iMyanmarHouse.com - Best Property Website for Myanmar
×

၀မ္းဗိုက္မွာရွိတဲ့ ခ်က္က အလွတရားအတြက္ အသံုး၀င္တယ္ဆိုရင္ အံ့ၾသေကာင္း အံ့ၾသႏိုင္ပါတယ္။ အလွအပအတြက္ ခ်က္ထဲကို အဆီ(Oil) ထည့္မယ္ဆိုရင္ စိတ္ေက်နပ္စရာ ေကာင္းလွတဲ့ အလွတရားေတြ ပိုင္ဆိုင္ရရွိႏိုင္ပါတယ္။

ႏႈတ္ခမ္းကြဲလို႔ အစား စားရတာခက္၊ ႏႈတ္ခမ္းနီ လွလွေလးေတြ ဆိုးဖို႔လည္း အခက္အခဲ ျဖစ္ေနတယ္ဆိုရင္ ခ်က္ထဲကို မုန္ညွင္းဆီ (၂) စက္ေလာက္ ထည့္ေပးပါ။ ဒါဆိုရင္ ႏႈတ္ခမ္းကြဲတာေတြ သက္သာေစႏိုင္ပါတယ္။

မ်က္ႏွာနဲ႔ လည္ပင္းတ၀ိုက္မွာ ၀က္ျခံေတြ အမ်ားႀကီး ထြက္ေနၿပီး နီရဲေရာင္ကိုင္းေနတယ္ဆိုရင္ ခ်က္ထဲကို တမာအရြက္၊ အေစ့ကေန ရတဲ့ တမာဆီ ထည့္ေပးပါ။ မ်က္ႏွာနဲ႔ လည္ပင္းတ၀ိုက္မွာ ရွိတဲ့ ၀က္ျခံေတြ ယူပစ္သလို ေပ်ာက္ကင္းႏိုင္ပါတယ္။

မ်က္ႏွာမွာ အျဖဴရာင္ အကြက္ေပ်ာက္ေတြ ရွိေနတယ္ဆိုရင္လည္း ခ်က္ထဲကို တမာဆီ ထည့္ေပးျခင္းျဖင့္ အလ်င္အျမန္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

မ်က္ႏွာအသားအေရ မညီမညာျဖစ္ေနတယ္ဆိုရင္ေတာ့ ခ်က္ထဲကို သံပရာအဆီ ထည့္ေပးလိုက္ပါ။ မ်က္ႏွာအသားအေရ မညီညာေတြ ကင္းစင္ၿပီး ျဖဴစင္၀င္းမြတ္တဲ့ အသားအေရကို ပိုင္ဆိုင္ရမွာပါ။ သတိျပဳရမွာကေတာ့ သံပရာအရည္ မဟုတ္ဘူးေနာ္။ သံပရာသီးနဲ႔ ျပဳလုပ္ထားတဲ့ အဆီကိုပဲ ထည့္ရမွာေနာ္…။

စိုေျပၿပီး ႏူးညံ့တဲ့ အသားအေရကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အရမ္းကို လြယ္လြန္းတဲ့ နည္းလမ္းေလးရွိပါတယ္။ အဲဒါကေတာ့ ႏြားႏို႔နဲ႔ ျပဳလုပ္ထားတဲ့ ေထာပတ္ေလးကို ဇြန္းဖ်ားေလးနဲ႔ ယူၿပီး ခ်က္၀မွာ ထည့္ေပးရံုပါပဲ။

ဒီအခ်က္ကေတာ့ မိန္းကေလးေတြ လစဥ္လတိုင္း ၾကံဳေတြ႔ရတဲ့ ဓမၼတာ ကိစၥပါ။ ရာသီမလာခင္ နာက်င္ျခင္းေတြ ခံစားေနရတယ္ဆိုရင္ ၀ိုင္အမ်ိဳးအစားထဲမွာ တစ္ခုအပါအ၀င္ျဖစ္တဲ့ ဘရန္ဒီကို ဂြမ္းေလးနဲ႔တို႔ၿပီး ခ်က္မွာ စကၠန္႔ပိုင္းေလာက္ ထည့္ထားေပးရံုပါပဲ။ ဒါဆိုရင္ေတာ့ စိတ္ညစ္စရာေကာင္းလွတဲ့ နာက်င္ျခင္းေတြ သက္သာသြားမွာပါ။

Credit:momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၀မ်းဗိုက်မှာရှိတဲ့ ချက်က အလှတရားအတွက် အသုံးဝင်တယ်ဆိုရင် အံ့သြကောင်း အံ့သြနိုင်ပါတယ်။ အလှအပအတွက် ချက်ထဲကို အဆီ(Oil) ထည့်မယ်ဆိုရင် စိတ်ကျေနပ်စရာ ကောင်းလှတဲ့ အလှတရားတွေ ပိုင်ဆိုင်ရရှိနိုင်ပါတယ်။

နှုတ်ခမ်းကွဲလို့ အစား စားရတာခက်၊ နှုတ်ခမ်းနီ လှလှလေးတွေ ဆိုးဖို့လည်း အခက်အခဲ ဖြစ်နေတယ်ဆိုရင် ချက်ထဲကို မုန်ညှင်းဆီ (၂) စက်လောက် ထည့်ပေးပါ။ ဒါဆိုရင် နှုတ်ခမ်းကွဲတာတွေ သက်သာစေနိုင်ပါတယ်။

မျက်နှာနဲ့ လည်ပင်းတဝိုက်မှာ ဝက်ခြံတွေ အများကြီး ထွက်နေပြီး နီရဲရောင်ကိုင်းနေတယ်ဆိုရင် ချက်ထဲကို တမာအရွက်၊ အစေ့ကနေ ရတဲ့ တမာဆီ ထည့်ပေးပါ။ မျက်နှာနဲ့ လည်ပင်းတဝိုက်မှာ ရှိတဲ့ ဝက်ခြံတွေ ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။

မျက်နှာမှာ အဖြူရာင် အကွက်ပျောက်တွေ ရှိနေတယ်ဆိုရင်လည်း ချက်ထဲကို တမာဆီ ထည့်ပေးခြင်းဖြင့် အလျင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။

မျက်နှာအသားအရေ မညီမညာဖြစ်နေတယ်ဆိုရင်တော့ ချက်ထဲကို သံပရာအဆီ ထည့်ပေးလိုက်ပါ။ မျက်နှာအသားအရေ မညီညာတွေ ကင်းစင်ပြီး ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။ သတိပြုရမှာကတော့ သံပရာအရည် မဟုတ်ဘူးနော်။ သံပရာသီးနဲ့ ပြုလုပ်ထားတဲ့ အဆီကိုပဲ ထည့်ရမှာနော်…။

စိုပြေပြီး နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အရမ်းကို လွယ်လွန်းတဲ့ နည်းလမ်းလေးရှိပါတယ်။ အဲဒါကတော့ နွားနို့နဲ့ ပြုလုပ်ထားတဲ့ ထောပတ်လေးကို ဇွန်းဖျားလေးနဲ့ ယူပြီး ချက်ဝမှာ ထည့်ပေးရုံပါပဲ။

ဒီအချက်ကတော့ မိန်းကလေးတွေ လစဉ်လတိုင်း ကြုံတွေ့ရတဲ့ ဓမ္မတာ ကိစ္စပါ။ ရာသီမလာခင် နာကျင်ခြင်းတွေ ခံစားနေရတယ်ဆိုရင် ဝိုင်အမျိုးအစားထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဘရန်ဒီကို ဂွမ်းလေးနဲ့တို့ပြီး ချက်မှာ စက္ကန့်ပိုင်းလောက် ထည့်ထားပေးရုံပါပဲ။ ဒါဆိုရင်တော့ စိတ်ညစ်စရာကောင်းလှတဲ့ နာကျင်ခြင်းတွေ သက်သာသွားမှာပါ။

Credit:momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top