iMyanmarHouse.com - Best Property Website for Myanmar
×

 ခရမ္းခ်ဥ္သီးမွ ထုတ္ယူထားသည့္ အဆီအႏွစ္မ်ားက အစာ အိမ္ကင္ဆာဆဲလ္မ်ား ျပဳလုပ္မႈကို ကာကြယ္တားဆီးႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသျဖင့္ ယင္းဆုိးရြားေသာ အစာ အိမ္ကင္ဆာေရာဂါကို ကုသရန္ အေကာင္းဆံုးကုသနည္း ရွာေဖြ ေရးနည္းလမ္းသစ္မ်ား ထြက္ေပၚလာေစခဲ့သည္။

အစာအိမ္ကင္ဆာဆဲလ္မ်ားကို တိုက္ဖ်က္ႏုိင္သည့္ ခရမ္းခ်ဥ္ သီးအဆီအႏွစ္မ်ား၏ စြမ္းရည္မ်ားကုိ သုေတသီမ်ားက ေလ့လာခဲ့ၾကသည္။
ခရမ္းခ်ဥ္သီးတြင္ Lycopene ကဲ့သို႔ေသာ ဓာတ္ပစၥည္းမ်ားက အက်ိတ္မ်ားကို တားဆီးေပးေၾကာင္း အီတလီႏုိင္ငံမွ သုေတသီမ်ားကေျပာသည္။

သဘာ၀ခရမ္းခ်ဥ္သီးအဆီအႏွစ္မ်ားက ကင္ဆာဆဲလ္မ်ား ျပန္႔ပြားႀကီးထြားမႈကို ကာကြယ္ေပးႏုိင္ၿပီး ဆဲလ္မ်ား ျပန္႔ပြားႏုိင္စြမ္း ကို တားဆီးကာ ယင္းဆဲလ္မ်ား ေသဆံုးသည္အထိ တိုက္ဖ်က္ႏုိင္ ေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

ခရမ္းခ်ဥ္သီးအဆီအႏွစ္မ်ားကို ကင္ဆာေရာဂါကာကြယ္ေရး အာဟာရဓာတ္မ်ားအတြက္သာမက ကင္ဆာေရာဂါကုသေရးအ တြက္ အဓိကနည္းလမ္းတစ္ရပ္ရရွိေစေၾကာင္း ေလ့လာမႈရလဒ္က ေဖာ္ျပေနသည္ဟု သုေတသီမ်ားက ေျပာသည္။

အစာအိမ္ကင္ဆာသည္ ကမၻာတစ္၀န္း အျဖစ္အမ်ားဆံုး ကင္ဆာေရာဂါမ်ားအနက္ စတုတၳေျမာက္ အမ်ိဳးအစားျဖစ္ၿပီး မ်ိဳး ဗီဇႏွင့္လည္း ဆက္ႏႊယ္မႈရွိသည္။

ေရာဂါပိုး၀င္ေရာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အငန္စား ျခင္းႏွင့္ မီးကင္ထားေသာ အစားအစာမ်ား စားသံုးမႈကဲ့သို႔ အေလ့အထမ်ားႏွင့္ အစာအိမ္ကင္ဆာျဖစ္ပြားမႈၾကား ဆက္စပ္မႈရွိေၾကာင္း သိရသည္။

Credit:7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ခရမ်းချဉ်သီးမှ ထုတ်ယူထားသည့် အဆီအနှစ်များက အစာ အိမ်ကင်ဆာဆဲလ်များ ပြုလုပ်မှုကို ကာကွယ်တားဆီးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသဖြင့် ယင်းဆိုးရွားသော အစာ အိမ်ကင်ဆာရောဂါကို ကုသရန် အကောင်းဆုံးကုသနည်း ရှာဖွေ ရေးနည်းလမ်းသစ်များ ထွက်ပေါ်လာစေခဲ့သည်။

အစာအိမ်ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် ခရမ်းချဉ် သီးအဆီအနှစ်များ၏ စွမ်းရည်များကို သုတေသီများက လေ့လာခဲ့ကြသည်။

ခရမ်းချဉ်သီးတွင် Lycopene ကဲ့သို့သော ဓာတ်ပစ္စည်းများက အကျိတ်များကို တားဆီးပေးကြောင်း အီတလီနိုင်ငံမှ သုတေသီများကပြောသည်။

သဘာဝခရမ်းချဉ်သီးအဆီအနှစ်များက ကင်ဆာဆဲလ်များ ပြန့်ပွားကြီးထွားမှုကို ကာကွယ်ပေးနိုင်ပြီး ဆဲလ်များ ပြန့်ပွားနိုင်စွမ်း ကို တားဆီးကာ ယင်းဆဲလ်များ သေဆုံးသည်အထိ တိုက်ဖျက်နိုင် ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ခရမ်းချဉ်သီးအဆီအနှစ်များကို ကင်ဆာရောဂါကာကွယ်ရေး အာဟာရဓာတ်များအတွက်သာမက ကင်ဆာရောဂါကုသရေးအ တွက် အဓိကနည်းလမ်းတစ်ရပ်ရရှိစေကြောင်း လေ့လာမှုရလဒ်က ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။

အစာအိမ်ကင်ဆာသည် ကမ္ဘာတစ်ဝန်း အဖြစ်အများဆုံး ကင်ဆာရောဂါများအနက် စတုတ္ထမြောက် အမျိုးအစားဖြစ်ပြီး မျိုး ဗီဇနှင့်လည်း ဆက်နွှယ်မှုရှိသည်။

ရောဂါပိုးဝင်ရောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အငန်စား ခြင်းနှင့် မီးကင်ထားသော အစားအစာများ စားသုံးမှုကဲ့သို့ အလေ့အထများနှင့် အစာအိမ်ကင်ဆာဖြစ်ပွားမှုကြား ဆက်စပ်မှုရှိကြောင်း သိရသည်။

Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top