iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳပ်ိဳေမတို႔ အိမ္ ေထာင္ရက္သားက်ၿပီး ကိုယ္ ေလးလက္ဝန္ရွိလာၿပီဆို ကိုယ့္ဆီမွာ ပံုမွန္မဟုတ္တဲ့အေနအထားေတြ ၾကံဳတတ္ၾကပါတယ္။႐ုပ္ရွင္ေတြထဲမွာဆို အစားစားေနရင္း ေအာ့အန္… ၿပီးရင္ ျပကၡဒိန္ေလးေျပးၾကည့္ၿပီး မင္းသမီးက ရာသီလာတဲ့ရက္ကို တြက္ခ်က္ၾကတယ္ေပါ့ေနာ္။အဲဒါအျပင္တျခားလကၡဏာေတြျဖစ္တဲ့…ကိုယ္လက္မအီမသာျဖစ္တာ၊ ရင္သားနာက်င္ေနတာ၊ ဝမ္းဗိုက္တစ္ဝိုက္ကိုက္ခဲတာ၊ ခ်င္ျခင္းတပ္တာ၊ အသက္ရွဴၾကပ္တာ၊ ဆီးခဏခဏသြားတာ၊ ေဟာ္မုန္းေျပာင္းလဲေနတာေၾကာင့္ စိတ္ရႈပ္လြယ္တာ၊ မူးေဝေခါင္းကိုက္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ဒီလိုလကၡဏာမ်ိဳးေတြက သေႏၶရွိၿပီး ၅ပတ္၆ပတ္ေက်ာ္မွ သိရတတ္တာပါ။ တစ္ခါတစ္ေလလည္းဒီထက္ပိုၾကာေတာ့မွ သိရတတ္ပါတယ္။ဒါမ်ိဳးေတြျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ္ဝန္ရွိမရွိ စစ္ေဆးသင့္ပါတယ္။ ေခါင္းစဥ္က ေခတ္အဆက္ဆက္ကိုယ္ဝန္စစ္ေဆးနည္းဆိုေပမယ့္ ဗဟုသုတရေအာင္ ကိုယ္ဝန္ရွိတဲ့အခါ ျဖစ္တတ္တဲ့လကၡဏာေလးေတြ အရင္ေဖာ္ျပတာပါ။ ကဲ…အခုစပါၿပီ…. နည္းလမ္းေလးေတြ….

(၁) ဘာလီေစ့၊ဂ်ံဳေစ့ျဖင့္စမ္းသပ္နည္း

ေရွးေရွးတုန္းကေပါ့ကြယ္..1350 BCE ေလာက္တုန္းကေပါ့ အီဂ်စ္ေတြအသံုးျပဳခဲ့တဲ့နည္းလမ္းက ဂ်ံဳေစ့နဲ႔ဘာလီေစ့ေပၚဆီးသြန္ၿပီး ကိုယ္ဝန္ရွိမရွိစမ္းသပ္ၾကပါတယ္တဲ့။ ရက္အေတာ္အတန္ၾကာတဲ့အခါ ဂ်ံဳေစ့က အေၫွာင့္ေပါက္လာရင္ ကိုယ္ဝန္ဟာမိန္းကေလးျဖစ္ၿပီးဘာလီေစ့ကအေၫွာင့္ေပါက္ရင္ေတာ့
 ေယာက်ာ္းေလးလို႔ ခန္႔မွန္းသတ္မွတ္ခဲ့ၾကပါတယ္။ အကယ္၍ ဘယ္အရာမွ အေၫွာက့္မေပါက္လာရင္ေတာ့ ကိုယ္ဝန္မရွိဘူးလို႔ ယူဆၾကတယ္။ ဒီစစ္ေဆးခ်က္မွန္မမွန္ကို ၁၉၆၃ခုႏွစ္က အမ်ိဳးသားေတြ၊ကိုယ္ဝန္မရွိတဲ့အမ်ိဳးသမီးေတြရဲ႕ဆီးနဲ႔ ကိုယ္ဝန္သည္
အမ်ိဳးသမီးေတြရဲ႕ဆီးကို စမ္းသပ္မႈျပဳလုပ္ခဲ့တဲ့အခါ စမ္းသပ္မႈရဲ႕ ၇၀% မွန္ကန္ေနတာ
ကိုေတြ႕ရွိရပါတယ္တဲ့။

(၂) ၾကက္သြန္နီျဖင့္စမ္းသပ္နည္း

ဘာလီ၊ဂ်ံဳေစ့ေတြနဲ႔စမ္းသပ္ေနခ်ိန္မွာပဲ အီဂ်စ္နဲ႔ ဂရိေတြ ရဲ႕ခႏၶာေဗဒေပၚ မႈန္ဝါးဝါးေတြးဆ ထင္ျမင္မႈတစ္ခုေၾကာင့္ ေနာက္ထပ္ေပၚထြက္လာတဲ့နည္းလမ္းကေတာ့ ၾကက္သြန္ ဒါမွမဟုတ္ အနံ႔ျပင္းတဲ့ဟင္းသီးဟင္းရြက္တစ္ခုခုကို မိန္းမကိုယ္အတြင္းထဲထည့္ၿပီးညသိပ္တဲ့နည္းလမ္းပါပဲ။ မနက္လင္းလို႔ ခံတြင္းနံ႔ဟာ ၾကက္သြန္နံ႕ထြက္ေနရင္ ကိုယ္ဝန္မရွိဘူးလို႔ယူဆၿပီး ၾကက္သြန္နံ႔မထြက္ရင္ေတာ့ ကိုယ္ဝန္ရွိပါတယ္တဲ့ရွင္။ ဘာလို႔ဒီလိုသတ္မွတ္ရသလဲဆိုေတာ့ သေႏၶသားမရွိရင္သားအိမ္ဟာပြင့္ေနေတာ့ ခႏၶာကိုယ္ဟာ လွိဳင္ေခါင္းလိုျဖစ္ေနၿပီး ခံတြင္းမွာ ၾကက္သြန္နံ့ထြက္ေစပါတယ္။ ကိုယ္ဝန္ရွိတဲ့အခါမွာေတာ့ သားအိမ္ပိတ္ေနလို႔ အနံ႔မထြက္ဘူးလို႔ ယူဆခဲ့ဖူးၾကပါတယ္။

(၃)တံခါးခ်က္ျဖင့္စမ္းသပ္နည္း

(၁၅)ရာစုႏွစ္ေလာက္မွာေရးသားထားတဲ့ အမ်ိဳးသမီးတို႔ရဲ႕ေခတ္အဆက္ဆက္ေဆးကုထံုးစာအုပ္ထဲမွာ
 ေဖာ္ျပထားတဲ့နည္းလမ္းကေတာ့ အရမ္းကိုထူးဆန္းပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ကိုယ္ဝန္ရွိမရွိ သိခ်င္ရင္ ေဘဇင္ေပၚမွာဆီးသြန္ထားၿပီးအဲ့ဒီဆီးထဲတံခါးခ်က္ဒါမွမဟုတ္ ေသာ့တံကိုထည့္ထားလိုက္ပါ။
 (၃)နာရီ၊ (၄) နာရီေလာက္ၾကာရင္ ေဘဇင္ေပၚကဆီးေရာ တံခါးခ်က္ေရာဖယ္လိုက္ပါ။ ကိုယ္ဝန္ရွိေနတယ္ဆိုရင္ တံခါးခ်က္ရာက်န္ေနလိမ့္မယ္လို႔ ေရးသားထားပါတယ္။


(၄)ဆီးပါရဂူ

တံခါးခ်က္စမ္းသပ္နည္းက ယုတၱိမတန္ေသာ္ျငားလည္း ကိုယ္ဝန္သည္ေတြရဲ႕ဆီးဟာ တျခားသူေတြနဲ႔မတူဘူးဆိုတာေတာ့ ေလ့လာမိခဲ့ၾကပံုရပါတယ္။ ဒါေၾကာင့္ (၁၆)ရာစုႏွစ္မွာေတာ့ ဆီးပါရဂူနည္းလမ္းကို အသိအမွတ္ျပဳလက္ခံခဲ့ၾကပါတယ္။ ဆီးပါရဂူေတြဟာ ဆီးအေရာင္နဲ႔
ဆီးလကၡဏာရပ္ေတြၾကည့္ၿပီး ကိုယ္ဝန္ရွိမရွိေျပာႏိုင္ခဲ့ၾကပါတယ္။တခ်ိဳ႕က ဆီးကိုဝိုင္နဲ႔ေရာစပ္ၿပီး
စမ္းသပ္ခဲ့ၾကပါတယ္။ကိုယ္ဝန္ရွိတယ္ဆို ဆီးဟာ ဝိုင္နဲ႔ေရာစပ္သြားၿပီးတစ္သားတည္းျဖစ္သြား
ပါတယ္။ဒါ့အျပင္ဆီးပါရဂူေတြဟာ…ဆီးကိုၾကည့္ၿပီးကိုယ္ဝန္ရွိမရွိသာမက…လူတစ္ေယာက္ေနေကာင္း
မေကာင္းပါစမ္းသပ္ႏိုင္ပါတယ္တဲ့။

(၅)မ်က္လံုးကိုၾကည့္၍စမ္းသပ္နည္း

(၁၆)ရာစုမွာပဲ သမားေတာ္ Jacques Guillemeau ေဖာ္ျပထားတာကေတာ့ ကိုယ္ဝန္သည္
ဟုတ္မဟုတ္ကို မ်က္လံုးကိုၾကည့္ၿပီးေျပာႏိုင္ပါတယ္တဲ့။ မ်က္စိပညာက်မ္းကို ေရးသားထားတဲ့ ထိုေခတ္အခါက ၾသဇာတိကမၼႀကီးမားတဲ့Guillemeauဟာ “ကိုယ္ဝန္ဒုတိယလေလာက္မွာဆို ကိုယ္ဝန္သည္ရဲ႕မ်က္လံုးမွာ အေရာင္ရင့္ေနၿပီး သူငယ္အိမ္ေသးငယ္သြားပါတယ္။ မ်က္ခြံဟာၫြတ္က်ေနၿပီး မ်က္လံုးေထာင့္က ေသြးေၾကာမ်ားလည္းေရာင္ေနတတ္ပါတယ္။” လို႔ေျပာၾကားခဲ့ပါတယ္။ ဒါဟာအျပည့္အဝမွန္တဲ့အရာေတာ့မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္ သူမွန္တဲ့တစ္ခ်က္ကေတာ့ ကိုယ္ဝန္ရွိေနခ်ိန္မွာ အျမင္အာရံုကို ထိခိုက္ေစတဲ့ေျပာင္းလဲမႈမ်ိဳး မ်က္လံုးမွာ ျဖစ္ေပၚေနတာပါပဲ။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္ မ်က္ကပ္မွန္အသစ္ေျပာင္းတပ္တာမ်ိဳး မလုပ္သင့္ပါဘူး။

(၆)မိန္းမကိုယ္လကၡဏာၾကည့္၍စမ္းသပ္နည္း

ကိုယ္ဝန္ေဆာင္အေစာပိုင္းအခ်ိန္(၆)ပတ္မွ(၈)ပတ္ဝန္းက်င္နားမွာသားအိမ္လည္တိုင္နဲ႔မိန္းမကိုယ္ႏႈတ္
ခမ္းစပ္မိန္မကိုယ္တစ္ဝိုက္ဟာ နက္ျပာေရာင္၊ခရမ္းနီေရာင္ေျပာင္းေနတတ္ပါတယ္။ ဒါကို (၁၈၃၆)ခုႏွစ္ ျပင္သစ္သမားေတာ္ James Read Chadwick ကေတြ႕ရွိခဲ့ၿပီး အဲ့လကၡဏာရပ္ကို Chadwick လကၡဏာလို႔ေခၚတြင္ခဲ့ၾကပါတယ္။ ဆရာဝန္ေတြလည္း တြင္တြင္က်ယ္က်ယ္
လက္ေတြ႕အသံုးခ်စစ္ေဆးစမ္းသပ္ခဲ့ၾကပါတယ္။ဒါေၾကာင့္(၁၉)ရာစုအေစာပိုင္းကကိုယ္ဝန္ေဆာင္ေတြ
 ကိုယ္ဝန္ရွိမရွိကို မိန္းမကိုယ္ကို ၾကည့္ရႈစစ္ေဆးခံခဲ့ၾကရတဲ့သူေတြမ်ားပါတယ္။

(၇) ယုန္ျဖင့္စမ္းသပ္နည္း

(၁၉၂၀) ဝန္းက်င္မွာေတာ့ ဂ်ာမန္သိပၸံပညာရွင္ႏွစ္ဦးျဖစ္တဲ့ Selmar Aschheim နဲ႔ Benard Zondek တို႔စဥ္းစားဆံုးျဖတ္ခဲ့ၾကတာေတာ့ သားအိ္မ္ႀကီးထြားလာတယ္ဆိုတာသားအိမ္ႀကီးထြားေစတဲ့ေဟာ္မုန္း
တစ္ခုေတာ့ရွိရမယ္ဆိုတာပါပဲ။အခုလက္ရွိ HCG လို႔ေခၚေနတဲ့ Human Chorionic Gonadortropin ပါပဲ။ သူတို႔ဟာ လိင္ပိုင္းဆိုင္ရာ မဖြံၿဖိဳးေသးတဲ့ ေသြးေႏြးသတၱဝါ ယုန္၊ႂကြက္စတာေတြကို HCG ေဟာ္မုန္းထိုးၿပီး သားအိမ္ဖြံ႔ၿဖိဳးမႈကို စမ္းသပ္ၾကည့္ခဲ့ၾကရာက ေအာင္ျမင္ခဲ့တာကိုေတြ႕ရပါတယ္။
 ဒါေၾကာင့္ကိုယ္ဝန္စစ္ေဆးခ်င္ရင္ ယုန္ေတြႂကြက္ေတြမွာ စစ္ေဆးမယ့္သူရဲ႕ဆီးကို ထိုးၾကည့္ၿပီး (၅) ရက္ၾကာတဲ့အခါ ထိုးထားတဲ့ယုန္(သို႔) ႂကြက္ကိုဗိုက္ခြဲၿပီးစမ္းသပ္ခဲ့ပါတယ္။
 (၅)ရက္ထပ္ေစာခ်င္ရင္ေတာ့ အေကာင္ေရမ်ားမ်ားကို အသံုးခ်ပါတယ္လို႔ဆိုပါတယ္။

(၈) ဖားျဖင့္စမ္းသပ္နည္း

ႏွစ္(၂၀)ေက်ာ္အၾကာ (၁၉၄၀)ခုႏွစ္ မွာ သိပၸံပညာရွင္ေတြဟာ ယုန္ထက္ျမန္ဆန္တဲ့ဖားနဲ့
 စမ္းသပ္တဲ့နည္းလမ္းကို ရွာေတြ႕ခဲပါတယ္။ဖားတစ္ေကာင္ကို ကိုယ္ဝန္စစ္ေဆးမယ့္ အမ်ိဳးသမီးရဲ႕
ဆီးကိုထိုးသြင္းလိုက္ၿပီး (၂၄)နာရီၾကာတဲ့အခါမွာ အဲ့ဒီဖားရဲ႕သားအိမ္ကိုခြဲၾကည့္တဲ့အခါမွာ
ဥေတြကိုေတြ႕ရရင္ ကိုယ္ဝန္ရွိတာ္လို႔သတ္မွတ္ပါတယ္။

(၉) ေသာက္ေဆး၊ထိုးေဆးျဖင့္ကိုယ္ဝန္စမ္းသပ္နည္း

ယုန္ေတြဖားေတြအသက္ေပးၿပီးတဲ့အခါမွာေတာ့ထိုးေဆးအရင္ေပၚၿပီးေနာက္ပိုင္းကိုယ္ဝန္စမ္းသပ္တဲ့
အခါမွာ ေသာက္ေဆး ပါေပၚလာပါတယ္။ Primodos၊ Duogynon ဆိုတဲ့ ေဆးမ်ိဳးေတြနဲ႔
စမ္းသပ္ႏိုင္ပါတယ္။ သူ႔မွာေသာက္ေဆးေရာ ထိုးေဆးေရာမွာ ေဆးပမာဏ(၂)လံုးစီပါပါတယ္။ ထိုးေဆး (၂)လံုးထိုးရတာပါ။ ပထမတစ္လံုးထိုးအၿပီး (၂၄)နာရီအၾကာ ဒုတိယတစ္လံုးထိုးရပါတယ္။ ထိုးၿပီး (၇)ရက္ေက်ာ္ (၁၀) ရက္အၾကာမွာေဆးအာနိသင္နဲ႔ သိပၸံနည္းက် ဓမၼတာလာေအာင္ျပဳ
လုပ္လိုက္တာပါ။ ကိုယ္ဝန္မရွိမွသာ ဓမၼတာလာတာပါ။ ေသာက္ေဆးဆိုရင္လည္း ဒီအတိုင္းပါပဲ။ပထမ(၁)လံုးစားၿပီး (၂၄)နာရီအတြင္း ေနာက္(၁)လံုးထပ္စား၊ (၁၀) ရက္အတြင္း ဓမၼတာလာမလာကိုၾကည့္ၿပီးကိုယ္ဝန္ရွိမရွိစမ္းသပ္ရတာပါ။ဓမၼတာလာရင္ကိုယ္ဝန္မရွိပါ။

(၁၀)ဆီးစစ္ပစၥည္း ျဖင့္စမ္းသပ္နည္း

ဒါေတြကို ေက်ာ္ျဖတ္ၿပီးတဲ့သကာလ(၁၉၆၀) မွာေတာ့အရမ္းကို ႐ိုးရွင္းလြယ္ကူတဲ့နည္းလမ္းေပၚ
ထြက္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဆီးစစ္ႀကိယာပစၥည္းပါ။ တျဖည္းျဖည္းနဲ႔ နည္းပညာျမင့္မား
လာတာနဲ႔အမွ် (၁) ရက္လည္းေစာင့္စရာမလို (၁) နာရီလည္းေစာင့္စရာမလိုဘဲ မိနစ္ပိုင္း (၅)မိနစ္ (၁၀) မိနစ္အတြင္းတိက်တဲ့အေျဖတစ္ခုကိုရမွာပါ။ အသံုးျပဳပံုကလည္း ႐ိုးရွင္းလွပါတယ္။ မနက္ပိုင္းအေစာဆံုးဆီးကိုယူၿပီး ဆီးစစ္ပစၥည္းကို ခြက္ထဲႏွစ္ စမ္းသပ္ရံုနဲ႔သိႏိုင္ပါတယ္။ ဒါေပမယ့္ သတိထားရမယ့္အခ်က္ေလးေတြရွိပါတယ္။ စိတ္ေရာဂါနဲ႔ပက္သက္တဲ့ေဆးဝါးေတြသံုးဆြဲထားရင္၊ လုပ္ေဆာင္နည္းမွားေနရင္၊ဆီးစစ္ပစၥည္းရက္လြန္ေနရင္၊ေနာက္ (၃၀ဒီဂရီ)ထက္ပိုတဲ့ေနရာမွာ
ထားထားမိရင္၊ အေျဖမွန္ကန္မႈမရွိတတ္ပါဘူး။ ေနာက္ဓမၼတာရက္နဲ႔ကပ္ရပ္တစ္ပတ္အတြင္းမွာဆို
 ကိုယ္ဝန္ရွိတဲ့အခါထြက္တဲ့ေဟာ္မုန္း HCG level နိမ့္ေနတဲ့အတြက္ အေျဖမွန္မထြက္ႏိုင္ပါဘူး။ တစ္ခါတစ္ေလမွာ…မီးယပ္ေရာဂါေၾကာင့္ အေျဖမွာ အျဖဴရစ္ႏွစ္ေၾကာင္းေပၚၿပီးကိုယ္ဝန္ရွိတဲ့
အေျဖမ်ိဳးလည္းေပၚထြက္တတ္ပါတယ္။ သို႔ေသာ္…ဒီႀကိယာဟာ (၉၀)ရာခိုင္ႏႈန္းမွန္ကန္မႈရွိတယ္လို႔
ဆိုထားၾကပါတယ္။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:For Her Myanmar

#Unicode Version
ပျိုပျိုမေတို့ အိမ် ထောင်ရက်သားကျပြီး ကိုယ် လေးလက်ဝန်ရှိလာပြီဆို ကိုယ့်ဆီမှာ ပုံမှန်မဟုတ်တဲ့အနေအထားတွေ ကြုံတတ်ကြပါတယ်။ရုပ်ရှင်တွေထဲမှာဆို အစားစားနေရင်း အော့အန်… ပြီးရင် ပြက္ခဒိန်လေးပြေးကြည့်ပြီး မင်းသမီးက ရာသီလာတဲ့ရက်ကို တွက်ချက်ကြတယ်ပေါ့နော်။အဲဒါအပြင်တခြားလက္ခဏာတွေဖြစ်တဲ့…ကိုယ်လက်မအီမသာဖြစ်တာ၊ ရင်သားနာကျင်နေတာ၊ ဝမ်းဗိုက်တစ်ဝိုက်ကိုက်ခဲတာ၊ ချင်ခြင်းတပ်တာ၊ အသက်ရှူကြပ်တာ၊ ဆီးခဏခဏသွားတာ၊ ဟော်မုန်းပြောင်းလဲနေတာကြောင့် စိတ်ရှုပ်လွယ်တာ၊ မူးဝေခေါင်းကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာမျိုးတွေက သန္ဓေရှိပြီး ၅ပတ်၆ပတ်ကျော်မှ သိရတတ်တာပါ။ တစ်ခါတစ်လေလည်းဒီထက်ပိုကြာတော့မှ သိရတတ်ပါတယ်။ဒါမျိုးတွေဖြစ်လာပြီဆိုရင်တော့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ခေါင်းစဉ်က ခေတ်အဆက်ဆက်ကိုယ်ဝန်စစ်ဆေးနည်းဆိုပေမယ့် ဗဟုသုတရအောင် ကိုယ်ဝန်ရှိတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာလေးတွေ အရင်ဖော်ပြတာပါ။ ကဲ…အခုစပါပြီ…. နည်းလမ်းလေးတွေ….

(၁) ဘာလီစေ့၊ဂျုံစေ့ဖြင့်စမ်းသပ်နည်း

ရှေးရှေးတုန်းကပေါ့ကွယ်..1350 BCE လောက်တုန်းကပေါ့ အီဂျစ်တွေအသုံးပြုခဲ့တဲ့နည်းလမ်းက ဂျုံစေ့နဲ့ဘာလီစေ့ပေါ်ဆီးသွန်ပြီး ကိုယ်ဝန်ရှိမရှိစမ်းသပ်ကြပါတယ်တဲ့။ ရက်အတော်အတန်ကြာတဲ့အခါ ဂျုံစေ့က အညှောင့်ပေါက်လာရင် ကိုယ်ဝန်ဟာမိန်းကလေးဖြစ်ပြီးဘာလီစေ့ကအညှောင့်ပေါက်ရင်တော့
 ယောကျာ်းလေးလို့ ခန့်မှန်းသတ်မှတ်ခဲ့ကြပါတယ်။ အကယ်၍ ဘယ်အရာမှ အညှောက့်မပေါက်လာရင်တော့ ကိုယ်ဝန်မရှိဘူးလို့ ယူဆကြတယ်။ ဒီစစ်ဆေးချက်မှန်မမှန်ကို ၁၉၆၃ခုနှစ်က အမျိုးသားတွေ၊ကိုယ်ဝန်မရှိတဲ့အမျိုးသမီးတွေရဲ့ဆီးနဲ့ ကိုယ်ဝန်သည်
အမျိုးသမီးတွေရဲ့ဆီးကို စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အခါ စမ်းသပ်မှုရဲ့ ၇၀% မှန်ကန်နေတာ
ကိုတွေ့ရှိရပါတယ်တဲ့။

(၂) ကြက်သွန်နီဖြင့်စမ်းသပ်နည်း

ဘာလီ၊ဂျုံစေ့တွေနဲ့စမ်းသပ်နေချိန်မှာပဲ အီဂျစ်နဲ့ ဂရိတွေ ရဲ့ခန္ဓာဗေဒပေါ် မှုန်ဝါးဝါးတွေးဆ ထင်မြင်မှုတစ်ခုကြောင့် နောက်ထပ်ပေါ်ထွက်လာတဲ့နည်းလမ်းကတော့ ကြက်သွန် ဒါမှမဟုတ် အနံ့ပြင်းတဲ့ဟင်းသီးဟင်းရွက်တစ်ခုခုကို မိန်းမကိုယ်အတွင်းထဲထည့်ပြီးညသိပ်တဲ့နည်းလမ်းပါပဲ။ မနက်လင်းလို့ ခံတွင်းနံ့ဟာ ကြက်သွန်နံ့ထွက်နေရင် ကိုယ်ဝန်မရှိဘူးလို့ယူဆပြီး ကြက်သွန်နံ့မထွက်ရင်တော့ ကိုယ်ဝန်ရှိပါတယ်တဲ့ရှင်။ ဘာလို့ဒီလိုသတ်မှတ်ရသလဲဆိုတော့ သန္ဓေသားမရှိရင်သားအိမ်ဟာပွင့်နေတော့ ခန္ဓာကိုယ်ဟာ လှိုင်ခေါင်းလိုဖြစ်နေပြီး ခံတွင်းမှာ ကြက်သွန်နံ့ထွက်စေပါတယ်။ ကိုယ်ဝန်ရှိတဲ့အခါမှာတော့ သားအိမ်ပိတ်နေလို့ အနံ့မထွက်ဘူးလို့ ယူဆခဲ့ဖူးကြပါတယ်။

(၃)တံခါးချက်ဖြင့်စမ်းသပ်နည်း

(၁၅)ရာစုနှစ်လောက်မှာရေးသားထားတဲ့ အမျိုးသမီးတို့ရဲ့ခေတ်အဆက်ဆက်ဆေးကုထုံးစာအုပ်ထဲမှာ
 ဖော်ပြထားတဲ့နည်းလမ်းကတော့ အရမ်းကိုထူးဆန်းပါတယ်။ အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ရှိမရှိ သိချင်ရင် ဘေဇင်ပေါ်မှာဆီးသွန်ထားပြီးအဲ့ဒီဆီးထဲတံခါးချက်ဒါမှမဟုတ် သော့တံကိုထည့်ထားလိုက်ပါ။
 (၃)နာရီ၊ (၄) နာရီလောက်ကြာရင် ဘေဇင်ပေါ်ကဆီးရော တံခါးချက်ရောဖယ်လိုက်ပါ။ ကိုယ်ဝန်ရှိနေတယ်ဆိုရင် တံခါးချက်ရာကျန်နေလိမ့်မယ်လို့ ရေးသားထားပါတယ်။


(၄)ဆီးပါရဂူ

တံခါးချက်စမ်းသပ်နည်းက ယုတ္တိမတန်သော်ငြားလည်း ကိုယ်ဝန်သည်တွေရဲ့ဆီးဟာ တခြားသူတွေနဲ့မတူဘူးဆိုတာတော့ လေ့လာမိခဲ့ကြပုံရပါတယ်။ ဒါကြောင့် (၁၆)ရာစုနှစ်မှာတော့ ဆီးပါရဂူနည်းလမ်းကို အသိအမှတ်ပြုလက်ခံခဲ့ကြပါတယ်။ ဆီးပါရဂူတွေဟာ ဆီးအရောင်နဲ့
ဆီးလက္ခဏာရပ်တွေကြည့်ပြီး ကိုယ်ဝန်ရှိမရှိပြောနိုင်ခဲ့ကြပါတယ်။တချို့က ဆီးကိုဝိုင်နဲ့ရောစပ်ပြီး
စမ်းသပ်ခဲ့ကြပါတယ်။ကိုယ်ဝန်ရှိတယ်ဆို ဆီးဟာ ဝိုင်နဲ့ရောစပ်သွားပြီးတစ်သားတည်းဖြစ်သွား
ပါတယ်။ဒါ့အပြင်ဆီးပါရဂူတွေဟာ…ဆီးကိုကြည့်ပြီးကိုယ်ဝန်ရှိမရှိသာမက…လူတစ်ယောက်နေကောင်း
မကောင်းပါစမ်းသပ်နိုင်ပါတယ်တဲ့။

(၅)မျက်လုံးကိုကြည့်၍စမ်းသပ်နည်း

(၁၆)ရာစုမှာပဲ သမားတော် Jacques Guillemeau ဖော်ပြထားတာကတော့ ကိုယ်ဝန်သည်
ဟုတ်မဟုတ်ကို မျက်လုံးကိုကြည့်ပြီးပြောနိုင်ပါတယ်တဲ့။ မျက်စိပညာကျမ်းကို ရေးသားထားတဲ့ ထိုခေတ်အခါက သြဇာတိကမ္မကြီးမားတဲ့Guillemeauဟာ “ကိုယ်ဝန်ဒုတိယလလောက်မှာဆို ကိုယ်ဝန်သည်ရဲ့မျက်လုံးမှာ အရောင်ရင့်နေပြီး သူငယ်အိမ်သေးငယ်သွားပါတယ်။ မျက်ခွံဟာညွတ်ကျနေပြီး မျက်လုံးထောင့်က သွေးကြောများလည်းရောင်နေတတ်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။ ဒါဟာအပြည့်အဝမှန်တဲ့အရာတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူမှန်တဲ့တစ်ချက်ကတော့ ကိုယ်ဝန်ရှိနေချိန်မှာ အမြင်အာရုံကို ထိခိုက်စေတဲ့ပြောင်းလဲမှုမျိုး မျက်လုံးမှာ ဖြစ်ပေါ်နေတာပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် မျက်ကပ်မှန်အသစ်ပြောင်းတပ်တာမျိုး မလုပ်သင့်ပါဘူး။

(၆)မိန်းမကိုယ်လက္ခဏာကြည့်၍စမ်းသပ်နည်း

ကိုယ်ဝန်ဆောင်အစောပိုင်းအချိန်(၆)ပတ်မှ(၈)ပတ်ဝန်းကျင်နားမှာသားအိမ်လည်တိုင်နဲ့မိန်းမကိုယ်နှုတ်
ခမ်းစပ်မိန်မကိုယ်တစ်ဝိုက်ဟာ နက်ပြာရောင်၊ခရမ်းနီရောင်ပြောင်းနေတတ်ပါတယ်။ ဒါကို (၁၈၃၆)ခုနှစ် ပြင်သစ်သမားတော် James Read Chadwick ကတွေ့ရှိခဲ့ပြီး အဲ့လက္ခဏာရပ်ကို Chadwick လက္ခဏာလို့ခေါ်တွင်ခဲ့ကြပါတယ်။ ဆရာဝန်တွေလည်း တွင်တွင်ကျယ်ကျယ်
လက်တွေ့အသုံးချစစ်ဆေးစမ်းသပ်ခဲ့ကြပါတယ်။ဒါကြောင့်(၁၉)ရာစုအစောပိုင်းကကိုယ်ဝန်ဆောင်တွေ
 ကိုယ်ဝန်ရှိမရှိကို မိန်းမကိုယ်ကို ကြည့်ရှုစစ်ဆေးခံခဲ့ကြရတဲ့သူတွေများပါတယ်။

(၇) ယုန်ဖြင့်စမ်းသပ်နည်း

(၁၉၂၀) ဝန်းကျင်မှာတော့ ဂျာမန်သိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ Selmar Aschheim နဲ့ Benard Zondek တို့စဉ်းစားဆုံးဖြတ်ခဲ့ကြတာတော့ သားအိမ်ကြီးထွားလာတယ်ဆိုတာသားအိမ်ကြီးထွားစေတဲ့ဟော်မုန်း
တစ်ခုတော့ရှိရမယ်ဆိုတာပါပဲ။အခုလက်ရှိ HCG လို့ခေါ်နေတဲ့ Human Chorionic Gonadortropin ပါပဲ။ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ မဖွံဖြိုးသေးတဲ့ သွေးနွေးသတ္တဝါ ယုန်၊ကြွက်စတာတွေကို HCG ဟော်မုန်းထိုးပြီး သားအိမ်ဖွံ့ဖြိုးမှုကို စမ်းသပ်ကြည့်ခဲ့ကြရာက အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်။
 ဒါကြောင့်ကိုယ်ဝန်စစ်ဆေးချင်ရင် ယုန်တွေကြွက်တွေမှာ စစ်ဆေးမယ့်သူရဲ့ဆီးကို ထိုးကြည့်ပြီး (၅) ရက်ကြာတဲ့အခါ ထိုးထားတဲ့ယုန်(သို့) ကြွက်ကိုဗိုက်ခွဲပြီးစမ်းသပ်ခဲ့ပါတယ်။
 (၅)ရက်ထပ်စောချင်ရင်တော့ အကောင်ရေများများကို အသုံးချပါတယ်လို့ဆိုပါတယ်။

(၈) ဖားဖြင့်စမ်းသပ်နည်း

နှစ်(၂၀)ကျော်အကြာ (၁၉၄၀)ခုနှစ် မှာ သိပ္ပံပညာရှင်တွေဟာ ယုန်ထက်မြန်ဆန်တဲ့ဖားနဲ့
 စမ်းသပ်တဲ့နည်းလမ်းကို ရှာတွေ့ခဲပါတယ်။ဖားတစ်ကောင်ကို ကိုယ်ဝန်စစ်ဆေးမယ့် အမျိုးသမီးရဲ့
ဆီးကိုထိုးသွင်းလိုက်ပြီး (၂၄)နာရီကြာတဲ့အခါမှာ အဲ့ဒီဖားရဲ့သားအိမ်ကိုခွဲကြည့်တဲ့အခါမှာ
ဥတွေကိုတွေ့ရရင် ကိုယ်ဝန်ရှိတာ်လို့သတ်မှတ်ပါတယ်။

(၉) သောက်ဆေး၊ထိုးဆေးဖြင့်ကိုယ်ဝန်စမ်းသပ်နည်း

ယုန်တွေဖားတွေအသက်ပေးပြီးတဲ့အခါမှာတော့ထိုးဆေးအရင်ပေါ်ပြီးနောက်ပိုင်းကိုယ်ဝန်စမ်းသပ်တဲ့
အခါမှာ သောက်ဆေး ပါပေါ်လာပါတယ်။ Primodos၊ Duogynon ဆိုတဲ့ ဆေးမျိုးတွေနဲ့
စမ်းသပ်နိုင်ပါတယ်။ သူ့မှာသောက်ဆေးရော ထိုးဆေးရောမှာ ဆေးပမာဏ(၂)လုံးစီပါပါတယ်။ ထိုးဆေး (၂)လုံးထိုးရတာပါ။ ပထမတစ်လုံးထိုးအပြီး (၂၄)နာရီအကြာ ဒုတိယတစ်လုံးထိုးရပါတယ်။ ထိုးပြီး (၇)ရက်ကျော် (၁၀) ရက်အကြာမှာဆေးအာနိသင်နဲ့ သိပ္ပံနည်းကျ ဓမ္မတာလာအောင်ပြု
လုပ်လိုက်တာပါ။ ကိုယ်ဝန်မရှိမှသာ ဓမ္မတာလာတာပါ။ သောက်ဆေးဆိုရင်လည်း ဒီအတိုင်းပါပဲ။ပထမ(၁)လုံးစားပြီး (၂၄)နာရီအတွင်း နောက်(၁)လုံးထပ်စား၊ (၁၀) ရက်အတွင်း ဓမ္မတာလာမလာကိုကြည့်ပြီးကိုယ်ဝန်ရှိမရှိစမ်းသပ်ရတာပါ။ဓမ္မတာလာရင်ကိုယ်ဝန်မရှိပါ။

(၁၀)ဆီးစစ်ပစ္စည်း ဖြင့်စမ်းသပ်နည်း

ဒါတွေကို ကျော်ဖြတ်ပြီးတဲ့သကာလ(၁၉၆၀) မှာတော့အရမ်းကို ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းပေါ်
ထွက်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဆီးစစ်ကြိယာပစ္စည်းပါ။ တဖြည်းဖြည်းနဲ့ နည်းပညာမြင့်မား
လာတာနဲ့အမျှ (၁) ရက်လည်းစောင့်စရာမလို (၁) နာရီလည်းစောင့်စရာမလိုဘဲ မိနစ်ပိုင်း (၅)မိနစ် (၁၀) မိနစ်အတွင်းတိကျတဲ့အဖြေတစ်ခုကိုရမှာပါ။ အသုံးပြုပုံကလည်း ရိုးရှင်းလှပါတယ်။ မနက်ပိုင်းအစောဆုံးဆီးကိုယူပြီး ဆီးစစ်ပစ္စည်းကို ခွက်ထဲနှစ် စမ်းသပ်ရုံနဲ့သိနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေရှိပါတယ်။ စိတ်ရောဂါနဲ့ပက်သက်တဲ့ဆေးဝါးတွေသုံးဆွဲထားရင်၊ လုပ်ဆောင်နည်းမှားနေရင်၊ဆီးစစ်ပစ္စည်းရက်လွန်နေရင်၊နောက် (၃၀ဒီဂရီ)ထက်ပိုတဲ့နေရာမှာ
ထားထားမိရင်၊ အဖြေမှန်ကန်မှုမရှိတတ်ပါဘူး။ နောက်ဓမ္မတာရက်နဲ့ကပ်ရပ်တစ်ပတ်အတွင်းမှာဆို
 ကိုယ်ဝန်ရှိတဲ့အခါထွက်တဲ့ဟော်မုန်း HCG level နိမ့်နေတဲ့အတွက် အဖြေမှန်မထွက်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ…မီးယပ်ရောဂါကြောင့် အဖြေမှာ အဖြူရစ်နှစ်ကြောင်းပေါ်ပြီးကိုယ်ဝန်ရှိတဲ့
အဖြေမျိုးလည်းပေါ်ထွက်တတ်ပါတယ်။ သို့သော်…ဒီကြိယာဟာ (၉၀)ရာခိုင်နှုန်းမှန်ကန်မှုရှိတယ်လို့
ဆိုထားကြပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




Credit:For Her Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top