iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳပ်ိဳေမတို႔ မနက္ရံုးသြားတဲ့အခါ၊ အျပင္ထြက္တဲ့အခါ မ်က္ႏွာလွလွေလး ျဖစ္ဖို႔ မိတ္ကပ္၊ မ်က္လံုးကာလာနဲ႔ ႏႈတ္ခမ္းနီေလးေတြ ျပင္ဆင္ျခယ္သေလ့ရွိပါတယ္။ တစ္ေန႔လံုး မိတ္ကပ္လွလွေလးနဲ႔ အျပင္သြားၿပီးလို႔ ညဘက္အိပ္ရာ၀င္ခါနီး ေရာက္ၿပီဆိုရင္ေတာ့ မိတ္ကပ္ေလးေတြ ဖ်က္ေပးဖို႔ လိုပါတယ္။ မိတ္ကပ္မဖ်က္ဘဲ အိပ္တဲ့အခါ မိတ္ကပ္ေတြဟာ ပ်ိဳေမတို႔ရဲ႕ မ်က္ႏွာအသားအေရကို ပ်က္စီးေစပါတယ္။

(၁) တစ္ေန႔ခင္လံုး မ်က္ႏွာမွာ မိတ္ကပ္ေတြက ေခၽြးေတြနဲ႔ ေရာၿပီး ရွိေနပါတယ္။ မိတ္ကပ္ေတြထဲမွာ ပါ၀င္တဲ့ ဓာတုပစၥည္းေတြဟာ မ်က္ႏွာမွာ အခ်ိန္ၾကာၾကာစြဲဖို႔ အေထာက္အပံ့ျပဳသလို မ်က္ႏွာအသားအေရကိုလည္း ပ်က္စီးေစပါတယ္။ မ်က္ႏွာအသားအေရ ျဖဴေဖြးေခ်ာေမြ႔ေနေစခ်င္တယ္ဆိုရင္ေတာ့ မအိပ္ခင္ မ်က္ႏွာသစ္ေပးဖို႔ လိုအပ္ပါတယ္။

(၂) မ်က္ႏွာမွာ ေခၽြးေပါက္မ်ားမ်ား ရွိတဲ့သူဆိုရင္ေတာ့ ညဘက္မိတ္ကပ္မဖ်က္ဘဲ အိပ္မယ္ဆိုရင္ ၀က္ျခံေတြ အမ်ားႀကီး ထြက္လာႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မိတ္ကပ္ေတြဟာ အခ်ိန္ၾကာလာတဲ့အခါမွာ ေခၽြးေပါက္ေတြကို က်ဥ္းေစတတ္ၿပီး ေခၽြးေပါက္က်ဥ္းလာတာနဲ႔အမွ် ၀က္ျခံျဖစ္ဖို႔ မ်ားလာေလပါပဲ။

(၃) မိတ္ကပ္လိမ္းတဲ့အခါ မ်က္လံုးနားတ၀ိုက္ကိုလည္း လိမ္းၾကပါတယ္။ အိပ္ရာ၀င္တဲ့အခါ မ်က္လံုးတ၀ိုက္မွာ မိတ္ကပ္ေတြ ရွိတဲ့အခါ မ်က္လံုးကို ထိခုိက္ေစႏုိင္ပါတယ္။ မိတ္ကပ္မွာ ပါ၀င္တဲ့ ဓာတုပစၥည္းေတြဟာ မ်က္လံုး ယားယံေစျခင္းနဲ႔ ပိုးမႊား၀င္ေရာက္ျခင္းေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

(၄) မိတ္ကပ္မ်ားမ်ား လိမ္းျခင္းက မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ မိတ္ကပ္မဖ်က္ဘဲ အိပ္မိတဲ့အခါ မိတ္ကပ္ေတြဟာ မ်က္ႏွာမွာ ရွိတဲ့ က်ံဳႏိုင္၊ ခ်ဲ႔ႏိုင္ ျပဳလုပ္ေပးႏိုင္တဲ့ ၾကြက္သားေတြရဲ႕ စြမ္းေဆာင္ရည္ကို ေလ်ာ့က်ေစတာေၾကာင့္ အသက္အရြယ္မတိုင္မီ မ်က္ႏွာအိုမင္းရင့္ေရာ္ျခင္းေတြ ျဖစ္တတ္ပါတယ္။

(၅) မိတ္ကပ္ေတြဟာ ေခၽြးေပါက္ေတြကို ပိတ္ေစတာေၾကာင့္ မ်က္ႏွာ အသားအေရ ေျခာက္ေသြ႔ျခင္းကို ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အျပင္သြားလို႔ လိုအပ္တဲ့အခါ မိတ္ကပ္လွလွေလးေတြ လိမ္းေပမယ့္ အိပ္ရာ၀င္ခါနီး ဖ်က္လို႔ရၿပီဆိုရင္ေတာ့ မိတ္ကပ္ေတြ ဖ်က္ၿပီးမွသာ အိပ္ရာ၀င္ပါ။

(၆) အစားမမွားဘဲနဲ႔ မ်က္ႏွာမွာ အနီေရာင္ အစက္၊ အဖုေတြ ထြက္ၿပီး ယားယံေနတယ္ဆိုရင္ေတာ့ မ်က္ႏွာအသားအေရမွာ ျပသာနာရွိေနတာပါ။ မ်က္ႏွာ တျပင္လံုး ယားယံေနတာဟာ ညဘက္ မိတ္ကပ္ေတြ မဖ်က္ဘဲ အိပ္ရာ၀င္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ မ်က္ႏွာအသားအေရ ေကာင္းမြန္ဖို႔အတြက္ ေအာက္ဆီဂ်င္ ရရွိႏိုင္တဲ့ အေပါက္ေလးေတြကို မိတ္ကပ္ေတြက ပိတ္ဆို႔ထားတာေၾကာင့္ ယားယံျခင္းနဲ႔ နီျမန္းျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပျိုပျိုမေတို့ မနက်ရုံးသွားတဲ့အခါ၊ အပြင်ထွက်တဲ့အခါ မျက်နှာလှလှလေး ဖြစ်ဖို့ မိတ်ကပ်၊ မျက်လုံးကာလာနဲ့ နှုတ်ခမ်းနီလေးတွေ ပြင်ဆင်ခြယ်သလေ့ရှိပါတယ်။ တစ်နေ့လုံး မိတ်ကပ်လှလှလေးနဲ့ အပြင်သွားပြီးလို့ ညဘက်အိပ်ရာဝင်ခါနီး ရောက်ပြီဆိုရင်တော့ မိတ်ကပ်လေးတွေ ဖျက်ပေးဖို့ လိုပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်တဲ့အခါ မိတ်ကပ်တွေဟာ ပျိုမေတို့ရဲ့ မျက်နှာအသားအရေကို ပျက်စီးစေပါတယ်။

(၁) တစ်နေ့ခင်လုံး မျက်နှာမှာ မိတ်ကပ်တွေက ချွေးတွေနဲ့ ရောပြီး ရှိနေပါတယ်။ မိတ်ကပ်တွေထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မျက်နှာမှာ အချိန်ကြာကြာစွဲဖို့ အထောက်အပံ့ပြုသလို မျက်နှာအသားအရေကိုလည်း ပျက်စီးစေပါတယ်။ မျက်နှာအသားအရေ ဖြူဖွေးချောမွေ့နေစေချင်တယ်ဆိုရင်တော့ မအိပ်ခင် မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။

(၂) မျက်နှာမှာ ချွေးပေါက်များများ ရှိတဲ့သူဆိုရင်တော့ ညဘက်မိတ်ကပ်မဖျက်ဘဲ အိပ်မယ်ဆိုရင် ဝက်ခြံတွေ အများကြီး ထွက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိတ်ကပ်တွေဟာ အချိန်ကြာလာတဲ့အခါမှာ ချွေးပေါက်တွေကို ကျဉ်းစေတတ်ပြီး ချွေးပေါက်ကျဉ်းလာတာနဲ့အမျှ ဝက်ခြံဖြစ်ဖို့ များလာလေပါပဲ။

(၃) မိတ်ကပ်လိမ်းတဲ့အခါ မျက်လုံးနားတဝိုက်ကိုလည်း လိမ်းကြပါတယ်။ အိပ်ရာဝင်တဲ့အခါ မျက်လုံးတဝိုက်မှာ မိတ်ကပ်တွေ ရှိတဲ့အခါ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ မိတ်ကပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မျက်လုံး ယားယံစေခြင်းနဲ့ ပိုးမွှားဝင်ရောက်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) မိတ်ကပ်များများ လိမ်းခြင်းက မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိတဲ့အခါ မိတ်ကပ်တွေဟာ မျက်နှာမှာ ရှိတဲ့ ကျုံနိုင်၊ ချဲ့နိုင် ပြုလုပ်ပေးနိုင်တဲ့ ကြွက်သားတွေရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေတာကြောင့် အသက်အရွယ်မတိုင်မီ မျက်နှာအိုမင်းရင့်ရော်ခြင်းတွေ ဖြစ်တတ်ပါတယ်။

(၅) မိတ်ကပ်တွေဟာ ချွေးပေါက်တွေကို ပိတ်စေတာကြောင့် မျက်နှာ အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် အပြင်သွားလို့ လိုအပ်တဲ့အခါ မိတ်ကပ်လှလှလေးတွေ လိမ်းပေမယ့် အိပ်ရာဝင်ခါနီး ဖျက်လို့ရပြီဆိုရင်တော့ မိတ်ကပ်တွေ ဖျက်ပြီးမှသာ အိပ်ရာဝင်ပါ။

(၆) အစားမမှားဘဲနဲ့ မျက်နှာမှာ အနီရောင် အစက်၊ အဖုတွေ ထွက်ပြီး ယားယံနေတယ်ဆိုရင်တော့ မျက်နှာအသားအရေမှာ ပြသာနာရှိနေတာပါ။ မျက်နှာ တပြင်လုံး ယားယံနေတာဟာ ညဘက် မိတ်ကပ်တွေ မဖျက်ဘဲ အိပ်ရာဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ မျက်နှာအသားအရေ ကောင်းမွန်ဖို့အတွက် အောက်ဆီဂျင် ရရှိနိုင်တဲ့ အပေါက်လေးတွေကို မိတ်ကပ်တွေက ပိတ်ဆို့ထားတာကြောင့် ယားယံခြင်းနဲ့ နီမြန်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top