iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတုိ႔ မိန္းကေလးေတြဟာ အဝတ္အစား ဖက္႐ွင္နဲ႔ ပတ္သက္လာရင္ ေခတ္အလိုက္ဝတ္ရတာကတစ္မ်ိဳး၊ ရာသီဥတုနဲဲ႔ သြားလာရမယ့္ေနရာေပၚလိုက္ၿပီး ဝတ္ရတာကတစ္ဖံု စသျဖင့္ အဝတ္အစားကို ဂ႐ုစိုက္ၾကေလ့ရွိပါတယ္။ အေပၚယံလူျမင္တဲ့ အဝတ္အစားကို ဦးစားေပးေနမိေပမဲ့ အတြင္းခံအဝတ္အစားကိုေတာ့ သိပ္ၿပီး အေလးမထားတတ္ၾကဘူး။ အတြင္းခံအဝတ္အစားဟာ ခႏၶာကိုယ္အခ်ိဳးအစား ပိုမိုလွပသြားေအာင္လည္း ကူညီေပးပါတယ္။ ၿပီးေတာ့ ဝတ္ဆင္နည္း၊ ထိန္းသိမ္းနည္း မမွန္ရင္လည္း ကိုယ့္အလွကိုပ်က္စီးေစပါတယ္။ ဒီေန႔ေတာ့ ဘရာကို ဘယ္လိုေလွ်ာ္ဖြပ္ထိန္းသိမ္းမလဲဆုိတာ ေျပာျပပါ့မယ္။

၁။ တစ္ႀကိမ္ဝတ္ၿပီး႐ံုနဲ႔ေလွ်ာ္စရာမလိုဘူး

ဘရာကို မၾကာခဏေလွ်ာ္ဖြပ္တာ မေကာင္းပါဘူး။ တင္းရင္းမႈ ေလ်ာ့က်သြားလို႔ ဝတ္လိုက္ရင္ ေခ်ာင္လာပါလိမ့္မယ္။ ကိုယ္နဲ႔မေတာ္ဘဲ ေခ်ာင္ေနတဲ့ဘရာကို မဝတ္သင့္ဘူးေနာ္။

၂။ ဘယ္ေတာ့မွ ေလွ်ာ္ရမလဲ?

ဒါကေတာ့ ကိုယ့့္ရဲ႕ေနထိုင္လႈပ္ရွားပံုေပၚ မူတည္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈမ်ားလို႔ ေခၽြးထြက္မ်ားၿပီး ဘရာကညစ္ပတ္သြားတယ္ဆုိရင္ေတာ့ ေလွ်ာ္သင့္တာေပါ့။ ကိုယ္က ေခၽြးအရမ္းထြက္တဲ့လူမို႔လို႔၊ ညစ္ေပၿပီး ဝတ္မရေတာ့ေလာက္ေအာင္ ျဖစ္သြားလို႔ ဆုိေတာ့မွ ေလွ်ာ္သင့္ပါတယ္။ ေခၽြးမထြက္၊ ဖုန္နဲ႔ေၾကး(ဂ်ီး) မကပ္ဘဲ ဝတ္ခဲ့တယ္ဆုိရင္ေတာ့ ၃ ႀကိမ္ေလာက္အထိ ဝတ္ၿပီးမွ ေလွ်ာ္သင့္ပါတယ္။ တစ္ႀကိမ္ဝတ္ၿပီးတုိင္း တစ္ႀကိမ္မေလွ်ာ္ဘူးဆို ဘရာက အခ်ိန္ၾကာၾကာထိ ဝတ္လို႔ရေနဦးမွာပါ။

၃။ အလွည့္က်ဝတ္

ဘရာမ်ားမ်ား ပိုင္ဆိုင္ထားျခင္းက အလွည္က်ဝတ္လုိ႔ရပါတယ္။ တစ္ထည္တည္းကို မၾကာခဏဝတ္ေနရင္ အဲ့ဒီတစ္ထည္က ျမန္ျမန္ပ်က္စီးသြားေရာ။ ညအိပ္ရင္လည္း ဘရာကိုခၽြတ္အိပ္ပါ။ ရင္သားေတြက သဘာဝအတိုင္းရွိေနဖို႔ အခ်ိန္ေပးမွ တင္းရင္းေနမွာျဖစ္ပါတယ္။

၄။ အေျခာက္ခံစက္

ဘရာေလွ်ာ္ထားတာ မေျခာက္ေသးလို႔ ေလနဲ႔မႈတ္ၿပီး ေျခာက္ေအာင္လုပ္တာမ်ိဳး မလုပ္ပါနဲ႔။ ပံုစံပ်က္သြားၿပီး ေလ်ာ့တိေလ်ာ့ရဲ ျဖစ္သြားပါလိမ့္မယ္။ သဘာဝအတိုင္းပဲ အေျခာက္ခံတာ အေကာင္းဆံုးပါပဲ။

၅။ ေသေသခ်ာခ်ာသိမ္း

ဘရာေတြကို ေခါက္ၿပီး မသိမ္းရဘူးေနာ္။ သူ႔ပံုစံခြက္ေလးကို မေကြး၊ မေခါက္ေစဘဲ ပံုစံတက် အေနအထားေလးနဲ႔သာ သိမ္းရပါမယ္။ သိမ္းတာမမွန္လို႔ ပံုပ်က္ေနတဲ့ဘရာကိုဝတ္မိတဲ့အခါ ကိုယ့္ရဲ႕ ရင္သားအလွပါပ်က္သြားႏိုင္တယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


ကျွန်မတို့ မိန်းကလေးတွေဟာ အဝတ်အစား ဖက်ရှင်နဲ့ ပတ်သက်လာရင် ခေတ်အလိုက်ဝတ်ရတာကတစ်မျိုး၊ ရာသီဥတုနဲ့ သွားလာရမယ့်နေရာပေါ်လိုက်ပြီး ဝတ်ရတာကတစ်ဖုံ စသဖြင့် အဝတ်အစားကို ဂရုစိုက်ကြလေ့ရှိပါတယ်။ အပေါ်ယံလူမြင်တဲ့ အဝတ်အစားကို ဦးစားပေးနေမိပေမဲ့ အတွင်းခံအဝတ်အစားကိုတော့ သိပ်ပြီး အလေးမထားတတ်ကြဘူး။ အတွင်းခံအဝတ်အစားဟာ ခန္ဓာကိုယ်အချိုးအစား ပိုမိုလှပသွားအောင်လည်း ကူညီပေးပါတယ်။ ပြီးတော့ ဝတ်ဆင်နည်း၊ ထိန်းသိမ်းနည်း မမှန်ရင်လည်း ကိုယ့်အလှကိုပျက်စီးစေပါတယ်။ ဒီနေ့တော့ ဘရာကို ဘယ်လိုလျှော်ဖွပ်ထိန်းသိမ်းမလဲဆိုတာ ပြောပြပါ့မယ်။

၁။ တစ်ကြိမ်ဝတ်ပြီးရုံနဲ့လျှော်စရာမလိုဘူး

ဘရာကို မကြာခဏလျှော်ဖွပ်တာ မကောင်းပါဘူး။ တင်းရင်းမှု လျော့ကျသွားလို့ ဝတ်လိုက်ရင် ချောင်လာပါလိမ့်မယ်။ ကိုယ်နဲ့မတော်ဘဲ ချောင်နေတဲ့ဘရာကို မဝတ်သင့်ဘူးနော်။

၂။ ဘယ်တော့မှ လျှော်ရမလဲ?

ဒါကတော့ ကိုယ့့်ရဲ့နေထိုင်လှုပ်ရှားပုံပေါ် မူတည်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများလို့ ချွေးထွက်များပြီး ဘရာကညစ်ပတ်သွားတယ်ဆိုရင်တော့ လျှော်သင့်တာပေါ့။ ကိုယ်က ချွေးအရမ်းထွက်တဲ့လူမို့လို့၊ ညစ်ပေပြီး ဝတ်မရတော့လောက်အောင် ဖြစ်သွားလို့ ဆိုတော့မှ လျှော်သင့်ပါတယ်။ ချွေးမထွက်၊ ဖုန်နဲ့ကြေး(ဂျီး) မကပ်ဘဲ ဝတ်ခဲ့တယ်ဆိုရင်တော့ ၃ ကြိမ်လောက်အထိ ဝတ်ပြီးမှ လျှော်သင့်ပါတယ်။ တစ်ကြိမ်ဝတ်ပြီးတိုင်း တစ်ကြိမ်မလျှော်ဘူးဆို ဘရာက အချိန်ကြာကြာထိ ဝတ်လို့ရနေဦးမှာပါ။

၃။ အလှည့်ကျဝတ်

ဘရာများများ ပိုင်ဆိုင်ထားခြင်းက အလှည်ကျဝတ်လို့ရပါတယ်။ တစ်ထည်တည်းကို မကြာခဏဝတ်နေရင် အဲ့ဒီတစ်ထည်က မြန်မြန်ပျက်စီးသွားရော။ ညအိပ်ရင်လည်း ဘရာကိုချွတ်အိပ်ပါ။ ရင်သားတွေက သဘာဝအတိုင်းရှိနေဖို့ အချိန်ပေးမှ တင်းရင်းနေမှာဖြစ်ပါတယ်။

၄။ အခြောက်ခံစက်

ဘရာလျှော်ထားတာ မခြောက်သေးလို့ လေနဲ့မှုတ်ပြီး ခြောက်အောင်လုပ်တာမျိုး မလုပ်ပါနဲ့။ ပုံစံပျက်သွားပြီး လျော့တိလျော့ရဲ ဖြစ်သွားပါလိမ့်မယ်။ သဘာဝအတိုင်းပဲ အခြောက်ခံတာ အကောင်းဆုံးပါပဲ။

၅။ သေသေချာချာသိမ်း

ဘရာတွေကို ခေါက်ပြီး မသိမ်းရဘူးနော်။ သူ့ပုံစံခွက်လေးကို မကွေး၊ မခေါက်စေဘဲ ပုံစံတကျ အနေအထားလေးနဲ့သာ သိမ်းရပါမယ်။ သိမ်းတာမမှန်လို့ ပုံပျက်နေတဲ့ဘရာကိုဝတ်မိတဲ့အခါ ကိုယ့်ရဲ့ ရင်သားအလှပါပျက်သွားနိုင်တယ်။

Credit:duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top