iMyanmarHouse.com - Best Property Website for Myanmar
×
(၇) သွေးစီးဆင်းမှု
Credit:For Her Myanmar
ပို့သပေးပါတယ်။
#Unicode Version
(၁) နမ်းတဲ့အခါမှာ မျက်လုံးလေးတွေ အော်တို ပိတ်သွားတတ်ကြပါတယ်။
ဒါကတော့ အများစုပါပဲ။ ကိုရီးယားကားထဲမှာဆို သိပ်ရိုဆန်တာပဲရယ်။ ဟိဟိ
ပိတ်မှလည်းဖြစ်မှာကိုး။ နို့မို့မျက်နှာကြီးကြီးကို မြင်နေရမှာ။
(၂) နမ်းတဲ့အခါမှာ လူသုံးပုံပုံနှစ်ပုံလောက်ရဲ့ခေါင်းက အော်တိုမက်တစ် ညာဘက်ကိုစောင်းသွားတတ်ပါတယ်။
မယုံရင် ဒီတစ်ခေါက်နမ်းတဲ့အခါ သတိထားနမ်းကြည့် 😛
(၃) အောက်စီတိုစင်ဓာတ်ထွက်လာပါတယ်
အောက်စီတိုစင်က တစ်ယောက်နဲ့တစ်ယောက်ကို ပိုပြီးနီးစပ်စေတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလည်းပိုတိုးလာစေပါတယ်။ ဒါကြောင့် များများနမ်းမိလေ ပိုပို ကပ်သွားလေဖြစ်တာလားမသိဘူးနော် :p
(၄) ကာတီဇော လယ်ဗယ်ကျသွားပါတယ်တဲ့။ ကာတီဇောဆိုတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းပါ။
ဒါကြောင့်ပဲ နမ်းနေတဲ့အချိန်ကာလမှာ Negative ဆန်တဲ့ ခံစားချက်တွေ ခဏတာပျောက်ဆုံးသွားတာနေမှာပါ။
(၅) ဗြိတိန်နိုင်ငံက သုသေတနပညာရှင်တွေအပြောအရဆိုရင် နမ်းတဲ့အခါ လည်ပင်းနဲ့ မျက်နှာမှာရှိတဲ့ ကြွက်သားပေါင်း ၁၄၆ခုကို အသုံးပြုရပါတယ်တဲ့။
(၆) နမ်းနေတဲ့အချိန် ကယ်လိုရီတွေ လောင်ကျွမ်းပါတယ်တဲ့။
တစ်မိနစ်နမ်းရင် ၆.၄ ကယ်လိုရီ လောင်ကျွမ်းတယ်လို့ဆိုပါတယ်။ ဝိတ်ချနေတဲ့သူတွေအတွက်ကတော့ ရှယ်နည်းလမ်းနော်။ ဂျင်မသွားတော့ပဲ အားနေ နမ်းနေလိုက်ရ။ ဟွင်းဟွင်း နောက်တာပါ နောက်တာပါ။ တကယ် အတည်လို့ သတ်မှတ်သွားရင်လည်း တို့ မသိဝူးနော်။
(၇) သွေးစီးဆင်းမှု
နမ်းနေတဲ့အချိန် တချို့နေရာတွေမှာ သွေးစီးဆင်းနှုန်းက ပုံမှန်ထက်ပိုမြန်ပါတယ်။
အကျိုးဆက်ကတော့ ရင်သားလေးတွေတင်းလာတာမျိုး၊ လိင်အင်္ဂါတွေကစပ်ဖျင်းဖျင်းဖြစ်လာတာမျိုးတွေဖြစ်တတ်ပါတယ်။
ဟုတ်မဟုတ် သူနဲ့တွေ့တဲ့အခါ စမ်းကြည့်လိုက်ဦးနော်။
Credit:For Her Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top