iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတေလမွာ ႐ုတ္တရက္ ေခါင္းေတြ ပတ္ခ်ာလည္ေအာင္ မူးေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဒီလုိ အေျခ အေနမွာ ေသြးအားနည္းလုိ႔ ျဖစ္တာလုိ႔ ပုံေသနည္းဆန္ဆန္ ယူဆၾကပါတယ္။ တကယ္ေတာ့ ဒီလုိျဖစ္ရျခင္းရဲ႕ အျခားအ
ေၾကာင္းျပခ်က္ေတြ ရွိေနပါေသးတယ္။ ယင္းတုိ႔ကုိ  ေဖာ္ျပေပးလုိက္ပါတယ္။
(၁) ႐ုတ္တရက္ ခႏၶာကိုယ္ ဟန္ခ်က္ပ်က္ျခင္း

50% ေသာ ႐ုတ္တရက္ ေခါင္းမူးမုိက္သြားရျခင္းကုိ ခံစားရသူေတြကေတာ့ Benign paroxysmal positional vertigo သုိ႔မဟုတ္ BPPV ျဖစ္ျခင္းေၾကာင့္ပါ။ ဒီအေျခအေနဟာ နားအတြင္းပုိင္း ခၽြတ္ယြင္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အေနအထားပါ။ အိပ္ယာအထ၊ ထုိင္ရာမွ အထမွာ ခႏၶာကိုယ္ဟန္ခ်က္နဲ႔ ဦးေခါင္းရဲ႕ အေနအထား မကိုက္ညီတဲ့ သေဘာမ်ိဳးေၾကာင့္ ျဖစ္တဲ့သေဘာပါ။ တစ္ခ်ိဳ႕ကေတာ့ ခဏခဏ ဆက္တုိက္ျဖစ္တတ္ပါတယ္။
(၂) စုိးရိမ္ေၾကာင့္က်မႈမ်ားေၾကာင့္

အမ်ားသိထားတဲ့အတုိင္း စုိးရိမ္ေၾကာင့္က်မႈနဲ႔ တစ္ျခား စိတ္ပုိင္းဆုိင္ရာ ဖိအားေတြ ခံစားေနရၿပီဆုိရင္လည္း ေခါင္းထဲမွာ ခ်ာခ်ာလည္သည္အထိ မူးေ၀တာမ်ိဳး ခံစားရတတ္ပါတယ္။ ဒီအေျခအေနကေတာ့ ဦးေႏွာက္ထဲကို ေသြးဆီးစင္းမႈႏႈန္း သာမန္ထက္ ျမန္ေနျခင္းေၾကာင့္ ေခါင္းမူူး၊ ေခါင္းကိုက္ကုိ ျဖစ္ေစတာပါ။

Low Blood Pressure (ေသြးဖိအားက်ဆင္းျခင္း)နဲ႔ Anaemia လုိ႔ေခၚတဲ့ ေသြးအားနည္းေရာဂါက ဆင္သေယာင္ ေယာင္ ရွိေပမယ့္ ကြဲျပားပါတယ္။ ဒါေပမယ့္ ႏွစ္ခုစလုံးဟာ ေခါင္းမူးေခါင္းကိုက္ကို ျဖစ္ေစတာခ်င္း အတူတူပါဘဲ။ ေသြးဖိအားက်ဆင္းတာကေတာ့ ေသြးစီးဆင္းမႈ ျမန္ႏႈန္းက်ဆင္းတာကို ဆုိလုိတာ ျဖစ္ၿပီး၊ ေသြးအားနည္းေရာဂါဆုိတာက ေတာ့ သံဓာတ္ကဲ့့သုိ႔ေသာ အေရးပါတဲ့ အာဟာရဓာတ္ ခ်ိဳ႕တဲ့ျခင္းကေန ျဖစ္တဲ့ အာဂႏၱဳေရာဂါတစ္မ်ိဳးပါ။
(၄) အသက္အရြယ္ ႀကီးရင့္ျခင္း

အသက္ႀကီးလာတဲ့အခါမွာေတာ့ အားလုံးသိတဲ့အတုိင္း သာမန္ေနရင္းထုိင္ရင္းနဲ႔ေတာင္ ေသြးတုိးသလုိလုိ ေခါင္းကုိက္သလုိ
လုိ အျေခအေနေတြကုိ အၿမဲလုိလုိ ႀကဳံေတြ႕ေနရတတ္ပါတယ္။ ဒီလုိ ေခါင္းေတြ ပတ္ခ်ာလည္ေအာင္ မူးေလ့ရွိတဲ့ အေျခအေနဟာ အသက္အရြယ္ ႀကီးလာတာနဲ႔အမွ် နာတာရွည္ေရာဂါတစ္ခုလုိ ျဖစ္သြားတတ္ပါတယ္။
(၅) နားကုိက္ျခင္း/ေယာင္ရမ္းျခင္း သုိ႔မဟုတ္ Meniere’s disease

တစ္ခါတေလမွာေတာ့ နားကိုက္ျခင္းနဲ႔ ေခါင္းမူးျခင္း၊ ေခါင္းကိုက္ျခင္း၊စတဲ့ အေျခအေနေတြကုိ ျဖစ္ေစတတ္ပါတယ္။ ဒီလုိအေျခအေနမွာ နားအတြင္း အရည္ဖိအားေတြ ျမင့္မားၿပီး၊ တစ္ခါတေလမွာ ဆူညံသံေၾကာင့္၊ ဟန္ခ်က္မညီညာတဲ့ အသံေၾကာင့္ နားအတြင္းပုိင္း ဖိအားေတြ ျမင့္တက္တဲ့ အခါမ်ိဴးမွာလည္း ဒီလုိ ေခါင္းမူးေခါင္းကိုက္ ျဖစ္တတ္ပါတယ္။

အထက္ပါ အေျခအေနေတြကို ဆက္တုိက္နီးပါး ႀကဳံေတြ႕ရလာၿပီဆုိရင္ေတာ့ နားႏွာေခါင္းဆရာ၀န္နဲ႔ပဲျဖစ္ျဖစ္ အေထြ ေထြေရာဂါကု ဆရာ၀န္နဲ႔ပဲျဖစ္ျဖစ္ ျပသသင့္ပါတယ္။ တစ္ခါတေလမွာ ေဆးထုိးေဆးေသာက္ေလာက္နဲ႔ ဒီအေျခအ ေနကုိ ေက်ာ္လႊားႏုိင္ေပမယ့္ တစ္ခါတရံမွာေတာ့ (နားအတြင္းပုိင္းေရာဂါနဲ႔ ဆက္စပ္ေနရင္) ခြဲစိတ္ကုသရတာမ်ိဳးလည္း ရွိတတ္ပါတယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်ခါတလေမှာ ရုတ်တရက် ခေါင်းတွေ ပတ်ချာလည်အောင် မူးနေတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ ဒီလို အခြေ အနေမှာ သွေးအားနည်းလို့ ဖြစ်တာလို့ ပုံသေနည်းဆန်ဆန် ယူဆကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်ရခြင်းရဲ့ အခြားအ
ကြောင်းပြချက်တွေ ရှိနေပါသေးတယ်။ ယင်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရုတ်တရက် ခန္ဓာကိုယ် ဟန်ချက်ပျက်ခြင်း

50% သော ရုတ်တရက် ခေါင်းမူးမိုက်သွားရခြင်းကို ခံစားရသူတွေကတော့ Benign paroxysmal positional vertigo သို့မဟုတ် BPPV ဖြစ်ခြင်းကြောင့်ပါ။ ဒီအခြေအနေဟာ နားအတွင်းပိုင်း ချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အနေအထားပါ။ အိပ်ယာအထ၊ ထိုင်ရာမှ အထမှာ ခန္ဓာကိုယ်ဟန်ချက်နဲ့ ဦးခေါင်းရဲ့ အနေအထား မကိုက်ညီတဲ့ သဘောမျိုးကြောင့် ဖြစ်တဲ့သဘောပါ။ တစ်ချို့ကတော့ ခဏခဏ ဆက်တိုက်ဖြစ်တတ်ပါတယ်။
(၂) စိုးရိမ်ကြောင့်ကျမှုများကြောင့်

အများသိထားတဲ့အတိုင်း စိုးရိမ်ကြောင့်ကျမှုနဲ့ တစ်ခြား စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ခံစားနေရပြီဆိုရင်လည်း ခေါင်းထဲမှာ ချာချာလည်သည်အထိ မူးဝေတာမျိုး ခံစားရတတ်ပါတယ်။ ဒီအခြေအနေကတော့ ဦးနှောက်ထဲကို သွေးဆီးစင်းမှုနှုန်း သာမန်ထက် မြန်နေခြင်းကြောင့် ခေါင်းမူူး၊ ခေါင်းကိုက်ကို ဖြစ်စေတာပါ။

Low Blood Pressure (သွေးဖိအားကျဆင်းခြင်း)နဲ့ Anaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါက ဆင်သယောင် ယောင် ရှိပေမယ့် ကွဲပြားပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးဟာ ခေါင်းမူးခေါင်းကိုက်ကို ဖြစ်စေတာချင်း အတူတူပါဘဲ။ သွေးဖိအားကျဆင်းတာကတော့ သွေးစီးဆင်းမှု မြန်နှုန်းကျဆင်းတာကို ဆိုလိုတာ ဖြစ်ပြီး၊ သွေးအားနည်းရောဂါဆိုတာက တော့ သံဓာတ်ကဲ့သို့သော အရေးပါတဲ့ အာဟာရဓာတ် ချို့တဲ့ခြင်းကနေ ဖြစ်တဲ့ အာဂန္တုရောဂါတစ်မျိုးပါ။
(၄) အသက်အရွယ် ကြီးရင့်ခြင်း

အသက်ကြီးလာတဲ့အခါမှာတော့ အားလုံးသိတဲ့အတိုင်း သာမန်နေရင်းထိုင်ရင်းနဲ့တောင် သွေးတိုးသလိုလို ခေါင်းကိုက်သလို
လို အြခေအနေတွေကို အမြဲလိုလို ကြုံတွေ့နေရတတ်ပါတယ်။ ဒီလို ခေါင်းတွေ ပတ်ချာလည်အောင် မူးလေ့ရှိတဲ့ အခြေအနေဟာ အသက်အရွယ် ကြီးလာတာနဲ့အမျှ နာတာရှည်ရောဂါတစ်ခုလို ဖြစ်သွားတတ်ပါတယ်။
(၅) နားကိုက်ခြင်း/ယောင်ရမ်းခြင်း သို့မဟုတ် Meniere’s disease

တစ်ခါတလေမှာတော့ နားကိုက်ခြင်းနဲ့ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊စတဲ့ အခြေအနေတွေကို ဖြစ်စေတတ်ပါတယ်။ ဒီလိုအခြေအနေမှာ နားအတွင်း အရည်ဖိအားတွေ မြင့်မားပြီး၊ တစ်ခါတလေမှာ ဆူညံသံကြောင့်၊ ဟန်ချက်မညီညာတဲ့ အသံကြောင့် နားအတွင်းပိုင်း ဖိအားတွေ မြင့်တက်တဲ့ အခါမျိူးမှာလည်း ဒီလို ခေါင်းမူးခေါင်းကိုက် ဖြစ်တတ်ပါတယ်။

အထက်ပါ အခြေအနေတွေကို ဆက်တိုက်နီးပါး ကြုံတွေ့ရလာပြီဆိုရင်တော့ နားနှာခေါင်းဆရာဝန်နဲ့ပဲဖြစ်ဖြစ် အထွေ ထွေရောဂါကု ဆရာဝန်နဲ့ပဲဖြစ်ဖြစ် ပြသသင့်ပါတယ်။ တစ်ခါတလေမှာ ဆေးထိုးဆေးသောက်လောက်နဲ့ ဒီအခြေအ နေကို ကျော်လွှားနိုင်ပေမယ့် တစ်ခါတရံမှာတော့ (နားအတွင်းပိုင်းရောဂါနဲ့ ဆက်စပ်နေရင်) ခွဲစိတ်ကုသရတာမျိုးလည်း ရှိတတ်ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top