iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူႏွစ္ဦး ခ်စ္ႀကိဳက္ၿပီးလို႔ ႏွစ္ကိုယ္တူ ဘဝေလး တည္ေဆာက္ေတာ့မယ္ ေတြးထားလား၊ ဒီလိုဆိုရင္ေတာ့ သမီးမိန္းကေလးဆီ သြားေရာက္ၿပီး ေတာင္းရမ္းရေတာ့မွာပါေနာ္။ သမီးရွင္ဘက္ကို သြားေရာက္ေတာင္းရမ္းတဲ့အခါမွာ သိထားသင့္တာေတြ ရွိပါတယ္။ ဒါမွ ေစ့စပ္ေတာင္းရမ္းပြဲေလး အဆင္ေျပေခ်ာေမြ႔စြာ ၿပီးစီးႏိုင္မွာပါ။

မိန္းကေလးကေန တဆင့္ေမးပါ

သတို႔သားေလာင္းေလးတို႔ မေတာင္းရမ္းခင္မွာ ကိုယ့္ခ်စ္သူေကာင္မေလးကေန တဆင့္ အရင္ဆံုး သူ႔မိဘေတြကို ေမးျမန္းခုိင္းပါ။ ခ်စ္ႀကိဳက္ေနၿပီ ျဖစ္ေၾကာင္း၊ လာေရာက္ေတာင္းရမ္းခ်င္ေၾကာင္း အရင္ဆံုး ေျပာပါ။ မိန္းကေလးဘက္က အေျခအေနကို အရင္ေမးပါ။

ရက္ညွိပါ

ႏွစ္ဖက္မိဘေတြ သိၿပီးၿပီဆိုရင္ေတာ့ ဘယ္ေတာ့ လာေရာက္ ေတာင္းရမ္းရမလဲဆိုတာ ရက္ညွိပါ။ ဒါကေတာ့ စံုတြဲေလးတို႔လည္း ၾကားထဲက ညွိႏွိဳင္းရမွာပါ။ တစ္ေယာက္ တနယ္စီကဆိုရင္ေတာ့ ရက္အတိအက်ရဖို႔ စိတ္ရွည္ရွည္ေလး ညွိဖုိ႔ လိုပါတယ္ေနာ္။

သြားေရာက္ေတာင္းရမ္းေတာ့မယ္ဆိုရင္

သမီးရွင္ဘက္ကို သြားေရာက္ ေတာင္းရမ္းေတာ့မယ္ဆိုရင္ ႀကိဳတင္ၿပီး ျပင္ဆင္သင့္တာေတြလည္း ရွိပါတယ္ေနာ္။ ဘာေတြ ျပင္ဆင္ရမလဲဆိုတာ ေျပာျပမယ္ေနာ္။

အုန္းပြဲ ငွက္ေပ်ာပြဲ

သတို႔သားေလာင္းတို႔ေရ အုန္းပြဲငွက္ေပ်ာပြဲအျပင္ ကြမ္းအစ္နဲ႔ လက္ဖက္အစ္ ထည့္တာမ်ိဳးလည္း ရွိပါတယ္။ ေတာင္းရမ္းပစၥည္းေတြ မပါဘဲ စီစဥ္တာမ်ဳိးေပါ့။ လာတဲ့ ဧည့္ပရိတ္သတ္ေတြက ဟုိအရင္က လက္ဖက္စားရင္စား မစားရင္ ကြမ္းဝါးဆိုၿပီး ရွိတာေၾကာင့္ပါ။

ေအာင္သေျပ

သတို႔သမီးေလာင္းေလးတို႔ေရ ငွက္ေပ်ာသီးမွည့္တဲ့ ငွက္ေပ်ာပြဲတစ္ပြဲ၊ လက္ဖက္အစ္ တစ္အစ္နဲ႔ ဖန္ခြက္ထဲကို ေရထည့္ၿပီး သေျပပန္း(၃) ခက္နဲ႔ ႏွင္းဆီပန္းေလး (၃) ပြင့္ေလာက္ ထိုးၿပီး ယူလာဖို႔ လိုပါတယ္။ ေအာင္ေစ ပိုင္ေစဖုိ႔ လုပ္ေဆာင္တဲ့အေနနဲ႔ ေအာင္သေျပပြဲ ယူလာတာမ်ိဳးပါ။

ပန္းနဲ႔ သစ္သီး

ေစ့စပ္ေတာင္းရမ္းပြဲကို ပန္းနဲ႔ သစ္သီးေတြ ယူလာတာမ်ိဳးက နည္းေပမယ့္ တခ်ိဳ႕ေဒသေတြမွာေတာ့ ပန္းနဲ႔ သစ္သီးေတြနဲ႔ တင္ေတာင္းတာမ်ိဳး ရွိပါတယ္ေနာ္။ သတို႔သမီးေလးတို႔ေရ ေစ့စပ္ေတာင္းရမ္းပြဲ လုပ္တဲ့အခါမွာ သတို႔သမီးေလးဘက္က လိုခ်င္တဲ့ ပံုစံေလး ေျပာၿပီး ယူလာခိုင္းပါေနာ္။

ေတာင္းရမ္းပစၥည္း

သတို႔သားေလးဘက္က ဘယ္ေလာက္တင္ေတာင္းတယ္ဆိုတာမ်ိဳးပါ။ ေတာင္းရမ္းပစၥည္းေတြနဲ႔ အုနး္ပြဲ ငွက္ေပ်ာပြဲ တြဲၿပီး ယူေဆာင္လာရမွာ ျဖစ္ပါတယ္။ ေတာင္းရမ္းပစၥည္းဆိုတာကေတာ့ ႏွစ္ဦးသား အဆင္ေျပဖို႔အတြက္ ထည့္ေပးတဲ့သေဘာပါပဲေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ချစ်သူနှစ်ဦး ချစ်ကြိုက်ပြီးလို့ နှစ်ကိုယ်တူ ဘဝလေး တည်ဆောက်တော့မယ် တွေးထားလား၊ ဒီလိုဆိုရင်တော့ သမီးမိန်းကလေးဆီ သွားရောက်ပြီး တောင်းရမ်းရတော့မှာပါနော်။ သမီးရှင်ဘက်ကို သွားရောက်တောင်းရမ်းတဲ့အခါမှာ သိထားသင့်တာတွေ ရှိပါတယ်။ ဒါမှ စေ့စပ်တောင်းရမ်းပွဲလေး အဆင်ပြေချောမွေ့စွာ ပြီးစီးနိုင်မှာပါ။

မိန်းကလေးကနေ တဆင့်မေးပါ

သတို့သားလောင်းလေးတို့ မတောင်းရမ်းခင်မှာ ကိုယ့်ချစ်သူကောင်မလေးကနေ တဆင့် အရင်ဆုံး သူ့မိဘတွေကို မေးမြန်းခိုင်းပါ။ ချစ်ကြိုက်နေပြီ ဖြစ်ကြောင်း၊ လာရောက်တောင်းရမ်းချင်ကြောင်း အရင်ဆုံး ပြောပါ။ မိန်းကလေးဘက်က အခြေအနေကို အရင်မေးပါ။

ရက်ညှိပါ

နှစ်ဖက်မိဘတွေ သိပြီးပြီဆိုရင်တော့ ဘယ်တော့ လာရောက် တောင်းရမ်းရမလဲဆိုတာ ရက်ညှိပါ။ ဒါကတော့ စုံတွဲလေးတို့လည်း ကြားထဲက ညှိနှိုင်းရမှာပါ။ တစ်ယောက် တနယ်စီကဆိုရင်တော့ ရက်အတိအကျရဖို့ စိတ်ရှည်ရှည်လေး ညှိဖို့ လိုပါတယ်နော်။

သွားရောက်တောင်းရမ်းတော့မယ်ဆိုရင်

သမီးရှင်ဘက်ကို သွားရောက် တောင်းရမ်းတော့မယ်ဆိုရင် ကြိုတင်ပြီး ပြင်ဆင်သင့်တာတွေလည်း ရှိပါတယ်နော်။ ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ပြောပြမယ်နော်။

အုန်းပွဲ ငှက်ပျောပွဲ

သတို့သားလောင်းတို့ရေ အုန်းပွဲငှက်ပျောပွဲအပြင် ကွမ်းအစ်နဲ့ လက်ဖက်အစ် ထည့်တာမျိုးလည်း ရှိပါတယ်။ တောင်းရမ်းပစ္စည်းတွေ မပါဘဲ စီစဉ်တာမျိုးပေါ့။ လာတဲ့ ဧည့်ပရိတ်သတ်တွေက ဟိုအရင်က လက်ဖက်စားရင်စား မစားရင် ကွမ်းဝါးဆိုပြီး ရှိတာကြောင့်ပါ။

အောင်သပြေ

သတို့သမီးလောင်းလေးတို့ရေ ငှက်ပျောသီးမှည့်တဲ့ ငှက်ပျောပွဲတစ်ပွဲ၊ လက်ဖက်အစ် တစ်အစ်နဲ့ ဖန်ခွက်ထဲကို ရေထည့်ပြီး သပြေပန်း(၃) ခက်နဲ့ နှင်းဆီပန်းလေး (၃) ပွင့်လောက် ထိုးပြီး ယူလာဖို့ လိုပါတယ်။ အောင်စေ ပိုင်စေဖို့ လုပ်ဆောင်တဲ့အနေနဲ့ အောင်သပြေပွဲ ယူလာတာမျိုးပါ။

ပန်းနဲ့ သစ်သီး

စေ့စပ်တောင်းရမ်းပွဲကို ပန်းနဲ့ သစ်သီးတွေ ယူလာတာမျိုးက နည်းပေမယ့် တချို့ဒေသတွေမှာတော့ ပန်းနဲ့ သစ်သီးတွေနဲ့ တင်တောင်းတာမျိုး ရှိပါတယ်နော်။ သတို့သမီးလေးတို့ရေ စေ့စပ်တောင်းရမ်းပွဲ လုပ်တဲ့အခါမှာ သတို့သမီးလေးဘက်က လိုချင်တဲ့ ပုံစံလေး ပြောပြီး ယူလာခိုင်းပါနော်။

တောင်းရမ်းပစ္စည်း

သတို့သားလေးဘက်က ဘယ်လောက်တင်တောင်းတယ်ဆိုတာမျိုးပါ။ တောင်းရမ်းပစ္စည်းတွေနဲ့ အုန်းပွဲ ငှက်ပျောပွဲ တွဲပြီး ယူဆောင်လာရမှာ ဖြစ်ပါတယ်။ တောင်းရမ်းပစ္စည်းဆိုတာကတော့ နှစ်ဦးသား အဆင်ပြေဖို့အတွက် ထည့်ပေးတဲ့သဘောပါပဲနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top