iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြအတြက္ တစ္ကိုယ္ရည္စိတ္ေျဖျခင္းဟာ မကင္းႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ တစ္ကိုယ္ရည္စိတ္ေျဖျခင္းမွာ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြရွိေနေပမယ့္လည္း လိုတာထက္ ပိုလာရင္ေတာ့ မေကာင္းတဲ့သက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ အလြန္အကၽြံစိတ္ေျဖမႈေတြ လုပ္မိေနၿပီလားဆိုတာကို သိႏိုင္မယ့္ လကၡဏာတစ္ခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

၁။ ပထမဆံုးသိသာတဲ့ အခ်က္တစ္ခုကေတာ့ မိမိကိုယ္ကို ထိခိုက္တဲ့အထိ တစ္ကိုယ္ရည္စိတ္ေျဖျခင္းပဲ ျဖစ္ပါတယ္။ တစ္ေန႔ကို ဘယ္ႏွစ္ႀကိမ္မွန္းမသိေအာင္ လုပ္ေနမိႏိုင္ပါတယ္။ ဒီလိုနဲ႔ ထိခိုက္မႈတစ္စံုတစ္ရာ ျဖစ္မလာေအာင္ ေလွ်ာ့ပါ။

၂။ တစ္ခါလုပ္ၿပီးတာေတာင္မွ ေနာက္ထပ္လုပ္ခ်င္ေနမိတာကလည္း လကၡဏာတစ္ခုပါပဲ။ သင့္အေနနဲ႔ တစ္ခါၿပီးတစ္ခါ စိတ္ေျဖခ်င္စိတ္ေပါက္ေနတာက မေကာင္းဘူးဆိုတာ သတိရပါ။

၃။ အမွန္တကယ္ မိန္းကေလးတစ္ေယာက္နဲ႔ ခ်စ္တင္းေႏွာဖို႔ထက္ အာသာေျဖဖို႔ပဲ စိတ္အားထက္သန္ေနမယ္။ သင့္ရဲ႕ပါတနာနဲ႔ ခ်စ္တင္းေႏွာဖို႔ကို ေရွာင္တတ္လာၿပီး သင့္ရဲ႕လက္ေလာက္ ဘယ္အရာကမွ မေကာင္းဘူးလို႔ ထင္လာမယ္ဆိုရင္ေတာ့ ေတာ္ေတာ္လြန္ေနပါၿပီ။

၄။ လိင္ဆက္ဆံခ်ိန္အပါအ၀င္ ေတာ္တန္ရုံအခ်ိန္ေတြမွာ လိင္တံမာေၾကာေထာင္မတ္ဖို႔ ခက္ခဲေနမယ္။ ဒါကေတာ့ တစ္ခါစိတ္ေျဖၿပီးတိုင္းမွာ သုက္အလံုအေလာက္ျပန္လည္ျပည့္၀လာတဲ့အထိ အခ်ိန္မေပးပဲ ထပ္ၿပီးစိတ္ေျဖတာေၾကာင့္ ျဖစ္တတ္ပါတယ္။

၅။ မိန္းကေလးနဲ႔ လိင္ဆက္ဆံမႈ ဘယ္ေလာက္လုပ္လုပ္ စိတ္ေက်နပ္မႈမရွိဘူး ျဖစ္ေနမယ္ဆိုရင္ သင္ လက္သမားလုပ္တာ မ်ားေနတဲ့ လကၡဏာပါပဲ။

၆။ အလြန္အကၽြံတစ္ကိုယ္ရည္စိတ္ေျဖျခင္းက ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဆံပင္ကၽြတ္ထိပ္ေျပာင္ျခင္းရဲ႕ အဓိကအေၾကာင္းရင္းေတာ့ မဟုတ္ေပမယ့္ ရုတ္တရက္ ဆံပင္ေတြ ကၽြတ္လာမယ္ဆိုရင္ တစ္ကိုယ္ရည္စိတ္ေျဖျခင္းကို ဆင္ျခင္သင့္ပါတယ္။

၇။ တစ္ရက္မွ စိတ္မေျဖရရင္ မေနႏိုင္ျဖစ္လာမယ္။ ဘယ္ေနရာေရာက္ေရာက္၊ ဘယ္လိုအေျခအေနပဲရွိရွိ၊ သင့္ဖြားဖက္ေတာ္နဲ႔ မကစားလိုက္ရရင္ မေနႏိုင္တာမ်ိဳးကလည္း တစ္ကိုယ္ရည္စိတ္ေျဖမႈ လြန္ကဲျခင္းရဲ႕ လကၡဏာျဖစ္ပါတယ္။

၈။ မ်ားေသာအားျဖင့္ တစ္ကိုယ္ရည္စိတ္ေျဖျခင္းဟာ အေလ့အက်င့္တစ္ခု ျဖစ္လာတယ္။ ခံစားမႈကို သေဘာက်လို႔ ဆိုတာထက္ အေလ့အက်င့္တစ္ခုလို လုပ္မိလာတာျဖစ္ပါတယ္။

၉။ တစ္ကိုယ္ရည္စိတ္ေျဖျခင္း မလုပ္မိေအာင္ ဆင္ျခင္ဖို႔ ႀကိဳးစားေပမယ့္ အျမဲတမ္း မေအာင္မျမင္ျဖစ္ေနမယ္။

၁၀။ တစ္ခါေလာက္ ကိစၥၿပီးရုံနဲ႔ မတင္းတိမ္ႏိုင္ဘူး ျဖစ္ေနမယ္။ တစ္္ညမွာ တစ္ႀကိမ္ထက္ပိုၿပီး လုပ္လိုက္ရမွ ေက်နပ္လာမယ္။ တစ္ခါတစ္ေလ ညဖက္တစ္ေရးႏိုးမွာ တစ္ခ်ီေလာက္ဆြဲလိုက္ရမွ အဆင္ေျပတာမ်ိဳးဆိုရင္ေတာ့ ျပႆနာရွိေနပါၿပီ။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အမျိုးသားတွေအတွက် တစ်ကိုယ်ရည်စိတ်ဖြေခြင်းဟာ မကင်းနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်ရည်စိတ်ဖြေခြင်းမှာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေရှိနေပေမယ့်လည်း လိုတာထက် ပိုလာရင်တော့ မကောင်းတဲ့သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အလွန်အကျွံစိတ်ဖြေမှုတွေ လုပ်မိနေပြီလားဆိုတာကို သိနိုင်မယ့် လက္ခဏာတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ပထမဆုံးသိသာတဲ့ အချက်တစ်ခုကတော့ မိမိကိုယ်ကို ထိခိုက်တဲ့အထိ တစ်ကိုယ်ရည်စိတ်ဖြေခြင်းပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ဘယ်နှစ်ကြိမ်မှန်းမသိအောင် လုပ်နေမိနိုင်ပါတယ်။ ဒီလိုနဲ့ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်မလာအောင် လျှော့ပါ။

၂။ တစ်ခါလုပ်ပြီးတာတောင်မှ နောက်ထပ်လုပ်ချင်နေမိတာကလည်း လက္ခဏာတစ်ခုပါပဲ။ သင့်အနေနဲ့ တစ်ခါပြီးတစ်ခါ စိတ်ဖြေချင်စိတ်ပေါက်နေတာက မကောင်းဘူးဆိုတာ သတိရပါ။

၃။ အမှန်တကယ် မိန်းကလေးတစ်ယောက်နဲ့ ချစ်တင်းနှောဖို့ထက် အာသာဖြေဖို့ပဲ စိတ်အားထက်သန်နေမယ်။ သင့်ရဲ့ပါတနာနဲ့ ချစ်တင်းနှောဖို့ကို ရှောင်တတ်လာပြီး သင့်ရဲ့လက်လောက် ဘယ်အရာကမှ မကောင်းဘူးလို့ ထင်လာမယ်ဆိုရင်တော့ တော်တော်လွန်နေပါပြီ။

၄။ လိင်ဆက်ဆံချိန်အပါအဝင် တော်တန်ရုံအချိန်တွေမှာ လိင်တံမာကြောထောင်မတ်ဖို့ ခက်ခဲနေမယ်။ ဒါကတော့ တစ်ခါစိတ်ဖြေပြီးတိုင်းမှာ သုက်အလုံအလောက်ပြန်လည်ပြည့်ဝလာတဲ့အထိ အချိန်မပေးပဲ ထပ်ပြီးစိတ်ဖြေတာကြောင့် ဖြစ်တတ်ပါတယ်။

၅။ မိန်းကလေးနဲ့ လိင်ဆက်ဆံမှု ဘယ်လောက်လုပ်လုပ် စိတ်ကျေနပ်မှုမရှိဘူး ဖြစ်နေမယ်ဆိုရင် သင် လက်သမားလုပ်တာ များနေတဲ့ လက္ခဏာပါပဲ။

၆။ အလွန်အကျွံတစ်ကိုယ်ရည်စိတ်ဖြေခြင်းက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်ထိပ်ပြောင်ခြင်းရဲ့ အဓိကအကြောင်းရင်းတော့ မဟုတ်ပေမယ့် ရုတ်တရက် ဆံပင်တွေ ကျွတ်လာမယ်ဆိုရင် တစ်ကိုယ်ရည်စိတ်ဖြေခြင်းကို ဆင်ခြင်သင့်ပါတယ်။

၇။ တစ်ရက်မှ စိတ်မဖြေရရင် မနေနိုင်ဖြစ်လာမယ်။ ဘယ်နေရာရောက်ရောက်၊ ဘယ်လိုအခြေအနေပဲရှိရှိ၊ သင့်ဖွားဖက်တော်နဲ့ မကစားလိုက်ရရင် မနေနိုင်တာမျိုးကလည်း တစ်ကိုယ်ရည်စိတ်ဖြေမှု လွန်ကဲခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

၈။ များသောအားဖြင့် တစ်ကိုယ်ရည်စိတ်ဖြေခြင်းဟာ အလေ့အကျင့်တစ်ခု ဖြစ်လာတယ်။ ခံစားမှုကို သဘောကျလို့ ဆိုတာထက် အလေ့အကျင့်တစ်ခုလို လုပ်မိလာတာဖြစ်ပါတယ်။

၉။ တစ်ကိုယ်ရည်စိတ်ဖြေခြင်း မလုပ်မိအောင် ဆင်ခြင်ဖို့ ကြိုးစားပေမယ့် အမြဲတမ်း မအောင်မမြင်ဖြစ်နေမယ်။

၁၀။ တစ်ခါလောက် ကိစ္စပြီးရုံနဲ့ မတင်းတိမ်နိုင်ဘူး ဖြစ်နေမယ်။ တစ်ညမှာ တစ်ကြိမ်ထက်ပိုပြီး လုပ်လိုက်ရမှ ကျေနပ်လာမယ်။ တစ်ခါတစ်လေ ညဖက်တစ်ရေးနိုးမှာ တစ်ချီလောက်ဆွဲလိုက်ရမှ အဆင်ပြေတာမျိုးဆိုရင်တော့ ပြဿနာရှိနေပါပြီ။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top