iMyanmarHouse.com - Best Property Website for Myanmar
×

ဇြန္လ ၂၁ ရက္ေန႔က ဆုိးလ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ Chanel Mademoiselle Privee ပြဲမွာ ကိုရီးယားဆယ္လီအေျမာက္အျမား တက္ေရာက္ခဲ့တာ ျဖစ္ၿပီး  အားလံုးထဲမွာေတာ့ CL ရဲ႕စတုိင္က အလန္းဆံုး ျဖစ္ေနခဲ့တာပါ။

ခႏၶာကိုယ္မွာ တင္႐ံုေလးပဲ တင္ထားတဲ့ ပခံုးေပ်ာက္ဝတ္စံုေလးက သူမနဲ႔ အရမ္းကို က်က္သေရရွိလွပါတယ္။ ဒါေပမဲ့ တစ္ခုခုမွာယြင္းခဲ့ရင္ အရွက္ကြဲႏုိင္တဲ့ အႏၱရာယ္လည္းရွိေတာ့ အသည္းယားစရာလည္း ေကာင္းေနျပန္ပါေသးတယ္။

တကယ္ေတာ့ သူမဝတ္ထားတာ ပြဲတက္ဝတ္စံု မဟုတ္ပါဘူး။ ကုတ္အကႌ်ေလးကို ဆက္စီက်က် ဒီဇိုင္းထြင္ၿပီး ဝတ္ထားတာပါ။ ဒီကုတ္အကႌ်ေလးက ၆,၅၂၁ ေဒၚလာ (ျမန္မာေငြ သိန္း ၈၀ ေက်ာ္) တန္တဲ့ Chanel Cashmere Coat ျဖစ္ပါတယ္။

CL ဟာ ကုတ္အကႌ်ေလးကို အနက္ေရာင္လယ္သာလည္ရွည္ေဒါက္ျမင့္ဖိနပ္နဲ႔ တြဲဖက္ဝတ္ဆင္ကာ  Chanel Minaudiere အိတ္ကိုကိုင္ထားပါတယ္။ ဖက္ရွင္ကိုႏွစ္သက္လွတဲ့ သူမဟာ ဒီဇီုင္းဆန္းတဲ့ ေနကာမ်က္မွန္ကိုလည္း တပ္ထားကာ လိုက္ဖက္ညီတဲ့ accessories ေတြနဲ႔ အလန္းႀကီးလန္းေနတာပါ။

CL ဟာ ျမန္မာႏုိင္ငံကို ႏွစ္ႀကိမ္ လာလည္ခဲ့ဖူးပါတယ္။ ပထမတစ္ႀကိမ္ကေတာ့ 2NE1 အဖြဲ႕နဲ႔ လာေရာက္ေဖ်ာ္ေျဖတာျဖစ္ၿပီး ဒီလအတြင္းမွာ ေနာက္တစ္ႀကိမ္ တစ္ကိုယ္ေတာ္ လာေရာက္ခဲ့တာျဖစ္ပါတယ္။

CL ဟာ ဇြန္လ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Thuwannabhumi Event Park မွာျပဳလုပ္တဲ့ UnDer Dawg Festival ပြဲမွာ Soulja Boy ၊ Karina တို႔နဲ႔အတူ ေဖ်ာ္ေျဖခဲ့ပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဇွန်လ ၂၁ ရက်နေ့က ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ Chanel Mademoiselle Privee ပွဲမှာ ကိုရီးယားဆယ်လီအမြောက်အမြား တက်ရောက်ခဲ့တာ ဖြစ်ပြီး  အားလုံးထဲမှာတော့ CL ရဲ့စတိုင်က အလန်းဆုံး ဖြစ်နေခဲ့တာပါ။

ခန္ဓာကိုယ်မှာ တင်ရုံလေးပဲ တင်ထားတဲ့ ပခုံးပျောက်ဝတ်စုံလေးက သူမနဲ့ အရမ်းကို ကျက်သရေရှိလှပါတယ်။ ဒါပေမဲ့ တစ်ခုခုမှာယွင်းခဲ့ရင် အရှက်ကွဲနိုင်တဲ့ အန္တရာယ်လည်းရှိတော့ အသည်းယားစရာလည်း ကောင်းနေပြန်ပါသေးတယ်။

တကယ်တော့ သူမဝတ်ထားတာ ပွဲတက်ဝတ်စုံ မဟုတ်ပါဘူး။ ကုတ်အင်္ကျီလေးကို ဆက်စီကျကျ ဒီဇိုင်းထွင်ပြီး ဝတ်ထားတာပါ။ ဒီကုတ်အင်္ကျီလေးက ၆,၅၂၁ ဒေါ်လာ (မြန်မာငွေ သိန်း ၈၀ ကျော်) တန်တဲ့ Chanel Cashmere Coat ဖြစ်ပါတယ်။

CL ဟာ ကုတ်အင်္ကျီလေးကို အနက်ရောင်လယ်သာလည်ရှည်ဒေါက်မြင့်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ကာ  Chanel Minaudiere အိတ်ကိုကိုင်ထားပါတယ်။ ဖက်ရှင်ကိုနှစ်သက်လှတဲ့ သူမဟာ ဒီဇီုင်းဆန်းတဲ့ နေကာမျက်မှန်ကိုလည်း တပ်ထားကာ လိုက်ဖက်ညီတဲ့ accessories တွေနဲ့ အလန်းကြီးလန်းနေတာပါ။

CL ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာလည်ခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်ကတော့ 2NE1 အဖွဲ့နဲ့ လာရောက်ဖျော်ဖြေတာဖြစ်ပြီး ဒီလအတွင်းမှာ နောက်တစ်ကြိမ် တစ်ကိုယ်တော် လာရောက်ခဲ့တာဖြစ်ပါတယ်။

CL ဟာ ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ Thuwannabhumi Event Park မှာပြုလုပ်တဲ့ UnDer Dawg Festival ပွဲမှာ Soulja Boy ၊ Karina တို့နဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top