iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
 အမျိုးသားများ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ဆီးကျိတ်ကင်ဆာဟာဆိုရင် တကယ့်ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးပါပဲ။ ဒါပေမယ့် ဆီးကျိတ်ကင်ဆာ မဖြစ်ခင် ရောဂါလက္ခဏာများ ပြတတ်ပါတယ်။ ဒီလို ရောဂါလက္ခဏာ ပြချိန်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အချိန်မှီကုသမယ် ဆိုရင်တော့ သက်သာပျောက်ကင်းသွား နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ဆိုထားပါတယ်။ ဒါ့ကြောင့် ရောဂါကြီးကြီးမားမား မဖြစ်ခင် စောစီးစွာ ကုသနိုင်ဖို့ အတွက် ရောဂါလက္ခဏာပြချိန်မှာ ပေါ့ဆစွာ မနေသင့်ပါဘူး။ အောက်ဖော်ပြပါ လက္ခဏာရပ်များ ခံစားရပြီ ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ဆီကို ပြသဖို့ အကြံြုပုလိုပါတယ်။ အမျိုးသားများ လုံးဝ မပေါဆသင့်တဲ့ လက္ခဏာရပ်များပဲ ဖြစ်ပါတယ်။
(၁) ခါးအောက်ပိုင်း၊ ပေါင်နဲ့ တင်ပါးဆုံ မကြာခဏ နာကျင်ခြင်း
(၂) ဆီးသွားနည်းခြင်း၊ ဆီးအရောင်ပြောင်းလာခြင်း
(၃) တင်ပါးဆုံ၊ ပေါင်ပေါ်တွင် အဖုအကျိတ်ကလေးများ ထွက်ပေါ်လာသလို တင်းမာနေခြင်း
(၄) ကျားဟော်မုန်း ထုတ်လွှတ်စဉ် နာကျင်ခြင်း
(၅) အရိုးများနာကျင်ကိုက်ခဲနေခြင်း
(၆) ဆီးသွားချိန်မှာ သက်တောင့်သက်သာမဖြစ်ဘဲ နာကျင်နေခြင်း
(၇) ဆီးသွားရင်း သွေးပါခြင်း
(၈) ဆီးမထိန်းနိုင်ဖြစ်ခြင်း
(၉) ကျားဟော်မုန်း ထုတ်လွှတ်စဉ် သွေးပါခြင်း
(၁၀) ညအချိန်မှာ အိပ်ရေးပျက်ရလောက်အောင် မကြာခဏ ဆီးသွားခြင်း စတဲ့ ရောဂါလက္ခဏာများ မကြာခဏ ဖြစ်ပေါ်လာပြီ ဆိုရင်တော့ စောစီးစွာ ဆေးကုသမှု ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်။
Credit:စံပယ်(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top