iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္လႈပ္ရွားမႈနည္းၿပီးက်န္းမာေရးျပသနာေတြရွိလာႏုိင္တဲ့သူေတြအတြက္ကာမစပ္ယွက္တာကုိ ေဆး၀ါးတစ္ခုသဖြယ္ အသုံးျပဳဖုိ႔ၿဗိတိန္အမ်ိဳးသားက်န္းမာေရးဌာနမွ ညႊန္ၾကားထားေၾကာင္း၊ ထိုညႊန္ၾကားခ်က္ကုိ ဆရာ၀န္ေတြဆီ ေပးပုိ႔ခဲ့တာျဖစ္ျပီး တစ္ေန႔ ကုိ မိနစ္၃၀ကုိယ္လက္လႈပ္ရွားဖုိ႔လုိေပမယ့္ အဲလုိမလုပ္ႏုိင္သူေတြဟာ ကာမစပ္ယွက္တာကုိ စိတ္ပါလက္ပါလုပ္ဖုိ႔ လုိအပ္ ေၾကာင္း the Academy of Medical Royal Colleges မွ တာ၀န္ရွိသူတစ္ဦးက၂၀၁၅ခုႏွစ္ ႏွစ္ဦးပိုင္းမွာdailymail.co.uk (ေခၚ) အင္တာနက္သတင္းလႊာမွာ ေဖာ္ျပထားပါတယ္။

ခ်စ္တင္းေႏွာျခင္းအတြက္ ေအာက္ေဖာ္ျပပါက်န္းမာေရးအက်ိဳးေက်းဇူးမ်ားကို ရရွိေစမည္ျဖစ္ပါေၾကာင္းကိုလည္း အင္တာနက္သတင္းလႊာတစ္ခုျဖစ္ေသာ International Health Digest မွာ ေဖာ္ျပ ထားပါတယ္။  (၁) ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။ ႊႊ The University of Münster မွ အာရံုေၾကာေရာဂါရွာေဖြေရးသုေတသီမ်ားက ေခါင္းတျခမ္းကိုက္ ေ၀ဒနာသည္ အမ်ိဳးသား၊အမ်ိဳး သမီး အေယာက္ ၁၀၀၀ျဖင့္ေလ့လာမႈမ်ားျပဳခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင္ႏႈန္းခန္ ့က ဖို-မ ဆက္ဆံျပီးေနာက္ ေခါင္းကိုက္ေ၀ဒနာ သိသိသာသာ သက္သာလာတယ္လို ့ဆိုပါတယ္။(၂) ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေစပါတယ္။

The BermanCenter(ေခၚ)အမ်ိဳးသမီးမ်ားလိင္ပိုင္းဆိုင္ရာက်မၼာေရးစင္တာမွ ဒါရိုက္တာ တစ္ဦးျဖစ္သူ Ms.Laura Berman က အမ်ိဳးသမီးမ်ား အိပ္ယာမ၀င္ခင္လိင္ကိစၥျပီးေျမာက္ျခင္းက စိတ္ဖိစီးမႈမ်ားေျပေလ်ာ့ကာတခဏအတြင္း အိပ္ေပ်ာ္သြားေစတယ္ လို ့ဆိုပါတယ္။(၃) ကယ္လိုရီေလာင္ျမိဳက္ေစပါတယ္။ကိုယ္အေလးခ်ိန္က်လိုသူမ်ားအတြက္ သတင္းေကာင္းေလးပါ။ မိနစ္၃၀ၾကာ ခ်စ္တင္း ခင္းက ၁၄၄ ကယ္လိုရီ ေလာင္ျမိဳက္ ေစျပီး၊ မၾကာခဏေပြ ့ဖက္နမ္းရႈံ ့ျခင္းက ၆၈ ကယ္လိုရီ ေလာင္ျမိဳက္ေစေၾကာင္း Women's Dayဂ်ာနယ္တစ္ေစာင္တြင္ ေဖာ္ျပ ထားပါတယ္။(၄) ႏွလံုးက်မၼာေစပါတယ္ခ်စ္တင္းေႏွာျခင္းက ကိုယ္အေလးခ်ိန္က်ေစျခင္း၊စိတ္ဖိစီးမႈမ်ားေျပေပ်ာက္ျပီး ညဘက္အိပ္ေမာက် ျခင္းစသည့္အက်ိဳးေက်းဇူးမ်ားရေစ၍ ႏွလံုးကိုတစ္ဖက္တစ္လမ္းမွအားျပည့္ေစတဲ့အတြက္ ႏွလံုးက်မၼာေရးကိုအေထာက္အကူ ျဖစ္ေစပါတယ္။(၅) ၾကြက္သားမ်ားသန္မာေစပါတယ္ႏွလံုးၾကြက္သားမ်ားကိုေကာင္းက်ိဳးျပဳကာ သက္လံုေကာင္းေစရံုသာမက၊ ဖို-မ ဆက္ဆံျခင္းအေနအထားအရ ၾကြက္သားမ်ား အားစိုက္ထုတ္ရျခင္းေၾကာင့္ ၾကြက္သားမ်ားသန္မာေစပါတယ္။(၆) နာက်င္မႈေ၀ဒနာမ်ားသက္သာေစပါတယ္။ ခ်စ္တင္းေႏွာခ်ိန္မွာ oxytocin ေဟာ္မုန္းထြက္ရိွပါတယ္။ နာက်င္မႈသက္သာေစရန္ ဦးေႏွာက္မွထုတ္ေပးသည့္ ထိုေဟာ္မုန္း ေၾကာင့္ခႏၶာကိုယ္ရွိ နာက်င္မႈေ၀ဒနာမ်ားကိုေလ်ာ့ပါးသြားပါတယ္။(၇) ကိုယ္ခံစြမ္းအားတိုးတက္ျမင့္မားလာေစပါတယ္.......


The University of Pennsylvania မွ ေဆးသိပၸံပညာရွင္မ်ားက အနည္းဆံုးရက္သတၱ ၁-ပတ္လွ်င္ ၁-ၾကိမ္ ခ်စ္တင္းေႏွာျခင္းက ကိုယ္ခံစြမ္းအားကို၃၀ရာခိုင္ႏႈန္းမွ် တိုးတက္ေကာင္းမြန္လာေစတာေၾကာင့္ အေအးမိ၊ တုပ္ေကြးစသည့္ရာသီကူးစက္ဖ်ားမ်ား မျဖစ္ေစႏိုင္ဘူးလို ့ဆိုပါတယ္။လိင္စိတ္ကိုအားေပးတဲ့အစားအစာမ်ားမွာ-

(၁) တရုပ္နံနံပင္ထဲတြင္ပါရွိေသာ androsterone ဓာတ္ကက်ားဟိုမုန္းထြက္ရွိမႈကို လြန္စြာအားေပးတ့ဲ့အတြက္အမ်ိဳးသားမ်ားညအိပ္ယာမ၀င္ခင္တရုပ္နံနံပင္ကိုအစိမ္းလိုက္၀ါးစားေပးသင့္ပါတယ္။

(၂)ဂံုးေကာင္/ကမာေကာင္ထဲရွိ သဘာ၀ ဇင့္ဓာတ္ႏွင့္ dopamine ဟိုမုန္းတို ့က လိင္စိတ္ကို သံုးဆမွ်တိုးပြားလာေစကာ၊ အမ်ိဳးသားမ်ားသုက္ရည္ထုတ္ေပးေသာ ဆဲလ္မ်ားကိုအ ေထာက္အပံ့ေပးသျဖင့္ သားသမီးယူရန္အစီအစဥ္ရွိေသာ ဖခင္ေလာင္းမ်ား ဂံုးေကာင္/ကမာေကာင္ကို မျဖစ္မေန စားေပးသင့္ ပါတယ္။ (အကယ္၍ ကရုကမာေကာင္မၾကိဳက္သူမ်ားအေနျဖင့္ ၄င္းႏွင့္အစြမ္းသတၱိတူေသာေသာ ေရႊဖရံုေစ့ေလွာ္ကို စား ေပး ႏိုင္ပါတယ္။)

(၃) ဌက္ေပ်ာသီးထဲတြင္ပါရွိေသာ bromelain အင္ဇိုင္း ႏွင့္ ဗီတာမင္မ်ားက က်ားခြန္းအားကို ျပည့္၀ေစလို ့  ေန ့တိုင္း ဌက္ေပ်ာသီးစားေပးပါ။(၄) ေရွးမကၠဆီကိုတိုင္းရင္းသားမ်ားကေထာပတ္သီးကို "testicle tree"(၀ါ)သုက္ရည္ထြက္ ေစတဲ့အပင္ ဟုမွည့္ေခၚကာ ဖို-မ ခြန္အားတိုးေဆးအျဖစ္ စားသံုးလာခဲ့ၾကပါတယ္။

(၅) ဗာဒံေစ့ထဲမွာပါတဲ့ ဖက္ဆီးအက္ဆစ္ မ်ားဟာ က်ားဟိုမုန္း ထုတ္ေပးႏိုင္စြမ္းရွိလို ့၊ ဗာဒံေစ့အစိမ္းကိုအစိမ္းလိုက္(အခ်ိ/အငံမေရာဘဲ)၀ါးစားပါ။

 (၆) သဖန္းသီး၊သရက္ သီး၊ မက္မံုသီးႏွင့္စေတာ္ဘယ္ရီသီးမ်ားကဖို-မစြမ္းအားတိုးျမွင့္ေပးလို ့ ၄င္းသစ္သီး ၄-မ်ိဳးကိုေရာစား၍ေသာ္လည္းေကာင္း၊တမ်ိဳးခ်င္းသီးသန္ ့စား၍ေသာ္လည္းေကာင္းအဆင္ေျပသလိုစားေပးႏိုင္ပါတယ္။

(၇) ၾကက္ဥထဲမွာပါတဲ ့ ဗီတာမင္ B5 ႏွင့္ B6တို ့က စိတ္ဖိစီးမႈေျပေပ်ာက္ေစျပီး၊ ဟိုမုန္းပမာဏကိုတိုးပြားလာေစပါတယ္။ ၾကက္ဥကိုအစိမ္းေသာက္ျခင္းက က်ား-မ သဘာ၀ စြမ္းရည္ ကို ပိုမိုတိုးပြားလာေစပါတယ္။ ငါးဥမ်ားကလည္း ၾကက္ဥလိုအစြမ္းသတၱိပါရွိၾကပါတယ္။

(၈) ၾကက္သြန္ျဖဴထဲရွိ allicin ဓာတ္က က်ား-မလိင္အဂၤါထဲရွိ ေသြးမ်ားကို လွွ်င္ျမန္စြာစီးဆင္းလည္ပတ္ေစလို ့ရာဂစိတ္ၾကြေစပါတယ္။

(၉) အနက္ေရာင္ ေခ်ာကလက္ထဲမွာပါတဲ့ phenylethylamine ဓာတ္ေပါင္းစုက ခ်စ္စိတ္ကိုတိုးပြားေစလို ့၊ ခ်စ္တင္းေႏွာအားျဖည့္ေဆးအျဖစ္မွီ၀ဲစားသံုးသင့္ပါ တယ္။(၁၀) ျမန္မာ့တိုင္းရင္းေဆးက်မ္းမ်ားမွာျမင္းခြာရြက္ကို ၆လ တိတိစားေပးပါက၊ ခြန္အားဗလႀကီး၍ လူပ်ိဳလိုျဖစ္ေစေၾကာင္းညႊန္းဆိုထားပါတယ္။

 အိႏိၵယႏိုင္ငံArunaဘုရင္မင္းျမတ္ဟာေန ့စဥ္ျမင္းခြာရြက္စားလို ့သက္လံုေကာင္းျပီးမိဘုရားေမာင္းမမိသံအေယာက္၅၀အတြက္လိင္ကိစၥကိုစြမ္းေဆာင္ႏိုင္ေၾကာင္းအိႏိၵယရာဇ၀င္သမိုင္းတြင္ေဖာ္ျပထားပါတယ္။ ျမင္းခြာရြက္ဟာလိင္စိတ္ၾကြေစေသာအစြမ္းရွိလို ့၊ ၁၉၆၆ ခုႏွစ္ ထိုင္းႏိုင္ငံေဆးအဘိဓာန္မွာ လိင္စိတ္ကိုအားေပးတဲ့ သဘာ၀ ေဆး(၀ါ)Youth Vitamin X ဟုမွတ္တမ္းတင္ထားပါတယ္။

(၁၁) ကီ၀ီသီးကလည္း ခ်စ္တင္းေႏွာေစတဲ့အားျဖည့္ေဆးပါဘဲ။

(၁၂) ေဖာလစ္အက္ဆစ္ၾကြယ္၀ေသာ ဟင္းႏုနယ္ကို စားေပးျခင္းျဖင့္ လိင္စိတ္ဆႏၵကိုတိုးျမင့္ေပးကာ၊ မ်ိဳးေအာင္ေစပါတယ္။

(၁၃)ဟင္နရီ-၇ ဘုရင္ႏွင့္ေရွးအာရွဘုရင္မင္းျမတ္မ်ားလက္ထပ္ကတည္းကပင္ ေမာင္းမမိႆံစြမ္းေဆာင္းရည္ အားေကာင္း ေဆးအျဖစ္ ဂ်င္းျပဳတ္ရည္ကိုမွီ၀ဲလာခဲ့ၾကပါတယ္။ ထို ့ျပင္ ၂၁ ရာစု ေဆးသုေတသီမ်ားကလည္း ဂ်ငး္ဟာ ကာမစိတ္ဆႏၵကို လွံဳ ့ေဆာ္ေပးတဲ့ အိမ္တြင္းသမားေတာ္လို ့ဆိုၾကပါတယ္။

(၁၄)ဖာလာေစ့ထဲတြင္အေျမာက္အမ်ားပါရွိေသာCineole ဓာတ္ကရာဂစိတ္ကို လွံဳ့ေဆာ္ေပးႏိုင္စြမ္းရွိလို ့အိႏၵိယႏိုင္ငံမွာ ကာမရာဂေဆးအျဖစ္ ဖာလာေစ့ေရေႏြးၾကမ္းလၻက္ရည္ကို ေသာက္သံုး ေလ့ရွိၾကပါတယ္။

(၁၅)အိီတလီႏိုင္ငံမွာ ေရွးပေ၀သဏီကတည္းကစ၍ ပင္စိမ္းပင္မ်ားကို ဟိုမုန္းအားတိုးေဆးအျဖစ္ အသံုးျပဳ လာခဲ့ၾကပါတယ္။

(၁၆) ေရႊဖရံုေစ့ထဲမွာဇင့္ဓာတ္ျမင့္မားစြာပါရွိသည့္အျပင္ ဗီတာမင္ႏွင့္ သတၱဳဓာတ္တို ့ အလံုအေလာက္ပါရွိ လို ့ကပၸါယ္အိတ္တြင္ ျဖစ္ေပၚသည့္အဖိုလိင္ေဟာ္မုန္းထုတ္လုပ္မႈကို အားေပးျခင္းေၾကာင့္အမ်ိဳးသားမ်ားညအိပ္ယာ၀င္ခါနီး တိုင္း ေရႊဖရံုေစ့ေလွာ္စားေပးသင့္ပါတယ္။

(၁၇) ေနာက္ဆံုးေပၚေလ့လာစမ္းသပ္မႈမ်ားအရ၊စပ်စ္၀ိုင္တစ္ခြက္ပံုမွန္မွီ၀ဲေလ့ရွိ ေသာအမ်ိဳးသမီးမ်ားဟာလိင္စိတ္ဆႏၵတက္ၾကြေလ့ရွိျပီး၊အလံုးစံုျပီးေျမာက္ေအာင္ျမင္ပါတယ္တဲ့။

(၁၈) ဖရဲသီးမွာပါတဲ့ citrulline(ေခၚ)အမိုင္ႏိုအက္ဆစ္ဟာ ေသြးလႊတ္ေၾကာမ်ားကိုေျပေလ်ာ့ကာ၊ ေသြးလည္ပတ္စီးဆင္းမႈကို တိုးပြားေစလို ့အမ်ိဳး သားမ်ား က်ားခြန္အားေကာင္းေစပါတယ္။

 (၁၉) ပန္းေဂၚဖီစိမ္းမွာပါတဲ့ဗီတာမင္ဓာတ္ေပါင္းစုမ်ားဟာ မ-သဘာ၀ခြန္အား ျဖစ္ေစ ၍ အမ်ိဳးသမီးမ်ား ညစာဟင္းလ်ာအျဖစ္စားသံုးေပးသင့္ပါတယ္။

(၂၀) The University of Hawaii မွေလ့လာစမ္းသပ္မႈမ်ားအရ၊ ဂ်င္စင္းမွီ၀ဲသူအမ်ိဳးသမီးမ်ားဟာ တလအတြင္းမွာပင္လိင္စြမ္းေဆာင္ရည္ ၆၈ ရာခိုင္ႏႈန္းမွ် တိုးတက္လာေၾကာင္း၊ သို ့ေသာ္ ဓာတုပစၥည္း/သၾကားတို ့ျဖင့္ ဖန္တီးထားေသာ ဂ်င္စင္းအတုကေတာ့ က်မၼာေရးကိုအက်ိဳးယုတ္ေစေၾကာင္း အၾကံျပဳ ထားပါ တယ္။

(၂၁) အ၀ါေရာင္ကံုကုမံ(၀တ္ဆံ)ဟာ အစာအိမ္ေရာဂါမ်ားအတြက္ ေဆးဘက္၀င္ရံုသာမက လိင္စြမ္းေဆာင္မႈကို အား ေပးလို ့ ေရေႏြးပူပူမွာ ၁၅-မိနစ္ခန့္စိမ္ေသာက္ေပးႏိုင္ပါတယ္။

(၂၂) ဆလတ္ရြက္မွာလိင္စိတ္ဟိုမုန္းကိုႏိႈးေဆာ္ေပးႏိုင္ေသာ အစြမ္းပါရွိလို ့ ညစာစား တဲ့အခါ ဆလတ္ရြက္ ၁-ဇလံုစာ ထဲ့စားေပးပါ။

(၂၃) ကညြတ္ပင္ရဲ ့ ပံုသ႑ာန္ကအထီးလိင္အဂၤါႏွင့္ ခပ္ဆင္ဆင္တူ၍၊ ျပင္သစ္ ဘာသာစကားအရ ကညြတ္ကို asperge (၀ါ)က်ားလိင္အဂၤါ ဟုေခၚပါတယ္။သဘာ၀ က်ားခြန္အား ျပည့္ေစလို ့အမ်ိဳးသားမ်ား အားတိုးေဆးအျဖစ္မွီ၀ဲသင့္ပါတယ္။ ဒါ့ျပင္မီးဖြားျပီးစအမ်ိဳးသမီးမ်ား ကညြတ္ပင္အျမစ္ျပဳတ္ စားျခင္း (သို ့)ကညြတ္ ႏွင့္ ႏြားႏို ့တို ့ေရာ၍ ႏို ့ထမင္းခ်က္စား ျခင့္ျဖင့္ ေသြးသန့္ကာမခြန္အားအျမန္ ျပည့္ေစပါတယ္။
Credit: promise.pauk
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်လှုပ်ရှားမှုနည်းပြီးကျန်းမာရေးပြသနာတွေရှိလာနိုင်တဲ့သူတွေအတွက်ကာမစပ်ယှက်တာကို ဆေးဝါးတစ်ခုသဖွယ် အသုံးပြုဖို့ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို ဆရာဝန်တွေဆီ ပေးပို့ခဲ့တာဖြစ်ပြီး တစ်နေ့ ကို မိနစ်၃၀ကိုယ်လက်လှုပ်ရှားဖို့လိုပေမယ့် အဲလိုမလုပ်နိုင်သူတွေဟာ ကာမစပ်ယှက်တာကို စိတ်ပါလက်ပါလုပ်ဖို့ လိုအပ် ကြောင်း the Academy of Medical Royal Colleges မှ တာဝန်ရှိသူတစ်ဦးက၂၀၁၅ခုနှစ် နှစ်ဦးပိုင်းမှာdailymail.co.uk (ခေါ်) အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။

ချစ်တင်းနှောခြင်းအတွက် အောက်ဖော်ပြပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါကြောင်းကိုလည်း အင်တာနက်သတင်းလွှာတစ်ခုဖြစ်သော International Health Digest မှာ ဖော်ပြ ထားပါတယ်။  (၁) ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ွှွှ The University of Münster မှ အာရုံကြောရောဂါရှာဖွေရေးသုတေသီများက ခေါင်းတခြမ်းကိုက် ဝေဒနာသည် အမျိုးသား၊အမျိုး သမီး အယောက် ၁၀၀၀ဖြင့်လေ့လာမှုများပြုခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင်နှုန်းခန့်က ဖို-မ ဆက်ဆံပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာ သက်သာလာတယ်လို့ဆိုပါတယ်။(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

The BermanCenter(ခေါ်)အမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျမ္မာရေးစင်တာမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများ အိပ်ယာမဝင်ခင်လိင်ကိစ္စပြီးမြောက်ခြင်းက စိတ်ဖိစီးမှုများပြေလျော့ကာတခဏအတွင်း အိပ်ပျော်သွားစေတယ် လို့ဆိုပါတယ်။(၃) ကယ်လိုရီလောင်မြိုက်စေပါတယ်။ကိုယ်အလေးချိန်ကျလိုသူများအတွက် သတင်းကောင်းလေးပါ။ မိနစ်၃၀ကြာ ချစ်တင်း ခင်းက ၁၄၄ ကယ်လိုရီ လောင်မြိုက် စေပြီး၊ မကြာခဏပွေ့ဖက်နမ်းရှုံ့ခြင်းက ၆၈ ကယ်လိုရီ လောင်မြိုက်စေကြောင်း Women's Dayဂျာနယ်တစ်စောင်တွင် ဖော်ပြ ထားပါတယ်။(၄) နှလုံးကျမ္မာစေပါတယ်ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန်ကျစေခြင်း၊စိတ်ဖိစီးမှုများပြေပျောက်ပြီး ညဘက်အိပ်မောကျ ခြင်းစသည့်အကျိုးကျေးဇူးများရစေ၍ နှလုံးကိုတစ်ဖက်တစ်လမ်းမှအားပြည့်စေတဲ့အတွက် နှလုံးကျမ္မာရေးကိုအထောက်အကူ ဖြစ်စေပါတယ်။(၅) ကြွက်သားများသန်မာစေပါတယ်နှလုံးကြွက်သားများကိုကောင်းကျိုးပြုကာ သက်လုံကောင်းစေရုံသာမက၊ ဖို-မ ဆက်ဆံခြင်းအနေအထားအရ ကြွက်သားများ အားစိုက်ထုတ်ရခြင်းကြောင့် ကြွက်သားများသန်မာစေပါတယ်။(၆) နာကျင်မှုဝေဒနာများသက်သာစေပါတယ်။ ချစ်တင်းနှောချိန်မှာ oxytocin ဟော်မုန်းထွက်ရှိပါတယ်။ နာကျင်မှုသက်သာစေရန် ဦးနှောက်မှထုတ်ပေးသည့် ထိုဟော်မုန်း ကြောင့်ခန္ဓာကိုယ်ရှိ နာကျင်မှုဝေဒနာများကိုလျော့ပါးသွားပါတယ်။(၇) ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေပါတယ်.......


The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင်များက အနည်းဆုံးရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို၃၀ရာခိုင်နှုန်းမျှ တိုးတက်ကောင်းမွန်လာစေတာကြောင့် အအေးမိ၊ တုပ်ကွေးစသည့်ရာသီကူးစက်ဖျားများ မဖြစ်စေနိုင်ဘူးလို့ဆိုပါတယ်။လိင်စိတ်ကိုအားပေးတဲ့အစားအစာများမှာ-

(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်ကကျားဟိုမုန်းထွက်ရှိမှုကို လွန်စွာအားပေးတဲ့အတွက်အမျိုးသားများညအိပ်ယာမဝင်ခင်တရုပ်နံနံပင်ကိုအစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။

(၂)ဂုံးကောင်/ကမာကောင်ထဲရှိ သဘာ၀ ဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့က လိင်စိတ်ကို သုံးဆမျှတိုးပွားလာစေကာ၊ အမျိုးသားများသုက်ရည်ထုတ်ပေးသော ဆဲလ်များကိုအ ထောက်အပံ့ပေးသဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်/ကမာကောင်ကို မဖြစ်မနေ စားပေးသင့် ပါတယ်။ (အကယ်၍ ကရုကမာကောင်မကြိုက်သူများအနေဖြင့် ၎င်းနှင့်အစွမ်းသတ္တိတူသောသော ရွှေဖရုံစေ့လှော်ကို စား ပေး နိုင်ပါတယ်။)

(၃) ဌက်ပျောသီးထဲတွင်ပါရှိသော bromelain အင်ဇိုင်း နှင့် ဗီတာမင်များက ကျားခွန်းအားကို ပြည့်ဝစေလို့  နေ့တိုင်း ဌက်ပျောသီးစားပေးပါ။(၄) ရှေးမက္ကဆီကိုတိုင်းရင်းသားများကထောပတ်သီးကို "testicle tree"(ဝါ)သုက်ရည်ထွက် စေတဲ့အပင် ဟုမှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေးအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီးအက်ဆစ် များဟာ ကျားဟိုမုန်း ထုတ်ပေးနိုင်စွမ်းရှိလို့၊ ဗာဒံစေ့အစိမ်းကိုအစိမ်းလိုက်(အချိ/အငံမရောဘဲ)ဝါးစားပါ။

 (၆) သဖန်းသီး၊သရက် သီး၊ မက်မုံသီးနှင့်စတော်ဘယ်ရီသီးများကဖို-မစွမ်းအားတိုးမြှင့်ပေးလို့ ၎င်းသစ်သီး ၄-မျိုးကိုရောစား၍သော်လည်းကောင်း၊တမျိုးချင်းသီးသန့်စား၍သော်လည်းကောင်းအဆင်ပြေသလိုစားပေးနိုင်ပါတယ်။

(၇) ကြက်ဥထဲမှာပါတဲ့ ဗီတာမင် B5 နှင့် B6တို့က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟိုမုန်းပမာဏကိုတိုးပွားလာစေပါတယ်။ ကြက်ဥကိုအစိမ်းသောက်ခြင်းက ကျား-မ သဘာ၀ စွမ်းရည် ကို ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလိုအစွမ်းသတ္တိပါရှိကြပါတယ်။

(၈) ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က ကျား-မလိင်အင်္ဂါထဲရှိ သွေးများကို လှျှင်မြန်စွာစီးဆင်းလည်ပတ်စေလို့ရာဂစိတ်ကြွစေပါတယ်။

(၉) အနက်ရောင် ချောကလက်ထဲမှာပါတဲ့ phenylethylamine ဓာတ်ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို့၊ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ်မှီဝဲစားသုံးသင့်ပါ တယ်။(၁၀) မြန်မာ့တိုင်းရင်းဆေးကျမ်းများမှာမြင်းခွာရွက်ကို ၆လ တိတိစားပေးပါက၊ ခွန်အားဗလကြီး၍ လူပျိုလိုဖြစ်စေကြောင်းညွှန်းဆိုထားပါတယ်။

 အိန္ဒိယနိုင်ငံArunaဘုရင်မင်းမြတ်ဟာနေ့စဉ်မြင်းခွာရွက်စားလို့သက်လုံကောင်းပြီးမိဘုရားမောင်းမမိသံအယောက်၅၀အတွက်လိင်ကိစ္စကိုစွမ်းဆောင်နိုင်ကြောင်းအိန္ဒိယရာဇဝင်သမိုင်းတွင်ဖော်ပြထားပါတယ်။ မြင်းခွာရွက်ဟာလိင်စိတ်ကြွစေသောအစွမ်းရှိလို့၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံဆေးအဘိဓာန်မှာ လိင်စိတ်ကိုအားပေးတဲ့ သဘာ၀ ဆေး(ဝါ)Youth Vitamin X ဟုမှတ်တမ်းတင်ထားပါတယ်။

(၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေတဲ့အားဖြည့်ဆေးပါဘဲ။

(၁၂) ဖောလစ်အက်ဆစ်ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကိုတိုးမြင့်ပေးကာ၊ မျိုးအောင်စေပါတယ်။

(၁၃)ဟင်နရီ-၇ ဘုရင်နှင့်ရှေးအာရှဘုရင်မင်းမြတ်များလက်ထပ်ကတည်းကပင် မောင်းမမိဿံစွမ်းဆောင်းရည် အားကောင်း ဆေးအဖြစ် ဂျင်းပြုတ်ရည်ကိုမှီဝဲလာခဲ့ကြပါတယ်။ ထို့ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျင်းဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ဆိုကြပါတယ်။

(၁၄)ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသောCineole ဓာတ်ကရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိလို့အိန္ဒိယနိုင်ငံမှာ ကာမရာဂဆေးအဖြစ် ဖာလာစေ့ရေနွေးကြမ်းလ္ဘက်ရည်ကို သောက်သုံး လေ့ရှိကြပါတယ်။

(၁၅)အီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းကစ၍ ပင်စိမ်းပင်များကို ဟိုမုန်းအားတိုးဆေးအဖြစ် အသုံးပြု လာခဲ့ကြပါတယ်။

(၁၆) ရွှေဖရုံစေ့ထဲမှာဇင့်ဓာတ်မြင့်မားစွာပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက်ပါရှိ လို့ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့်အဖိုလိင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးခြင်းကြောင့်အမျိုးသားများညအိပ်ယာဝင်ခါနီး တိုင်း ရွှေဖရုံစေ့လှော်စားပေးသင့်ပါတယ်။

(၁၇) နောက်ဆုံးပေါ်လေ့လာစမ်းသပ်မှုများအရ၊စပျစ်ဝိုင်တစ်ခွက်ပုံမှန်မှီဝဲလေ့ရှိ သောအမျိုးသမီးများဟာလိင်စိတ်ဆန္ဒတက်ကြွလေ့ရှိပြီး၊အလုံးစုံပြီးမြောက်အောင်မြင်ပါတယ်တဲ့။

(၁၈) ဖရဲသီးမှာပါတဲ့ citrulline(ခေါ်)အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ်ကြောများကိုပြေလျော့ကာ၊ သွေးလည်ပတ်စီးဆင်းမှုကို တိုးပွားစေလို့အမျိုး သားများ ကျားခွန်အားကောင်းစေပါတယ်။

 (၁၉) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ဗီတာမင်ဓာတ်ပေါင်းစုများဟာ မ-သဘာဝခွန်အား ဖြစ်စေ ၍ အမျိုးသမီးများ ညစာဟင်းလျာအဖြစ်စားသုံးပေးသင့်ပါတယ်။

(၂၀) The University of Hawaii မှလေ့လာစမ်းသပ်မှုများအရ၊ ဂျင်စင်းမှီဝဲသူအမျိုးသမီးများဟာ တလအတွင်းမှာပင်လိင်စွမ်းဆောင်ရည် ၆၈ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို့သော် ဓာတုပစ္စည်း/သကြားတို့ဖြင့် ဖန်တီးထားသော ဂျင်စင်းအတုကတော့ ကျမ္မာရေးကိုအကျိုးယုတ်စေကြောင်း အကြံပြု ထားပါ တယ်။

(၂၁) အဝါရောင်ကုံကုမံ(ဝတ်ဆံ)ဟာ အစာအိမ်ရောဂါများအတွက် ဆေးဘက်ဝင်ရုံသာမက လိင်စွမ်းဆောင်မှုကို အား ပေးလို့ ရေနွေးပူပူမှာ ၁၅-မိနစ်ခန့်စိမ်သောက်ပေးနိုင်ပါတယ်။

(၂၂) ဆလတ်ရွက်မှာလိင်စိတ်ဟိုမုန်းကိုနှိုးဆော်ပေးနိုင်သော အစွမ်းပါရှိလို့ ညစာစား တဲ့အခါ ဆလတ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။

(၂၃) ကညွတ်ပင်ရဲ့ ပုံသဏ္ဍာန်ကအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (ဝါ)ကျားလိင်အင်္ဂါ ဟုခေါ်ပါတယ်။သဘာ၀ ကျားခွန်အား ပြည့်စေလို့အမျိုးသားများ အားတိုးဆေးအဖြစ်မှီဝဲသင့်ပါတယ်။ ဒါ့ပြင်မီးဖွားပြီးစအမျိုးသမီးများ ကညွတ်ပင်အမြစ်ပြုတ် စားခြင်း (သို့)ကညွတ် နှင့် နွားနို့တို့ရော၍ နို့ထမင်းချက်စား ခြင့်ဖြင့် သွေးသန့်ကာမခွန်အားအမြန် ပြည့်စေပါတယ်။

Credit: promise.pauk

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top