iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းဆိုးေဆး နီနီရဲရဲသံုးျပီး မွန္ၾကည့္လိုက္တဲ့အခါမွာ၊ က်ေနတဲ့စိတ္က ခ်က္ခ်င္းဆိုသလို တက္ၾကြလာျပီး မျမင္နိုင္တဲ့ စိတ္ ခြန္အားကို ရေစပါတယ္။ ဒါေၾကာင့္လည္း စိတ္ပိုင္းဆိုင္ရာ သမားေတာ္မ်ားက “ စိတ္ဖိစီးမႈမ်ားေနရင္ ႏႈတ္ခမ္းနီရဲရဲဆိုးလိုက္ပါ ” လို ့အၾကံျပဳထားၾက သ လို၊ ေခတ္ကာလအဆက္ဆက္မွ ေဗဒင္ဆရာမ်ားကလည္း “ ေျပာတိုင္းေအာင္၍ မိမိစကား အရာေရာက္ ေစဖို ့ ႏႈတ္ခမ္းဆိုးေဆးအနီကို ဆိုးထားပါ ” လို ့အၾကံျပဳေလ့ရွိပါတယ္။ အလွအပ ရႈေထာင့္ကၾကည့္တဲ့အခါမွာလည္း “ ႏႈတ္ခမ္းနီ မေလးေတြက ဆန္ ့က်င္ဘက္လိင္ကို ညွိဳ ့အား ပိုေစတယ္၊ ႏႈတ္ခမ္းဆိုးေဆး အနီရဲရဲေလးေတြက ပြဲလမ္းသဘင္ရွိမွ မဟုတ္ပါ ဘူး ဘယ္ေန ရာ၊ ဘယ္လိုရာသီဥတုမ်ိဳးနဲ ့မဆို လို္က္ဖက္ေနတာပါဘဲ ” လို ့ အလွဖန္တီးရွင္ေတြက ဆိုထားျ ပန္ပါတယ္။

သို ့ေသာ္ ထူထူထဲထဲဆိုးမိတဲ့အခါ ဖက္ရွင္မက်ေတာ့ပါဘူး။ ဒါ့ျပင္ ဆိုးေဆးေတြေဘးျပန္ ့ ကုန္တဲ့အခါ အလွပ်က္ေစတာေၾကာင့္ ေအာက္ပါအတိုင္း စံနစ္တက်သံုးတတ္ဖို ့ အေရးၾကီး ပါတယ္။

ႏႈတ္ခမ္းေပၚမွာ အေရခြံလန္ေနသူမ်ားက ဦးစြာ သြားတိုက္တံ(သြားပြတ္တံ)ျဖင့္ ႏႈတ္ခမ္း သားကို ခပ္ဖြဖြပြတ္ တိုက္ေပးပါ။ (အဲဒီလန္ေနတဲ့ အေရခြံေပၚကို ႏႈတ္ခမ္းဆိုးေဆးတင္ မိတဲ့အ ခါ ႏႈတ္ခမ္းနီေတြက မညီမညာျဖစ္ေန တတ္လို ့ပါ။ တျခားအေရာင္ေတြ နဲ ့မတူ သိသိသာသာ အၾကည့္ရဆိုးပါတယ္)

ျပီးရင္ nude colour(ေခၚ)အသားေရာင္ရင့္ရင့္ ႏႈတ္ခမ္းဆိုးေဆးခဲတံျဖင့္ ႏႈတ္ခမ္းကို လိုင္းေ ဖာ္ပါ။ ( အကယ္၍ nude colour ဆိုးေဆးခဲတံမရွိရင္၊ ႏႈတ္ခမ္းနီနီအေရာင္ႏွင့္ ခပ္ဆင္ ဆင္တူတဲ့ ခဲတံျဖင့္ လိုင္းေဖာ္ေပးနိုင္ပါ တယ္)

ႏႈတ္ခမ္းနီရဲရဲ ဆိုးလို ့ရပါျပီ။

ႏႈတ္ခမ္းနီဆိုးျပီးတဲ့အခါ၊ လက္ညႈိုးေလးသံုး၍ ႏႈတ္ခမ္းသားေတြကို အသာအယာ ညွိေပး လိုက္ပါ။ (အဲဒီလိုျပဳေပး ျခင္းျဖင့္ ႏႈတ္ခမ္းသားေပၚက ပိုလွ်ံေနတဲ့ဆိုးေဆးေတြကို လက္ကဖယ္ ရွင္းေပးရာေရာက္သလို၊ ဆိုးေဆးေတြ ပ်စ္ႏွစ္ ထူပိန္းမေနေစေတာ့ပါဘူး)

ေနာက္ဆံုးအဆင့္အေနျဖင့္ မွန္ၾကည့္ျပီး ျပံဳးပါ/ႏႈတ္ခမ္းစူၾကည့္ပါ။ (ဒီနည္းက ႏႈတ္ခမ္းေ ထာင့္စြန္းေတြေပၚမွာ ဆိုးေဆးနီနီေတြ စြန္းေပ/မေပ ကို စစ္ေဆးၾကည့္တာျဖစ္ပါတယ္။ အ ကယ္ ၍ ဆိုးေဆးေတြေဘးျပန္ ့ေနပါက၊ ကရင္ပ္(ဖ္) ေရျမံဳ ့ေလးျဖင့္ အသာအယာတို ့ေ ပးလိုက္ပါ)

“ အသားမည္း ရဲရဲဆင္ ” ဟူေသာ ဆိုရိုစကားေလးကို ၾကားဖူးၾကမွာပါ။ ဒါေၾကာင့္ ႏႈတ္ခမ္း နီရဲရဲေလးေတြက အသားျဖဴသူေရာ၊ အသားမည္းသူေတြႏွင့္ပါ လိုက္ဖက္ပါတယ္။ အထူးသ တိထားရမွာက မည္သည့္အသားအေရမ်ိဳးမဆို အနီရဲရဲဆိုးေဆးသံုးတဲ့ အခါ၊ ပံုမွန္ထက္ မိတ္ ကပ္ကိုေလ်ာ့လိမ္းေပးသင့္ပါတယ္။ အထူးသျဖင့္ အသားမည္းသူေတြက အို္င္းလိုင္နာ-အိုင္းရွဲဒိုး-msacara ေတြကိုပါ ခပ္ေဖ်ာ့ေဖ်ာ့ေလး သံုးေပးျခင္းျဖင့္ ႏႈတ္ခမ္းနီနီေၾကာင့္ မ်က္ႏွာၾကီးရင့္ေ ရာ္မေနေစေတာ့ဘဲ၊ ႏႈတ္ခမ္း အလွပိုမိုေပၚလြင္ ေစေတာ့မွာျဖစ္ပါတယ္။
Credit: Htet Htet Zaw
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှုတ်ခမ်းဆိုးဆေး နီနီရဲရဲသုံးပြီး မှန်ကြည့်လိုက်တဲ့အခါမှာ၊ ကျနေတဲ့စိတ်က ချက်ချင်းဆိုသလို တက်ကြွလာပြီး မမြင်နိုင်တဲ့ စိတ် ခွန်အားကို ရစေပါတယ်။ ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ သမားတော်များက “ စိတ်ဖိစီးမှုများနေရင် နှုတ်ခမ်းနီရဲရဲဆိုးလိုက်ပါ ” လို့အကြံပြုထားကြ သ လို၊ ခေတ်ကာလအဆက်ဆက်မှ ဗေဒင်ဆရာများကလည်း “ ပြောတိုင်းအောင်၍ မိမိစကား အရာရောက် စေဖို့ နှုတ်ခမ်းဆိုးဆေးအနီကို ဆိုးထားပါ ” လို့အကြံပြုလေ့ရှိပါတယ်။ အလှအပ ရှုထောင့်ကကြည့်တဲ့အခါမှာလည်း “ နှုတ်ခမ်းနီ မလေးတွေက ဆန့်ကျင်ဘက်လိင်ကို ညှို့အား ပိုစေတယ်၊ နှုတ်ခမ်းဆိုးဆေး အနီရဲရဲလေးတွေက ပွဲလမ်းသဘင်ရှိမှ မဟုတ်ပါ ဘူး ဘယ်နေ ရာ၊ ဘယ်လိုရာသီဥတုမျိုးနဲ့မဆို လိုက်ဖက်နေတာပါဘဲ ” လို့ အလှဖန်တီးရှင်တွေက ဆိုထားြ ပန်ပါတယ်။

သို့သော် ထူထူထဲထဲဆိုးမိတဲ့အခါ ဖက်ရှင်မကျတော့ပါဘူး။ ဒါ့ပြင် ဆိုးဆေးတွေဘေးပြန့် ကုန်တဲ့အခါ အလှပျက်စေတာကြောင့် အောက်ပါအတိုင်း စံနစ်တကျသုံးတတ်ဖို့ အရေးကြီး ပါတယ်။

နှုတ်ခမ်းပေါ်မှာ အရေခွံလန်နေသူများက ဦးစွာ သွားတိုက်တံ(သွားပွတ်တံ)ဖြင့် နှုတ်ခမ်း သားကို ခပ်ဖွဖွပွတ် တိုက်ပေးပါ။ (အဲဒီလန်နေတဲ့ အရေခွံပေါ်ကို နှုတ်ခမ်းဆိုးဆေးတင် မိတဲ့အ ခါ နှုတ်ခမ်းနီတွေက မညီမညာဖြစ်နေ တတ်လို့ပါ။ တခြားအရောင်တွေ နဲ့မတူ သိသိသာသာ အကြည့်ရဆိုးပါတယ်)

ပြီးရင် nude colour(ခေါ်)အသားရောင်ရင့်ရင့် နှုတ်ခမ်းဆိုးဆေးခဲတံဖြင့် နှုတ်ခမ်းကို လိုင်းေ ဖာ်ပါ။ ( အကယ်၍ nude colour ဆိုးဆေးခဲတံမရှိရင်၊ နှုတ်ခမ်းနီနီအရောင်နှင့် ခပ်ဆင် ဆင်တူတဲ့ ခဲတံဖြင့် လိုင်းဖော်ပေးနိုင်ပါ တယ်)

နှုတ်ခမ်းနီရဲရဲ ဆိုးလို့ရပါပြီ။

နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ၊ လက်ညှိုးလေးသုံး၍ နှုတ်ခမ်းသားတွေကို အသာအယာ ညှိပေး လိုက်ပါ။ (အဲဒီလိုပြုပေး ခြင်းဖြင့် နှုတ်ခမ်းသားပေါ်က ပိုလျှံနေတဲ့ဆိုးဆေးတွေကို လက်ကဖယ် ရှင်းပေးရာရောက်သလို၊ ဆိုးဆေးတွေ ပျစ်နှစ် ထူပိန်းမနေစေတော့ပါဘူး)

နောက်ဆုံးအဆင့်အနေဖြင့် မှန်ကြည့်ပြီး ပြုံးပါ/နှုတ်ခမ်းစူကြည့်ပါ။ (ဒီနည်းက နှုတ်ခမ်းေ ထာင့်စွန်းတွေပေါ်မှာ ဆိုးဆေးနီနီတွေ စွန်းပေ/မပေ ကို စစ်ဆေးကြည့်တာဖြစ်ပါတယ်။ အ ကယ် ၍ ဆိုးဆေးတွေဘေးပြန့်နေပါက၊ ကရင်ပ်(ဖ်) ရေမြုံ့လေးဖြင့် အသာအယာတို့ေ ပးလိုက်ပါ)

“ အသားမည်း ရဲရဲဆင် ” ဟူသော ဆိုရိုစကားလေးကို ကြားဖူးကြမှာပါ။ ဒါကြောင့် နှုတ်ခမ်း နီရဲရဲလေးတွေက အသားဖြူသူရော၊ အသားမည်းသူတွေနှင့်ပါ လိုက်ဖက်ပါတယ်။ အထူးသ တိထားရမှာက မည်သည့်အသားအရေမျိုးမဆို အနီရဲရဲဆိုးဆေးသုံးတဲ့ အခါ၊ ပုံမှန်ထက် မိတ် ကပ်ကိုလျော့လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် အသားမည်းသူတွေက အိုင်းလိုင်နာ-အိုင်းရှဲဒိုး-msacara တွေကိုပါ ခပ်ဖျော့ဖျော့လေး သုံးပေးခြင်းဖြင့် နှုတ်ခမ်းနီနီကြောင့် မျက်နှာကြီးရင့်ေ ရာ်မနေစေတော့ဘဲ၊ နှုတ်ခမ်း အလှပိုမိုပေါ်လွင် စေတော့မှာဖြစ်ပါတယ်။

Credit: Htet Htet Zaw

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top