iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္မဲၿမိဳ႕နဲ႔ မနီးမေဝးရြာကေလးတစ္ရြာက ငယ္ရြယ္ေသးတဲ႔ကေလး အေမတစ္ေယာက္က facebook သုံးပါတယ္ ။

သူ႔အမ်ဳိးသားကေတာ့ဆုံးသြားပါၿပီ သူ႔မွာကေလး ၂ ေယာက္ရွိတယ္ ေကာင္မေလးက facebook သုံးတတ္တာ မၾကာေ သးပါဘူး ။ သူမက facebook သုံးရင္းက လိုင္းေပၚမွာေကာင္ေလးတစ္ေယာက္နဲ႔ခင္သြားၿပီး အျပန္အလွန္စာေတြပို႔ရင္း ညွိသြားပါတယ္ ။

တစ္ေယာက္ကို တစ္ေယာက္မျမင္ဘူး ၾကပါဘူး facebook ေပၚမွာေျပာၾကယင္းက တစ္ေယာက္နဲ႔တစ္ေယာက္ ဓါတ္ ပုံေတြပို႔ လက္ေဆာင္ေတြဘာေတြပို႔ေပးတဲ႔အဆင့္အထိျဖစ္လာတယ္ ။

ေကာင္ေလးက အထိမ္းအမွတ္ေန႔ေတြဆို ကားဂိတ္ကေနတစ္ဆင့္ နိုင္ငံျခားကလာတဲ႔ လက္ေဆာင္ေတြ အၿမဲပို႔ေပးပါ တယ္ ။ ေကာင္ေလးဘက္က သူဟာစကၤာပူက ကုမၼဏီတစ္ခုမွာအလုပ္လုပ္ေနတဲ႔အေၾကာင္း အိမ္ေထာင္မရွိဘူး ဆိုတဲ႔ အေၾကာင္း ေလာက္သာ ေကာင္မေလးက သိထားတာပါ ။

တစ္ျခားဘာအေၾကာင္းမွ ဂဃနဏသိထားတာမဟုတ္ပါဘူး အမွန္တကယ္က ေကာင္ေလးက မိန္းမနွစ္ေယာက္ေတာင္ ယူထားတာလို ႔ေနာက္ပိုင္းမွသိရပါတယ္ ။ ဒီလိုနဲ႔ တစ္ေန႔ေတာ့ ေကာင္ေလးကေကာင္မေလးဆီကို စကၤာပူက သူလုပ္ တဲ႔ကုမၼဏီကခြင့္ ၁၀ ရက္ရလို ႔ျမန္မာျပည္ျပန္လာတုန္းေကာင္မေလးနဲ႔ေတြ႕ဘူးခ်င္လို႔ မႏၲေလးမွာဆုံၾကဖို႔ခ်ိန္းလို က္ပါ တယ္ ။

အဲဒီမွာေကာင္မေလးလည္း ေတြ႕ဖို႔ မႏၲေလးကို ဆင္းသြားပါတယ္ ။ အစီအစဥ္ကေတာ့မႏၲေလးမွာ ေတြ႕ၿပီးေန႔ျခင္းျပန္ဖို႔ စီစဥ္ၿပီးသြားခဲ႔တာပါ ။ မႏၲေလးေရာက္တဲ႔ေကာင္ေလးက ညအိပ္ၿပီးမွ ျပန္ဖို႔ သူျမန္မာျပည္ကိုခဏေလး ဘဲျပန္လာရတု န္းေတြ႕ခ်င္တဲ႔ အေၾကာင္းေတြေျပာၿပီးတားတယ္ ။

ေနာက္သူတို႔ႏွစ္ေယာက္စားေသာက္စကားေျပာေနၾကတုန္း ေကာင္ေလးက အႀကံအစည္နဲ ႔ေကာင္မေလးေသာက္တဲ႔ အထဲမွာ ေဆးခတ္လိုက္ပါတယ္ ။ ေနာက္ေတာ့ေကာင္မေလးလည္း မျပန္နိုင္ေတာ့ဘူး ဆိုမွႀကိဳတင္ငွားထားတဲ႔ ဟိုတ ယ္ကို ေခၚသြားပါေတာ့တယ္ ။

ဒီလိုနဲ႔ဟုိတယ္မွေကာင္ေလးနဲ ႔ေကာင္မေလးတို႔ နွစ္ညအတူတည္းၿပီး မွေကာင္မေလးက မႏၲေလးကျပန္လာပါတယ္ ။ မႏၲေလးမွာေနစဥ္ ေကာင္ေလးက ခရီးထြက္ေနရလို႔ လမ္းစရိတ္ျပတ္သြားတဲ႔အေၾကာင္း စကၤာပူကပါလာတဲ႔ေငြေတြ ကလည္း သူ႔အေဒၚဆီမွာ ထားခဲ႔တဲ႔အေၾကာင္းေျပာျပၿပီး တည္းခိုခန္းခ ရွင္းတာက အစေကာင္မေလးက စိုက္ရွင္းေပး ခိုက္ရတဲ႔အျပင္ လမ္းစရိတ္အတြက္ပါေငြေခ်းေပးလိုက္ရပါတယ္။

ေကာင္ေလးက ရန္ကုန္ျပန္ေရာက္တာနဲ႔ ယူသြားတဲ႔ေငြေတြကို သူ႔အေဒၚဆီကေတာင္းၿပီး ျပန္လြဲေပးလိုက္မဲ႔အေၾကာ င္းေျပာသြားခဲ႔တယ္ ။ ဒီလိုနဲ႔ေကာင္မေလးေက်ာက္မဲျပန္ေရာက္ၿပီ ၂ လေက်ာ္ၾကာေတာ့မွ လက္ေဆာင္ပစၥည္းဆိုပို႔လာၿပီး လက္ေဆာင္နဲ႔အတူ video ေခြတစ္ေခြထည့္ေပးလာပါတယ္ ။

အဲဒီ video ေခြကေတာ့တစ္ျခားေခြမဟုတ္ပါဘူး။ ေကာင္ေလးနဲ႔ေကာင္မေလးဟိုတယ္မွာ အတူအိပ္ခဲ႔စဥ္က spy camera နဲ႔ခိုးရိုက္ထားတဲ႔ေခြပါ ။ ေကာင္ေလးက အဲဒီေခြကို အင္တာနက္ေပၚတင္မဲ႔အေၾကာင္း မတင္ေစခ်င္ရင္ေတာ့ သူ႔ဆီကိုေငြ ၂၅ သိန္းပို႔ေပးရမယ္လို႔ဆ္ိုလာပါတယ္ ။

အဲဒီမွာ ေကာင္မေလးလည္း မႀကံတတ္ေအာင္ျဖစ္သြားပါတယ္ ။ အကယ္၍မ်ား ေကာင္ေလးေျပာသလို တင္လိုက္ရင္ သူ႔မိဘေမာင္ဘြားညီအကိုနဲ ႔ေဆြမ်ဳိးသားခ်င္းေတြ သိကၡာက်ေတာ့မွာဆိုၿပီး ေကာင္ေလးေတာင္းတဲ႔ေငြ ၂၅ သိန္းကို ပို႔ေပးလိုက္ရပါေတာ့တယ္ ။

ေကာင္မေလးဘက္ကလည္း ပို႔ေပးနိုင္တဲ႔အေျခအေနဆ္ိုေပမဲ႔ ဒီေငြကိုစုၿပီးမွပို႔ေပးခဲ႔ရတာပါ ။ အခုေတာ့အဲဒီေကာင္မေလး လည္း အင္တာနက္ဆိုတာ သုံးရမွာကိုေၾကာက္သြားခဲ႔ၿပီး သုံးကိုမသုံးရဲေတာ့ပါဘူး ။ ဒီေတာ့ မိန္းခေလးေတြ အေနနဲ႔ facebook ျဖစ္ျဖစ္ အျခားအင္တာနက္နဲ႔ဆိုင္တာ တစ္ခုခုကိုသုံးေတာ့မယ္ဆိုရင္ လိုင္းေပၚမွာေတြ႕တဲ႔သူတ္ိုင္းကို အလြ ယ္တကူမယုံလိုက္ၾကပါနဲ႔ ဘယ္ေနရာမွာေတြ႕ခ်င္တယ္ဆိုတိုင္းအေဖၚမပါဘဲမသြားၾကပါနဲ႔ ေကာင္းတဲ႔သူေတြရွိသလို မေ ကာင္းတဲ႔သူေတြလည္း လိုင္းေပၚမွာအမ်ားႀကီးရွိပါတယ္။

သတိထားၾကပါ ဒီ post ေလးကို ပညာေပးရင္းေရးသားေပးလိုက္တာပါ ။ ဒီဇာတ္လမ္းေလးကို ေကာင္မေလးနဲ႔ရင္းႏွီး တဲ႔ ကြ်န္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္ကျပန္ေျပာျပၿပီး ကြ်န္ေတာ့္ကိုေရးၿပီး facebook မွာတင္ေပးဖို႔ေျပာလာ တာေၾကာင့္ အားလုံးလည္း သတိထားနိုင္ေအာင္ေရးသားေပးလိုက္တာပါ ။ အရာရာကိုသတိထားၾကပါလို႔ေျပာခ်င္ပါတယ္ ။

Credit:SunThit

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျောက်မဲမြို့နဲ့ မနီးမဝေးရွာကလေးတစ်ရွာက ငယ်ရွယ်သေးတဲ့ကလေး အမေတစ်ယောက်က facebook သုံးပါတယ် ။

သူ့အမျိုးသားကတော့ဆုံးသွားပါပြီ သူ့မှာကလေး ၂ ယောက်ရှိတယ် ကောင်မလေးက facebook သုံးတတ်တာ မကြာေ သးပါဘူး ။ သူမက facebook သုံးရင်းက လိုင်းပေါ်မှာကောင်လေးတစ်ယောက်နဲ့ခင်သွားပြီး အပြန်အလှန်စာတွေပို့ရင်း ညှိသွားပါတယ် ။

တစ်ယောက်ကို တစ်ယောက်မမြင်ဘူး ကြပါဘူး facebook ပေါ်မှာပြောကြယင်းက တစ်ယောက်နဲ့တစ်ယောက် ဓါတ် ပုံတွေပို့ လက်ဆောင်တွေဘာတွေပို့ပေးတဲ့အဆင့်အထိဖြစ်လာတယ် ။

ကောင်လေးက အထိမ်းအမှတ်နေ့တွေဆို ကားဂိတ်ကနေတစ်ဆင့် နိုင်ငံခြားကလာတဲ့ လက်ဆောင်တွေ အမြဲပို့ပေးပါ တယ် ။ ကောင်လေးဘက်က သူဟာစင်္ကာပူက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေတဲ့အကြောင်း အိမ်ထောင်မရှိဘူး ဆိုတဲ့ အကြောင်း လောက်သာ ကောင်မလေးက သိထားတာပါ ။

တစ်ခြားဘာအကြောင်းမှ ဂဃနဏသိထားတာမဟုတ်ပါဘူး အမှန်တကယ်က ကောင်လေးက မိန်းမနှစ်ယောက်တောင် ယူထားတာလို့နောက်ပိုင်းမှသိရပါတယ် ။ ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးကကောင်မလေးဆီကို စင်္ကာပူက သူလုပ် တဲ့ကုမ္မဏီကခွင့် ၁၀ ရက်ရလို့မြန်မာပြည်ပြန်လာတုန်းကောင်မလေးနဲ့တွေ့ဘူးချင်လို့ မန္တလေးမှာဆုံကြဖို့ချိန်းလို က်ပါ တယ် ။

အဲဒီမှာကောင်မလေးလည်း တွေ့ဖို့ မန္တလေးကို ဆင်းသွားပါတယ် ။ အစီအစဉ်ကတော့မန္တလေးမှာ တွေ့ပြီးနေ့ခြင်းပြန်ဖို့ စီစဉ်ပြီးသွားခဲ့တာပါ ။ မန္တလေးရောက်တဲ့ကောင်လေးက ညအိပ်ပြီးမှ ပြန်ဖို့ သူမြန်မာပြည်ကိုခဏလေး ဘဲပြန်လာရတု န်းတွေ့ချင်တဲ့ အကြောင်းတွေပြောပြီးတားတယ် ။

နောက်သူတို့နှစ်ယောက်စားသောက်စကားပြောနေကြတုန်း ကောင်လေးက အကြံအစည်နဲ့ကောင်မလေးသောက်တဲ့ အထဲမှာ ဆေးခတ်လိုက်ပါတယ် ။ နောက်တော့ကောင်မလေးလည်း မပြန်နိုင်တော့ဘူး ဆိုမှကြိုတင်ငှားထားတဲ့ ဟိုတ ယ်ကို ခေါ်သွားပါတော့တယ် ။

ဒီလိုနဲ့ဟိုတယ်မှကောင်လေးနဲ့ကောင်မလေးတို့ နှစ်ညအတူတည်းပြီး မှကောင်မလေးက မန္တလေးကပြန်လာပါတယ် ။ မန္တလေးမှာနေစဉ် ကောင်လေးက ခရီးထွက်နေရလို့ လမ်းစရိတ်ပြတ်သွားတဲ့အကြောင်း စင်္ကာပူကပါလာတဲ့ငွေတွေ ကလည်း သူ့အဒေါ်ဆီမှာ ထားခဲ့တဲ့အကြောင်းပြောပြပြီး တည်းခိုခန်းခ ရှင်းတာက အစကောင်မလေးက စိုက်ရှင်းပေး ခိုက်ရတဲ့အပြင် လမ်းစရိတ်အတွက်ပါငွေချေးပေးလိုက်ရပါတယ်။

ကောင်လေးက ရန်ကုန်ပြန်ရောက်တာနဲ့ ယူသွားတဲ့ငွေတွေကို သူ့အဒေါ်ဆီကတောင်းပြီး ပြန်လွဲပေးလိုက်မဲ့အကြော င်းပြောသွားခဲ့တယ် ။ ဒီလိုနဲ့ကောင်မလေးကျောက်မဲပြန်ရောက်ပြီ ၂ လကျော်ကြာတော့မှ လက်ဆောင်ပစ္စည်းဆိုပို့လာပြီး လက်ဆောင်နဲ့အတူ video ခွေတစ်ခွေထည့်ပေးလာပါတယ် ။

အဲဒီ video ခွေကတော့တစ်ခြားခွေမဟုတ်ပါဘူး။ ကောင်လေးနဲ့ကောင်မလေးဟိုတယ်မှာ အတူအိပ်ခဲ့စဉ်က spy camera နဲ့ခိုးရိုက်ထားတဲ့ခွေပါ ။ ကောင်လေးက အဲဒီခွေကို အင်တာနက်ပေါ်တင်မဲ့အကြောင်း မတင်စေချင်ရင်တော့ သူ့ဆီကိုငွေ ၂၅ သိန်းပို့ပေးရမယ်လို့ဆိုလာပါတယ် ။

အဲဒီမှာ ကောင်မလေးလည်း မကြံတတ်အောင်ဖြစ်သွားပါတယ် ။ အကယ်၍များ ကောင်လေးပြောသလို တင်လိုက်ရင် သူ့မိဘမောင်ဘွားညီအကိုနဲ့ဆွေမျိုးသားချင်းတွေ သိက္ခာကျတော့မှာဆိုပြီး ကောင်လေးတောင်းတဲ့ငွေ ၂၅ သိန်းကို ပို့ပေးလိုက်ရပါတော့တယ် ။

ကောင်မလေးဘက်ကလည်း ပို့ပေးနိုင်တဲ့အခြေအနေဆိုပေမဲ့ ဒီငွေကိုစုပြီးမှပို့ပေးခဲ့ရတာပါ ။ အခုတော့အဲဒီကောင်မလေး လည်း အင်တာနက်ဆိုတာ သုံးရမှာကိုကြောက်သွားခဲ့ပြီး သုံးကိုမသုံးရဲတော့ပါဘူး ။ ဒီတော့ မိန်းခလေးတွေ အနေနဲ့ facebook ဖြစ်ဖြစ် အခြားအင်တာနက်နဲ့ဆိုင်တာ တစ်ခုခုကိုသုံးတော့မယ်ဆိုရင် လိုင်းပေါ်မှာတွေ့တဲ့သူတိုင်းကို အလွ ယ်တကူမယုံလိုက်ကြပါနဲ့ ဘယ်နေရာမှာတွေ့ချင်တယ်ဆိုတိုင်းအဖေါ်မပါဘဲမသွားကြပါနဲ့ ကောင်းတဲ့သူတွေရှိသလို မေ ကာင်းတဲ့သူတွေလည်း လိုင်းပေါ်မှာအများကြီးရှိပါတယ်။

သတိထားကြပါ ဒီ post လေးကို ပညာပေးရင်းရေးသားပေးလိုက်တာပါ ။ ဒီဇာတ်လမ်းလေးကို ကောင်မလေးနဲ့ရင်းနှီး တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြန်ပြောပြပြီး ကျွန်တော့်ကိုရေးပြီး facebook မှာတင်ပေးဖို့ပြောလာ တာကြောင့် အားလုံးလည်း သတိထားနိုင်အောင်ရေးသားပေးလိုက်တာပါ ။ အရာရာကိုသတိထားကြပါလို့ပြောချင်ပါတယ် ။

Credit:SunThit

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top