iMyanmarHouse.com - Best Property Website for Myanmar
×

ငှက်ပျောသီး

ကြက်ဥ


Credit:Momolay

#Unicode Version
အရေးအကြောင်းတွေဟာ အသက်အရွယ်ကြီးမှ ဖြစ်တယ်လို့ အများစုက သိထားကြပါတယ်။ တကယ်တော့ မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့ အခြားအချက်တွေ များစွာ ရှိနေပါသေးတယ်။ နေရောင်ခြည်များများ ထိတွေ့ခြင်း၊ ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ ပရိုတင်းဓါတ်လျော့နည်းခြင်း၊ အသီးအရွက်အစားနည်းခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ စိတ်ဖိစီမှုများတာတွေကြောင့် မျက်နှာမှာ အရေးအကြောင်းတွေ အသက်ငယ်ငယ်နဲ့ ဖြစ်တတ်ပါတယ်။
ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ်တွေ များများ ပါဝင်တာဟာ အရွယ်မတိုင်ခင် မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီး ပုံမှန်စားသုံးပေးတာလဲ ကောင်းသလို ငှက်ပျောသီး အခွံမှာ ပါဝင်တဲ့ အဖြူရောင်အသားလေးတွေနဲ့ မျက်နှာကို ပွတ်တိုက်ပေးပါ။ ရေနွေးနွေးလေး သုံးပြီး ဆေးကြောပေးပါ။ ဒါဆိုရင်တော့ မျက်နှာမှာ အရေးအကြောင်း ဖြစ်တာတွေကို ကာကွယ်ပြီးသားပါပဲ။
ကြက်ဥ

ကြက်ဥကလည်း ပရိုတင်းဓါတ်တွေ ပြည့်စေတာကြောင့် ပရိုတင်းဓါတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်တဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်ဥအကာကို ယူပြီး မျက်နှာပြင်တဝိုက် လိမ်းပေးပါ။ (၃) မိနစ်လောက် ကြာအောင် ထားပြီးမှ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။ ဒါဆိုရင် မျက်နှာမှာ အရေးအကြောင်း ဖြစ်တာတွေ အမြန်ဆုံး ပြေလျော့စေမှာပါ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top