ေယာက္်ားေလးေတြကိုေတာ့ ဒီစကားေတြ မေျပာျဖစ္ၾကဘူး။
သိတဲ့အတိုင္းပဲ
မိန္းကေလးဆုိတာမ်ိဳးက အစားစားရင္စား ၊ မစားရင္ စကားေျပာေနၾကတာ။ ဒါေပမဲ့
လူတုိင္းကို ေျပာတာေတာ့ မဟုတ္ဘူး။ ေျပာခ်င္တဲ့လူကိုမွ တတြတ္တြတ္ေျပာၿပီး
မေျပာခ်င္ရင္ ေခ်မိုးေနၾကေသးတာ။ စကားေျပာတဲ့အခါ မိန္းကေလးခ်င္းပဲ
ေျပာလို႔ရတဲ့ စကားေတြလည္း ရွိတယ္။
၁။ " သူ႔ဘဲကိုၾကည့္လိုက္ဦး"
ပြဲလမ္းေတြသြားၿပီဆုိရင္
ကိုယ္နဲ႔ သိပ္မတည့္တဲ့ မိန္းကေလးသူငယ္ခ်င္းက သူ႔ရည္းစားကို ေခၚလာတာေတြ႕တဲ့
အခ်ိန္မ်ိဳးမွာဆုိ ေဘးကလူကို လက္တို႔ၿပီး ေျပာၾကတယ္။ သူ႔ဘဲက ဘယ္လိုမ်ိဳး
ပံုမလာ ပန္းမလာတာတုိ႔ကေန စၿပီး အတင္းအုပ္ေတာ့တာပဲ။ ဟုတ္တယ္မို႔လား။
၂။ " ငါ့ထက္ပိုလွတာက်လို႔"
ဒါကေတာ့
စေနာက္လို႔ပဲျဖစ္ျဖစ္ ၊ မနာလိုလို႔ပဲျဖစ္ျဖစ္ ေျပာထြက္မိၾကတယ္။ ဒါေပမဲ့
ေယာက္်ားေလးေတြေရွ႕ေတာ့ ဒီစကားကို လံုးဝ မေျပာဘူး။ ကိုယ့္ေဘးက
မိန္းကေလးသူငယ္ခ်င္း ၊ ညီအစ္မေတြကိုပဲ ေျပာျဖစ္တာ။ ကိုယ္သေဘာမက်တဲ့လူနဲ႔
ကိုယ္နဲ႔ဆုိ ကိုယ္က ပိုလွေနတာပဲ ျဖစ္ခ်င္တယ္။
၃။ " မိတ္ကပ္ပစၥည္းေတြ သြားဝယ္ရေအာင္"
အခုဆုိ
မိတ္ကပ္ပစၥည္းေတြက ဝယ္ရတာ လြယ္လာၿပီ။ Beauty Diary လိုမ်ိဳး တစ္ေနရာတည္း
အစံုရတဲ့ ဆုိင္ေတြေရာ ၊ အြန္လိုင္းကေန မွာလို႔ရတာေတြေရာ အစံုပဲ။ Buy One,
Get One Free လိုမ်ိဳး ႐ွိလာၿပီ ဆိုလို႔ကေတာ့ ကိုယ့္အခင္ဆံုး
မိန္းကေလးသူငယ္ခ်င္းကို ေခၚေတာ့တာပဲ။ ဒါမ်ိဳးက် သိပ္စည္းလံုးတာ။
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ယောက်ျားလေးတွေကိုတော့ ဒီစကားတွေ မပြောဖြစ်ကြဘူး။
သိတဲ့အတိုင်းပဲ
မိန်းကလေးဆိုတာမျိုးက အစားစားရင်စား ၊ မစားရင် စကားပြောနေကြတာ။ ဒါပေမဲ့
လူတိုင်းကို ပြောတာတော့ မဟုတ်ဘူး။ ပြောချင်တဲ့လူကိုမှ တတွတ်တွတ်ပြောပြီး
မပြောချင်ရင် ချေမိုးနေကြသေးတာ။ စကားပြောတဲ့အခါ မိန်းကလေးချင်းပဲ
ပြောလို့ရတဲ့ စကားတွေလည်း ရှိတယ်။
၁။ " သူ့ဘဲကိုကြည့်လိုက်ဦး"
ပွဲလမ်းတွေသွားပြီဆိုရင်
ကိုယ်နဲ့ သိပ်မတည့်တဲ့ မိန်းကလေးသူငယ်ချင်းက သူ့ရည်းစားကို
ခေါ်လာတာတွေ့တဲ့ အချိန်မျိုးမှာဆို ဘေးကလူကို လက်တို့ပြီး ပြောကြတယ်။
သူ့ဘဲက ဘယ်လိုမျိုး ပုံမလာ ပန်းမလာတာတို့ကနေ စပြီး အတင်းအုပ်တော့တာပဲ။
ဟုတ်တယ်မို့လား။
၂။ " ငါ့ထက်ပိုလှတာကျလို့"
ဒါကတော့
စနောက်လို့ပဲဖြစ်ဖြစ် ၊ မနာလိုလို့ပဲဖြစ်ဖြစ် ပြောထွက်မိကြတယ်။ ဒါပေမဲ့
ယောက်ျားလေးတွေရှေ့တော့ ဒီစကားကို လုံးဝ မပြောဘူး။ ကိုယ့်ဘေးက
မိန်းကလေးသူငယ်ချင်း ၊ ညီအစ်မတွေကိုပဲ ပြောဖြစ်တာ။ ကိုယ်သဘောမကျတဲ့လူနဲ့
ကိုယ်နဲ့ဆို ကိုယ်က ပိုလှနေတာပဲ ဖြစ်ချင်တယ်။
၃။ " မိတ်ကပ်ပစ္စည်းတွေ သွားဝယ်ရအောင်"
အခုဆို
မိတ်ကပ်ပစ္စည်းတွေက ဝယ်ရတာ လွယ်လာပြီ။ Beauty Diary လိုမျိုး တစ်နေရာတည်း
အစုံရတဲ့ ဆိုင်တွေရော ၊ အွန်လိုင်းကနေ မှာလို့ရတာတွေရော အစုံပဲ။ Buy One,
Get One Free လိုမျိုး ရှိလာပြီ ဆိုလို့ကတော့ ကိုယ့်အခင်ဆုံး
မိန်းကလေးသူငယ်ချင်းကို ခေါ်တော့တာပဲ။ ဒါမျိုးကျ သိပ်စည်းလုံးတာ။
Credit: Duwun
မိန္းကေလးအခ်င္းခ်င္းပဲ ေျပာျဖစ္ၾကတဲ့ စကားေတြ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။