iMyanmarHouse.com - Best Property Website for Myanmar
×

Credit : MyStyle

 နာမည်ကျော် K-Pop Girl Band တစ်ခုဖြစ်တဲ့ Girl’s Generation အဖွဲ့ဝင်လည်းဖြစ် သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ YoonA ဟာ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။

YoonA ဟာ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် ၁၂ ကြိမ်မြောက် အာရှဒရမ်မာညီလာခံ (Asia Drama Conference) မှာ အထူးဂုဏ်ပြုဆုကို လက်ခံရယူသွားဖို့ရှိပါတယ်။

တောင်ကိုးရီးယားနိုင်ငံ Incheon မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး YoonA နဲ့ တရုတ် မင်းသား Luo Jin တို့နှစ်ဦးဟာ အာရှယဉ်ကျေးမှုချင်းဖလှယ်တဲ့ ရုပ်ရှင်ကားဖြစ်တဲ့ God of War, Zhao Yun ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့အတွက် ဂုဏ်ပြုဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က YoonA ပါဝင်သရုပ်ဆောင်ထားတဲ့ God of War, Shao Yun ကားကို တရုတ်နိုင်ငံမှာ တရားဝင်ပြသခဲ့ပြီး နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲဒီဒရမ်မာကားဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှုသူများခဲ့ပြီး အွန်လိုင်းစာမျက်နှာပေါ်မှာတော့ ကြည့်ရှုသူ ၁၀ ဘီလီယံ ခန့်ရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ YoonA ဟာ မင်းသား Im Si Wan နဲ့ Hong Jong Hyun တို့နဲ့အတူ The King Loves ဆိုတဲ့ ကားမှာ သရုပ်ဆောင်ထားပါတယ်။

အာရှဒရမ်မာညီလာခံဟာ အကြီးဆုံးဒရမ်မာညီလာခံတစ်ခုဖြစ်ပြီး နာမည်ကျော်စာရေးဆရာတွေ၊ ထုတ်လုပ်သူတွေနဲ့ သရုပ်ဆောင်များစွာ တက်ရောက်ကြတဲ့ပွဲတစ်ခုဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top