iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ပတ္၀န္းက်င္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ တကယ္ကို ခ်စ္ခင္ျမတ္ႏိုးၾကတဲ့ စံုတြဲေတြ၊ အျမဲတမ္း အဆင္ေျပေျပ ရွိေနၾကတဲ့ စံုတြဲေတြ သင္သတိျပဳမိပါလိမ့္မယ္။

သူတုိ႕ေတြရဲ႕ ဆက္ဆံေရးအုတ္ျမစ္က ဘာမ်ားျဖစ္လိမ့္မလဲ ဆုိတာလည္း သင္သိခ်င္ပါလိမ့္မယ္။ အျမဲတမ္းသာယာေပ်ာ္ရႊင္ေနၾကတဲ့ စံုတြဲေတြရဲ႕ လ်ွိဳ႕၀ွက္ခ်က္ ဒါမွမဟုတ္ သူတုိ႕ၾကား အေရးပါတဲ့ အခ်က္က သံုးခ်က္ပဲ ရွိပါတယ္။

ေပ်ာ္ရႊင္ေနၾကတဲ့ စံုတြဲေတြဟာ တျခားစံုတြဲေတြထက္ တစ္ဦးနဲ႕တစ္ဦး အျမဲထိေတြ႕ဆက္ဆံေနတတ္ၾကပါတယ္။ တစ္ဦးနဲ႕တစ္ဦး စိတ္ခံစားခ်က္ေတြ၊ ေပ်ာ္ရႊင္မႈေတြကို ေ၀မ်ွရင္း ဆက္ဆံတတ္တာမ်ိဳးပါ။

ဒါ့ေၾကာင့္ သင့္အခ်စ္ေရးကို ေပ်ာ္ရႊင္ျပီး အဆင္ေျပေျပေလး သြားခ်င္ရင္ အေျခခံဆက္ဆံေရးနဲ႕ ပတ္သက္ျပီး ဒီအခ်က္သံုးခ်က္ကို သိထားရပါလိမ့္မယ္။

၁။ သင့္လိုအပ္ခ်က္ေတြနဲ႕ ခံစားခ်က္ေတြကို ဖြင့္ဟပါ။

ခ်စ္သူရည္းစားနွစ္ဦးမွာ တစ္ေယာက္လိုအပ္ခ်က္က ဘာဆုိတာမ်ိဳးကို မဖြင့္ဟပဲ တစ္ေယာက္က မသိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ သင့္ခံစားခ်က္ ဘာေတြျဖစ္ေနတယ္ဆုိတာကို ရွင္းလင္းစြာ ဖြင့္ဟပါ။ သင္ေပ်ာ္ေနသည္ျဖစ္ေစ၊ ေဒါသ ထြက္ေနသည္ျဖစ္ေစ၊ ၀မ္းနည္းေနသည္ျဖစ္ေစ သင့္ခ်စ္သူကို ဖြင့္ဟလိုက္ပါ။ ဒီလိုဆုိရင္ နွစ္ဦးသားလည္း တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုနားလည္လာပါလိမ့္မယ္။

၂။ ရိုးရိုးသားသားေနပါ။

သင့္ခ်စ္သူကုိ စတင္လိမ္ညာလိုက္တဲ့ အခ်ိန္ကစျပီး အရာရာတုိင္း မွားယြင္းသြားပါလိမ့္မယ္။ သင္ခ်စ္ရပါတယ္ဆုိတဲ့ သူကိုေတာင္ မရိုးသားႏိုင္ဘူးဆုိရင္ အျခားဘယ္သူ႔ကိုမွ သင္ရိုးရိုးသားသား ေျပာဆုိဆက္ဆံႏိုင္မယ္ မထင္ပါနဲ႕ေတာ့။

၃။ ကိုယ္ခ်ည္းပဲ စကားေတြ စြတ္ေျပာတာမ်ိဳး ေရွာင္ျပီး သူတစ္ပါးေျပာတာကိုလည္း နားေထာင္ပါ။

လူႏွစ္မ်ိဳးႏွစ္စားရွိပါတယ္။ တစ္မ်ိဳးက စကားေတြခ်ည္း စြတ္ေျပာျပီး သူတစ္ပါးေျပာတာကို နားမေထာင္တတ္တဲ့ သူမ်ိဳးပါ။ ေနာက္တစ္မ်ိဳးကေတာ့ ဘာစကားမွ မေျပာပဲ တစ္ပါးသူေျပာတာကို ျငိမ္နားေထာင္တတ္တဲ့ သူမ်ိဳးေပါ့။ သင္ကေတာ့ အဲ့ဒီႏွစ္မ်ိဳးကိုမ်ွတေအာင္ ေျပာလည္းေျပာ၊ သူေျပာတာကိုလည္း နားေထာင္ေပးတတ္တဲ့သူ ျဖစ္ပါေစ။

Credit:loveshop

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

သင့်ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့တစ်ယောက် တကယ်ကို ချစ်ခင်မြတ်နိုးကြတဲ့ စုံတွဲတွေ၊ အမြဲတမ်း အဆင်ပြေပြေ ရှိနေကြတဲ့ စုံတွဲတွေ သင်သတိပြုမိပါလိမ့်မယ်။

သူတို့တွေရဲ့ ဆက်ဆံရေးအုတ်မြစ်က ဘာများဖြစ်လိမ့်မလဲ ဆိုတာလည်း သင်သိချင်ပါလိမ့်မယ်။ အမြဲတမ်းသာယာပျော်ရွှင်နေကြတဲ့ စုံတွဲတွေရဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် သူတို့ကြား အရေးပါတဲ့ အချက်က သုံးချက်ပဲ ရှိပါတယ်။

ပျော်ရွှင်နေကြတဲ့ စုံတွဲတွေဟာ တခြားစုံတွဲတွေထက် တစ်ဦးနဲ့တစ်ဦး အမြဲထိတွေ့ဆက်ဆံနေတတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်တွေ၊ ပျော်ရွှင်မှုတွေကို ဝေမျှရင်း ဆက်ဆံတတ်တာမျိုးပါ။

ဒါ့ကြောင့် သင့်အချစ်ရေးကို ပျော်ရွှင်ပြီး အဆင်ပြေပြေလေး သွားချင်ရင် အခြေခံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒီအချက်သုံးချက်ကို သိထားရပါလိမ့်မယ်။

၁။ သင့်လိုအပ်ချက်တွေနဲ့ ခံစားချက်တွေကို ဖွင့်ဟပါ။

ချစ်သူရည်းစားနှစ်ဦးမှာ တစ်ယောက်လိုအပ်ချက်က ဘာဆိုတာမျိုးကို မဖွင့်ဟပဲ တစ်ယောက်က မသိနိုင်ပါဘူး။ ဒါ့ကြောင့် သင့်ခံစားချက် ဘာတွေဖြစ်နေတယ်ဆိုတာကို ရှင်းလင်းစွာ ဖွင့်ဟပါ။ သင်ပျော်နေသည်ဖြစ်စေ၊ ဒေါသ ထွက်နေသည်ဖြစ်စေ၊ ဝမ်းနည်းနေသည်ဖြစ်စေ သင့်ချစ်သူကို ဖွင့်ဟလိုက်ပါ။ ဒီလိုဆိုရင် နှစ်ဦးသားလည်း တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်လာပါလိမ့်မယ်။

၂။ ရိုးရိုးသားသားနေပါ။

သင့်ချစ်သူကို စတင်လိမ်ညာလိုက်တဲ့ အချိန်ကစပြီး အရာရာတိုင်း မှားယွင်းသွားပါလိမ့်မယ်။ သင်ချစ်ရပါတယ်ဆိုတဲ့ သူကိုတောင် မရိုးသားနိုင်ဘူးဆိုရင် အခြားဘယ်သူ့ကိုမှ သင်ရိုးရိုးသားသား ပြောဆိုဆက်ဆံနိုင်မယ် မထင်ပါနဲ့တော့။

၃။ ကိုယ်ချည်းပဲ စကားတွေ စွတ်ပြောတာမျိုး ရှောင်ပြီး သူတစ်ပါးပြောတာကိုလည်း နားထောင်ပါ။

လူနှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက စကားတွေချည်း စွတ်ပြောပြီး သူတစ်ပါးပြောတာကို နားမထောင်တတ်တဲ့ သူမျိုးပါ။ နောက်တစ်မျိုးကတော့ ဘာစကားမှ မပြောပဲ တစ်ပါးသူပြောတာကို ငြိမ်နားထောင်တတ်တဲ့ သူမျိုးပေါ့။ သင်ကတော့ အဲ့ဒီနှစ်မျိုးကိုမျှတအောင် ပြောလည်းပြော၊ သူပြောတာကိုလည်း နားထောင်ပေးတတ်တဲ့သူ ဖြစ်ပါစေ။

Credit:loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top