iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ဦးဟာ အခ်ိဳရည္ေတြ အမ်ားအျပား ေသာက္သံုးျခင္းေၾကာင့္ ေမြးလာတဲ့ကေလးဟာ ေနာင္တစ္ခ်ိန္မွာ အ၀လြန္ေရာဂါကို ခံစားရေစႏိုင္ပါတယ္။

          ကိုယ္၀န္ ဒုတိယ 3 လပတ္မွာ တစ္ေန႔လွ်င္ အခ်ိဳရည္ 2 ခြက္ထက္ ပိုေသာက္တဲ့ မိခင္ေတြရဲ႕ကေလးေတြဟာ 8 ႏွစ္အရြယ္၌ တစ္ပတ္လွ်င္ အနည္းဆံုး အခ်ိဳရည္ ခြက္တစ္၀က္သာ ေသာက္သံုးေသာ္ျငားလည္း အျခားသူမ်ားထက္ ကိုယ္အေလးခ်ိန္ 2 ေပါင္ပိုေနေၾကာင္းကို သုေတသနပညာရွင္မ်ားက ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

          ကိုယ္၀န္ေဆာင္ကာလမွာ အခ်ိဳရည္ေသာက္ျခင္းဟာ ကေလးငယ္ရဲ႕ စားေသာက္မႈပံုစံကို အေျပာင္းအလဲမျဖစ္ေစဘဲ ကိုယ္အေလးခ်ိန္သာ ေျပာင္းလဲေစပါတယ္။

          ဒါေပမဲ့လည္း ေလ့လာဆန္းစစ္မႈေတြဟာ အေၾကာင္းအရင္းနဲ႔ အက်ိဳးသက္ေရာက္မႈကို သက္ေသမျပႏုိင္ဘဲ ဆက္စပ္မႈရွိတယ္လို႔သာ ေကာက္ခ်က္ခ်ႏုိင္ခဲ့ပါတယ္။

          ကိုယ္၀န္ေဆာင္အမ်ိဳးသမီး 1100 ခန္႔ကို ကိုယ္၀န္ေဆာင္ကာလ တစ္ေလွ်ာက္လံုး သူတို႔ရဲ႕ စားေသာက္ေနထိုင္မႈပံုစံကို ေစာင့္ၾကည့္ခဲ့ပါတယ္။ ကေလးေမြးၿပီး ေနာက္ပိုင္းမွာလည္း ေနာက္ 6 ႏွစ္အထိ တစ္ႏွစ္တစ္ခါ ေမးခြန္းေတြကို ေျဖၾကားေစခဲ့ပါတယ္။

          ေနာက္ဆံုးမွာ အခ်ိဳရည္ေသာက္သံုးမႈမ်ားတဲ့ မိခင္ေတြကေမြးတဲ့ ကေလးေတြဟာ သူတို႔ရဲ႕ စားေသာက္မႈပံုစံ ဘယ္လိုပဲရွိရွိ ခႏၶာကိုယ္တြင္း အဆီပမာဏ ျမင့္တက္ေနတာ ေတြ႕ရွိခဲ့ရပါတယ္။

          အဓိကအခ်က္ကေတာ့ ကိုယ္၀န္ေဆာင္စဥ္ကာလမွာ ခံစားရတဲ့ မိခင္ရဲ႕ စိတ္ဖိစီးမႈေတြဟာ ေမြးဖြားလာမယ့္ သေႏၶသားေလာင္းေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိတယ္ဆိုတာပါပဲ။

          သုေတသနပညာရွင္ေတြရဲ႕ အဆိုအရ ပထမ 3 လပတ္မွာ မိခင္ေလာင္းေတြဟာ အခ်ိဳရည္ေတြ ေသာက္သံုးေသာ္ျငား ကေလးငယ္ရဲ႕ ကုိယ္အေလးခ်ိန္ အေျပာင္းအလဲမရွိတာကို ေတြ႕ရပါတယ္။ ဒုတိယ 3 လ ပတ္ကေတာ့ သေႏၶသားေလာင္းဆီမွာ အဆီေတြ စုပံုတဲ့အခ်ိန္ ျဖစ္တာေၾကာင့္ ထိုအခ်ိန္၌ အခ်ိဳရည္ ေသာက္သံုးျခင္းဟာ ျပႆနာတစ္ခု ျဖစ္ေနရျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ္၀န္ေဆာင္ ကာလတစ္ေလွ်ာက္လံုး အခ်ိဳရည္ေသာက္သံုးမႈကို ေလွ်ာ့ခ်ျခင္းျဖင့္ ကေလးငယ္ေတြ အနာဂတ္မွာ အ၀လြန္ေရာဂါ ျဖစ္ပြားျခင္းကို ကာကြယ္ေပးႏုိင္ပါတယ္။

          အကယ္၍ တစ္ခုခုကို ျပင္းျပင္းျပျပ ေသာက္ခ်င္လာပါက ေရေသာက္ျခင္းသည္သာ အေကာင္းဆံုး ျဖစ္ပါတယ္။ ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္က ေရျဖစ္တာေၾကာင့္ ေရေသာက္ျခင္း အေလ့အက်င့္ကို ေမြးျမဴႏုိင္ပါက က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳႏုိင္မွာ ျဖစ္ပါတယ္။

 Credit:Dr. Thinzar Wynn (www.drmyanmar.com)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
          ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ အချိုရည်တွေ အများအပြား သောက်သုံးခြင်းကြောင့် မွေးလာတဲ့ကလေးဟာ နောင်တစ်ချိန်မှာ အဝလွန်ရောဂါကို ခံစားရစေနိုင်ပါတယ်။

          ကိုယ်ဝန် ဒုတိယ 3 လပတ်မှာ တစ်နေ့လျှင် အချိုရည် 2 ခွက်ထက် ပိုသောက်တဲ့ မိခင်တွေရဲ့ကလေးတွေဟာ 8 နှစ်အရွယ်၌ တစ်ပတ်လျှင် အနည်းဆုံး အချိုရည် ခွက်တစ်ဝက်သာ သောက်သုံးသော်ငြားလည်း အခြားသူများထက် ကိုယ်အလေးချိန် 2 ပေါင်ပိုနေကြောင်းကို သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

          ကိုယ်ဝန်ဆောင်ကာလမှာ အချိုရည်သောက်ခြင်းဟာ ကလေးငယ်ရဲ့ စားသောက်မှုပုံစံကို အပြောင်းအလဲမဖြစ်စေဘဲ ကိုယ်အလေးချိန်သာ ပြောင်းလဲစေပါတယ်။

          ဒါပေမဲ့လည်း လေ့လာဆန်းစစ်မှုတွေဟာ အကြောင်းအရင်းနဲ့ အကျိုးသက်ရောက်မှုကို သက်သေမပြနိုင်ဘဲ ဆက်စပ်မှုရှိတယ်လို့သာ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

          ကိုယ်ဝန်ဆောင်အမျိုးသမီး 1100 ခန့်ကို ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး သူတို့ရဲ့ စားသောက်နေထိုင်မှုပုံစံကို စောင့်ကြည့်ခဲ့ပါတယ်။ ကလေးမွေးပြီး နောက်ပိုင်းမှာလည်း နောက် 6 နှစ်အထိ တစ်နှစ်တစ်ခါ မေးခွန်းတွေကို ဖြေကြားစေခဲ့ပါတယ်။

          နောက်ဆုံးမှာ အချိုရည်သောက်သုံးမှုများတဲ့ မိခင်တွေကမွေးတဲ့ ကလေးတွေဟာ သူတို့ရဲ့ စားသောက်မှုပုံစံ ဘယ်လိုပဲရှိရှိ ခန္ဓာကိုယ်တွင်း အဆီပမာဏ မြင့်တက်နေတာ တွေ့ရှိခဲ့ရပါတယ်။

          အဓိကအချက်ကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ခံစားရတဲ့ မိခင်ရဲ့ စိတ်ဖိစီးမှုတွေဟာ မွေးဖွားလာမယ့် သန္ဓေသားလောင်းပေါ်မှာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာပါပဲ။

          သုတေသနပညာရှင်တွေရဲ့ အဆိုအရ ပထမ 3 လပတ်မှာ မိခင်လောင်းတွေဟာ အချိုရည်တွေ သောက်သုံးသော်ငြား ကလေးငယ်ရဲ့ ကိုယ်အလေးချိန် အပြောင်းအလဲမရှိတာကို တွေ့ရပါတယ်။ ဒုတိယ 3 လ ပတ်ကတော့ သန္ဓေသားလောင်းဆီမှာ အဆီတွေ စုပုံတဲ့အချိန် ဖြစ်တာကြောင့် ထိုအချိန်၌ အချိုရည် သောက်သုံးခြင်းဟာ ပြဿနာတစ်ခု ဖြစ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်လုံး အချိုရည်သောက်သုံးမှုကို လျှော့ချခြင်းဖြင့် ကလေးငယ်တွေ အနာဂတ်မှာ အဝလွန်ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

          အကယ်၍ တစ်ခုခုကို ပြင်းပြင်းပြပြ သောက်ချင်လာပါက ရေသောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်က ရေဖြစ်တာကြောင့် ရေသောက်ခြင်း အလေ့အကျင့်ကို မွေးမြူနိုင်ပါက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

 Credit:Dr. Thinzar Wynn (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top