iMyanmarHouse.com - Best Property Website for Myanmar
×

ေမေမခ်က္ေကၽြးတ့ဲ ဟင္းလ်ာနဲ႔ ကမၻာေက်ာ္ စားဖိုမွဴးခ်က္ျပဳတ္ထားတဲ့ ဟင္းလ်ာနဲ႔ လဲမလားဆိုရင္ လူတိုင္း မလဲႏိုင္ဘူးလို႔ ေျဖၾကမယ္ထင္ပါတယ္ေနာ္။ စာေရးသူအပါအဝင္ လူေတာ္ေတာ္မ်ားမ်ားက အေမခ်က္တဲ့ ဟင္းလ်ာေတြ၊ အစားအစာေတြကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ကိုယ္ေမြးကိုယ္လူရယ္လို႔ျဖစ္လာၿပီးကတည္းက စၿပီး ေမ့ေမ့လက္ရာကို စားဖူးေပမယ့္ ဒီကေန႔ထိမရိုးႏိုင္ေသးပါဘူး။
အရြယ္ေရာက္လာေတာ့ ၿမိဳ႕ေပၚတက္အလုပ္လုပ္တာျဖစ္ျဖစ္၊ အလုပ္နဲ႔ နီးတဲ့ေနရာ ေျပာင္းေနတာျဖစ္ျဖစ္ ေန႔လည္စာ၊ ညစာကို အျပင္မွာဘဲ ၀ယ္စားျဖစ္ေနၾကပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ဘဲ ေကာင္းတဲ့ စားေသာက္ဆိုင္မွာဘဲ စားစား အေမခ်က္တဲ့ ဟင္းလ်ာေတြကို စားရသေလာက္ စိတ္ေက်နပ္မႈ မရရွိပါဘူး။ အေမခ်က္ေကၽြးတဲ့ဟင္းလ်ာကို လြမ္းၾကတာလူတိုင္းပါပဲ။
ဘာေၾကာင့္ လူေတြက ကိုယ့္အေမခ်က္တဲ့ ဟင္းလ်ာေတြက အေကာင္းဆံုးလို႔ ခံစားေနရတဲ့ အေၾကာင္းအရင္းမ်ားကို ေ၀မွ်ခ်င္ပါတယ္။
မနက္ခင္းအိပ္ယာႏိုးတာနဲ႔ ဟင္းခ်က္တဲ့ အနံ႔ေမႊးေမႊးေလးေတြ ရရွိျခင္း
မနက္ခင္း ဟင္းခ်က္တဲ့ အနံ႔ေမႊးေမႊးေလးေတြက အိပ္ေနတဲ့ အိပ္ယာကေန ထၿပီး မီးဖိုေခ်ာင္မွာ ဟင္းသြားျမည္းခ်င္ေအာင္ ဆြဲေဆာင္ေနပါတယ္။
အေမဟင္းခ်က္တိုင္း မီးဖိုေခ်ာင္ ေရာက္ေရာက္သြားျခင္း
ဘယ္ေလာက္ဘဲ အလုပ္ရႈပ္ေနေန ဟင္းခ်က္တဲ့အနံ႔ရရင္ မီးဖိုေခ်ာင္သြားၿပီး ဘယ္အခိ်န္စားလို႔ရမလဲဆိုတာ သြားသြားေခ်ာင္းၾကည့္ေနတတ္ပါတယ္။

အေမဟင္းခ်က္ေနခ်ိန္ ဟင္းအိုးထဲကေန အနည္းငယ္ေတာင္းစားတတ္ျခင္း
ဟင္းလ်ာအနံ႔က မနက္ေစာေစာႏိုးလာတဲ့အျပင္ ကိုယ့္ဗိုက္ကိုလည္း တဂီြဂီြဆာေစပါတယ္။ ဒါေၾကာင့္ အေမခ်က္ေနတဲ့ဟင္းအိုးထဲက အသားအနည္းငယ္၊ အရြက္အနည္းငယ္ေလာက္ကို ျမည္းစမ္းသလိုလိုနဲ႔ ေတာင္းစားတတ္ၾကပါတယ္။
အဲ့လို စားလိုက္ရင္ ဗိုက္ဆာတာ အနည္းငယ္သက္ေတာင့္သက္သာ ရွိသြားၾကတယ္ မဟုတ္ပါလား။

ဟင္းလ်ာေတြမွာ အသုတ္ေတြ၊ သနပ္ေတြနဲ႔အစံုအလင္
အေမေတြ ဟင္းခ်က္ရင္ အသားဟင္း၊ ဟင္းခ်ိဳတို႔တင္မကဘဲ ထမင္းၿမိန္ေစဖု႔ိ သရက္သီး သနပ္တို႔၊ အသုတ္တို႔နဲ႔ စံုစံုလင္လင္ ခ်က္ျပဳတ္ေကၽြးေမြးေလ့ရွိပါတယ္။
အေမရွိရင္ ေရခဲေသတၱာထဲမွာ အစားအစာေတြအျပည့္ျဖစ္ေန
ညသန္းေခါင္ဗိုက္ဆာလုိ႔ အျပင္ထြက္စားတာမ်ိဳး မျဖစ္ေစရပါဘူး။ အေမရွိရင္ ဟင္းလ်ာေတြကလည္း ေရခဲေသတၱာထဲမွာရွိေနတာေၾကာင့္ အခ်ိန္မေရြး ေႏြးစားလို႔ရပါတယ္။
ေနမေကာင္းတာေတာင္ ခံတြင္းၿမိန္ေအာင္ ခ်က္ျပဳတ္ေပးျခင္း
အဖ်ားႀကီးၿပီး အိပ္ယာထဲလဲေနရင္ေတာင္ အေမရွိရင္ မပူပင္ရပါဘူး။ အေမက ငါးဆန္ျပဳတ္ ေမႊးေမႊးေလး၊ အရသာရွိတဲ့ ၾကက္သား စြပ္ျပဳတ္ေလးေတြနဲ႔ ကိုယ့္ကို ခံတြင္းၿမိန္ေအာင္ခ်က္ျပဳတ္ေပးပါတယ္။

အေမ့ဟင္းလ်ာေတြက စိတ္ေပ်ာ္ရႊင္ေအာင္ လုပ္ေဆာင္ေပးႏိုင္
ကိုယ့္အလုပ္နဲ႔ ျဖစ္ျဖစ္ လူမႈေရး ျပႆနာေၾကာင့္ဘဲျဖစ္ျဖစ္ စိတ္ညစ္၊ ၀မ္းနည္းေနရင္ အေမ့အိမ္ျပန္ၿပီး အေမခ်က္တဲ့ ဟင္းလ်ာေလးေတြ စားသံုးၾကည့္လိုက္ပါ။ ဘယ္အရာမွ အေမခ်က္တဲ့ဟင္းလ်ာေလာက္ ကိုယ့္ကို စိတ္ေက်နပ္ေပ်ာ္ရႊင္ေစမွာ မဟုတ္ပါဘူး။

အသီးအရြက္ ဟင္းလ်ာေလးေတြကအစ စားလို႔ေကာင္း
ခရုဆီေလးနဲ႔ၾကက္သားမႈန္႔ေလးသံုးၿပီး ခ်က္တဲ့ ဟင္းသီးဟင္းရြက္ ဟင္းလ်ာေလးေတြကအစ စားလို႔ေကာင္းပါတယ္။ သင္က အသီးအရြက္မႀကိဳက္တဲ့သူျဖစ္ေနရင္ေတာင္ အေမခ်က္တဲ့ အေငြ႔တေထာင္းေထာင္းထေနတဲ့ ဟင္းသီးဟင္းရြက္ေၾကာ္ေလးေတာ့ စားမိပါလိမ့္မယ္။

ဘယ္အခ်ိန္ဘဲအိမ္ျပန္လာလာ အစားအစာက အဆင္သင့္
လုပ္ကေန ေနာက္က်မွၿပီးလို႔ ညသန္းေခါင္ယံေလာက္မွဘဲ အိမ္ျပန္ေရာက္ေရာက္ သင့္အေမက သင့္အတြက္ အစားအစာ တခ်ိဳ႕ ခ်န္ထားၿပီးသားပါ။
သူတုိ႔ အိပ္ေနရင္ေတာင္မွ ေၾကာင္အိမ္ထဲမွ သို႔မဟုတ္ ေရခဲေသတၱာထဲမွာ သင့္တစ္ေယာက္ ေကာင္းေကာင္းစားေလာက္မွ ဟင္းလ်ာနဲ႔ထမင္းေတြေတာ့ ခ်န္ထားပါတယ္။

သူငယ္ခ်င္းေတြအားလံုးကိုလည္း ေကၽြးေမြး
သူငယ္ခ်င္းေတြကို အိမ္မွာ ထမင္းေခၚေကၽြးခ်င္ရင္လည္း ဖုန္းဆက္ေျပာလိုက္ရုံပါဘဲ။ သင့္အေမက အားလံုးကို ၾကည္ၾကည္ျဖဴျဖဴနဲ႔ ပိုက္ဆံကုန္တယ္မထင္ဘဲ အရသာရွိတဲ့ ဟင္းလ်ာေတြကို ခ်က္ေကၽြးဖို႔အသင့္ပါဘဲ။
Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

မေမေချက်ကျွေးတဲ့ ဟင်းလျာနဲ့ ကမ္ဘာကျော် စားဖိုမှူးချက်ပြုတ်ထားတဲ့ ဟင်းလျာနဲ့ လဲမလားဆိုရင် လူတိုင်း မလဲနိုင်ဘူးလို့ ဖြေကြမယ်ထင်ပါတယ်နော်။ စာရေးသူအပါအဝင် လူတော်တော်များများက အမေချက်တဲ့ ဟင်းလျာတွေ၊ အစားအစာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ကိုယ်မွေးကိုယ်လူရယ်လို့ဖြစ်လာပြီးကတည်းက စပြီး မေ့မေ့လက်ရာကို စားဖူးပေမယ့် ဒီကနေ့ထိမရိုးနိုင်သေးပါဘူး။

အရွယ်ရောက်လာတော့ မြို့ပေါ်တက်အလုပ်လုပ်တာဖြစ်ဖြစ်၊ အလုပ်နဲ့ နီးတဲ့နေရာ ပြောင်းနေတာဖြစ်ဖြစ် နေ့လည်စာ၊ ညစာကို အပြင်မှာဘဲ ဝယ်စားဖြစ်နေကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ ကောင်းတဲ့ စားသောက်ဆိုင်မှာဘဲ စားစား အမေချက်တဲ့ ဟင်းလျာတွေကို စားရသလောက် စိတ်ကျေနပ်မှု မရရှိပါဘူး။ အမေချက်ကျွေးတဲ့ဟင်းလျာကို လွမ်းကြတာလူတိုင်းပါပဲ။

ဘာကြောင့် လူတွေက ကိုယ့်အမေချက်တဲ့ ဟင်းလျာတွေက အကောင်းဆုံးလို့ ခံစားနေရတဲ့ အကြောင်းအရင်းများကို ဝေမျှချင်ပါတယ်။

မနက်ခင်းအိပ်ယာနိုးတာနဲ့ ဟင်းချက်တဲ့ အနံ့မွှေးမွှေးလေးတွေ ရရှိခြင်း

မနက်ခင်း ဟင်းချက်တဲ့ အနံ့မွှေးမွှေးလေးတွေက အိပ်နေတဲ့ အိပ်ယာကနေ ထပြီး မီးဖိုချောင်မှာ ဟင်းသွားမြည်းချင်အောင် ဆွဲဆောင်နေပါတယ်။

အမေဟင်းချက်တိုင်း မီးဖိုချောင် ရောက်ရောက်သွားခြင်း

ဘယ်လောက်ဘဲ အလုပ်ရှုပ်နေနေ ဟင်းချက်တဲ့အနံ့ရရင် မီးဖိုချောင်သွားပြီး ဘယ်အချိန်စားလို့ရမလဲဆိုတာ သွားသွားချောင်းကြည့်နေတတ်ပါတယ်။



အမေဟင်းချက်နေချိန် ဟင်းအိုးထဲကနေ အနည်းငယ်တောင်းစားတတ်ခြင်း

ဟင်းလျာအနံ့က မနက်စောစောနိုးလာတဲ့အပြင် ကိုယ့်ဗိုက်ကိုလည်း တဂွီဂွီဆာစေပါတယ်။ ဒါကြောင့် အမေချက်နေတဲ့ဟင်းအိုးထဲက အသားအနည်းငယ်၊ အရွက်အနည်းငယ်လောက်ကို မြည်းစမ်းသလိုလိုနဲ့ တောင်းစားတတ်ကြပါတယ်။

အဲ့လို စားလိုက်ရင် ဗိုက်ဆာတာ အနည်းငယ်သက်တောင့်သက်သာ ရှိသွားကြတယ် မဟုတ်ပါလား။



ဟင်းလျာတွေမှာ အသုတ်တွေ၊ သနပ်တွေနဲ့အစုံအလင်

အမေတွေ ဟင်းချက်ရင် အသားဟင်း၊ ဟင်းချိုတို့တင်မကဘဲ ထမင်းမြိန်စေဖု့ိ သရက်သီး သနပ်တို့၊ အသုတ်တို့နဲ့ စုံစုံလင်လင် ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။

အမေရှိရင် ရေခဲသေတ္တာထဲမှာ အစားအစာတွေအပြည့်ဖြစ်နေ

ညသန်းခေါင်ဗိုက်ဆာလို့ အပြင်ထွက်စားတာမျိုး မဖြစ်စေရပါဘူး။ အမေရှိရင် ဟင်းလျာတွေကလည်း ရေခဲသေတ္တာထဲမှာရှိနေတာကြောင့် အချိန်မရွေး နွေးစားလို့ရပါတယ်။

နေမကောင်းတာတောင် ခံတွင်းမြိန်အောင် ချက်ပြုတ်ပေးခြင်း

အဖျားကြီးပြီး အိပ်ယာထဲလဲနေရင်တောင် အမေရှိရင် မပူပင်ရပါဘူး။ အမေက ငါးဆန်ပြုတ် မွှေးမွှေးလေး၊ အရသာရှိတဲ့ ကြက်သား စွပ်ပြုတ်လေးတွေနဲ့ ကိုယ့်ကို ခံတွင်းမြိန်အောင်ချက်ပြုတ်ပေးပါတယ်။



အမေ့ဟင်းလျာတွေက စိတ်ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်

ကိုယ့်အလုပ်နဲ့ ဖြစ်ဖြစ် လူမှုရေး ပြဿနာကြောင့်ဘဲဖြစ်ဖြစ် စိတ်ညစ်၊ ဝမ်းနည်းနေရင် အမေ့အိမ်ပြန်ပြီး အမေချက်တဲ့ ဟင်းလျာလေးတွေ စားသုံးကြည့်လိုက်ပါ။ ဘယ်အရာမှ အမေချက်တဲ့ဟင်းလျာလောက် ကိုယ့်ကို စိတ်ကျေနပ်ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။



အသီးအရွက် ဟင်းလျာလေးတွေကအစ စားလို့ကောင်း

ခရုဆီလေးနဲ့ကြက်သားမှုန့်လေးသုံးပြီး ချက်တဲ့ ဟင်းသီးဟင်းရွက် ဟင်းလျာလေးတွေကအစ စားလို့ကောင်းပါတယ်။ သင်က အသီးအရွက်မကြိုက်တဲ့သူဖြစ်နေရင်တောင် အမေချက်တဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းသီးဟင်းရွက်ကြော်လေးတော့ စားမိပါလိမ့်မယ်။



ဘယ်အချိန်ဘဲအိမ်ပြန်လာလာ အစားအစာက အဆင်သင့်

လုပ်ကနေ နောက်ကျမှပြီးလို့ ညသန်းခေါင်ယံလောက်မှဘဲ အိမ်ပြန်ရောက်ရောက် သင့်အမေက သင့်အတွက် အစားအစာ တချို့ ချန်ထားပြီးသားပါ။

သူတို့ အိပ်နေရင်တောင်မှ ကြောင်အိမ်ထဲမှ သို့မဟုတ် ရေခဲသေတ္တာထဲမှာ သင့်တစ်ယောက် ကောင်းကောင်းစားလောက်မှ ဟင်းလျာနဲ့ထမင်းတွေတော့ ချန်ထားပါတယ်။



သူငယ်ချင်းတွေအားလုံးကိုလည်း ကျွေးမွေး

သူငယ်ချင်းတွေကို အိမ်မှာ ထမင်းခေါ်ကျွေးချင်ရင်လည်း ဖုန်းဆက်ပြောလိုက်ရုံပါဘဲ။ သင့်အမေက အားလုံးကို ကြည်ကြည်ဖြူဖြူနဲ့ ပိုက်ဆံကုန်တယ်မထင်ဘဲ အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ကျွေးဖို့အသင့်ပါဘဲ။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top