နှာသစ်ပါ။ ပြီးရင် cleaner နဲ့ toner သုံးပေးပါ။

ဆားကိုသုံးမယ်။

မျက်နှာသစ်တဲ့အခါတိုင်း ဆားနည်းနည်းလောက်ထည့်ပြီး မျက်နှာသစ်ပေးပါ။ ဆားဟာ ပြန်နေတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို သန့်ရှင်းစေမှာဖြစ်ပါတယ်။

သဘက်ကြမ်းကြမ်းနဲ့ မသုတ်ပါနဲ့။

မျက်နှာကို တဘက်ကြမ်းကြမ်းနဲ့ မသုတ်ပါနဲ့။ နူးညံ့ပြီး သန့်ရှင်းတဲ့ တဘက်ကိုသာသုံးပေးပါ။ ခပ်ကြမ်းကြမ်းသုတ်တာမျိုးမလုပ်ဘဲ ပုပ်ပြီး မျက်နှာကရေတွေကို သုတ်ပေးပါ။

ကောင်းမွန်တဲ့ toner တွေသုံးပေးပါ။

မျက်နှာသစ်သန့်ရှင်းရေးလုပ်ပြီးသွားရင် တိုနာသုံးဖို့လိုပါတယ်။ ဒါမှ အဆီပြန်တဲ့အသားအရေအတွက် အဆင်ပြေမှာပါ။ အရင်ဆုံး နို့ (နွားနို့ (သို့) နို့တမျိုးမျိုး) ထဲမှာ ဝါဂွမ်းစကို စိမ်ပြီး မျက်နှာကို သန့်ရှင်းရေးလုပ်ပေးပါ။ ပြီးရင် တိုနာသုံးပါ။ ဒါမှ ချွေးပေါက်တွေကျဉ်းစေမှာဖြစ်ပါတယ်။ တိုနာဟာ ဝက်ခြံထွက်တာကို ကာကွယ်ပေးဖို့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် အသားအရေကို စိုပြေသန့်ရှင်းစေပါတယ်။

သခွားသီးသုံးမယ်။

သခွားသီး တစ်ခြမ်း ကြိတ်လိုက်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။ အဲဒီနောက် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ပြီး Moisturizer လိမ်းပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ၂ ပတ်တိတိလုပ်ပေးပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top