iMyanmarHouse.com - Best Property Website for Myanmar
×

ဝေစမယ့္နည္းေလး၊အားေဆးေလးမ်ား သိရင္ ေျပာျပေပးပါလားဆရာ။ဆိုးက်ိဳးလည္း မျဖစ္ထြန္းေစနိုင္မယ့္ေဆးမ်ိဳးေပါ့ဆရာ။

ဝလာတယ္ဆိုတာမ်ိဳးက အစားအေသာက္၊ အေနအထိုင္၊မ်ိဳးရိုး၊ေရာဂါမရွိ စတဲ့အေျခအေနမ်ိဳးနဲ႕ သက္ဆိုင္ပါတယ္။ ဒီေလာကမွာ ဝေဆးဆိုတာ မရွိေသးပါ။ အားေဆးေတာ့ ရွိပါမယ္။အားေဆးသေဘာက အားျဖည့္ေပးတယ္။ စားခ်င္စိတ္ကိုျဖစ္ေစတယ္။ အားေဆးအမ်ားစုမွာ ဗီတာမင္ဘီပါဝင္ၾကတယ္။ စြမ္းအင္ထုတ္လုပ္မႈျဖစ္စဥ္မွာ ပါဝင္ရျပီး ဇီဝျဖစ္ပ်က္မႈကို ေကာင္းေစတယ္။ အစားစားခ်င္စိတ္ကို ျဖစ္ေနေစမယ္။

ဝေဆးဆိုတာမ်ိဳးက ေၾကျငာသေဘာ ေရာင္းေကာင္းရံုေလာက္သာျဖစ္ပါတယ္။ တကယ္ဝဖို႕ ဆိုရင္-
၁။အစားအေသာက္
၂။အေနအထိုင္
၃။လုပ္ေဆာင္ခ်က္၊ေလ့က်င့္ခန္း
၄။ေရာဂါကင္းရွင္းဖို႕ လိုအပ္ပါတယ္။ ေသြးသားအေျပာင္းအလဲ အမ်ားၾကီးသက္ဆိုင္တယ္။

စာေရးသူငယ္စဥ္က အရမ္းပိန္တယ္။ ဘယ္ေလာက္စာစားဝမလာဘူး။ မ်ိဳးရိုးေၾကာင့္လည္း မဟုတ္ဘူး။မိဘနွစ္ပါးလံုး ဝပါတယ္။ အသက္ၾကီးလာေတာ့ (အသက္ ၁၈နွစ္ေလာက္)မွာ စဝလာတယ္။ အလြန္အကၽြံဝတာေတာ့မဟုတ္ပါဘူး။ ျပန္ေလ့လာၾကည့္ေတာ့ ေက်ာင္းသားဘဝမွာ စားတယ္။ ျပီးရင္အိပ္တယ္။ သတိျပဳမိတာက အဲဒီအခ်ိန္က စားတဲ့အစားအေသာက္မွာ ၾကက္ဥနဲ႕ အငန္ဓာတ္မ်ားတာေတြ႕ရတယ္။ စားျပီးတာနဲ႕ အိပ္ခ်င္လာေတာ့ ေန႕ခင္းအတန္း တခ်ိန္ေလာက္ လစ္တယ္။ ဒီလိုနဲ႕ စားျပီး အိပ္ေတာ့ တျဖည္းျဖည္းဝလာတယ္။ ငယ္ငယ္ကေတာ့ ဘယ္ေလာက္စားစား၊အိပ္အိပ္ ဝမလာဘူး။ ဒီေတာ့ ဘာသိလာလဲဆိုေတာ့ အသက္အရြယ္၊လူပ်ိဳေပါက္ျဖစ္လာတဲ့အခါ ေဟာ္မုန္းအေရးၾကီးတာ သိလာတယ္။ ဥပမာ အိမ္ေထာင္က်ျပီးတဲ့ အမ်ိဳးသမီးေတြ ဝလာတာမ်ိဳး ေတြ႕ဖူးမွာပါ။ ေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ ျဖစ္ပါတယ္။ တားေဆးထိုးေဆးေၾကာင့္လည္း အျဖစ္မ်ားတယ္။ ဝတာကေကာင္းပါတယ္။ အထူးသျဖင့္ ကိုယ့္အေလးခ်ိန္နဲ႕ခ်ိန္ျပီး ဝလာတာမ်ိဳး ျဖစ္သင့္တယ္။ ေဖာလာတယ္ဆိုတာ(ဥပမာ ဘီယာေသာက္လို႕)ဆိုတာမ်ိဳးက က်န္းမာေရးဆိုးက်ိဳး ေတြကို ျဖစ္ေစတယ္။ ဒါ့ေၾကာင့္ အၾကံေပးရရင္ ဝလာပါေစ၊ေဖာမလာေစသင့္ပါ။

ပိုအေရးၾကီးတာက central obesity ဗိုက္ထြက္လာတာမ်ိဳးက မေကာင္းပါ။ ဒီလိုလူမ်ိဳးမွာ ထရိုင္ဂလစ္စရိြဳက္အဆီေတြမ်ားလာတတ္တယ္။ ျမန္မာစကားပံုမွာ ရွိိတယ္။ ဝလို႕ လွတာေလ ဆိုတာမ်ိဳး။ အမွန္က ျပည့္လို႕ လွတာေလဆိုတာမ်ိဳး ပိုျဖစ္သင့္တယ္။ ပိန္ကပ္ေနတဲ့လူမ်ိဳးက အဆီျပင္နည္းတယ္။ အသားဓာတ္ခ်ိဳတဲ့တယ္။ ဒီေတာ့ အသားဓာတ္ကုိ ျဖည့္သင့္တယ္။ အသားဓာတ္မ်ားမ်ားစားပါ။ အဆီဓာတ္ကို လံုေလာက္ရံုစားပါ။ ခြန္အားျဖစ္ေစမယ့္ ကစီဓာတ္စားေပးနိုင္တယ္။ သတိျပဳရမွာက ကစီဓာတ္ေတြ ကပိုလွ်ံေနရင္ ခႏၶာကိုယ္က အဆီျပင္အျဖစ္သိမ္းဆည္းပါလိမ့္မယ္။ ဒီေတာ့ ေလ့က်င့္ခန္းဆိုတာက အခရာက်လာျပန္တယ္။ အစားလည္းစား၊ေလ့က်င့္ခန္းလုပ္ျပီး အိပ္ခ်ိန္မွန္ပါေစ။ အိပ္တတ္ပါေစ။ ျပည့္ျပည့္ျဖိဳးျဖိဳးရိွေနသူက ၾကည့္လို႕ေကာင္းတယ္။ ဝခ်င္သူ၊ပိန္ခ်င္သူမည္သူမဆို ရွိသင့္တဲ့အေလးခ်ိန္တြက္ၾကည့္ပါ။

ေလာေလာဆယ္လက္ခံထားတာက BMI ေခၚတဲ့ အရပ္နဲ႕ အေလးခ်ိန္ကုိ ခ်ိန္တဲ့နည္းပါ။မိမိအေလးခ်ိန္၊အရပ္အေမာင္းကို ခ်ိန္ျပီး BMI တြက္ၾကည့္ပါ။ BMIတြက္နည္းက ခႏၶာကိုယ္အေလးခ်ိန္ကို ကီလိုဂရမ္နဲ႕ ခ်ိန္ပါ။ ေပါင္နဲ႕တြက္ရင္ ကီလုိဂရမ္ျဖစ္လာဖို႕ ၂.၂နဲ႕စားပါ။ ျပီးရင္အရပ္အျမင့္ ကို မီတာ(m)နဲ႕တြက္ခ်က္ပါ။ အေလးခ်ိန္(Kg)ကို အရပ္အျမင့္ မီတာစကြဲ(m2)နဲ႕ စားရင္ BMI ထြက္လာပါတယ္။ BMI ၁၈နဲ႕ ၂၅ၾကားဆိုရင္ အေကာင္းဆုံးပါ။

အလြယ္တြက္နိုင္တဲ့ ေနာက္နည္းတခုလည္း ရွိပါေသးတယ္။ အမ်ိဳးသမီးေတြမွာ အရပ္(၅)ေပကို အရင္ယူပါ။ အရပ္(၅)ေပရွိသူဟာ ေပါင္(၁၀၀)ရွိပါတယ္။ ေနာက္ထပ္ ၁လက္မတိုးသြားတုိင္း ၅ေပါင္ ထပ္ေပါင္းေပးပါ။ ဥပမာအမ်ိဳးသမီးတေယာက္ ၅ေပ၃လက္မဆိုရင္ ၁၁၅ေပါင္ ရွိသင့္ပါတယ္။ အမ်ိဳးသားေတြမွာ အရပ္(၅)ေပရွိရင္ (၁၀၆)ေပါင္ ရွိသင့္တယ္။ အရပ္အေမာင္း တလက္မတိုးတိုင္း (၆)ေပါင္ထပ္ေပါင္းေပးရမယ္။ ဒါ့ေၾကာင့္ အရပ္၅ေပ၃လက္မ ရွိတဲ့အမ်ိဳးသားတေယာက္ဟာ အေလးခ်ိန္ ၁၂၄ေပါင္ ရွိသင့္ပါတယ္။ အထက္ပါအတိုင္း တြက္ခ်က္ျပီးရင္ အရင္ဆံုးလုပ္ရမွာက အစားအေသာက္ေရြးခ်ယ္ပါ။

ပရိုတင္းဓာတ္(အသား၊ငါး၊နို႕၊ၾကက္ဥ)ပါသင့္တယ္။အာလူး၊ေျမပဲ၊ေျပာင္း၊အေစ့အဆန္၊ပဲအမ်ိဳးမ်ိဳး စားေပးသင့္တယ္။ တခါတရံ အစားစားခ်င္စိတ္ျဖစ္ေအာင္ ဗီတာမင္ဘီ၊လိုက္ဆင္း(lysine)ပါဝင္တ့ဲအားေဆးမ်ိဳး ေသာက္ေပးနိုင္တယ္။ cyprohepatadineပါဝင္တဲ့ အားေဆးမ်ိဳး ေကာင္းတယ္။ စားျပီး အိပ္ခ်င္ေအာင္ တြန္းအားေပးမယ္။ သတိျပဳရမွာက ၂နွစ္ေအာက္ေတြမွာ သံုးဖို့ခြင့္မျပဳပါဘူး။ ကေလးငယ္ေတြမွာ ေရရွည္သံုးရင္ ၾကီးထြားမႈကို ေနွးေကြးေစဦးမယ္။

အာဟာရျပည့္ဝေအာင္ ဗီတာမင္ၾကြယ္ဝတဲ့ သစ္သီးဝလံ၊ဟင္းသီးဟင္းရြက္စားေပးပါ။ အစာစားျပီး နွစ္နွစ္ျခိဳက္ျခိဳက္အိပ္ပါ။ အဆီပိုတက္မလာေအာင္ ေလ့က်င့္ခန္း ေကာင္းေကာင္းလုပ္ပါ။အနွစ္ထပ္ခ်ဳပ္ရင္ ဗီတာမင္အားေဆးေတြထက္ အစားအေသာက္၊အေနအထိုင္က အေရးပါပါတယ္။ ထပ္လိုတာက အခ်ိန္ပါ။ ဝလာဖို႕ အခ်ိန္ေပးသင့္တယ္။ ခ်က္ခ်င္းဝလာတာမ်ိဳးက က်န္းမာေရးအတြက္ မသင့္ေတာ္လွဘူး။ အစားအေသာက္၊အေနအထုိင္နဲ႕ အခ်ိန္ေပၚမူတည္ျပီး ဝလာပါလိမ့္မယ္။ ေရာဂါကင္းရွင္းဖို႕လုိအပ္တာလည္း သတိျပဳသင့္ပါတယ္။

Credit:ေဒါက္တာ ေအးမင္းထူး
https://www.facebook.com/pg/myawadyhealth
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 ဝစေမယ့်နည်းလေး၊အားဆေးလေးများ သိရင် ပြောပြပေးပါလားဆရာ။ဆိုးကျိုးလည်း မဖြစ်ထွန်းစေနိုင်မယ့်ဆေးမျိုးပေါ့ဆရာ။

ဝလာတယ်ဆိုတာမျိုးက အစားအသောက်၊ အနေအထိုင်၊မျိုးရိုး၊ရောဂါမရှိ စတဲ့အခြေအနေမျိုးနဲ့ သက်ဆိုင်ပါတယ်။ ဒီလောကမှာ ဝဆေးဆိုတာ မရှိသေးပါ။ အားဆေးတော့ ရှိပါမယ်။အားဆေးသဘောက အားဖြည့်ပေးတယ်။ စားချင်စိတ်ကိုဖြစ်စေတယ်။ အားဆေးအများစုမှာ ဗီတာမင်ဘီပါဝင်ကြတယ်။ စွမ်းအင်ထုတ်လုပ်မှုဖြစ်စဉ်မှာ ပါဝင်ရပြီး ဇီဝဖြစ်ပျက်မှုကို ကောင်းစေတယ်။ အစားစားချင်စိတ်ကို ဖြစ်နေစေမယ်။

ဝဆေးဆိုတာမျိုးက ကြေငြာသဘော ရောင်းကောင်းရုံလောက်သာဖြစ်ပါတယ်။ တကယ်ဝဖို့ ဆိုရင်-
၁။အစားအသောက်
၂။အနေအထိုင်
၃။လုပ်ဆောင်ချက်၊လေ့ကျင့်ခန်း
၄။ရောဂါကင်းရှင်းဖို့ လိုအပ်ပါတယ်။ သွေးသားအပြောင်းအလဲ အများကြီးသက်ဆိုင်တယ်။

စာရေးသူငယ်စဉ်က အရမ်းပိန်တယ်။ ဘယ်လောက်စာစားဝမလာဘူး။ မျိုးရိုးကြောင့်လည်း မဟုတ်ဘူး။မိဘနှစ်ပါးလုံး ဝပါတယ်။ အသက်ကြီးလာတော့ (အသက် ၁၈နှစ်လောက်)မှာ စဝလာတယ်။ အလွန်အကျွံဝတာတော့မဟုတ်ပါဘူး။ ပြန်လေ့လာကြည့်တော့ ကျောင်းသားဘဝမှာ စားတယ်။ ပြီးရင်အိပ်တယ်။ သတိပြုမိတာက အဲဒီအချိန်က စားတဲ့အစားအသောက်မှာ ကြက်ဥနဲ့ အငန်ဓာတ်များတာတွေ့ရတယ်။ စားပြီးတာနဲ့ အိပ်ချင်လာတော့ နေ့ခင်းအတန်း တချိန်လောက် လစ်တယ်။ ဒီလိုနဲ့ စားပြီး အိပ်တော့ တဖြည်းဖြည်းဝလာတယ်။ ငယ်ငယ်ကတော့ ဘယ်လောက်စားစား၊အိပ်အိပ် ဝမလာဘူး။ ဒီတော့ ဘာသိလာလဲဆိုတော့ အသက်အရွယ်၊လူပျိုပေါက်ဖြစ်လာတဲ့အခါ ဟော်မုန်းအရေးကြီးတာ သိလာတယ်။ ဥပမာ အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေ ဝလာတာမျိုး တွေ့ဖူးမှာပါ။ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ တားဆေးထိုးဆေးကြောင့်လည်း အဖြစ်များတယ်။ ဝတာကကောင်းပါတယ်။ အထူးသဖြင့် ကိုယ့်အလေးချိန်နဲ့ချိန်ပြီး ဝလာတာမျိုး ဖြစ်သင့်တယ်။ ဖောလာတယ်ဆိုတာ(ဥပမာ ဘီယာသောက်လို့)ဆိုတာမျိုးက ကျန်းမာရေးဆိုးကျိုး တွေကို ဖြစ်စေတယ်။ ဒါ့ကြောင့် အကြံပေးရရင် ဝလာပါစေ၊ဖောမလာစေသင့်ပါ။

ပိုအရေးကြီးတာက central obesity ဗိုက်ထွက်လာတာမျိုးက မကောင်းပါ။ ဒီလိုလူမျိုးမှာ ထရိုင်ဂလစ်စရွိုက်အဆီတွေများလာတတ်တယ်။ မြန်မာစကားပုံမှာ ရှိတယ်။ ဝလို့ လှတာလေ ဆိုတာမျိုး။ အမှန်က ပြည့်လို့ လှတာလေဆိုတာမျိုး ပိုဖြစ်သင့်တယ်။ ပိန်ကပ်နေတဲ့လူမျိုးက အဆီပြင်နည်းတယ်။ အသားဓာတ်ချိုတဲ့တယ်။ ဒီတော့ အသားဓာတ်ကို ဖြည့်သင့်တယ်။ အသားဓာတ်များများစားပါ။ အဆီဓာတ်ကို လုံလောက်ရုံစားပါ။ ခွန်အားဖြစ်စေမယ့် ကစီဓာတ်စားပေးနိုင်တယ်။ သတိပြုရမှာက ကစီဓာတ်တွေ ကပိုလျှံနေရင် ခန္ဓာကိုယ်က အဆီပြင်အဖြစ်သိမ်းဆည်းပါလိမ့်မယ်။ ဒီတော့ လေ့ကျင့်ခန်းဆိုတာက အခရာကျလာပြန်တယ်။ အစားလည်းစား၊လေ့ကျင့်ခန်းလုပ်ပြီး အိပ်ချိန်မှန်ပါစေ။ အိပ်တတ်ပါစေ။ ပြည့်ပြည့်ဖြိုးဖြိုးရှိနေသူက ကြည့်လို့ကောင်းတယ်။ ဝချင်သူ၊ပိန်ချင်သူမည်သူမဆို ရှိသင့်တဲ့အလေးချိန်တွက်ကြည့်ပါ။

လောလောဆယ်လက်ခံထားတာက BMI ခေါ်တဲ့ အရပ်နဲ့ အလေးချိန်ကို ချိန်တဲ့နည်းပါ။မိမိအလေးချိန်၊အရပ်အမောင်းကို ချိန်ပြီး BMI တွက်ကြည့်ပါ။ BMIတွက်နည်းက ခန္ဓာကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ ချိန်ပါ။ ပေါင်နဲ့တွက်ရင် ကီလိုဂရမ်ဖြစ်လာဖို့ ၂.၂နဲ့စားပါ။ ပြီးရင်အရပ်အမြင့် ကို မီတာ(m)နဲ့တွက်ချက်ပါ။ အလေးချိန်(Kg)ကို အရပ်အမြင့် မီတာစကွဲ(m2)နဲ့ စားရင် BMI ထွက်လာပါတယ်။ BMI ၁၈နဲ့ ၂၅ကြားဆိုရင် အကောင်းဆုံးပါ။

အလွယ်တွက်နိုင်တဲ့ နောက်နည်းတခုလည်း ရှိပါသေးတယ်။ အမျိုးသမီးတွေမှာ အရပ်(၅)ပေကို အရင်ယူပါ။ အရပ်(၅)ပေရှိသူဟာ ပေါင်(၁၀၀)ရှိပါတယ်။ နောက်ထပ် ၁လက်မတိုးသွားတိုင်း ၅ပေါင် ထပ်ပေါင်းပေးပါ။ ဥပမာအမျိုးသမီးတယောက် ၅ပေ၃လက်မဆိုရင် ၁၁၅ပေါင် ရှိသင့်ပါတယ်။ အမျိုးသားတွေမှာ အရပ်(၅)ပေရှိရင် (၁၀၆)ပေါင် ရှိသင့်တယ်။ အရပ်အမောင်း တလက်မတိုးတိုင်း (၆)ပေါင်ထပ်ပေါင်းပေးရမယ်။ ဒါ့ကြောင့် အရပ်၅ပေ၃လက်မ ရှိတဲ့အမျိုးသားတယောက်ဟာ အလေးချိန် ၁၂၄ပေါင် ရှိသင့်ပါတယ်။ အထက်ပါအတိုင်း တွက်ချက်ပြီးရင် အရင်ဆုံးလုပ်ရမှာက အစားအသောက်ရွေးချယ်ပါ။

ပရိုတင်းဓာတ်(အသား၊ငါး၊နို့၊ကြက်ဥ)ပါသင့်တယ်။အာလူး၊မြေပဲ၊ပြောင်း၊အစေ့အဆန်၊ပဲအမျိုးမျိုး စားပေးသင့်တယ်။ တခါတရံ အစားစားချင်စိတ်ဖြစ်အောင် ဗီတာမင်ဘီ၊လိုက်ဆင်း(lysine)ပါဝင်တဲ့အားဆေးမျိုး သောက်ပေးနိုင်တယ်။ cyprohepatadineပါဝင်တဲ့ အားဆေးမျိုး ကောင်းတယ်။ စားပြီး အိပ်ချင်အောင် တွန်းအားပေးမယ်။ သတိပြုရမှာက ၂နှစ်အောက်တွေမှာ သုံးဖို့ခွင့်မပြုပါဘူး။ ကလေးငယ်တွေမှာ ရေရှည်သုံးရင် ကြီးထွားမှုကို နှေးကွေးစေဦးမယ်။

အာဟာရပြည့်ဝအောင် ဗီတာမင်ကြွယ်ဝတဲ့ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်စားပေးပါ။ အစာစားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။ အဆီပိုတက်မလာအောင် လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ပါ။အနှစ်ထပ်ချုပ်ရင် ဗီတာမင်အားဆေးတွေထက် အစားအသောက်၊အနေအထိုင်က အရေးပါပါတယ်။ ထပ်လိုတာက အချိန်ပါ။ ဝလာဖို့ အချိန်ပေးသင့်တယ်။ ချက်ချင်းဝလာတာမျိုးက ကျန်းမာရေးအတွက် မသင့်တော်လှဘူး။ အစားအသောက်၊အနေအထိုင်နဲ့ အချိန်ပေါ်မူတည်ပြီး ဝလာပါလိမ့်မယ်။ ရောဂါကင်းရှင်းဖို့လိုအပ်တာလည်း သတိပြုသင့်ပါတယ်။

Credit:ဒေါက်တာ အေးမင်းထူး
https://www.facebook.com/pg/myawadyhealth

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top