iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Khun Nay

ပို့သပေးပါတယ်။

#Unicode Version#
" လူတစ်ယောက်ကို အချစ်လွန်သွားခဲ့ရင် "

လူတစ်ယောက်ကို အချစ်လွန်သွားပြီဆိုရင် ကိုယ်တိုင် သတိမမူခင်မှာပဲ ကလေးအရမ်းဆန်သွားတတ်တယ်။

အရမ်းချစ်လွန်းတဲ့အတွက် သူ့ကိုဂရုစိုက်ရာကနေ ဂရုစိုက်လွန်ပြီး သူ့အတွက်
စိတ်အနှောက်အယှက် ဖြစ်သွားစေတယ်။

ဂရုစိုက်လွန်ပြီး ချစ်ပြရာကနေ ကိုယ့်ကို မချစ်တော့ဘူးလို့ စိတ်အထင်နဲ့ သံသယတွေများလာပြီး ပိုင်ဆိုင်ဖို့ အတ္တတွေကြီးလာတယ်။

အတ္တကြီးလာတာနဲ့အမျှ စိတ်အလိုမကျဖြစ်ပြီး ကိုယ်သတိမပြုမိတဲ့အချိန်မှာပဲ ဒေါသအဖြစ်ပြောင်းသွားတယ်။
ဒေါသစိတ်ကနေ အမုန်းဖြစ်သွားတယ်။ နောက်ဆုံး အဲ့ဒီ အမုန်းစိတ်နဲ့ ကိုယ့်အတွက် နာကျဉ်စရာတွေကိုပဲ ခံစားရစေတယ်။

ဒါကြောင့် အရမ်းကြီးချစ်ဖို့မလိုဘူး။ နည်းနည်းလေးနဲ့ ကြာကြာချစ်နေဖို့ပဲလိုတယ်။ အလိုလိုနေရင်း နားလည်မှုတွေနဲ့ အချစ်ဆိုတာဘာလဲ သဘောပေါက်သွားပါလိမ့်မယ်။

Credit: Khun Nay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top