iMyanmarHouse.com - Best Property Website for Myanmar
×

မလွခ်င္တဲ့သူဆိုတာမရွိပါဘူး။ လွတယ္ဆိုတာ မိတ္ကပ္လိမ္းၿပီးလွတာထက္ သဘာဝအသားအေရေလး ၾကည္ၿပီးလွေနဖို႔လိုပါတယ္။ ဒါမွ ဘာလိမ္းလိမ္းအဆင္ေျပသလို သင့္ကိုယ္သင္လည္း ယံုၾကည္မႈအျပည့္ရွိေစမွာျဖစ္ပါတယ္။

၁။ ၄-၂-၄ နည္းလမ္းကို က်င့္သံုးပါ

မ်က္ႏွာသစ္တဲ့အခါ အရင္ဆံုး မ်က္ႏွာေပၚမွာ အဆီတမ်ိဳးမ်ိဳးကို ဥပမာ အုန္းဆီကို လိမ္းေပးၿပီး ၄ မိနစ္ေလာက္ ပြတ္ေပးပါ။ ၿပီးရင္ ၂ မိနစ္ေလာက္ မ်က္ႏွာသစ္ေဆးနဲ႔ ပြတ္ေပးပါ။ အဲဒီေနာက္ ၄ မိနစ္ေလာက္ အခ်ိန္ယူၿပီး မ်က္ႏွာကို ေရနဲ႔ ေဆးခ်လိုက္ပါ။

၂။ တစ္ပတ္ကို တစ္ခါ မ်က္ႏွာေပါင္းတင္သင့္ပါတယ္။

မ်က္ႏွာကို တစ္ပတ္တစ္ခါေလာက္ အနည္းဆံုး ေပါင္းတင္သင့္ပါတယ္။ သဘာဝအတိုင္း ေပါင္းတင္တာပဲျဖစ္ျဖစ္ ေပါင္းတင္ခရင္မ္ဝယ္ၿပီး ေပါင္းတင္တာပဲျဖစ္ျဖစ္ လုပ္ေပးႏိုင္ပါတယ္။

၃။ ေနေရာင္ျခည္ဒဏ္ကေန အသားအေရကို ကာကြယ္ရေအာင္

မ်က္ႏွာကို ေနေရာင္ထိေတြ႕မႈ အသားအေရကို ေနေလာင္ျခင္းကေန ကာကြယ္သင့္ပါတယ္။ ေနပူထဲမွာ ဦးထုပ္ေဆာင္းတာ မ်က္မွန္တပ္တာမ်ိဳး လုပ္ေပးသင့္ပါတယ္။ SPF ပါဝင္တဲ့ ခရင္မ္လိမ္းေပးပါ။

၄။ ဆန္ေဆးရည္သံုးမယ္

ဆန္ေဆးရည္နဲ႔ သင့္အသားအေရကိုျဖစ္ေစ ဆံေကသာအတြက္ျဖစ္ေစ အသံုးျပဳႏိုင္ပါတယ္။ သင့္မ်က္နွာကို ဆန္ေဆးရည္နဲ႔ ပံုမွန္မ်က္ႏွာသစ္ေပးျခင္းၿပီး အသားအေရကို ႏူးညံ့ေခ်ာမြတ္ေစမွာျဖစ္ၿပီး အသားအေရကိုလည္း ျဖဴဝင္းလာေစမွာပါ။ ဆံေကသာကိုလည္း နက္ေမွာင္သန္စြမ္းေစပါတယ္။

၅။ အသားအေရကို ေခ်းခၽြတ္ေပးပါ

သင့္တစ္ကိုယ္လံးကို တစ္ပတ္ ၁ ခါ ၊ ၂ ပတ္ ၁ ခါေလာက္ေတာ့ ေခ်းခၽြတ္ေပးသင့္ပါတယ္။ သၾကားနဲ႔ ဒိန္ခ်ဥ္ (သုိ႔) သၾကားနဲ႔ ပ်ားရည္ေရာၿပီး ေရမခ်ိဳးခင္ တကိုယ္လံုးအႏွံ႔ကိုလိမ္းေပးထားပါ။ ၿပီးရင္ ၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။ ၿပီရင္ ခရမ္းခ်ဥ္သီးကို အရည္ညွစ္ၿပီး မ်က္ႏွာကို ျဖစ္ေစ တကိုယ္လံုးက အသားအေရကိုျဖစ္ေစ ပြတ္တိုက္ေပးပါ။ ၿပီးရင္ ခဏထားၿပီး ေရေဆးခ်ပါ။

၆။ အဆီသံုးပါ

အုန္းဆီ၊ ေထာပတ္ဆီကို အသားအေရအလွအတြက္ အသံုးျပဳႏိုင္ပါတယ္။ သံလြင္ဆီလည္းရပါတယ္။ ဒါေပမယ့္ အဆီျပန္တဲ့သူေတြကေတာ့ အဆီမသံုးပါနဲ႔။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မလှချင်တဲ့သူဆိုတာမရှိပါဘူး။ လှတယ်ဆိုတာ မိတ်ကပ်လိမ်းပြီးလှတာထက် သဘာဝအသားအရေလေး ကြည်ပြီးလှနေဖို့လိုပါတယ်။ ဒါမှ ဘာလိမ်းလိမ်းအဆင်ပြေသလို သင့်ကိုယ်သင်လည်း ယုံကြည်မှုအပြည့်ရှိစေမှာဖြစ်ပါတယ်။

၁။ ၄-၂-၄ နည်းလမ်းကို ကျင့်သုံးပါ

မျက်နှာသစ်တဲ့အခါ အရင်ဆုံး မျက်နှာပေါ်မှာ အဆီတမျိုးမျိုးကို ဥပမာ အုန်းဆီကို လိမ်းပေးပြီး ၄ မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင် ၂ မိနစ်လောက် မျက်နှာသစ်ဆေးနဲ့ ပွတ်ပေးပါ။ အဲဒီနောက် ၄ မိနစ်လောက် အချိန်ယူပြီး မျက်နှာကို ရေနဲ့ ဆေးချလိုက်ပါ။

၂။ တစ်ပတ်ကို တစ်ခါ မျက်နှာပေါင်းတင်သင့်ပါတယ်။

မျက်နှာကို တစ်ပတ်တစ်ခါလောက် အနည်းဆုံး ပေါင်းတင်သင့်ပါတယ်။ သဘာဝအတိုင်း ပေါင်းတင်တာပဲဖြစ်ဖြစ် ပေါင်းတင်ခရင်မ်ဝယ်ပြီး ပေါင်းတင်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

၃။ နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ရအောင်

မျက်နှာကို နေရောင်ထိတွေ့မှု အသားအရေကို နေလောင်ခြင်းကနေ ကာကွယ်သင့်ပါတယ်။ နေပူထဲမှာ ဦးထုပ်ဆောင်းတာ မျက်မှန်တပ်တာမျိုး လုပ်ပေးသင့်ပါတယ်။ SPF ပါဝင်တဲ့ ခရင်မ်လိမ်းပေးပါ။

၄။ ဆန်ဆေးရည်သုံးမယ်

ဆန်ဆေးရည်နဲ့ သင့်အသားအရေကိုဖြစ်စေ ဆံကေသာအတွက်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ သင့်မျက်နှာကို ဆန်ဆေးရည်နဲ့ ပုံမှန်မျက်နှာသစ်ပေးခြင်းပြီး အသားအရေကို နူးညံ့ချောမွတ်စေမှာဖြစ်ပြီး အသားအရေကိုလည်း ဖြူဝင်းလာစေမှာပါ။ ဆံကေသာကိုလည်း နက်မှောင်သန်စွမ်းစေပါတယ်။

၅။ အသားအရေကို ချေးချွတ်ပေးပါ

သင့်တစ်ကိုယ်လံးကို တစ်ပတ် ၁ ခါ ၊ ၂ ပတ် ၁ ခါလောက်တော့ ချေးချွတ်ပေးသင့်ပါတယ်။ သကြားနဲ့ ဒိန်ချဉ် (သို့) သကြားနဲ့ ပျားရည်ရောပြီး ရေမချိုးခင် တကိုယ်လုံးအနှံ့ကိုလိမ်းပေးထားပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ပြီရင် ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး မျက်နှာကို ဖြစ်စေ တကိုယ်လုံးက အသားအရေကိုဖြစ်စေ ပွတ်တိုက်ပေးပါ။ ပြီးရင် ခဏထားပြီး ရေဆေးချပါ။

၆။ အဆီသုံးပါ

အုန်းဆီ၊ ထောပတ်ဆီကို အသားအရေအလှအတွက် အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီလည်းရပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့သူတွေကတော့ အဆီမသုံးပါနဲ့။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top