iMyanmarHouse.com - Best Property Website for Myanmar
×
၎. ပြိဿရာသီ (ဧပြီ ၂၁ မှ မေ ၂၁)
Credit: cantwait2say
၁.ကုံရာသီ (ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈)
သင်က သင်လိုအပ်နေတဲ့အချစ်ကို တဖက်သားဆီမှ လာရောက်ဖြည့်ဆည်းပေးဖို့ မျှော်မှန်းခြင်းဖြင့် သင့်အချစ်ရေးကိုဖျက်ဆီးလေ့ရှိတယ်။ ဒါဆန္ဒတွေက သင့်ကို RS တိုင်းမှာ မကျေမနပ်ဖြစ်စေတယ်။ သင်လုပ်ရမဲ့ အရာက ကိုယ့်ကိုကိုယ် အရင်ချစ်ပါ။ ကို့ယ်မှာရှိတာနဲ့ အရင်ပျော်အောင်နေလိုက်ပါ။ ဘာလို့လဲဆိုတော့ သူများတွေသင့်ကို ဘယ်လောက်ချစ်ချစ် အဲ့ဒါက သင့်ကို ကျေနပ်စေမှာမဟုတ်ဘူး။
၂.မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၁)
သင်က သင့်ကိုနာကျင်အောင်နဲ့ စိတ်ဓာတ်ကျအောင်လုပ်တဲ့ သူ ပုံစံနောက်ကိုပဲလိုက်ခြင်းဖြင့် အမှားကို ထပ်ခါတလဲလဲ လုပ်နေတယ်။ သင့်အချစ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ရူးသွပ်ခြင်းပဲ။ သင်ပြုပြင်ရမှာက သင်ဟာ ဒီထက်မက ကောင်းတဲ့လူူနဲ့ထိုက်တန်တယ် ဆိုတာကို ယုံကြည်ဖို့လိုတယ်။
၃. မိဿရာသီ (မတ် ၂၁ မှ ဧပြီ ၂၀)
သင့်ရဲ့ ပြဿနာက သင့်ဘဝကို နိမ့်ကျအောင်လုပ်တဲ့သူကို သင်က ကြိုက်လေ့ရှိတယ်။ သင်က သူတို့အပေါ် အရမ်းတွယ်တာတယ်။ ဘာလို့လဲဆိုတော့ သူတို့မရှိပဲ သင်က မနေနိုင်ဘူးလို့ခံစားရတယ်။ အဲ့ဒါကြောင့် သင်က သူတို့ရဲ့ အမြတ်ထုတ်တာကို ခံရတယ်။
၄. ပြိဿရာသီ (ဧပြီ ၂၁ မှ မေ ၂၁)
အချစ်နဲ့ ပတ်သက်လာရင် သင့်ရဲ့အမှားကတော့ ဘယ်အန ္တရာယ်ကိုမှ မရင်ဆိုင်ရဲတာ။ သင်က အငြင်းခံရမှာနဲ့ ပစ်ထုတ်ခံရမှာကို အရမ်းကြောင်နေတော့ သင့်ရဲ့ အချစ်ရေးက မှှိုင်းပြီး ရင်ခုန်စရာမရှိဘူးဖြစ်နေတယ်။ သက်သောင့်သက်သာနေရတာတော့ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်းပါးပါး စွန့်စားသင့်တယ်။ အမြဲတမ်း လုံခြုံဖို့ပဲ မလိုဘူး။
၅.မေထုန်ရာသီ (မေ ၂၂ မှ ဇွန် ၂၁)
ကံမကောင်းစွာပဲ သင့်ရာသီခွင်က ကိုယ့်ကိုဘာလိုအပ်နေတာ၊ ဘာလိုချင်မှန်း မသိ မသေချာ မရေရာဖြစ်နေတယ်။ အဲ့ဒါကြောင့့် သင့်မှာရွေးချယ်စရာ အများကြီး အမြဲတမ်းရှိနေတယ်။ အဲ့ဒါက သင့်ကို ဆုံးဖြတ်ချက်ချဖို့ကို ဝန်လေးစေတယ်။
၆.ကရကဋ်ရာသီ (ဇွန် ၂၂ မှ ဇူလိုင် ၂၂ )
သင့်ရဲ့ ပြဿနာက သင့်ရဲ့ချစ်သူနဲ့ စကားမပြောတာပဲ။ သင်က ဘာမှမပြောပဲနဲ့ အမြဲပေးဆပ်လေ့ရှိတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ သင်က သူတို့ကို မုန်းမိလာတယ်။ အဲ့လိုမဖြစ်စေဖို့ အမြဲတမ်း အဆက်အသွယ်ရှိဖို့လိုတယ်။
၇.သိဟ်ရာသီ (ဇူလိုင် ၂၃ မှ သြဂုတ် ၂၃)
သင်က သင့်ခံစားကိုဖုံးကွယ်တယ်။ အဲ့ဒါက သင့်ရဲ့အကြီးမားဆုံး အမှားပဲ။ သင်က သင့်ခံစားချက်ကို ဘယ်လို ဖော်ထုတ်ရမလဲဆိုတာကို မသိပဲ ပစ်ပယ်ထားတယ်။ အဲ့လိုလုပ်တာက မကောင်းဘူး။ သင့်ရဲ့ အချစ်ကို ထုတ်ဖော်ပြဖို့လိုတယ်။
၈.ကန်ရာသီ (သြဂုတ် ၂၄ မှ စက်တင်ဘာ ၂၂)
သင်ကတော့ သင်ရဲ့ စံနှုန်းကို ရည်းစားကိုတောင်မှ ဝင်လာလို့မရအောင် မြင့်ထားတယ်။ သင်မျှော်မှန်းထားတာနဲ့ ကိုက်ညီတဲ့သူက အရမ်းကိုနည်းတယ်။ အဲ့လိုလုပ်တာက သင့်ရဲ့အချစ်ရေးကိုဖျက်စီးတယ်။ ကိုယ့်ကို ဆင်ခြင်ပြီး သူများနဲ့ အတူနေနိုင်အောင် ပြင်ဆင်ဖို့ လိုအပ်တယ်။
၉.တူရာသီ (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ )
သင့်ရဲ့အားနည်းချက်က လူတွေကို အဖြစ်အတိုင်းမမြင်ပဲ အကောင်းဘက်ကပဲတွေးနေတယ်။ ဒါပေမဲ့ သင်က တကိုယ်ကောင်းဆန်ပြီး သူတို့ရဲ့ ကောင်းကွက်တွေကို နားလည်အောင်မကြိုးစားဘူး။
၁၀.ဗြိစ္ဆာရာသီ (အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂
သင့်အားနည်းချက်ကတော့ ဘယ်သူ့ကိုှ်မှ အခွင့်အရေး မပေးတတ်တာ။ သင်က သူတပါးကို ချစ်မိခြင်းဟာ အားနည်းချက်လို့ယူဆထားတယ်။ အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ အခွင့်အရေးမပေးတာကြောင့် သင့်အချစ်ရေးကိုထိခိုက်စေတယ်။
၁၁.ဓနုရာသီ (နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ )
သင့်ရဲ့ ပြဿနာက ဘယ်အရာကိုမဆို သင်ကိုယ်တိုင်လုပ်ချင်တယ်။ ဘယ်သူ့ဆီက အကူအညီမှ မလိုချင်ဘူး။ ကိုယ့်ကိုအားကိုတတ်တဲ့သူ ဖြစ်တဲ့သင်ဟာ အချစ်ရေးမှာကြတော့ သင့်ချစ်သူနဲ့ လက်တွဲချင်ရင် တူတူလုပ်ဖို့လိုအပ်တယ်။
၁၂.မကာရရာသီ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀)
သင်က သူများတွေ ဘာပြောမလဲဆိုတာကိုပဲ အမြဲတမ်း စိုးရိမ်ကြောင့်ကြနေတယ်။ သူများတွေရဲ့ စကားကို သင့်ချစ်သူရဲ့ခံစားထက် ပိုဦးစားပေးလေ့ရှိတယ်။ ဘယ်သူဘာပဲ ပြောပြော သူ/သူမ က သင့်ကိုပျော်အောင်လုပ်ပေးရင် လုံလောက်ပါပြီ။
Credit: cantwait2say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top