iMyanmarHouse.com - Best Property Website for Myanmar
×

(၁) နဖူးျပင္တည့္တည့္တြင္ မွဲ႔ရွိလွ်င္ ေငြေၾကးႏွင့္ပတ္သက္၍ အစြပ္အစြဲခံရတတ္၏။အပူေသာကမ်ားလိမ့္မည္။မိမိတြင္ ရွိသည္ထက္ပို၍ လူအမ်ားက ခ်မ္းသာသည္ဟု ထင္ျမင္တတ္ျခင္းေၾကာင့္ ဒုကၡေတြပရတတ္ပါသည္။

(၂) ညာဘက္မ်က္ခံုးေမြးေပၚတြင္ရွိလွ်င္ ခ်မ္းသာတတ္ပါသည္။ ပစၥည္းဥစၥာ ျပည့္စံုလိမ့္မည္။ေလာကီစည္းစိမ္အဝဝကို သံုးေဆာင္ခံစားရတတ္သည္။

(၃) ဘယ္ဘက္မ်က္ခံုးေမြးေပၚတြင္ မွဲ႔ရွိ္လွ်င္ အရက္သမား၊ ၾကက္သမား၊ ေလာင္းကစားသမား ျဖစ္တတ္သည္။ေလာင္းကစားမႈကို ဇနီးမယားထက္ပင္ ပိုမို၍ ခ်စ္ခ်င္စြဲလမ္းႏွစ္သက္ပါသည္။

(၄) ႏွာေခါင္းတည့္တည့္ (ႏွာသီးထိပ္ဖ်ား)တြင္ မွဲ႔ရွိလွ်င္ စာေပ၊ ဇာတ္သဘင္၊ ေတးဂီတ အႏုပညာရပ္မ်ားျဖင့္ ထင္ရွား၍ ေအာင္ျမင္ေက်ာ္ၾကား တတ္ပါသည္။

(၅) ဘယ္ဘက္မ်က္ခမ္းေအာက္နားတြင္ မွဲ႔ရွိလွ်င္ လူမုန္းမ်ားတတ္သည္။အလုပ္လုပ္ကိုင္ရာတြင္ အတိုက္အခံႏွင့္ ၾကံဳရတတ္သည္။ငယ္စဥ္အခါက ဆင္းရဲဒုကၡအမ်ိဳးမ်ိဳး ၾကံဳေတြ႔ခဲ့ရလိမ့္မည္။အခ်စ္ေရးတြင္ စြန္႔စားတတ္သည္။ တဇြတ္ထိုးလုပ္တတ္သည္။ ဇနီးမယားကို

ခ်စ္ခင္သူျဖစ္မည္။ဇနီးသည္၏ ၾသဇာလႊမ္းမိုးမႈကို ခံရတတ္ပါသည္။

(၆) ညာဘက္ပါးမို႔တြင္ စံပယ္တင္မွဲ႔ရွိလွ်င္ မိန္းကေလးမ်ား စိတ္ဝင္စားျခင္းကို ခံရတတ္သည္။ မ်က္ႏွာပြင့္လန္းတတ္ပါသည္။ ေလာကကို တရားသေဘာျဖင့္ ရႈျမင္တတ္ေသာသူ ျဖစ္သည္။အသက္ႀကီးရင့္လာလွ်င္ ရေသ ရဟန္း ျပဳတတ္သည္။ အမ်ားအက်ိဳးေဆာင္သည့္

သာသနာျပဳပုဂၢိဳလ္ ျဖစ္တတ္ပါသည္။

(၇) ဘယ္ဘက္ပါးေပၚတြင္ စံပယ္တင္မွဲ႔ရွိလွ်င္ မိန္းမေခ်ာမ်ား (သို႔မဟတု္) ထင္ရွားေက်ာ္ၾကားေသာ မိန္းမႏွင့္ အိမ္ေထာင္က်တတ္ပါသည္။ မိန္းမတို႔၏ ခ်စ္ခင္စြဲျခင္းကို အထူးသျဖင့္ ခံယူရတတ္ပါသည္။

(၈) ညာဘက္ပါးျပင္၌ ေအာက္ဘက္နားတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာလွ်င္လည္း ခဏတာမွ်သာ ျဖစ္သည္။ဆင္းရျပင္ပန္းတတ္သည္။

(၉) ဘယ္ဘက္ပါးျပင္ေအာက္တြင္ ထင္ရွားစြာ မွဲ႔ရွိလွ်င္ ခ်မ္းသာႀကီးပြားတတ္သည္။ ဘယ္အလုပ္မဆို ေအာင္ျမင္၍ နာမည္ေက်ာ္ၾကား တတ္ပါသည္။

(၁၀) ေမးေစ့တည့္တည့္တြင္ မွဲ႔ရွိ္လွ်င္ ကိုယ္ပိုင္လုပ္ငန္းျဖင့္ ႀကီးပြားခ်မ္းသာ တတ္ပါသည္။ သတင္းေကာင္းျဖင့္ ေက်ာ္ၾကားေအာင္ျမင္မည္။

(၁၁) ေမးေစ့နားတဝိုက္တြင္ ထင္ရွားေသာမွဲ႔ရွိလွ်င္ ဒုကၡဆင္းရဲ အမ်ိဳးမ်ိဳးတို႔ကို ၾကံဳေတြ႔ရတတ္ျပီး ေနာက္ဆံုးတြင္ ေအာင္ျမင္တတ္သည္။ ကမၻာေက်ာ္သည့္ပုဂၢိဳလ္ထူးမ်ားတြင္လည္း ပါရွိသည္။

(၁၂) မ်က္ရည္စီးက်ရာ လမ္းေၾကာင့္တည့္တည့္ (ဝဲ,ယာ)တြင္ မွဲ႔ရွိလွ်င္ မယားဆံုးတတ္သည္။(သို႔မဟုတ္) အိမ္ေထာင္ေရး ညံ႔တတ္သည္။ စီးပြားရွာရာတြင္ ပင္ပန္းတတ္ပါသည္။

(၁၄) လည္ပင္းတြင္ မွဲ႔ရွိ္လွ်င္ ခ်မ္းသာႀကီးပြားတတ္သည္။ အလုပ္အကိုင္ အၾကံအစည္ ေအာင္ျမင္တတ္သည္။ ဆင္းရဲလွ်င္လည္း တခဏတာျဖစ္၍ မေမွ်ာ္လင့္ မထင္မွတ္ေသာ အေၾကာင္းတခုခုျဖင့္ ခ်မ္းသာတတ္ပါသည္။

(၁၅) ဘယ္, ညာ လက္ေမာင္း (သို႔မဟုတ္) လက္ဖ်ံ ဘယ္,ညာတြင္ မွဲ႔ရွိလွ်င္ ဆင္းရဲသူျဖစ္ပါက လူလတ္တန္းစားဘဝျဖင့္ အဆင္ေျပတတ္သည္။ အလယ္အလတ္တန္း အဆင့္ျဖစ္လွ်င္ ေဇာတိကသူေဌးကဲ့သို႔ ခ်မ္းသာၾကြယ္ဝေသာသူေဌး ျဖစ္တတ္ပါသည္။

(၁၆) ရင္ဘတ္ ဘယ္ဘက္ႏွင့္ ညာဘက္တြင္ မွဲ႔တလံုးစီ ရွိ၍ ရင္ဘတ္အလယ္တည့္တည့္တြင္ မွဲ႔တလံုး၊ ခါးနားတြင္ မွဲ႔တလံုး၊ ပါရွိျခင္းကို မွဲ႔စလြယ္ဟု ေခၚဆိုသည္။ အသက္ရွည္၍ ဗဟုသုတ ဉာဏ္အေျမာ္အျမင္ ႀကီးမားေသာ ေရွးလူႀကီးမ်ား၊ ရေသ့ပညာရွိႀကီးမ်ား၏ အဆိုအမိန္႔အရ

ေယာက်္ားတြင္ မွဲ႔စလြယ္ရွိျခင္းသည္ ယခင္ဘဝေဟာင္းက မင္းျဖစ္ခဲ့သူျဖစ္သည္ဟု အဆိုအမိန္႔ရွိၾက၏။မွဲ႔စလြယ္ ပါရွိေသာသူသည္ ဆင္းရဲဒုကၡႏွင့္ မၾကံဳရဘဲ အဆင့္အတန္းျမင့္သည္ ့ဘဝမ်ိဳးႏွင့္ ေနႏို္ိင္ရလိမ့္မည္။ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္းကို ခံ၇တတ္သည္။
ဇနီးမယားအေပၚတြင္ ၾသဇာေညာင္း တတ္ပါသည္။

(၁၇) ဘယ္ဘက္ (သို႔မဟုတ္) ညာဘက္ ေပါင္တြင္ မွဲ႔ရွိလွ်င္ လ်င္ျမန္ဖ်တ္လတ္သူ ျဖစ္တတ္သည္။လူမႈေရးကိစၥ အဝဝကို သိနားလည္ျပီး အကင္းပါးသူ ျဖစ္တတ္သည္။

(၁၈) တင္ပါး၏ ဘယ္ဘက္ (သို႔မဟတု္) ညာဘက္တြင္ မွဲ႔ရွိလွ်င္ အရွက္အေၾကာက္ အလြန္ႀကီးတတ္ပါသည္။ စိတ္သေဘာထား ႏုတတ္သည္။ေယာက်္ားျဖစ္ပါလ်က္ႏွင့္ တခါတရံတြင္ မိန္းမဆန္ေသာ အျပဳအမူအေနအထိုင္မ်ားကို ေတြ႔ရတတ္သည္။

(၁၉) ေျခဖဝါးအလည္တည့္တည့္တြင္ မွဲ႔ရွိလွ်င္ တေနရာတည္းတြင္ အတည္တက်ေနႈမရဘဲ ေျခသလံုးအိမ္တိုင္ဘဝျဖင့္ သြားလာေနထိုင္ရကာ ဘဝဆံုးပါးပ်က္စီးတတ္ပါသည္။

(၂၀) ဘယ္ (သို႔မဟုတ္) ညာ ေျခဖမိုးတြင္ မွဲ ့မ်ားစြာ ပါရွိလွ်င္ သူရဲေကာင္းျဖစ္တတ္သည္။(သို႔မဟုတ္) လူဆိုး၊ ဓားျပ ျဖစ္တတ္ပါသည္။တုတ္၊ ဓား၊ လွံ စသည့္ လက္နက္ကိရိယာမ်ားကို ေဆာင္ထားတတ္သည္။တိုက္ခိုက္ေရးပညာမ်ားတြင္လည္း ဝါသနာပါ၍ ပညာရွင္ျဖစ္တတ္သည္။

(၂၁) ရင္ညြန္႔တည့္တည့္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ သူေတာ္ေကာင္း သူျမတ္ေလာင္း ျဖစ္တတ္သည္။တရားဓမၼ ႏွလံုးသြင္းတတ္သည္။ေလာကီ သမထစ်ာန္တန္ခိုးဘက္သို႔ လိုက္စားတတ္သည္။သိဒၶိ မဟိဒၶိ တန္ခိုးမ်ားရ၍ ေပါက္ေျမာက္ႏိုင္သည္။

(၂၂) ညာဘက္လက္တြင္ မွဲ႔ပါရွိလွ်င္ ေငြေၾကးကို အေၾကာင္းျပဳ၍ အမႈျဖစ္တတ္ပါသည္။ကပ္ေစးႏွဲသူ၊ မိမိကိုယ္က်ိဳး တခုတည္းကိုသာ ၾကည့္ျမင္တတ္သူ ျဖစ္တတ္ပါသည္။

(၂၃) လက္ဖဝါးျပင္၏ ဘယ္ ၫာ ႏွစ္ဖက္စလံုး၏ အလယ္တည့္တည့္တြင္ ထူးထူးျခားျခား မွဲ႔အစိမ္းတလံုး ပါရွိလွ်င္ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္း ခံရေသာ ဘုန္းရွင္၊ ကံရွင္၊ ပါရမီရွင္ ျဖစ္တတ္ပါသည္။ဝိဇၨာဓိုရ္၊ သိဒၶိရွင္၊ မဟိဒၶိရွင္ ပုဂၢိဳလ္မ်ားႏွင့္ ပ႒ာန္းဆက္ရွိသူျဖစ္သည္။
ဝိဇၨာလမ္းသို႔ လိုက္စားလွ်င္ ဆရာသမားေကာင္းႏွင့္ ေတြ႔ျပီး သိဒၶိရတတ္ပါသည္။
Credit: ဂမၻီရမဂၢဇင္း
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
(၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။အပူသောကများလိမ့်မည်။မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။

(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။

(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။

(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

(၅) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။အလုပ်လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည်။ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။ ဇနီးမယားကို

ချစ်ခင်သူဖြစ်မည်။ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

(၆) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်းတတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့်

သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

(၇) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု်) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

(၈) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ဆင်းရပြင်ပန်းတတ်သည်။

(၉) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

(၁၀) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

(၁၁) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။

(၁၂) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။(သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။

(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။

(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ

ယောကျ်ားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့်ဘဝမျိုးနှင့် နေနိိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။
ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ယောကျ်ားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။

(၁၉) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။

(၂၀) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။(သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

(၂၁) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။တရားဓမ္မ နှလုံးသွင်းတတ်သည်။လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

(၂၂) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

(၂၃) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။
ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။

Credit: ဂမ္ဘီရမဂ္ဂဇင်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top