iMyanmarHouse.com - Best Property Website for Myanmar
×

ညဥ္႔နက္မွ အိပ္တတ္တဲ့ ေယာင္းတို႔ဆိုရင္ ည ၁ဝ နာရီ ၁၁ နာရီေလာက္မွာ ဗိုက္က ပံုမွန္ alarm ေပးထားတဲ့အတိုင္း တက်ဳပ္က်ဳပ္ ျမည္တာ ႀကံဳဖူးမွာပါ။ အဲ့အခ်ိန္က်မွ ဟုိလွန္ ဒီေလွာနဲ႔ ဘာစားရမွန္းမသိ လုပ္စရာအလုပ္ကို ပစ္ၿပီး ဟုိေယာင္ေယာင္ ဒီေယာင္ေယာင္နဲ႔ အခ်ိန္ေတြကုန္။  ညဘက္စားရင္ ဝိတ္တက္မွာစိုးလို႔ မစားဘူးဟဲ့ဆိုၿပီး တင္းခံေနေပမယ့္ ဗိုက္က ဆႏၵေတြျပေနေတာ့ အလုပ္လည္း ဆက္လုပ္လို႔မရ ဗိုက္ကေအာ္ေနေတာ့ အိပ္လို႔လည္းမေပ်ာ္..။ ေနာက္ဆံုးက် ေတြ႔ရာစားၿပီး အိပ္ပစ္လိုက္ရတဲ့ဘဝ….။ တစ္ညေလာက္ အဲ့လို စားလိုက္မိလို႔ကေတာ့ ေနာက္ေန႔ေတြက် အက်င့္ကိုပါလို႔..။ ခံစားဖူးသူမ်ား သိပါလိမ့္မည္။

အဲ့လို ေတြ႔ကရာ ေလွ်ာက္စားၿပီး အိပ္လိုက္ရတဲ့အတြက္ ဝိတ္တက္ေစတဲ့ ဆိုးက်ိဳးအျပင္ ေကာင္းေကာင္းမြန္မြန္ မအိပ္စက္ရတာ… ေနာက္ေန႔မနက္ထရင္ ညမွာစားထားတဲ့အတြက္ ျပည့္ၿပီး မနက္စာ မစားႏိုင္ဘဲ အစားအေသာက္ေတြ ပံုမွန္မဟုတ္ေတာ့ က်န္းမာေရးေတြပါ ခ်ိဳ႕တဲ့..ဆီးခ်ိဳသမားေတြဆို ပိုဒုကၡေရာက္ပါတယ္တဲ့ေလ။

ဒီေတာ့ကား…ဒီအက်င့္ကို ဘယ္လိုေဖ်ာက္မလဲ…နည္းလမ္းေလးေတြ ညႊန္ပါမယ္။

(၁) ေစာေစာစီးစီး သြားတိုက္ထားပါ။

ဒါက ေရတိုအတြက္ လုပ္လို႔ရတဲ့နည္းလမ္းပါ။ တစ္ခါတေလက် ဗိုက္ဆာတယ္ဆိုတာ ပါးစပ္ထဲက စားထားၿပီးသား စားၾကြင္းစားက်န္ေတြရဲ႕ အရသာေၾကာင့့္ လွ်ာရဲ႕ ေတာင္းဆိုမႈလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ညစာစားၿပီးတာနဲ႔ သြားတိုက္ပစ္လိုက္ပါ။ ေနာက္ၿပီး အက္ဒမင္ဆို..သြားထပ္တိုက္ရမွာ ပ်င္းလို႔ မစားေတာ့ပါဘူးေလဆိုၿပီး မစားျဖစ္ေတာ့တာမ်ိဳးလည္း ရွိပါတယ္။

(၂) အသင့္စားမုန္႔ေတြ အိမ္မွာ မထားပါနဲ႔။

ေပါက္တတ္ကရမုန္႔ေလးေတြ စားတတ္တဲ့ေယာင္းတို႔…စားခ်င္ရင္ အျပင္မွာတင္စားၿပီး အိမ္မသယ္လာမိပါေစနဲ႔။ ကိုယ့္ဆီမွာ မုန္႔ရွိေနတဲ့အေတြးက ဆာေလာင္မႈကို ျဖစ္ေပၚေစသလို… အိမ္မွာရွိေနေတာ့ စားျဖစ္သြားတယ္ေလ။ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာေတြဆိုေတာ့ ပိုၿပီး ဝိတ္တက္ေစတာေပါ့။

(၃) စားပါ။

ညဥ္႔နက္ဘက္စားတိုင္း ဝတာေတာ့ မဟုတ္ပါဘူး။ ကိုယ္စားတဲ့ အစာက ျပႆနာ ျဖစ္ေစတာပါ။ အဆီမပါတဲ့…က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာမ်ိဳးဆိုရင္ ညဥ္႔နက္ဘက္ စားလည္း ကိစၥမရွိပါဘူး။ ဥပမာ- ပူပူေႏြးေႏြး ႏြားႏုိ႔တစ္ခြက္ကလည္း ဗိုက္ျပည့္ေစတဲ့အျပင္ ေကာင္းေကာင္းလည္း အိပ္ေပ်ာ္ေစတယ္ေလ။

(၄) ျပည့္ျပည့္ဝဝ ပံုမွန္စားပါ။

အစားအေသာက္ကို ပံုမွန္မစားတဲ့အတြက္ေၾကာင့္ ညႀကီး အခ်ိန္မေတာ္ ဆာတတ္တာပါ။ ဒါက အက္ဒမင္လက္ေတြ႔ပါ။ အလုပ္ထဲနစ္ၿပီး ေန႔လည္စာေတြေက်ာ္ ညက်ေတာ့မွ ဟက္တက္စြဲေသာအခါ…. ဒိုးခေတြ ေရာက္ကုန္တာေပါ့ေနာ္။ ပံုမွန္ မနက္စာဆိုလည္း ျပည့္ျပည့္ဝဝ ေန႔လည္စာ ညစာ ပံုမွန္ ျပန္စားတဲ့အခါ အစာအိမ္လည္းပံုမွန္ လည္ပတ္ေနေတာ့ ညဥ့္နက္က် မစားျဖစ္ေတာ့ဘူး။

(၅) ေစာေစာအိပ္ပါ။

ေၾသာ္..အက္ဒမင္ ေျပာမွလားလို႔ မေျပာပါနဲ႔..။ 😛 ဒါက အထိေရာက္ဆံုးနဲ႔ အေကာင္းဆံုးနည္းလမ္းပါ။ က်န္းမာေရးအတြက္လည္းေကာင္း အသားအေရအတြက္လည္းေကာင္းနဲ႔..။ ျပႆနာအားလံုးကို ေျဖရွင္းၿပီးသား ျဖစ္ေစတာေပါ့။

ကဲ…ေယာင္းေလးတို႔ ညႀကီးမင္းႀကီး ဗိုက္ဆာတတ္တဲ့ ဒုကၡကေန ကင္းေဝးပါေစ။

Credit: Nilar (For Her Myanmar)
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ညဉ့်နက်မှ အိပ်တတ်တဲ့ ယောင်းတို့ဆိုရင် ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ ဗိုက်က ပုံမှန် alarm ပေးထားတဲ့အတိုင်း တကျုပ်ကျုပ် မြည်တာ ကြုံဖူးမှာပါ။ အဲ့အချိန်ကျမှ ဟိုလှန် ဒီလှောနဲ့ ဘာစားရမှန်းမသိ လုပ်စရာအလုပ်ကို ပစ်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်တွေကုန်။  ညဘက်စားရင် ဝိတ်တက်မှာစိုးလို့ မစားဘူးဟဲ့ဆိုပြီး တင်းခံနေပေမယ့် ဗိုက်က ဆန္ဒတွေပြနေတော့ အလုပ်လည်း ဆက်လုပ်လို့မရ ဗိုက်ကအော်နေတော့ အိပ်လို့လည်းမပျော်..။ နောက်ဆုံးကျ တွေ့ရာစားပြီး အိပ်ပစ်လိုက်ရတဲ့ဘဝ….။ တစ်ညလောက် အဲ့လို စားလိုက်မိလို့ကတော့ နောက်နေ့တွေကျ အကျင့်ကိုပါလို့..။ ခံစားဖူးသူများ သိပါလိမ့်မည်။

အဲ့လို တွေ့ကရာ လျှောက်စားပြီး အိပ်လိုက်ရတဲ့အတွက် ဝိတ်တက်စေတဲ့ ဆိုးကျိုးအပြင် ကောင်းကောင်းမွန်မွန် မအိပ်စက်ရတာ… နောက်နေ့မနက်ထရင် ညမှာစားထားတဲ့အတွက် ပြည့်ပြီး မနက်စာ မစားနိုင်ဘဲ အစားအသောက်တွေ ပုံမှန်မဟုတ်တော့ ကျန်းမာရေးတွေပါ ချို့တဲ့..ဆီးချိုသမားတွေဆို ပိုဒုက္ခရောက်ပါတယ်တဲ့လေ။

ဒီတော့ကား…ဒီအကျင့်ကို ဘယ်လိုဖျောက်မလဲ…နည်းလမ်းလေးတွေ ညွှန်ပါမယ်။

(၁) စောစောစီးစီး သွားတိုက်ထားပါ။

ဒါက ရေတိုအတွက် လုပ်လို့ရတဲ့နည်းလမ်းပါ။ တစ်ခါတလေကျ ဗိုက်ဆာတယ်ဆိုတာ ပါးစပ်ထဲက စားထားပြီးသား စားကြွင်းစားကျန်တွေရဲ့ အရသာကြောင့့် လျှာရဲ့ တောင်းဆိုမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညစာစားပြီးတာနဲ့ သွားတိုက်ပစ်လိုက်ပါ။ နောက်ပြီး အက်ဒမင်ဆို..သွားထပ်တိုက်ရမှာ ပျင်းလို့ မစားတော့ပါဘူးလေဆိုပြီး မစားဖြစ်တော့တာမျိုးလည်း ရှိပါတယ်။

(၂) အသင့်စားမုန့်တွေ အိမ်မှာ မထားပါနဲ့။

ပေါက်တတ်ကရမုန့်လေးတွေ စားတတ်တဲ့ယောင်းတို့…စားချင်ရင် အပြင်မှာတင်စားပြီး အိမ်မသယ်လာမိပါစေနဲ့။ ကိုယ့်ဆီမှာ မုန့်ရှိနေတဲ့အတွေးက ဆာလောင်မှုကို ဖြစ်ပေါ်စေသလို… အိမ်မှာရှိနေတော့ စားဖြစ်သွားတယ်လေ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဆိုတော့ ပိုပြီး ဝိတ်တက်စေတာပေါ့။

(၃) စားပါ။

ညဉ့်နက်ဘက်စားတိုင်း ဝတာတော့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့ အစာက ပြဿနာ ဖြစ်စေတာပါ။ အဆီမပါတဲ့…ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမျိုးဆိုရင် ညဉ့်နက်ဘက် စားလည်း ကိစ္စမရှိပါဘူး။ ဥပမာ- ပူပူနွေးနွေး နွားနို့တစ်ခွက်ကလည်း ဗိုက်ပြည့်စေတဲ့အပြင် ကောင်းကောင်းလည်း အိပ်ပျော်စေတယ်လေ။

(၄) ပြည့်ပြည့်ဝဝ ပုံမှန်စားပါ။

အစားအသောက်ကို ပုံမှန်မစားတဲ့အတွက်ကြောင့် ညကြီး အချိန်မတော် ဆာတတ်တာပါ။ ဒါက အက်ဒမင်လက်တွေ့ပါ။ အလုပ်ထဲနစ်ပြီး နေ့လည်စာတွေကျော် ညကျတော့မှ ဟက်တက်စွဲသောအခါ…. ဒိုးခတွေ ရောက်ကုန်တာပေါ့နော်။ ပုံမှန် မနက်စာဆိုလည်း ပြည့်ပြည့်ဝဝ နေ့လည်စာ ညစာ ပုံမှန် ပြန်စားတဲ့အခါ အစာအိမ်လည်းပုံမှန် လည်ပတ်နေတော့ ညဉ့်နက်ကျ မစားဖြစ်တော့ဘူး။

(၅) စောစောအိပ်ပါ။

သြော်..အက်ဒမင် ပြောမှလားလို့ မပြောပါနဲ့..။ 😛 ဒါက အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျန်းမာရေးအတွက်လည်းကောင်း အသားအရေအတွက်လည်းကောင်းနဲ့..။ ပြဿနာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်စေတာပေါ့။

ကဲ…ယောင်းလေးတို့ ညကြီးမင်းကြီး ဗိုက်ဆာတတ်တဲ့ ဒုက္ခကနေ ကင်းဝေးပါစေ။



Credit: Nilar (For Her Myanmar)

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top