iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔လူငယ္ေတာ္ေတာ္မ်ားမ်ား ၀က္ၿခံျပႆနာကို ခံစားေနၾကရပါတယ္။ေနေရာင္ခ်ည္ထိေတြ႕မႈမ်ားတာ အျပင္မွာသြားလာတာေတြေၾကာင့္ အဆီျပန္ဖုန္မႈန္႔ေတြကပ္ပါလာႏိုင္ၿပီး ေခၽြးေပါက္ပိတ္လို႔ ၀က္ၿခံေလးေတြ ပိုလို႔ျဖစ္ေစပါတယ္။ အေျဖရွာရေအာင္ပါ။

၁။ တစ္ေန႔ကိုမ်က္ႏွာ ၂ ႀကိမ္သစ္ပါ။

အေရးႀကီးပါတယ္။ မ်က္ႏွာေပၚက အဆီေတြ ဖုန္မႈန္႕ေတြကိုဖယ္ရွားႏိုင္မွ အသားအေရၾကည္လင္ သန္႔ရွင္းလာမွာပါ။ တစ္ေန႔ကို မနက္တစ္ႀကိမ္၊ ေန႔လည္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ေလာက္ ေရေႏြးနဲ႔ မ်က္ႏွာအရင္သစ္ အရည္အေသြးျမင့္ မ်က္ႏွာသစ္ခရင္မ္နဲ႔ သစ္ေပးၿပီး ေရေအးေအးနဲ႔ ေဆးခ်ပါ။ ၃ ႀကိမ္ေလာက္သစ္ရင္လည္းအေကာင္းဆံုးပါပဲ။ ၿပီးရင္ သန္႔ရွင္းေျခာက္ေသြ႕တဲ့ တဘက္နဲ႔ မ်က္ႏွာကို ေသခ်ာသုတ္ေပးပါ။

မ်က္ႏွာကို တဘက္ (သို႔) အ၀တ္စနဲ႔ ၾကမ္းၾကမ္းတမ္းတမ္းပြတ္ျခင္းကေန ေရွာင္က်ဥ္ပါ။ မ်က္ႏွာကို တစ္ေန႔ ၂ ႀကိမ္ ၃ ႀကိမ္သစ္ရမယ္ဆိုေပမယ့္ မၾကာခဏသစ္ေပးရင္မသင့္ေတာ္ပါဘူး။ အသားအေရေျခာက္ေသြ႕ၿပီး ေရာင္ရမ္းလာပါလိမ့္မယ္။

၂။ Moisturizer သံုးပါ။

မ်က္ႏွာသစ္ၿပီးရင္အသားအေရကို စိုေျပေစဖို႔ Moisturizer လိမ္းေပးဖို႔လိုပါတယ္။ အသားေရကို ေရဓါတ္ျဖည့္တင္းႏိုင္ၿပီး အသာအးေရေျခာကေသြ႕ျခင္းကေနကာကြယ္ေပးတဲ့ Moisturizer လိမ္းေပးပါ။ Non-Comedogenic Moisturizer ကိုသံုးေပးသင့္ပါတယ္။ အဆီမ်ားမ်ားပါ၀င္တဲ့ Moisturizer က ေခၽြးေပါက္ပိတ္ေစၿပီး အသားအေရေပၚမွာ ၀က္ၿခံပိုလို႔ျဖစ္ေစပါတယ္။

၃။ မ်က္ႏွာကို ထိေတြ႔ျခင္းမွ ေရွာင္က်ဥ္ပါ။

အျပင္မွာေလထုညစ္ညမ္းမႈေတြေၾကာင့္ အရာ၀တၱဳေတြမွာ ဘက္တီးရီးယားပိုးေတြကပ္ေနပါတယ္။ ဒီဘက္တီးရီးယားေတြကို ထိေတြ႕ထားတဲ့ လက္နဲ႔ မ်က္ႏွာကို ကိုင္တာဟာ ၀က္ၿခံျဖစ္ေစၿပီး ၀က္ၿခံရွိၿပီးသားသူေတြလည္း ၀က္ၿခံပိုပြားေစသလို ၀က္ၿခံကို ေရာင္ရမ္းလာေစပါတယ္။

မ်က္ႏွာကိုလက္နဲ႔မထိပါနဲ႔ေနာ္။

၄။ သဘာ၀ပစၥည္းေလးေတြနဲ႔ တစ္ပတ္တစ္ႀကိမ္ေလာက္ေပါင္းတင္ေပးပါ။

ဆဲလ္ေသေလးေတြကို ဖယ္ရွားၿပီး အသားအေရ ၾကည္လင္ေစဖို႔အတြက္ တစ္ပတ္တစ္ႀကိမ္ေလာက္ ေပါင္းတင္ေပးဖို႔လိုပါတယ္။ ဒိန္ခ်ဥ္၊ ေထာပတ္သီး၊ ငွက္ေပ်ာသီး မိမိအဆင္ေျပတာနဲ႔ ေပါင္းတင္လို႔ရပါတယ္။ သဘာ၀နည္းလမ္းေလးေတြနဲ႔ ေပါင္းတင္နည္းေတြကို MyStyle Myanmar မွာလည္း အမ်ားႀကီးေဖာ္ျပထားတယ္ေနာ္။

၅။ မိတ္ကပ္ထူထူလိမ္းျခင္းေရွာင္ပါ။

မိတ္ကပ္ေတြ ခရင္မ္ေတြ မ်ားမ်ားလိမ္းေပးတာဟာ ေခၽြးေပါက္ပိတ္ေစၿပီး ၀က္ၿခံျဖစ္ေစပါတယ္ေနာ္။ မိတ္ကပ္ထူထူလိမ္းတာမ်ိဳးေရွာင္ပါ။

၆။ ေနေရာင္ခ်ည္ထိေတြ႔မႈကေန ေရွာင္က်ဥ္ပါ။

အသားအေရကို ေနေရာင္ခ်ည္ထိေတြ႕မႈကေနေရွာင္က်ဥ္ပါ။ ေနေရာင္ခ်ည္ထိေတြ႕မႈမ်ားတာဟာ ၀က္ၿခံသာမက အမည္းစက္ေတြလည္း ျဖစ္ေစပါတယ္။ UV ပါတဲ့ မ်က္ႏွာလိမ္းခရင္မ္ေတြ Lotion ေတြလိမ္းေပးပါ။

၇။ က်န္းမာေရးနဲ႔ညီညႊတ္စြာစားပါ။

၀က္ၿခံျဖစ္ေစတဲ့ အသင့္လုပ္အစားအစာေတြ သေရစာေတြ စားေပးတာမ်ိဳးကို ေရွာင္က်ဥ္သင့္ပါတယ္။ ဒါေတြဟာ အဆီျပန္ေစၿပီး ၀က္ၿခံျဖစ္ေစပါတယ္။ အသီးအႏွံမ်ားမ်ားစားပါ။

၈။ ေရမ်ားမ်ားေသာက္ေပးပါ။

တစ္ေန႔ကို ေရ ၈ ခြက္ေလာက္ ေသာက္ေပးသင့္ပါတယ္။ မနက္အိပ္ယာႏိုးႏိုးခ်င္း ေရ ၃ ခြက္ ၄ ခြက္ေလာက္ေသာက္ၿပီး တစ္ေန႔တာကို စဆင္ပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယနေ့လူငယ်တော်တော်များများ ဝက်ခြံပြဿနာကို ခံစားနေကြရပါတယ်။နေရောင်ချည်ထိတွေ့မှုများတာ အပြင်မှာသွားလာတာတွေကြောင့် အဆီပြန်ဖုန်မှုန့်တွေကပ်ပါလာနိုင်ပြီး ချွေးပေါက်ပိတ်လို့ ဝက်ခြံလေးတွေ ပိုလို့ဖြစ်စေပါတယ်။ အဖြေရှာရအောင်ပါ။

၁။ တစ်နေ့ကိုမျက်နှာ ၂ ကြိမ်သစ်ပါ။

အရေးကြီးပါတယ်။ မျက်နှာပေါ်က အဆီတွေ ဖုန်မှုန့်တွေကိုဖယ်ရှားနိုင်မှ အသားအရေကြည်လင် သန့်ရှင်းလာမှာပါ။ တစ်နေ့ကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်လောက် ရေနွေးနဲ့ မျက်နှာအရင်သစ် အရည်အသွေးမြင့် မျက်နှာသစ်ခရင်မ်နဲ့ သစ်ပေးပြီး ရေအေးအေးနဲ့ ဆေးချပါ။ ၃ ကြိမ်လောက်သစ်ရင်လည်းအကောင်းဆုံးပါပဲ။ ပြီးရင် သန့်ရှင်းခြောက်သွေ့တဲ့ တဘက်နဲ့ မျက်နှာကို သေချာသုတ်ပေးပါ။

မျက်နှာကို တဘက် (သို့) အဝတ်စနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်ခြင်းကနေ ရှောင်ကျဉ်ပါ။ မျက်နှာကို တစ်နေ့ ၂ ကြိမ် ၃ ကြိမ်သစ်ရမယ်ဆိုပေမယ့် မကြာခဏသစ်ပေးရင်မသင့်တော်ပါဘူး။ အသားအရေခြောက်သွေ့ပြီး ရောင်ရမ်းလာပါလိမ့်မယ်။

၂။ Moisturizer သုံးပါ။

မျက်နှာသစ်ပြီးရင်အသားအရေကို စိုပြေစေဖို့ Moisturizer လိမ်းပေးဖို့လိုပါတယ်။ အသားရေကို ရေဓါတ်ဖြည့်တင်းနိုင်ပြီး အသာအးရေခြောကသွေ့ခြင်းကနေကာကွယ်ပေးတဲ့ Moisturizer လိမ်းပေးပါ။ Non-Comedogenic Moisturizer ကိုသုံးပေးသင့်ပါတယ်။ အဆီများများပါဝင်တဲ့ Moisturizer က ချွေးပေါက်ပိတ်စေပြီး အသားအရေပေါ်မှာ ဝက်ခြံပိုလို့ဖြစ်စေပါတယ်။

၃။ မျက်နှာကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။

အပြင်မှာလေထုညစ်ညမ်းမှုတွေကြောင့် အရာဝတ္တုတွေမှာ ဘက်တီးရီးယားပိုးတွေကပ်နေပါတယ်။ ဒီဘက်တီးရီးယားတွေကို ထိတွေ့ထားတဲ့ လက်နဲ့ မျက်နှာကို ကိုင်တာဟာ ဝက်ခြံဖြစ်စေပြီး ဝက်ခြံရှိပြီးသားသူတွေလည်း ဝက်ခြံပိုပွားစေသလို ဝက်ခြံကို ရောင်ရမ်းလာစေပါတယ်။

မျက်နှာကိုလက်နဲ့မထိပါနဲ့နော်။

၄။ သဘာဝပစ္စည်းလေးတွေနဲ့ တစ်ပတ်တစ်ကြိမ်လောက်ပေါင်းတင်ပေးပါ။

ဆဲလ်သေလေးတွေကို ဖယ်ရှားပြီး အသားအရေ ကြည်လင်စေဖို့အတွက် တစ်ပတ်တစ်ကြိမ်လောက် ပေါင်းတင်ပေးဖို့လိုပါတယ်။ ဒိန်ချဉ်၊ ထောပတ်သီး၊ ငှက်ပျောသီး မိမိအဆင်ပြေတာနဲ့ ပေါင်းတင်လို့ရပါတယ်။ သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်နည်းတွေကို MyStyle Myanmar မှာလည်း အများကြီးဖော်ပြထားတယ်နော်။

၅။ မိတ်ကပ်ထူထူလိမ်းခြင်းရှောင်ပါ။

မိတ်ကပ်တွေ ခရင်မ်တွေ များများလိမ်းပေးတာဟာ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေပါတယ်နော်။ မိတ်ကပ်ထူထူလိမ်းတာမျိုးရှောင်ပါ။

၆။ နေရောင်ချည်ထိတွေ့မှုကနေ ရှောင်ကျဉ်ပါ။

အသားအရေကို နေရောင်ချည်ထိတွေ့မှုကနေရှောင်ကျဉ်ပါ။ နေရောင်ချည်ထိတွေ့မှုများတာဟာ ဝက်ခြံသာမက အမည်းစက်တွေလည်း ဖြစ်စေပါတယ်။ UV ပါတဲ့ မျက်နှာလိမ်းခရင်မ်တွေ Lotion တွေလိမ်းပေးပါ။

၇။ ကျန်းမာရေးနဲ့ညီညွှတ်စွာစားပါ။

ဝက်ခြံဖြစ်စေတဲ့ အသင့်လုပ်အစားအစာတွေ သရေစာတွေ စားပေးတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါတွေဟာ အဆီပြန်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ အသီးအနှံများများစားပါ။

၈။ ရေများများသောက်ပေးပါ။

တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်ပေးသင့်ပါတယ်။ မနက်အိပ်ယာနိုးနိုးချင်း ရေ ၃ ခွက် ၄ ခွက်လောက်သောက်ပြီး တစ်နေ့တာကို စဆင်ပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top