iMyanmarHouse.com - Best Property Website for Myanmar
×

အရိေမတၱယ်ဘုရား ကို ဖူးခြင္႔ရမည္႔ ပုဂၢိဳလ္မ်ား...

၁။ ယခုၾကံဳေတြ႕ေနတဲ့ ေဂါတမ သာသနာတြင္းမွာ ကုိယ္တုိင္ သီလရွင္၀တ္ျပီး ပရိယတ္၊ ပဋိပတ္သာသနာျပဳတဲ့ ပုဂၢိဳလ္

၂။ မိမိရင္မွျဖစ္တဲ့သား၊ သူတစ္ပါးရင္မွ ျဖစ္တဲ့သားေတြကုိ ရဟန္းခံေပးျခင္း၊ ရွင္ျပဳေပးျခင္းျပဳတဲ့ ပုဂၢိဳလ္။

၃။ မိခင္ဖခင္တုိ့ကုိ ၀တ္ေက်တန္းေက်မဟုတ္ဘဲ စိတ္ပါလက္ပါ ရိုေသစြာျပဳစုလုပ္ေကၽြးတဲ့ ပုဂၢိဳလ္။

၄။ သရဏဂံုသီလ မျပတ္ ေဆာက္တည္ေသာ ပုဂၹိဳလ္။

၅။ ဘုရားသာသနာ တည္စိမ့္ေသာဌာ ေစတီ၊ ပုထိုး၊ စည္းခံု ဥမင္လိုဏ္ေခါင္း ဇရပ္ စသည္တုိ့ကုိ ျပဳျပင္တဲ့ပုဂၹိဳလ္၊ အသစ္ေဆာက္လုပ္လွဴးဒါန္းတဲ့ ပုဂၢိဳလ္။

၆။ ေဗာဓိေညာင္ပင္ စုိက္ပ်ဳိးေသာပုဂၢိဳလ္ ေညာင္ေရသြန္းေလာင္းေသာ ပုဂၢိဳလ္။

၇။ ေရတြင္း ေရကန္ ေရအိမ္ စတုဒီသာ ေက်ာင္းဇရပ္ တံတား ျပဳျပင္ေသာပုဂၢိဳလ္ အရုဏ္ဆြမ္း ေန့ဆြမ္း ေလာင္လွဴေသာ ပုဂၹိဳလ္။

၈။ ရဟန္းတုိ့အား ပစၥည္းေလးပါး လွဴဒါန္းေထာက္ပံံ့ေသာ ပုဂၢိဳလ္။

၉။ ကမၼ႒ာန္းဘာ၀နာ ပြားမ်ားအားထုတ္ေသာ ပုဂၢိဳလ္လ္

အားလံုး ဧကန္မုခ် ေျမၾကီး လက္ခတ္မလြဲ၊ အရိေမေတၱယ်ဘုရားရွင္ကုိ ဖူးေျမာ္ရျပီး နိဗၺာန္ကုိရမယ္။

အရိေမတၱယ်ဘုရား

ကြ်န္ေတာ္တို႔ဟာ တကယ္လို႔ ဗုဒၶဘာသာ၀င္ေတြ ျဖစ္ၾကမယ္ဆိုရင္ ေဟာဒီကမာၻမွာ ေနာင္ပြင္ေတာ္မူမဲ႔ ျမတ္စြာဘုရားအေၾကာင္းကို သိခ်င္ၾကမယ္လို႔ထင္ပါတယ္ တခ်ိဳ႔လည္း သိျပီးျဖစ္ေနၾကမွာပါ မသိရေသးတဲ႔ သူေတြအတြက္ ဒီပိုစ္႔ေလးကိုတင္လိုက္တာပါ ဒီေမးလ္ေလးကို ပို႔ေပးတ႔ဲ အရွင္၀ိမလ၀ံသကို အထူးေက်းဇူးတင္ပါသည္ဘုရား။ ေနာင္ပြင္႔ေတာ္မူမည္႔ အရိေမေတၱယ်ဘုရားရွင္ ကို ရိွခိုးကန္႔ေတာ႔လိုက္ပါတယ္ ဘုရား

ကြ်န္ေတာ္တို႔ ေနထုိင္ေသာေဟာဒီကမာၻမွာဘုရားငါးဆူပြင့္မယ္လို႔ မွတ္သားၾကားသိဖူးပါတယ္ အခုဘုရားေလးဆူးပြင့္ထြန္းျပီးပါျပီ ေနာင္ပြင့္လတၱံေသာ ျမတ္စြာဘုရားမွာ အရိေမေတၱယ်ဘုရားရွင္ ဟုသိရပါတယ္။ ဗုဒၶဘာသာတိုင္းရဲ ႔ရည္မွန္းခ်က္ပန္းတိုင္းက နိဗၺာန္ျဖစ္ပါတယ္ အလြန္ၾကည္ညိဳစရာေကာင္းေသာဘုရားရွင္ရဲ့ တရားေတာ္အားနာၾကားျပီး ေရွ႔ေတာ္မွာတင္ကြ်တ္တမ္း၀င္ နိဗၺာန္စံရမယ္ဆိုရင္ အေကာင္းဆုံးေပါ့ဗ်ာ။"

အဲဒီအတြက္ ကြ်န္ေတာ္တိုဘုရားရွင္ ေဟားၾကားခဲ့သည့္အတိုင္း လိုက္လုပ္ဖို႔ လုိပါတယ္ …သုံးခ်က္ထဲပါ

၁။ မေကာင္းမွု ကိုေရွာင္ရမယ္ ။

၂။ ေကာင္းမွု ကိုေဆာင္ျပီးအစဥ္ျပဳလုပ္ေနရမယ္ ။

၃။ စိတ္ကို ျဖဴစင္ေအာင္ထားရပါမယ္ ။

ေဂါတမ ျမတ္စြာဘုရားရွင္က ကပိၸလဝတ္ျပည္ နိေျဂာဓာရံုေက်ာင္းမွာ သီတင္းသံုးေနတဲ႔အခ်ိန္ အရွင္သာရိပုတၱရာ၏ ေလွ်ာက္ထားခ်က္အရ အရဟတၱဖိုလ္စ်ာန္သမာပတ္ ဝင္စားျပီး အဇိတရဟန္း ေနာင္အနာဂတ္ကာလမွာ အရိေမေတၱယ်ဘုရား ျဖစ္ေတာ္မူမည္႔အေႀကာင္းကို ေဟာႀကားေတာ္ မူပါတယ္။ အရိေမေတၱယ်ဘုရားေလာင္းက တစ္သေခ်ၤႏွင္႔ ကမၻာတစ္သိန္း ပါရမီေတြျဖည္႔က်င္႔ျပီး တုသိတာနတ္ျပည္မွာရိွေနမယ္။

ေနာင္ပြင္႔ေတာ္မူမည္႔အရိေမေတၱယ်ဘုရားရွင္အေႀကာင္း...
အေလာင္းေတာ္နတ္သားက လူ႕ျပည္ကိုဆင္းျပီး ပဋိသေႏၶေနဖို႔ရာအတြက္ ဘုရားေလာင္းတို႔ရဲ႔ ထံုးတမ္းအစဥ္အလာ ဓမၼတာအရ ပဋိသေႏၶယူေတာ႔မယ္ဆိုရင္ ႀကည္႔ျခင္းငါးပါး အရင္ႀကည္႔ျပီးမွ ပဋိသေႏၶယူေလ႔ရိွႀကတယ္။

ႀကည္႔ျခင္းငါးပါးျဖင္႔ႀကည္႔ေတာ္မူျခင္းက-..

၁။ ဘုရားျဖစ္မည္႔ေခတ္အခါကာလကား အႏွစ္တစ္သိန္းမွစျပီး ေအာက္ျဖစ္ေသာကာလ အႏွစ္တစ္ရာတန္းမွစျပီး အထက္ျဖစ္ေသာကာလ (တစ္သိန္းႏွင္႔ တစ္သိန္းေအာက္- ၁၀၀အထက္)

၂။ ဘုရားျဖစ္ရာက်ြန္းကား ဇမၺဴဒိပ္က်ြန္း

၃။ ဘုရားပြင္႔ရာေဒသကား မဇၥ်ိမေဒသ

၄။ ဘုရားေလာင္းျဖစ္ရာ အမ်ိဳးကား မင္းမ်ိဳး ပုဏၰားမ်ိဳး

၅။မယ္ေတာ္၏အသက္အပိုင္းအျခားကား ဘုရားေလာင္းေမြးျပီးခုနစ္ရက္သာေနရျခင္း

ပဋိသေႏၶယူုျခင္း...

ေကတုမတီျပည္………..သခၤစႀကဝေတးမင္းႏွင္႔တိုင္ပင္ႀကံစည္ဘက္ကိုးကြယ္ရာျဖစ္ေသာ အတိတ္ အနာဂတ္ကိုသိျမင္ႏိုင္ျပီးပစၥဳပန္သံသရာအစီးအပြားကို ဆံုးမတတ္ေသာ သုျဗဟၼပုဏၰားႀကီး၏ ျဗဟၼဏဝတီပုေဏၰးမဝမ္းမွာ ပဋိသေႏၶေနလိမ္႔မည္။

ျဗဟၼဏဝတီပုေဏၰးမဝမ္းမွာဆယ္လျပည္႔တဲ႔အခါမွာ ဣသိပေတနသမင္ေတာမွာ မယ္ေတာ္ ျဗဟၼဏဝတီသည္ထိုင္လ်က္လည္းမဟုတ္ အိပ္လ်က္လည္းမဟုတ္ဘဲ ရပ္လ်က္သာလွ်င္ သစ္ပင္၏အကိုင္းအခက္ကိုကိုင္လ်က္ ေမေတၱယ်ကိုဖြားေတာ္မူလိမ္႔မည္။ဘုရားေလာင္းနဲ႔အတူ တစ္ခ်ိန္တည္းဖြားေတာ္မူတဲ႔ဖြားဘက္ေတာ္ ၁၈ ကုေဋအားလံုးအမတ္ေတြခ်ည္းျဖစ္မယ္။ အဇိတဟူေသာအမည္ကိုသာေပးလိမ္႔မယ္။ ဘုရားေလာင္းအဇိတမင္းသားဟာဖြားလွ်င္ဖြားခ်င္း ခုနစ္ဖဝါးလွမ္းျပီး ေျခေတာ္ခ်တိုင္းခ်တိုင္း ႀကာပြင္႔ေတြေပၚေပါက္လိမ္႔မယ္။

ဖြားလွ်င္ဖြားခ်င္း ခုနစ္လွမ္းလွမ္းျပီး ယခုဘဝကား ငါ႔အဖို႔ေနာက္ဆံုးဘဝတည္း ေနာက္ထပ္ဘဝမရိွေတာ႔ျပီ အာသေဝါကင္းသည္ ျဖစ္ေသာေႀကာင္႔ျငိမ္းေအးလတံၱ႔" ဟူေသာစကားကိုအရပ္ေလးမ်က္ႏွာကိုႀကည္႔ျပီးေျပာဆိုလိမ္႔မယ္။

ျပာသာဒ္ေလးေဆာင္ေပၚလာျခင္း...


အဇိတမင္းသားေလာကစည္းစိမ္ခံစားဖို႔ရာေနမင္း၏ေရာင္ျခည္ကဲ႔သို႔လူသားေတြမ်က္စိျဖင္႔စိန္းစိန္းမႀကည္႔ဝံ႕တဲ႔ အေရာင္တလက္လက္ျဖင္႔ ရတနာအေရာင္ထြန္းလင္းေျပာင္တဲ႔တင္႔တယ္ခံ႕ညားေသာျပာသာဒ္ေလးေဆာင္ေပၚေပါက္လာလိ္မ္႔မည္။ျပာသာဒ္ေလးေဆာင္ကို တစ္ေဆာင္မွာ ပရိေဘာဂအသံုးအေဆာင္ အျပည္႔အစံုပါတဲ႔တိုက္ခန္းက ခုနစ္ေထာင္စီ တစ္ဖက္တစ္ဖက္မွာ ပတၱျမားေက်ာက္မ်က္ရြဲစီေသာနဝရတ္ကိုးပါးနဲ႔ ျပည္႔စံုေသာ ပလႅင္ခုနစ္ေထာင္စီ ရတနာခုနစ္ပါးႏွင္႔ျပည္႔စံုေသာ ထီးျဖဴခုနစ္ေထာင္စီ ခုတင္ေညာင္ေစာင္းခုနစ္ေထာင္စီ ျပာသာဒ္တစ္ေဆာင္ကို တိုက္ခန္းက
ခုနစ္ေထာင္စီဆိုေတာ႔ ျပာသာဒ္ေလးေဆာင္ဆိုရင္ တုိက္ခန္းေပါင္း ၂၈၀၀၀ ရိွမယ္။ ျပာသာဒ္တစ္ေဆာင္တစ္ေဆာင္ကို ေရႊအိုးႀကီးကတစ္လံုးစီ။

ေရႊအိုးတစ္လံုးစီရဲ႔အဝကား တစ္ယူဇနာက်ယ္မယ္။ ေရႊအိုး၏အေမာက္ကား ေျမႀကီးနဲ႔အမွ်ေအာက္ေျမႀကီးအဆံုးထိ သံုးလို႔မကုန္ဘူး။ ဒါတင္မကေသးဘူး

ေရႊအိုးတစ္လံုးစီမွာ ပေဒသာပင္ႀကီးေျခာက္ပင္စီ ေပါက္လိမ္႔မယ္။ ျပာသာဒ္တစ္ေဆာင္ တစ္ေဆာင္မွာ ဆဒၵန္ဆင္မင္းခုနစ္ေထာင္ ေလာဟကသိေႏၶာျမင္း တစ္ေထာင္ျဖင္႔ ေမာင္းႏွင္ရေသာရထားခုနစ္ရာ ေမာင္းမေပါင္းတစ္ေသာင္းေျခာက္ေထာင္က ဆိုတီးမွဳတ္ေျဖေဖ်ာ္ဖို႔ရာ

ကေခ်သည္အမ်ိဳးသမီးခုနစ္ေထာင္တို႔ျဖင္႔ေဖ်ာ္ေျဖႀကလိမ္႔မည္။

အဇိတမင္းသားအိမ္ေထာင္ျပဳျခင္း...

အခ်ိန္တန္လို႔အရြယ္ေရာက္တဲ႔အခါ စႏၵမုကၡီအမ်ိဳးသမီးနဲ႔အိမ္ ေထာင္ျပဳလိမ္႔မည္။ စႏၵမုကၡီအမ်ိဳးသမီးကလည္း သူမတူ နတ္သမီးတမွ်အလြန္လွပျပီး သူ႕ရဲ႔ခႏၶာကိုယ္အနံ႔ကား စႏၵကူးသရကၡန္အနံ႕လိုေမႊးႀကိဳင္ေနမယ္။ ခႏၶာကိုယ္အသားကလည္း ဝါဂြမ္းကဲ႔သို႔ ႏူးညံ႕မယ္။ ခႏၶာကိုယ္အေရာင္က ဆယ္႔ႏွစ္ေတာင္အတြင္း မီးမထြန္းဘဲ အေရာင္တဝင္းဝင္းထိန္ေနမယ္။ အရိေမေတၱယ်ဘုရားရွင္ဟာဘယ္ေလာက္ဘုန္းႀကီးလိုက္မလဲဆိုတာ ရွင္ဘုရင္မဟုတ္ဘဲနဲ႔ အဇိတမင္းသားဘဝေလာက္ရိွတာေတာင္မွသခၤစႀကဝေတးမင္းႏွင္႔တကြ ျမိဳ႔ေပါင္းရွစ္ေသာင္းေလးေထာင္က ရွင္ဘုရင္ေတြနတ္သားေတြက ေဝယ်ဝစၥလုပ္ေပးခ်င္လို႔ျပဳလုပ္ခြင္႔ေပးဖို႔လာျပီးေတာင္းပန္ႀကတယ္တဲ႔။ အဇိတမင္းသားက အက်ြႏု္ပ္မွာ ဖြားဘက္ေတာ္ ၁၈ ကုေဋအမတ္ႀကီးႏွင္႔တကြ ဆင္ျမင္းရဲမက္ဗိုလ္ပါေတြ ရိွပါတယ္။ အလိုမရိွေတာ႔ပါဟု ေျပာလႊတ္လိမ္႔မယ္။

သားေတာ္ဖြားျမင္ျခင္း...

အဇိတမင္းသားဟာ ျပသာဒ္ေလးေဆာင္မွာ ေလာကီစည္းစိမ္ခံစားေနစဥ္မွာ အႏွစ္တစ္ေသာင္းျပည္႔တဲ႔အခါက်ရင္ ျဗဟၼာဝံသ ဆိုတဲ႔

သားေယာက်ာ္းေလးေမြးဖြားလိမ္႔မယ္။

နိမိတ္ေလးပါးျမင္ျခင္း...

ျဗဟၼာဝံသ သားေယာက်ာ္းေလးေမြးဖြားျပီးတဲ႔အခါ ဘုရားရွင္တို႔ရဲ႔ ထံုးတမ္းစဥ္လာ ဓမၼတာအရ ဥယ်ာဥ္ကထြက္စဥ္မွာ သူအို သူနာ သူေသ ရဟန္း

နိမိတ္ႀကီးေလးပါးေတြ႕ျမင္ရရင္ သံေဝဂတရားေတြရလာျပီးေတာ႔ ေတာထြက္မည္႔အႀကံျဖစ္ေပၚလာလိမ္႔မည္။ ဒိဗ်ာဝဒါန ေမေတၱယ်ဗ်ာကရဏဝဒါန (၃၆-၃၇) မွာျပဆိုထားတာကေတာ႔ သခၤမင္း၏ ယဇ္တိုင္အပိုင္းပိုင္းျပတ္သည္ကို ျမင္ရျပီး သံေဝဂျဖစ္ျပီးေတာထြက္လိမ္႔မည္လို႔ျပဆိုထားတာရိွေသးတယ္။ ဘယ္လိုပံုနည္းနဲ႔ျဖစ္ျဖစ္ ေတာကေတာ႔ထြက္မွာပါပဲ။ အဇိတမင္းသား ေတာထြက္မယ္႔အႀကံစိတ္ကို သခၤစႀကဝေတးမင္းက သိတဲ႔အခါ အဇိတမင္းသားေပ်ာ္ေအာင္ဆိုျပီးေတာ႔ ရွစ္ေသာင္းေလးေထာင္ေသာ ကေခ်သည္ေတြျမိဳ႔သူ ျမိဳ႔သား နိဂံုးဇနပုဒ္သူ မင္းသားမင္းေျမး သူေဌး သူႀကြယ္စေသာ လူအေပါင္းတို႔က ပန္းနံ႔သာစြဲလ်က္ အဇိတမင္းသားကို ျခံရံျပီးေနႀကလိမ္႔မယ္။ နတ္ျဗဟၼာေတြကလည္း နတ္တို႔ရဲ႔ ထီး တံခြန္ ပန္းနံ႔သာ ေရႊေပါက္ေပါက္ ေငြေပါက္ေပါက္ စသည္တို႔ျဖင္႔ ဘုရားေလာင္းျပာသာဒ္ မိုးႀကီးရြာသကဲ႔သို႔ အျပည္႔အလွ်ံျခံရံခစားေနႀကလိမ္႔မယ္။ လူ႔ဘဝကာမဂုဏ္ထဲမွာေပ်ာ္ေအာင္ေျဖေဖ်ာ္ေနႀကတာ။

အဇိတမင္းသားေတာထြက္ေတာ္မူျခင္း...

အဇိတမင္းသား ေတာထြက္မယ္ဆိုတဲ႔ စိတ္အႀကံကို သခၤစႀကဝေတးမင္းႏွင္႔တကြ တိုင္းသူျပည္သား လုူေတြအားလံုးသိသြားႀကတဲ႔အခါမွာ ဘယ္ေန႔ ဘယ္ရက္ ဘယ္အခ်ိန္မွာ အဇိတမင္း ေတာထြက္မယ္ဆိုတဲ႔ သတင္းအသံကို အားလံုးသိသြားႀကေတာ႔ နန္းတြင္းသူ နန္းတြင္းသား ျမိဳ႕သူျမိဳ႕သားေတြ ေတာရြာဇနပုဒ္က လူေတြ မင္းသား မင္းေျမး သူေဌး သူႀကြယ္အစရိွတဲ႔ လူေပါင္းမ်ားစြာႏွင္႔တကြ စႏၵမုကၡီ သားေတာ္ ျဗဟၼာဝံသ အလုပ္အေက်ြးကေခ်သည္ေတြေရာ အဇိမင္းရဲ႔ ျပာသာဒ္ထဲမွာ ေတာထြက္ရင္လိုက္ဖို႔ရာအတြက္ျပည္႔လွ်ံျပီးေတာ႔ေနမယ္။ ေတာထြက္မည္႔ အခ်ိန္လည္းေရာက္ေရာ လူေပါင္းမ်ားစြာျပည္႔ေနတဲ႔ ျပာသာဒ္ႀကီးဟာ ဘုရားေလာင္းတန္ခိုးေတာ္ႀကာင္႔လည္းေကာင္း စႀကဝေတးမင္းအာဏာေႀကာင္႔လည္းေကာင္း နတ္ျဗဟၼာတို႔ တန္ခိုးေတာ္ေႀကာင္႔လည္းေကာင္း ဟသာၤမင္းပ်ံသကဲ႔သို႔ ေကာင္းကင္ယံသို႔ပ်ံတက္ျပီး ကံ႕ေကာ္ပင္ရိွရာအရပ္သို႔ ေကာင္းကင္ယံခရီးျဖင္႔ ေတာထြက္သြားႀကလိမ္႔မယ္။ နတ္ျဗဟာၼမ်ား ပို႔ေဆာင္ျခင္း ေကာင္းကင္ယံ ဟသာၤပ်ံ ျပာသာဒ္ႀကီးကို ျဗဟာၼမင္းက သံုးယူဇနာ ရိွေသာထီးကိုကိုင္ျပီး လိုက္မယ္။ သိႀကားမင္းက အေတာင္ေျခာက္ဆယ္ရိွေသာ လက္ယာရစ္ ခရုသင္းကိုကိုင္လ်က္ သာဓု သံုးႀကိမ္ေခၚျပီးလိုက္မယ္။ သုတဝံနတ္သားက သားျမီးယပ္ကိုကိုင္ျပီးလိုက္မယ္။ တုသိတာနတ္သားက ပတၱျမားယပ္ကိုကိုင္ျပီးလိုက္မယ္။ ပဥၥသၤိခနတ္သားက ေစာင္းကိုကိုင္္မယ္။ ေလာကပါလနတ္သားေလးေယာက္က သန္လ်က္ကိုကိုင္မယ္။ ႏွစ္သိန္းရွစ္ေသာင္းရိွတဲ႔ ဘီလူးစစ္သည္ေတြက လက္နက္ကိုယ္စီကိုင္မယ္။ နတ္သမီးေတြက ရတနာပုေဋာင္းကိုကိုင္မယ္။ အသူရာနတ္တို႔က သီခ်င္းဆိုျပီးေတာ႔ နတ္တို႔၏ တံခြန္ကိုကိုင္မယ္။ နတ္မင္းတို႔က ပတၱျမားရိွေသာ ဆီမီးကိုကိုင္မယ္။ ဂဠဳန္တို႔က ေစာင္းတီးလိုက္မယ္။ ဂႏၶဗၺနတ္တို႔က ေစာင္းတီးျပီးလိုက္မယ္။ ဟသာၤပ်ံေကာင္းကင္ျပာသာဒ္ထဲမွာ ေတာထြက္လို႔ လိုက္ႀကမည္႔ ပရိသတ္ေတြက ရွစ္ေသာင္းေလးေထာင္တဲ႔။ ေကာင္းကင္ယံျပာသာဒ္ပ်ံနဲ႔ ေဆြစံုမ်ိဳးစံု သားနဲ႔ မယားနဲ႔ ရွစ္ေသာင္းေလးေထာင္ပရိသတ္နဲ႔ အျခံအရံနဲ႔ ေကာင္းကင္ခရီးျဖင္႔ ကံ႕ေကာ္ပင္ရိွရာသို႔ ေတာထြက္မွာ။ အရိေမေတၱယ်ဘုရားရွင္ဟာ ကံ႕ေကာ္ပင္ေအာက္မွာပြင္႔မွာပါ။ ကံ႔ေကာ္ပင္ဆီေရာက္တဲ႔အခါမွာ အဇိတမင္းသားက ကံ႕ေကာ္ပင္ေအာက္မွာ ဒုကၠခရစရိယာကို က်င္႔ေတာ္မူပါမယ္။ အဇိတမင္းသားဟာ ဒုကၠခရစရိယာကို ေျခာက္ရက္က်င္႔ေတာ္မူရံုမွ်နဲ႔ ဘုရားစင္စစ္ျဖစ္လိမ္႔မည္။ စႏၵမုကၡီမိဖုရားက အဲဒီေနရာမွာပဲ နတ္ႀသဇာနဲ႔ျပည္႔စံုတဲ႔ ႏြားႏို႔ဆြမ္းလွဳလိမ္႔မယ္။

သဗၺညဳတဥာဏ္ရသည္႔အခ်ိန္...

ညေနခ်မ္းအခ်ိန္ေရာက္သည္႔အခါ ကံ႕ေကာ္ပင္နဲ႔ မနီးမေဝး ရတနာခုနစ္ပါးနဲ႔ျပည္႔စံုတဲ႔ အျမင္႔ ၆၄ေတာင္ရိွတဲ႔ ေရႊပလႅင္ေပၚေပါက္လာလိမ္႔မယ္။ ထိုေရႊပလႅင္အထက္ဝယ္ ထက္ဝက္ဖြဲ႔ေခြထိုင္ေနေတာ္မူလ်က္ အေရွ႔ေလာကဓာတ္ကိုႀကည္႔ျပီး နတ္ပရိသတ္နဲ႔ လူပရိသတ္ေတြျခံရံလ်က္ မာရ္နတ္ရဲ႔႔ရန္ကိုေအာင္ျမင္လိမ္႔မယ္။ ညဥ္႔ဦးယံမွာ ပုေဗၺနိဝါသႏုႆတိဥာဏ္ကိုရမယ္။ သန္းေခါင္ယံအခ်ိန္မွာ ဒိဗၺစကၡဳဥာဏ္ကိုရမယ္။ မိုးေသာက္ယံအခ်ိန္ အာသဝကၡယဥာဏ္ေတြရျပီးေတာ႔ ေနဝန္းႀကီးေပၚေပါက္လာတဲ႔အခ်ိန္က်ေတာ႔ သစၥာေလးပါးကိုသိျပီး သဗၺညဳတဥာဏ္ကိုရမယ္။

ဘုရားပြင္႔တဲ႔ကံ႕ေကာ္ပင္ရဲ႔ လံုးပတ္က အဲဒီေခတ္အခါမွာ လူေတြရဲ႔ အေတာင္နဲ႔ အေတာင္ခုနစ္ဆယ္ရိွမယ္။ အကိုင္းအခက္ ကိုးကိုင္း ခက္မကိုးျဖာလို႔ေခၚတယ္။ ကံ႕ေကာ္ပင္ရဲ႔ အနံ႕ေတြက ေလေအာက္ကိုဆယ္ယူဇနာ ေလအထက္ကို ဆယ္ယူဇနာေမႊးမယ္။ ကံ႕ေကာ္ပြင္႔ေတြက ႏြားလွည္းဘီးေလာက္ႀကီးမယ္။ ဘုရားျဖစ္တဲ႔ေန႔ကစျပီး ပြင္႔ႀကတဲ႔ ကံ႕ေကာ္ပြင္႔ေတြဟာ ဘုရားပရိနိဗၺာန္စံတဲ႔ေန႔က်မွ ေႀကြႀကေတာ႔မွာ။ အဲဒီကံ႕ေကာ္ပင္ကို ဘယ္ငွက္မွ မနားဝံ႕ႀကဘူး။ ျဖတ္ေက်ာ္မပ်ံ႕ဝံ႕ႀကဘူး။ ကံ႕ေကာ္ပင္းနားေရာက္တဲ႔ငွက္တိုင္း သတၱဝါတိုင္း ကံ႕ေကာ္ပင္ကို လက္ယာရစ္သံုးပတ္ပတ္ျပီးမွ သြားႀကလိမ္႔မယ္။ ျဗဟၼာမင္းက တရားေဟာရန္ ေတာင္းပန္ျခင္း အဲဒီကံ႕ေကာ္ပင္ရဲ႔ အနီးအနားမွာပဲ သီတင္းသံုးေနတဲ႔အခ်ိန္ ေလးဆယ္႔ကိုးရက္ေက်ာ္လြန္တဲ႔အခါ ပြင္႔ေတာ္မူသြားႀကတဲ႔ ဘုရားရွင္တိုင္းရဲ႔ ထံုးတမ္းအစဥ္အလာအရ ျဗဟၼာမင္းႀကီးရဲ႔ေလာကဂရုကို ခံယူမယ္။ ျဗဟၼာမင္းကေတာင္းပန္မွ တရားေဟာရတာက ပြင္႔ေတာ္မူသြားႀကတဲ႔ ဘုရားရွင္တိုင္းရဲ႔ ဓမၼတာျဖစ္လို႔ ေဟာရတာ။ ဘုရားမပြင္႔မီ ဗာဟိရကာလမွ လူဝတ္ေႀကာင္မ်ား ရေသ႔ ပရိဗိုဇ္ ရဟန္း ပုဏၰားတို႔ေတြဟာ ျဗဟၼာေတြကိုသာ အေလးဂရုျပဳ ကိုးကြယ္ေနႀကတာ။ တေလာကလံုးက အေလးအျမတ္ျပဳေသာ ျဗဟၼာႀကီးက ျမတ္စြာဘုရားအား အေလးျပဳ ညႊတ္တြားကိုင္းရွိဳင္းလာလွ်င္ တစ္ေလာကလံုးပင္ ျမတ္စြာဘုရားကို အေလးျပဳညႊတ္တြားကိုင္းရိွဳင္းလာလိမ္႔မယ္။ အဲဒါကို ေလာကဂရု ယူလိုက္တာလို႔ေခၚတယ္။

ဓမၼစႀကာတရားေဟာႀကြျခင္း...


ျဗဟၼာမင္းထံမွ တရားေဟာရန္ဝန္ခံျပီးျပီဆိုလွ်င္ပဲ ဣသိပတနဥယ်ာဥ္ေတာသို႔ ဓမၼစႀကာတရားေဟာဖို႔ရန္ႀကြလိမ္႔မယ္။ ဘုရားရွင္ေျခေတာ္အစံုကို ခံအံ႕ေသာငွာ ေျမႀကီးကိုခြင္းျပီး အေတာင္သံုးဆယ္ရိွတဲ႔ ႀကာပြင္႔ႀကီး ၂၄ ေတာင္ရိွတဲ႔ ႀကာပြင္႔ငယ္ေတြက ဘုရားရွင္ေျခခ်တိုင္း ေျခခ်တိုင္း ပြင္႔ေပးလိမ္႔မယ္။ လူပရိသတ္ ရွစ္ယူဇနာ နတ္ပရိသတ္ စႀကာဝဠာတိုက္အျပည္႔ ျဗဟၼာျပည္အထက္ဆံုး အကနိ႒ဘံုတိုင္ေအာင္ ပရိသတ္ေတြကို ထန္းသီးလံုးေလာက္ႀကီးေသာ ေရာင္ျခည္ေတာ္ ေျခာက္ပါးလႊတ္ျပီး ဓမၼစႀကာတရားေဟာတဲ႔အခါမွာ လူပုဂၢိဳလ္ ကုေဋတစ္သိန္း နတ္ျဗဟၼာေတြက ကုေဋတစ္သိန္း က်ြတ္တမ္းဝင္ႀကလိမ္႔မယ္။

ဘုရားရွင္၏တန္ခိုးေတာ္...


ဘုရားရွင္၏တန္ခိုးေတာ္ေႀကာင္႔ ေရႊပန္းဆိုင္း ေငြပန္းဆိုင္း ပုလဲပန္းဆိုင္း သႏၱာပန္းဆိုင္းတို႔ျဖင္႔ တန္ဆာဆင္လ်က္ ရတနာခုနစ္ပါးႏွင္႔ ျပည္႔စံုျပီး ဆယ္႔ႏွစ္ယူဇနာက်ယ္ဝန္းတဲ႔ ဗိမာန္မ်က္ႏွာက်က္သည္ ဓမၼစႀကာတရားဦးေဟာသည္႔ေန႔မွစျပီး ပရိနိဗၺာန္ဝင္စံသည္႔တိုင္ေအာင္ ေန႔ညအျမဲပင္လိုက္ပါျပီး မ်က္ႏွာက်က္အျဖစ္ မိုးကာျပီးေနမယ္။ အရိေမေတၱယ်ဘုရား ေနသန္႔စင္ေသာအခါ ေနဖို႔ရာအတြက္ ေျမႀကီးတို႔ကိုခြဲျပီး ရတနာသံုးပါးႏွင္႔ျပည္႔စံုေသာ ၁၂ ယူဇနာက်ယ္ဝန္းတဲ႔ ေရႊမ႑ပ္ႀကီးေပၚေပါက္လိမ္႔မယ္။ ဘုရားရွင္တန္ခိုးေတာ္ေႀကာင္႔ မိတာန္ပန္းဆိုင္း တုရင္တိုင္ ထီး တံခြန္ ဆီမီး တန္ေဆာင္း ရတနာမ႑ပ္ႀကီးဟာ ဘုရားရွင္တရားေဟာရာ ဌာနတိုင္းမွာ အိမ္မွာေဟာမယ္ဆိုရင္ အိမ္ေပါက္ဝ ေက်ာင္းမွာေဟာမယ္ဆိုရင္ ေက်ာင္းေပါက္ဝ ျမိဳ႔မွာေဟာမယ္ဆိုရင္ ျမိဳ႔မွာ ေတာမွာေဟာမယ္ဆိုရင္ ေတာမွာ စတဲ႔ ေဟာတဲ႔ေနရာတိုင္းမွာ ေကာင္းကင္ယံကေနျပီး အျမဲတမ္း ပရိနိဗၺာန္စံအထိ လို္က္ပါေနမွာ။

ရုပ္ျမင္သံႀကားေမေတၱယ်ဘုရား...

အရိေမတၱယ်ဘုရား တရားေဟာတဲ႔အခါ ဘယ္ျမိဳ႔ ဘယ္ေဒသ ဘယ္အရပ္ ဘယ္ရြာေဒသ ဇနပုဒ္ အိမ္ကပဲေဟာေဟာ စႀကဝဠာတိုက္တစ္ေသာင္းလံုး ဘုရားရွင္ရဲ႔ တရားေဟာအသံကိုႀကားေနရမယ္။ ဘုရားရွင္ရဲ႔ ပံုသဏၭာန္ကိုလည္းျမင္ေနရမယ္။ ရုပ္လည္းျမင္ရမယ္ အသံလည္းႀကားရမယ္။ မျမင္ခ်င္လို႔ မ်က္စိမွိတ္ထားလည္း မရဘူး။ မႀကားခ်င္လို႔နားပိတ္ထားလည္းမရဘူး။ ဘုရားရွင္ရဲ႔တန္ခိုးေတာ္ေႀကာင္႔ ၃၁ ဘံုအကာအရံမရိွ ဖီလာထုတ္ခ်င္းေပါက္ျမင္ႀကရမွာ။ အေပၚႀကည္႔ရင္ နတ္သား နတ္သမီး ျဗဟၼာေတြျမင္ရမယ္။ ေအာက္ငံု႕ႀကည္႔ရင္ ငရဲျပည္မွာ ခံစားေနရတဲ႔ ငရဲဒုကၡမ်ိဳးစံုကိုျမင္ရေတာ႔ ငရဲေရာက္ေအာင္ အကုသိုလ္ေတြျပဳရဲဖို႔မရိွေတာ႔ဘူး။ အရိေမေတၱယ်ဘုရားရွင္ရဲ႕တန္ခိုးေတာ္ေႀကာင္႔ ေယာက်ာ္းဆိုရင္ နတ္သားလို မိန္းမဆိုရင္ နတ္သမီးလို ေခ်ာေမာလွပေတြခ်ည္းျဖစ္ရာ ရုပ္မေခ်ာ အဂၤါမစံုတစ္ေယာက္မွမရိွ။ အကုန္းအကြ အကန္း အႏူအဝဲေရာဂါသည္ေတြ လံုးဝမရိွ။ အသက္ငါးရာျပည္႔တဲ႔အရြယ္ေရာက္ရင္ အမ်ိဳးသား အမ်ိဳးသမီးေတြ အိမ္ေထာင္ျပဳႀကလိမ္႔မယ္။ ဇနီးေမာင္ႏွံႏွစ္ဦး ခိုက္ရန္ေဒါသမရိွ ျပႆနာမရိွ ကြဲကြာသြားျခင္းလည္းမရိွ။ အျမဲအဆင္ေျပမယ္။ ရာသက္ပန္ေပါင္းသင္းရမယ္။ အမ်ိဳးသမီးတိုင္းမွာ ပတၱျမားနားေတာင္း လက္စြပ္ လက္ေကာက္ ေျခက်င္းစသည္တို႔ဟာ ေရႊအိုးႀကီးေတြထဲက ႀကိဳက္ႏွစ္သက္ရာ ယူဝတ္ႀကမွာ။ ေရႊမဝတ္နိုင္တဲ႔သူမရိွဘူးတဲ႔။ စားစရာပေဒသာပင္ေတြမွာ ယူစားခ်င္တဲ႔အခ်ိန္ယူစားလို႔ရတယ္။ က်န္းမာေရးအေနနဲ႔ႀကည္႔မယ္ဆိုရင္လည္း ဘာေရာဂါမွကိုမရိွဘူး။ ေန႕ညခြဲမရ အရိေမေတၱယ်ဘုရားရွင္ရဲ႔ တန္ခိုးေတာ္ေႀကာင္႔ ကမၻာေလာႀကီးဟာ ေန႔အခါ ညအခါရယ္လို႔မရိွ ေန႔ေရာညပါ အျမဲတမ္းလင္းထိန္ျပီးေတာ႔ မနက္ပြင္႔တဲ႔ပန္း ညပြင္႔တဲ႔ပန္း မနက္ပန္း ညပန္း ႀကက္တြန္သံေတြကို ႀကည္႔ရွဳနားေထာင္ျပီး ေန႔ညခြဲယူရလိမ္႔မယ္။ ပရိနိဗၺာန္စံမည္႔အရြယ္ ျမတ္စြာဘုရားရွင္ဟာ ဘုရားျဖစ္ေတာ္မူျပီးတဲ႔အခ်ိန္ကစျပီး ကုေဋခုနစ္ရာေသာ ပရိသတ္တို႔ကို ေခ်ခ်ြတ္ေတာ္မူျပီးလွ်င္ အႏွစ္ရွစ္ေသာင္းျပည္႔တဲ႔အခ်ိန္မွာ
ပရိနိဗၺာန္စံဝင္လိမ္႔မယ္။ ဒါေပမယ္႔ သာသနာေတာ္က အႏွစ္ႏွစ္သိန္းေျခာက္ေသာင္း ျပည္႔တဲ႔အခါ ဘဒၵကမၻာႀကီးသည္ အခ်ိန္တန္လွ်င္ ပ်က္ျပီး ကမၻာတစ္သိန္းကာလလံုး ဘုရားမပြင္႔ေတာ႔ဘူးတဲ႔။ ဘုရားမပြင္႔တဲ႔ ကမၻာတစ္သိန္းေက်ာ္လြန္ေသာအခါ မ႑ကမၻာျဖစ္ျပီးေတာ႔ ဥတၱရာမမင္းသည္ ရာမသမၺဳဒၶဘုရားျဖစ္လိမ္႔မယ္။ ပေသနဒီေကာသလမင္းက ဓမၼရာဇာဘုရားျဖစ္လိမ္႔မယ္။ အဲဒီ မ႑ကမၻာမွာဘုရားႏွစ္ဆူပြင္႔ျပီးပ်က္စီးသြားတဲ႔အခါ သာရကမၻာျဖစ္ေပၚျပီး အဘိဘူဘုရားတစ္ဆူသာပြင္႔လိမ္႔မယ္။ သာရကမၻာပ်က္ျပီး ကမၻာတစ္သိန္းဘုရားမပြင္႔ဘဲေနျပီးေတာ႔ ကမၻာတစ္သိန္းေက်ာ္လြန္ေသာအခါ ျဖစ္ေပၚလာမယ္႔ ကမၻာမ်ားမွာ ဒီဃေသာနိအသူရိန္နတ္သား စႏၵနီပုဏၰား၊ သုဘလုလင္ ေတာေဒယ်ပုဏၰား ၊ နာဠာဂီရိဆင္မင္း ပလေလယဆင္မင္းတို႔ အစဥ္အတိုင္း ဘုရားျဖစ္လိမ္႔မယ္။ အရိေမေတၱယ်ဘုရားဖူးေျမာ္ရန္ ျပဳလုပ္ရမည္႔ကုသိုလ္ ယခုႀကံဳေတြ႔ေနရတဲ႔ ေဂါတမျမတ္စြာဘုရား သာသနာကာလအတြင္းမွာ ကိုယ္တိုင္ ရဟန္းသာမေဏ သီလရွင္ဝတ္ျပီး ပရိယတ္ ပဋိပတ္ သာသနာျပဳေနတဲ႔ပုဂၢိဳလ္ မိမိရင္မွျဖစ္တဲ႔သား သူတစ္ပါးရင္မွျဖစ္တဲ႔သားေတြကို ရဟန္းခံေပးျခင္း ရွင္ျပဳေပးျခင္းျပဳတဲ႔ပုဂၢိဳလ္ မိခင္ဖခင္ေက်းဇူးရွင္ေတြကို ဝတ္ေက်တမ္းေက်မဟုတ္ဘဲ စိတ္ပါလက္ပါျပဳစုလုပ္ေက်ြးေသာပုဂိၢဳလ္ သရဏဂံုသီလမျပတ္ေဆာက္တည္ေသာပုဂၢိဳလ္ ဘုရားသာသနာတည္စိမ္႔ေသာငွာ ေစတီပုထိုး စည္းခံု ဥမင္လိုဏ္ေခါင္း ဇရပ္စသည္တို႔ကို ျပဳျပင္တဲ႔ပုဂၢိဳလ္ အသစ္ေဆာက္လုပ္လွဳဒါန္းတဲ႔ပုဂၢိဳလ္ ေဗာဓိေညာင္ပင္စိုက္ပ်ိဳးေသာပုဂၢိဳလ္ ေညာင္ေရသြန္းေလာင္းေသာပုဂၢိဳလ္ ေရတြင္း ေရအိုင္ ေရကန္ စတုဒိသာေက်ာင္းဇရပ္ တံတားျ႔ပဳျပင္ေသာပု ၢိဳလ္ အရုဏ္ဆြမ္း ေန႔ဆြမ္းမျပတ္ေလာင္းလွဳေသာပုဂၢိဳလ္ ရဟန္းတို႔အားပစၥည္းေလးပါးတို႔ျဖင္႔ေထာက္ပံ႕လွဳဒါန္းေသာပုဂၢိဳလ္ ကမၼဌာန္းဘာဝနာပြားမ်ားအားထုတ္ေသာပုဂၢိဳလ္…. အဲဒီ ပုဂၢိဳလ္ေတြအားလံုး ဧကန္မုခ် မလြဲမေသြ ေျမႀကီးလက္ခတ္မလြဲ အရိေမေတၱယ်ျမတ္စြာဘုရားကို ဖူးေျမာ္ရျပီး နိဗၺာန္ကိုရမယ္။ အဲဒါက ေဂါတမျမတ္စြာဘုရားကိုယ္တိုင္ေျပာျပခဲ႔တဲ႔ ကုသိုလ္ေတြျဖစ္ပါတယ္။

အရိေမတၱယ်ျမတ္စြာဘုရားေလာင္းေျပာျပခဲ႔တဲ႔ ကုသိုလ္ေတြကေတာ႔….. မဟာေဝသႏၱရာဇာတ္ေတာ္ကို ေန႔ခ်င္းကုန္ေအာင္နာႀကားႀကေသာသူတို႔သည္ က်ြႏု္ပ္ဘုရားမျဖစ္မီအႀကား သံသရာ၌ က်င္လည္ေလသမွ်မွာလည္း စိတ္ႏွင္႔ကိုယ္ကို အစိုးရ၍ လူေကာင္း နတ္ေကာင္း စည္းစိမ္ေကာင္းကို ခံစားရျပီး က်ြႏု္ပ္ဘုရားျဖစ္ေသာအခါ ေရွးဦးစြာ ဖူးေတြ႕ရ၍ ပဋိသမိၻဒါပညာေလးပါးႏွင္႔တကြ ရဟႏၱာအျဖစ္ကို မခ်ြတ္မလြဲရႏိုင္ပါလိမ္႔မယ္လို႔ ရွင္မာလဲမေထရ္ျမတ္အား အရိေမတၱယ်ျမတ္စြာဘုရားေလာင္းက ေျပာျပေတာ္မူခဲ႔ပါတယ္။

Credit: ဓမၼရတနာ
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...

၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဋိပတ်သာသနာပြုတဲ့ ပုဂ္ဂိုလ်

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဂိုလ်။

၃။ မိခင်ဖခင်တို့ကို ဝတ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။

၄။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံံ့သော ပုဂ္ဂိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဂိုလ်လ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။

အရိမေတ္တေယျဘုရား

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလဝံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား

ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သချေၤနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

၁။ ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

၂။ ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

၃။ ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

၄။ ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

၅။မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း...

ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတ္တံ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။

ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး

ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ

ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွနု်ပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့

သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း

နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီးနေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း...

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာၤမင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာၤပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာၤပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့်အချိန်...

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဉာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း...

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်...

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား...

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတားြ့ပုပြင်သောပု ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွနု်ပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွနု်ပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

Credit: ဓမ္မရတနာ
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top