iMyanmarHouse.com - Best Property Website for Myanmar
×

အက်ီ ၤ လက္ျပတ္ဝတ္ရင္ျဖစ္ျဖစ္၊ အတိုအျပတ္ဝတ္ရင္ျဖစ္ျဖစ္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈအျပည့္ရွိေနေစဖို႔ဆိုရင္ သင့္ဒူးေခါင္းနဲ႔ တေဒါင္ဆစ္အသားအေရေလး ညိဳမည္းပ်က္စီးမေနေစဖို႔လိုအပ္ပါတယ္။ အလွပဂရုစိုက္တဲ့သူေတြအတြက္ေတာ့ ဒူးေခါင္းနဲ႔ တေဒါင္ဆစ္ ခ်ိဳင္းၾကားအသားအေရတို႔ဆိုတာ ပစ္ပယ္ထားလို႔မရတဲ့ ေနရာေတြပါပဲ။
၁။ သၾကားနဲ႔ သံပုယုိသီး (သို႔) သံပုရာသီး
သၾကား စားပြဲတင္ဇြန္း ၂ ဇြန္း
သံပုယုိရည္ (သို႔) သံပုရာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
ပါဝင္ပစၥည္းေတြကို ခြက္တစ္လံုးထဲထည့္လိုက္ၿပီး ေသခ်ာေရာလိုက္ပါ။ ၿပီးရင္ တေဒါင္ဆစ္၊ ဒူးေခါင္းနဲ႔ ခ်ိဳင္းျခားအသားအေရကိုလိမ္းေပးပါ။ ၂ မိနစ္ ၃ မိနစ္ေလာက္ ညင္သာစြာပြတ္ေပးပါ။ ၿပီးရင္ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေဆးခ်ပါ။ တစ္ပတ္ကို ၂ ႀကိမ္ (သို႔) ၃ ႀကိမ္လုပ္ေပးႏိုင္ပါတယ္။
(သို႔)
သံပုရာသီးတစ္ျခမ္း(သို႔) သံပုယုိသီးတစ္ျခမ္းေပၚကို သၾကားျဖဴးေပးၿပီး ပြတ္ေပးလို႔လည္းရပါတယ္။
၂။ သံပုယုိသီး (သို႔) သံပုရာသီး နဲ႔ မုန္႔ဖုတ္ဆိုဒါ
သံပုယုိသီး(သို႔) သံပုရာသီး တစ္ျခမ္းကို အရည္ညွစ္ပါ။
မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္းယူပါ။
ျပီးရင္ ခြက္တစ္လံုးထဲကိုထည့္လိုက္ၿပီး ေသခ်ာေမႊေပးပါ။ အဲဒီေနာက္ ဒူးေခါင္း၊ တေဒါင္နဲ႔ ခ်ိဳင္းၾကားအသားအေရကိုလိမ္းေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ပါ။
(သို႔)
သံပုရာသီးတစ္ျခမ္း(သို႔) သံပုယုိသီးတစ္ျခမ္းေပၚကို မုန္႔ဖုတ္ဆိုဒါျဖဴးေပးၿပီး ပြတ္ေပးလို႔လည္းရပါတယ္။
၃။ အုတ္ဂ်ံဳနဲ႔ ႏြားႏို႔
အုတ္ဂ်ံဳဆိုတာဘာလဲလို႕ေမးေနၾကလို႔ အုတ္ဂ်ံဳဆိုတာ ေကြကာအုတ္လုပ္တဲ့ အုတ္ဂ်ံဳပါ။ စူပါမားကတ္ေတြမွာ ဝယ္လို႔ရပါတယ္ေနာ္။
အုတ္ဂ်ံဳ စားပြဲတင္ဇြန္း ၂ ဇြန္း
ႏို႔ စားပြဲတင္ဇြန္း ၅ ဇြန္း
ပါဝင္ပစၥည္းႏွစ္မ်ိဳးလံုးကိုခြက္တစ္လံုးထဲထည့္ၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ ဒူး၊ တေဒါင္၊ ခ်ိဳင္းၾကားအသားအေရကိုလိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ အဲဒီေနာက္ ေရေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ႏိုင္ပါတယ္။
မွတ္ခ်က္ – အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြထဲက မိမိႏွစ္သက္တ့ဲ နည္းလမ္းကိုသံုးႏိုင္ပါတယ္။ ဒီလိုမ်ိဳး လုပ္ေပးၿပီးရင္ ေနပူထဲမထြက္ေစခ်င္ပါဘူး။ ဒါေၾကာင့္ ညေနပိုင္း (သို႔) ညအိပ္ယာမဝင္ခင္လုပ္ေပးတာ ပိုေကာင္းပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 အကျီ ၤ လက်ပြတ်ဝတ်ရင်ဖြစ်ဖြစ်၊ အတိုအပြတ်ဝတ်ရင်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေစေဖို့ဆိုရင် သင့်ဒူးခေါင်းနဲ့ တဒေါင်ဆစ်အသားအရေလေး ညိုမည်းပျက်စီးမနေစေဖို့လိုအပ်ပါတယ်။ အလှပဂရုစိုက်တဲ့သူတွေအတွက်တော့ ဒူးခေါင်းနဲ့ တဒေါင်ဆစ် ချိုင်းကြားအသားအရေတို့ဆိုတာ ပစ်ပယ်ထားလို့မရတဲ့ နေရာတွေပါပဲ။

၁။ သကြားနဲ့ သံပုယိုသီး (သို့) သံပုရာသီး

သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် (သို့) သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး သေချာရောလိုက်ပါ။ ပြီးရင် တဒေါင်ဆစ်၊ ဒူးခေါင်းနဲ့ ချိုင်းခြားအသားအရေကိုလိမ်းပေးပါ။ ၂ မိနစ် ၃ မိနစ်လောက် ညင်သာစွာပွတ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

(သို့)

သံပုရာသီးတစ်ခြမ်း(သို့) သံပုယိုသီးတစ်ခြမ်းပေါ်ကို သကြားဖြူးပေးပြီး ပွတ်ပေးလို့လည်းရပါတယ်။

၂။ သံပုယိုသီး (သို့) သံပုရာသီး နဲ့ မုန့်ဖုတ်ဆိုဒါ

သံပုယိုသီး(သို့) သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ပါ။

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းယူပါ။

ပြီးရင် ခွက်တစ်လုံးထဲကိုထည့်လိုက်ပြီး သေချာမွှေပေးပါ။ အဲဒီနောက် ဒူးခေါင်း၊ တဒေါင်နဲ့ ချိုင်းကြားအသားအရေကိုလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

(သို့)

သံပုရာသီးတစ်ခြမ်း(သို့) သံပုယိုသီးတစ်ခြမ်းပေါ်ကို မုန့်ဖုတ်ဆိုဒါဖြူးပေးပြီး ပွတ်ပေးလို့လည်းရပါတယ်။

၃။ အုတ်ဂျုံနဲ့ နွားနို့

အုတ်ဂျုံဆိုတာဘာလဲလို့မေးနေကြလို့ အုတ်ဂျုံဆိုတာ ကွေကာအုတ်လုပ်တဲ့ အုတ်ဂျုံပါ။ စူပါမားကတ်တွေမှာ ဝယ်လို့ရပါတယ်နော်။

အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း

နို့ စားပွဲတင်ဇွန်း ၅ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဒူး၊ တဒေါင်၊ ချိုင်းကြားအသားအရေကိုလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်နိုင်ပါတယ်။

မှတ်ချက် – အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိနှစ်သက်တဲ့ နည်းလမ်းကိုသုံးနိုင်ပါတယ်။ ဒီလိုမျိုး လုပ်ပေးပြီးရင် နေပူထဲမထွက်စေချင်ပါဘူး။ ဒါကြောင့် ညနေပိုင်း (သို့) ညအိပ်ယာမဝင်ခင်လုပ်ပေးတာ ပိုကောင်းပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...













 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top