iMyanmarHouse.com - Best Property Website for Myanmar
×


တခါတရံမွာ ခႏၶာကိုယ္ကေန အလိုအေလ်ာက္ တုံ႔ျပန္တဲ့ အေျခအေနေတြကို က်န္းမာေရးအတြက္ ဆိုးဆိုး႐ြား႐ြား တခုခုျဖစ္ေတာ့မယ္လို႔ ထင္ျမင္တတ္ၾကပါတယ္။ အခုေဖာ္ျပေပးမယ့္ က်န္းမာေရးလကၡဏာေတြကေတာ့ ေၾကာက္စရာေကာင္းတယ္လို႔ ထင္ရေပမယ့္ က်န္းမာေရးအတြက္ ထူးထူးျခားျခား စိုးရိမ္ေလာက္စရာ မရွိတဲ့ လကၡဏာေတြပဲ ျဖစ္ပါတယ္။

(၁) ရင္ဘတ္ေအာင့္ျခင္း

ရင္ဘတ္ေအာင့္ျခင္းဟာ Heart Attack ျဖစ္ေပၚေတာ့မယ့္ လကၡဏာေတြထဲမွာ ပါဝင္ေပမယ့္ ႏွလုံးေရာဂါနဲ႔ ပတ္သက္ၿပီး က်န္းမာေရးျပႆနာ မရွိသူေတြ အေနနဲ႔ေတာ့ ထူးထူးျခားျခား စိုးရိမ္စရာ မရွိပါဘူး။ စိတ္ဖိစီးမႈမ်ားျခင္း၊ စိုးရိမ္ပူပန္မႈမ်ားျခင္းနဲ႔ ရင္ပူရင္ဆာ ျဖစ္တဲ့အခါမ်ိဳးေတြမွာလည္း ရင္ဘတ္ေအာင့္ျခင္း ျဖစ္ေပၚတတ္ၿပီး မၾကာခဏ ဆိုသလို ျဖစ္ေပၚတတ္တယ္ဆိုရင္ေတာ့ ေဆးစစ္မႈ ခံယူသင့္ပါတယ္။

(၂) နားအူျခင္း

နားအူျခင္းဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာ က်န္းမာေရး လကၡဏာတခုျဖစ္ၿပီး ခႏၶာကိုယ္တြင္းမွာ ေသြးလည့္ပတ္မႈ မမွန္တဲ့အခါမ်ိဳးနဲ႔ ေသြးေပါင္ခ်ိန္တက္တဲ့ အခါမ်ိဳးေတြမွာ ျဖစ္ေပၚတတ္ပါတယ္။ တခါတရံျဖစ္ေပၚ႐ုံေလာက္နဲ႔ေတာ့ စိုးရိမ္စရာ မရွိေပမယ့္ မၾကာခဏ ျဖစ္တတ္ရင္ေတာ့ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းျခင္းရဲ႕ ေရွ႕ေျပးလကၡဏာတခု ျဖစ္ႏိုင္ပါတယ္။

(၃) သတိေမ့လြယ္ျခင္း

အသက္အ႐ြယ္ ရလာတာနဲ႔အမွ် ျဖစ္ေပၚတတ္တဲ့ က်န္းမာေရး ျပႆနာတခု ျဖစ္ၿပီး ငယ္႐ြယ္သူေတြမွာဆိုရင္ေတာ့ စိတ္ဖိစီးမႈမ်ားတဲ့အခါ ျဖစ္ေပၚေလ့ရွိတဲ့ က်န္းမာေရး လကၡဏာတခုပဲ ျဖစ္ပါတယ္။

(၄) လက္တုန္ျခင္း

ခႏၶာကိုယ္တြင္းမွာ ကဖင္းဓာတ္မ်ားလြန္းတဲ့အခါ ျဖစ္ေပၚတတ္ၿပီး ေသြးတြင္းသၾကားဓာတ္ နည္းပါးတဲ့အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။

(၅) အသားပိုမ်ား ထြက္ေပၚျခင္း

အ ေရ ျပား ကင္ ဆာ ရဲ႕ ေရွ႕ ေျပး လ ကၡ ဏာ ေတြ ထဲ က တ ခု ျဖစ္ ေပ မယ့္ သင့္ ကို စိတ္ အ ေႏွာင့္ အ ယွက္ ျဖစ္ ေစ႐ုံ က လြဲ ၿပီး ထူး ထူး ျခား ျခား စိုး ရိမ္ စ ရာ မ ရွိ တဲ့ က်န္း မာ ေရး လ ကၡ ဏာ တ ခု ပဲ ျဖစ္ ပါ တယ္။

(၆) ဝမ္းသြားတဲ့အခါ ေသြးပါျခင္း

ဝမ္း ခ်ဳပ္ တဲ့ အ ခါ မ်ိဳး နဲ႔ အ မွ်င္ ဓာတ္ စား သုံး မႈ နည္း ပါး တဲ့ အ ခါ မ်ိဳး ေတြ မွာ ျဖစ္ ေပၚ တတ္ ၿပီး မ ၾကာ ခ ဏ ဆို သ လို ျဖစ္ ေပၚ တတ္ ရင္ ေတာ့ ဆ ရာ ဝန္ နဲ႔ သြား ေရာက္ တိုင္ ပင္ သင့္ ပါ တယ္။

Credit:santhitsa

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တခါတရံမှာ ခန္ဓာကိုယ်ကနေ အလိုအလျောက် တုံ့ပြန်တဲ့ အခြေအနေတွေကို ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား တခုခုဖြစ်တော့မယ်လို့ ထင်မြင်တတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် ကျန်းမာရေးလက္ခဏာတွေကတော့ ကြောက်စရာကောင်းတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးအတွက် ထူးထူးခြားခြား စိုးရိမ်လောက်စရာ မရှိတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၁) ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်ခြင်းဟာ Heart Attack ဖြစ်ပေါ်တော့မယ့် လက္ခဏာတွေထဲမှာ ပါဝင်ပေမယ့် နှလုံးရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးပြဿနာ မရှိသူတွေ အနေနဲ့တော့ ထူးထူးခြားခြား စိုးရိမ်စရာ မရှိပါဘူး။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ ရင်ပူရင်ဆာ ဖြစ်တဲ့အခါမျိုးတွေမှာလည်း ရင်ဘတ်အောင့်ခြင်း ဖြစ်ပေါ်တတ်ပြီး မကြာခဏ ဆိုသလို ဖြစ်ပေါ်တတ်တယ်ဆိုရင်တော့ ဆေးစစ်မှု ခံယူသင့်ပါတယ်။

(၂) နားအူခြင်း

နားအူခြင်းဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကျန်းမာရေး လက္ခဏာတခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာ သွေးလည့်ပတ်မှု မမှန်တဲ့အခါမျိုးနဲ့ သွေးပေါင်ချိန်တက်တဲ့ အခါမျိုးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ တခါတရံဖြစ်ပေါ်ရုံလောက်နဲ့တော့ စိုးရိမ်စရာ မရှိပေမယ့် မကြာခဏ ဖြစ်တတ်ရင်တော့ အကြားအာရုံ ချို့ယွင်းခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်နိုင်ပါတယ်။

(၃) သတိမေ့လွယ်ခြင်း

အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေး ပြဿနာတခု ဖြစ်ပြီး ငယ်ရွယ်သူတွေမှာဆိုရင်တော့ စိတ်ဖိစီးမှုများတဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ ကျန်းမာရေး လက္ခဏာတခုပဲ ဖြစ်ပါတယ်။

(၄) လက်တုန်ခြင်း

ခန္ဓာကိုယ်တွင်းမှာ ကဖင်းဓာတ်များလွန်းတဲ့အခါ ဖြစ်ပေါ်တတ်ပြီး သွေးတွင်းသကြားဓာတ် နည်းပါးတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

(၅) အသားပိုများ ထွက်ပေါ်ခြင်း

အ ရေ ပြား ကင် ဆာ ရဲ့ ရှေ့ ပြေး လ က္ခ ဏာ တွေ ထဲ က တ ခု ဖြစ် ပေ မယ့် သင့် ကို စိတ် အ နှောင့် အ ယှက် ဖြစ် စေရုံ က လွဲ ပြီး ထူး ထူး ခြား ခြား စိုး ရိမ် စ ရာ မ ရှိ တဲ့ ကျန်း မာ ရေး လ က္ခ ဏာ တ ခု ပဲ ဖြစ် ပါ တယ်။

(၆) ဝမ်းသွားတဲ့အခါ သွေးပါခြင်း

ဝမ်း ချုပ် တဲ့ အ ခါ မျိုး နဲ့ အ မျှင် ဓာတ် စား သုံး မှု နည်း ပါး တဲ့ အ ခါ မျိုး တွေ မှာ ဖြစ် ပေါ် တတ် ပြီး မ ကြာ ခ ဏ ဆို သ လို ဖြစ် ပေါ် တတ် ရင် တော့ ဆ ရာ ဝန် နဲ့ သွား ရောက် တိုင် ပင် သင့် ပါ တယ်။

Credit:santhitsa

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top