iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ား၏ အသက္ကို အဓိက ၿခိမ္းေျခာက္ေလ့ရွိသည့္ ရင္သားကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခကို ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ ပံုမွန္မွီဝဲျခင္းျဖင့္ သိသိသာသာ ေလွ်ာ့ခ်ႏုိင္ေၾကာင္း ပညာရွင္မ်ားက ဆိုသည္။ခရမ္းခ်ဥ္သီးသည္ အမ်ိဳးသမီးမ်ားအတြက္ အမွန္တကယ္ အာနိသင္ ထက္ျမက္သည့္ သက္ေစာင့္ေဆးဝါး တစ္မ်ိဳးဟု သုေတသီမ်ားက ညႊန္းဆိုလုိက္သည္။ အမ်ိဳးသမီးမ်ား၏ အသက္ကို အဓိက ၿခိမ္းေျခာက္ေလ့ရွိသည့္ ရင္သားကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခကို ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ ပံုမွန္မွီဝဲျခင္းျဖင့္ သိသိသာသာ ေလွ်ာ့ခ်ႏုိင္ေၾကာင္း ပညာရွင္မ်ားက ဆိုသည္။ သုေတသီမ်ားသည္ အသက္(၅၅)ႏွစ္အထက္ အမ်ိဳးသမီးႀကီး (၇၀)တို႔၏ ေဟာ္မုန္းဓာတ္ အေျခအေနကို တိုင္းတာကာ စမ္းသပ္မႈမ်ား ျပဳလုပ္လာခဲ့ျခင္း ျဖစ္သည္။ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ကို တစ္ေန႔လွ်င္ တစ္ခြက္ႏႈန္းမွ် ပံုမွန္ ေသာက္သံုးေပးျခင္းသည္ ရင္သားကင္ဆာ ကင္းေဝးေစမည့္ အေကာင္းဆံုး ႀကိဳတင္ကာကြယ္နည္းတစ္ခုဟု သိရွိရသည္။

အေမရိကန္မွ သုေတသီမ်ားက “ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ခ်ည္းပဲ ေသာက္ရမယ္လုိ႔ မဆိုလိုပါဘူး။ ခရမ္းခ်ဥ္သီးကို ပံုစံအမ်ိုးမ်ိဳးနဲ႔ စားသံုးတာ၊ ခရမ္းခ်ဥ္သီး ပါဝင္တဲ့ တျခား အစားအေသာက္ေတြ စားသံုးတာကလည္း တူညီတဲ့ အက်ိဳးသက္ေရာက္မႈမ်ိဳး ရွိပါတယ္။ ရင္သားကင္ဆာနဲ႔ ပတ္သက္ၿပီး ခရမ္းခ်ဥ္သီးရဲ႕ အက်ိဳးအာနိသင္ေတြကေတာ့ ရွင္းလင္းခိုင္မာလြန္းတဲ့ ေတြ႕ရွိခ်က္ေတြလို႔ ဆိုႏုိင္ပါတယ္”ဟု ေထာက္ခံ ေျပာဆိုခဲ့သည္။ ပံုမွန္အားျဖင့္ တစ္ေန႔လွ်င္ တစ္ခြက္မွ် ေသာက္သံုးေပးျခင္းျဖင့္ ဖူလံုေသာ Lycopene ပမာဏကို ရရွိေစမည္ ျဖစ္သည္။ ယင္းသည္ ရင္သားကင္ဆာ ျဖစ္ႏုိင္ေျခကို ေလွ်ာ့ခ်ေပးသည့္ ဟိုမုန္းဖြဲ႕စည္းမႈတြင္ အက်ိဳးျဖစ္ထြန္းသည့္ ဓာတ္တစ္မ်ိဳး ျဖစ္သည္။

Lycopeneသည္ ခရမ္းခ်ဥ္သီးတြင္ ေပါၾကြယ္ဝစြာ ပါဝင္ေလ့ရွိသည္။ ယခင္သုေတသန ရလဒ္မ်ားက ယင္းဓာတ္ပစၥည္းသည္ အမ်ိဳးသားမ်ားတြင္ ဆီးႀကိတ္ကင္ဆာ မျဖစ္ႏုိင္ေအာင္ ကာကြယ္ေပးေၾကာင္းလည္း ညႊန္ျပေနခဲ့သည္။ နယူးဂ်ာစီရွိ ရတ္ဂ်ာစ္ တကၠသိုလ္မွ ပညာရွင္မ်ားက အမ်ိဳးသမီးႀကီး (၇၀)တို႔၏ ဟိုမုန္းမ်ားကို တိုင္းတာခဲ့သည္။ စမ္းသပ္မႈတြင္ ပါဝင္သူ အားလံုးသည္ ကိုယ္အေလးခ်ိန္ လြန္ကဲသူမ်ား၊ သို႔မဟုတ္ ရင္သားကင္ဆာ ေဝဒနာရွင္မ်ားႏွင့္ ေဆြမ်ိဳးေတာ္စပ္သူမ်ားျဖစ္ၾကသည္။ ယင္းအေျခအေနမ်ားသည္ ကင္ဆာျဖစ္ႏိုင္ေျခကို ျမင့္မားေစသည္။

Lycopene ၾကြယ္ဝေသာ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္မ်ားကို ပံုမွန္ေသာက္သံုးသည့္အခါ Adiponectin ေဟာ္မုန္း ပိုမိုဖြံ႕ၿဖိဳးလာသည္ကို ေတြ႕ရသည္။ ယင္းေဟာ္မုန္းသည္ ပိန္သြယ္ေသာ အမ်ိုးသမီးမ်ားတြင္ ပိုမိုမ်ားျပားၿပီး ရင္သားကင္ဆာ ျဖစ္ႏုိင္ေျခကို ဟန္႔တားႏုိင္သည့္ သဘာဝရွိသည္။ ေန႔စဥ္ပံုမွန္ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ ေသာက္သည့္အခါ (၁၀)ပတ္အၾကာတြင္ စမ္းသပ္မႈ၌ ပါဝင္သူ အားလံုး၏ Lycopene ပမာဏသည္ ယခင္ထက္ ပ်မ္းမွ်(၉)ရာခုိင္ႏႈန္းဝန္းက်င္ တိုးပြားလာသည္ကို ေတြ႕ရသည္။ သုေတသီ တစ္ဦးျဖစ္သူ အဒါနာလာေနာ့စ္က “ဒီေတြ႕ရွိခ်က္ဟာ အဝလြန္မႈနဲ႔ ရင္သားကင္ဆာ ကာကြယ္မႈေတြမွာ အေရးႀကီးတဲ့ အေျဖတစ္ခု ျဖစ္ႏုိင္ပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔ ခရမ္းခ်ဥ္သီးနဲ႔ ဆက္ႏြယ္တဲ့ အစားအေသာက္ေတြကို မ်ားမ်ားစားေပးတဲ့အခါ က်န္းမာေရးအတြက္ ေလ်ာ္ကန္သင့္တင့္တဲ့ ကိုယ္အေလးခ်ိန္မ်ိဳး ထိန္းညွိထားႏုိင္သလို ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးႏုိင္တဲ့ ေကာင္းက်ိဳးမ်ိဳး ရရွိပါလိမ့္မယ္”ဟု ရွင္းလင္းေျပာဆုိသြားသည္။

Credit: Planet Myanmar Network
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#


အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန် သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက “ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်”ဟု ထောက်ခံ ပြောဆိုခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည် ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့စည်းမှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်းဓာတ်ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာ ဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီး ဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။ နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က “ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်”ဟု ရှင်းလင်းပြောဆိုသွားသည်။

Credit: Planet Myanmar Network

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top