စိတ္သည္ မေကာင္းမႈ၌ ေမြ႔ေလ်ာ္တတ္သည္-ဟု ဗုဒၶျမတ္စြာ ေဟာၾကားေတာ္မူခဲ့သည္။
အမႈမဲ့
အမွတ္မဲ့ စဥ္းစားလွ်င္ သတ္မည္, ခိုးမည္, စေသာ စိတ္ယုတ္စိတ္ယိုင္းမ်ား
မထားသျဖင့္ မိမိသည္ကား မေကာင္းမႈအကုသိုလ္မွ ကင္းသည္-ဟု ထင္မွတ္ရန္ရွိသည္။
သို႔ေသာ္
ပိသုဏ, ဖရုသ, သမၹပၸလာပ, အဘိဇၩာ, ဗ်ာပါဒ စေသာ ႏႈတ္မႈ စိတ္မႈတို႔သည္လည္း
ဒုစရိုက္တြင္ အပါအ၀င္ျဖစ္ရာ ထိုသိမ္ေမြ႔ေသာ ( ျဖစ္ရန္ လြယ္ကူေသာ )
မေကာင္းမႈမ်ားကိုလည္း မျဖစ္ပြားေစရန္ သတိတရား ထားရမည္ ျဖစ္ပါသည္။
ထို႔ေၾကာင့္
တေန႔တာအဖို႔တြင္ တတ္ႏိုင္သေလာက္ အရိယဓမၼသီလ လံုျခံဳေစရန္ အိပ္ရာထ
မ်က္ႏွာသစ္ခ်ိန္မွစ၍ ကုသိုလ္တရား ပြားမ်ားရန္ ႏႈိးေဆာ္လိုက္ပါသည္။
မဂၤလာႏွင့္ မ်က္ႏွာသစ္ျခင္းျဖင့္ တေန႔တာကို စတင္လိုက္ပါက တေန႔လံုး
စိတ္သန္႔ရွင္းလ်က္ မ်က္ႏွာၾကည္လင္ျပီး ေတြ႔ျမင္ရေသာ လူတကာကို စိတ္ရႊင္လန္း
ၾကည္ႏူးေစပါလိမ့္မည္။
နံနက္အိပ္ရာထတြင္ ေရၾကည္ေရေအးတခြက္ ခပ္ယူျပီးေနာက္ ဤသို႔ေဆာင္ရြက္ရန္ ျဖစ္ပါသည္။
မ်က္ႏွာသစ္တဲ႔အခါ ကုသိုလ္(၅)မ်ိဳးကို ရေအာင္ယူနည္း
(၁) “ဒါနကုသိုလ္”
မနက္အိပ္ယာထမ်က္ႏွာသစ္ေတာ့မယ္ဆိုရင္
ေရဖလားထဲကို ေရထည့္လိုက္ပါ။ မ်က္စိနဲ႔ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ
ေရဖလားကို ကိုင္ထားပါ။ ေရဖလားကို အေပၚေတာ့ မေျမွာက္လိုက္ပါနဲ႔။
ေမတၱာပို႔တဲ႔အခါ အဆင္မေျပမွာစိုးလို႔ပါ။ လက္ကကိုင္ထားတဲ႔ေရဖလားနဲ႔ ''
ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ ကပ္လွဴပါ၏ဘုရား။ ဘုရားတပည့္ေတာ္ကို
သနားခ်ီးေျမွာက္ေသာအားျဖင့္ မ်က္ႏွာသစ္ေတာ္မူပါဘုရား" လုိ႔ဆိုျပီး
ကပ္လိုက္ပါ။ ဒါဆို ဒါနကုသိုလ္ျဖစ္သြားပါျပီ။
.
(၂) “ဗုဒၶႏုသာတိကုသိုလ္”
ျမတ္စြာဘုရားမ်က္ႏွာသစ္ေတာ္ေရ အသံုးျပဳေနတုန္းမွာ အရဟံကို အနက္(၃)ခုနဲ႔ ပြါးလိုက္ပါ။
အရဟံ - ကိေလသာ ၿမဴမွဳန္ပင္ ကင္းစင္ေတာ္မူေသာ ၿမတ္စြာဘုရား၊
အရဟံ - ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ၿမတ္စြာဘုရား၊
အရဟံ - ဆိတ္ကြယ္ရာအရပ္မွာပင္ မေကာင္းမွဳကို မၿပဳေတာ္မူေသာၿမတ္စြာဘုရား။
ဒါဆို ဗုဒၶႏုသာတိကုသိုလ္ျဖစ္သြားပါျပီ။
.
(၃) “ေမတၱာကုသိုလ္”
ၾကည္လင္ေနတဲ႔ေရကိုၾကည့္ျပီး...
ဤေရေအးျမသလို အေဖနဲ႔အေမ စိတ္ေကာရုပ္ေကာ ေအးျမပါေစ။
ဤေရေအးျမသလို ငါ့ရဲ႔အလုပ္ရွင္ စိတ္ေကာရုပ္ေကာ ေအးျမပါေစ။
ဤေရေအးျမသလို ငါ့ရဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေကာရုပ္ေကာ ေအးျမၾကပါေစ။
ဤေရေအးျမသလို သတၱ၀ါအားလံုး စိတ္ေကာရုပ္ေကာ ေအးျမၾကပါေစ…လို႔ ေမတၱာပို႔လိုက္ပါ။
ဒါဆို ေမတၱာကုသိုလ္ျဖစ္သြားပါျပီ။
ဒါ့ေၾကာင့္ေရဖလားကို
အေပၚမေျမွာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမွာက္ထားရင္ ေမတၱာပို႔ရတာ
အဆင္မေျပပါဘူး။ ေရကိုျမင္တဲ႔ေနရာမွာ ေရဖလားကိုထားျပီး ေမတၱာပို႔ရတာက
ပိုအဆင္ေျပလို႔ပါ။
.
(၄) “မရဏာႏုႆတိကုသိုလ္”
ျပီးရင္
ငါဒီတစ္ညေတာ့ အသက္ရွင္ခဲ႔ျပီး။ ၀င္ေလမဆံုးခင္ ထြက္ေလမဆံုးခင္ နံနက္၊ေန႔ည
အခ်ိန္မေရြး ေသသြားႏိုင္သည္…လို႔ မရဏာႏုသာတိပြါးလိုက္ပါ။
ဒါဆိုမရဏာႏုသာတိကုသိုလ္ျဖစ္သြားပါျပီး။
.
(၅) “အသုဘဘာဝနာကုသိုလ္”
မ်က္စိအတြင္းမွာရွိေနတဲ႔
အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာရွိေနတဲ႔ အညစ္အေၾကးေတြ၊
ပါးစပ္မွာရွိေနတဲ႔အညစ္အေၾကးေတြကို အာရံုျပဳျပီး ငါ့ရဲ႔ မ်က္ႏွာဟာ
စက္ဆုပ္ရြံရွာဖြယ္ ပါတကား….လို႔ အသုဘ ဘာ၀နာပြါးလိုက္ပါ။ ဒါဆို အသုဘဘာ၀နာ
ကုသိုလ္ျဖစ္သြားပါျပီး။
အသုဘဘာ၀နာပြါးရတာ အိပ္ယာထဆိုေတာ့
အသုဘရဲ႔လကၡဏာေတြ ထင္ထင္ရွားရွားရွိေနတဲ႔အတြက္ ပြါးရတာပိုေတာင္ ထင္သာျမင္သာ
ရွိပါေသးတယ္။ အျပင္သြားခါနီး ဖီးလိမ္းျပင္ဆင္ျပီးတဲ႔အခါ
လွလွပပ၀တ္ဆင္ထားတဲ႔အခါ အသုဘပြါးရတာ အဆင္မေျပလွပါဘူး။ မိတ္ကပ္ေတြ
အ၀တ္ေတြနဲ႔ဖံုးထားတဲ႔အတြက္ အသုဘလကၡဏာေတြက မေပၚပါဘူး။ အသုဘပြါးတာ
မနက္ေစာေစာက အဆင္ေျပဆံုးပါပဲ။
အားလံုးျပီးမွ ျမတ္စြာဘုရား
မ်က္ႏွာေတာ္သစ္ျပီးျပီ ျဖစ္တဲ့အတြက ္ေဆးအျဖစ္
ျပန္စြန္႔ေတာ္မူပါဘုရား…လို႔စြန္႔ျပီး မ်က္ႏွာသစ္လိုက္ပါ။ ဒါဆို
မ်က္ႏွာသစ္ရင္ ကုသိုလ္(၅)မ်ိဳး ရသြားပါျပီ။
ကဲ.... စာဖတ္သူအေပါင္းတို႔ေရ...
မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြစုေဆာင္းထားလိုက္ပါေနာ္..။
(ဆရာေတာ္ရေ၀ႏြယ္-အင္းမ၏ ရင္ထဲကအရဟံ စာအုပ္မွျပန္လည္မွ်ေ၀ျခင္းျဖင့္ ဒါနကုသိုလ္ျပဳပါသည္။)
Credit:ျမတ္ဗုဒၶအလင္း
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။
အမှုမဲ့
အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ
မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော်
ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု
စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအဝင်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန်
လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည်
ဖြစ်ပါသည်။
ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ
လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန်
နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို
စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော
လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။
နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင်
ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ
ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။
မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ''
မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို
သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး
ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။
.
(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။
.
(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို
အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ
အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက
ပိုအဆင်ပြေလို့ပါ။
.
(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင်
ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည
အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။
ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။
.
(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့
အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊
ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ
စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ
ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့
အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ
ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ
လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ
အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ
မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား
မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက ်ဆေးအဖြစ်
ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို
မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။
ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)
Credit:မြတ်ဗုဒ္ဓအလင်း
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
ေန႔စဥ္ မဂၤလာျဖင့္ မ်က္ႏွာသစ္နည္း ...
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။